၂၀၂၅ ခုနှစ်မှာ မိုင်းကင်းစင်တဲ့ကမ္ဘာဖြစ်ဖို့ဆိုတဲ့ ရည်မှန်းချက်ကိုပြည့်မီရေး အရှိန်မြှင့်လုပ်ဆောင်ကြဖို့ မိုင်း ပိတ်ပင်တားဆီးရေး သဘောတူစာချုပ် (MBT) ကို လက်မှတ်ရေးထိုးထားတဲ့ ၁၆၄ နိုင်ငံ သောကြာနေ့ သဘောတူလိုက်ကြပြီလို့ နော်ဝေး နိုင်ငံခြား ရေးဌာနက ပြောပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် နိုင်ငံတကာတရားရုံး (ICJ) မှာ သွားရောက်ရင်ဆိုင်မယ့်ကိစ္စကို ထောက်ခံသူတွေထဲက ဒေါ်လာ ၂,၀၀၀ (မြန်မာငွေ သိန်း ၃၀ ကျော်) ကုန်ကျမယ့် နယ်သာလန်နိုင်ငံ The Hague မြို့ခရီးစဉ်ကိုလိုက်ဖို့ စီစဉ်ထားသူတွေ ရှိနေပါတယ်။
ရာသီဥတုဖောက်ပြန်ပြောင်းလဲမူကို တားဆီးရေး ပိုမိုလုပ်ဆောင်ပေးဖို့ ဥရောပနဲ့ အာရှ တလျှောက် မြို့ကြီးတွေမှာ သောကြာနေ့က လူထောင်ပေါင်းများစွာ ဆန္ဒပြ တောင်းဆိုကြပါ တယ်။
ဗြိတိန်နိုင်ငံက လန်ဒန်တံတားပေါ်မှာ သောကြာနေ့လယ်ပိုင်းက ဆိုးရွားတဲ့တိုက်ခိုက်မှုလို့ သူခေါ်ဆိုတဲ့ဖြစ်ရပ်ကို လန်ဒန်မြို့တော် ဝန် Sadiq Khan က ပြစ်တင်ရှုတ်ချလိုက်ပါတယ်။
နယ်သာလန်နိုင်ငံ The Hague မြို့လယ်က အဓိက ဈေးဝယ်ကုန်တိုက်တွေ ရှိတဲ့နေရာမှာ လူသုံးဦး သောကြာညက ဓားထိုး တိုက်ခိုက်ခံရပါတယ်။အဲဒီလူတွေဟာ အသက်မပြည့်သေးသူတွေဖြစ်တယ်လို့ သတင်းတွေမှာ ဖော်ပြကြပါတယ်။
ဗြိတိန်နိုင်ငံ လန်ဒန်မြို့တော်က နာမည်ကျော် လန်ဒန် တံတားအနီး လူတော်တော်များများ ဒါးနဲ့ ထိုး တိုက်ခိုက်ခံခဲ့ရပြီး အမျိုးသားတဦးကို ဖမ်းဆီးလိုက်တဲ့အကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။
တောင်ကိုရီးယား နိုင်ငံက နာမည်ကျော် K-pop အဆိုတော်လူငယ် ၂ ယောက်ကို အမျိုးသမီးတဦးအပေါ် လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုနဲ့ ဒီကနေ့ပဲ တရားရုံးက ထောင်ဒဏ် အပြစ်ပေးလိုက်ပါတယ်။
ဘင်္ဂလားဒေ့ရှ်ရောက် သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို ဘာရှန်ချာကျွန်းမှာ ပြောင်းရွှေ့နေရာချထားမယ့် အစီအစဉ်ကို လေ့လာအကဲခတ်လိုကြောင်း ကုလသမဂ္ဂ အဆင့်မြင့်အရာရှိတယောက်က ပြောဆိုလိုက်ပါတယ်။
ဂျပန်ဝန်ကြီးချုပ်ဟောင်း Yasuhiro Nakasone ဟာ အသက် ၁၀၁ နှစ်အရွယ်မှာ ကွယ်လွန်သွားပါတယ်။ Tokyo ဆေးရုံမှာ ဒီကနေ့ ကွယ်လွန်သွားတယ်ဆိုတာကို သားဖြစ်သူက အတည်ပြုပြောကြားခဲ့ပါတယ်။
ဥရောပပါလီမန်က “ဥတုရာသီဆိုင်ရာ အရေးပေါ်အခြေအနေ” ကျရောက်နေပြီဆိုတာကို မဲခွဲဆုံးဖြတ်ပြီး ကြေညာလိုက်ပါတယ်။
ပါကစ္စတန်နိုင်ငံ လက်ရှိ စစ်ဦးစီးချုပ် Qamar Javed Bajwa ရဲ့ ရာထူးသက်တမ်းကို ၃ နှစ်အထိ ထပ်တိုးဖို့ အစိုးရရဲ့ အဆိုပြုချက်ကို ပါကစ္စတန် တရားရုံးချုပ်က ဆန့်ကျင်ပြီး ၆ လအထိပဲ တိုးဖို့ ကန့်သတ်လိုက်ပါတယ်။
ဟောင်ကောင် လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး ထောက်ခံဖို့ ရည်ရွယ်တဲ့ ဥပဒေမူကြမ်းနှစ်ခုကို သမ္မတ Donald Trump က ကြာသပတေးနေ့က လက်မှတ်ရေးထိုးပြီး ဥပဒေတွေအဖြစ် အတည်ပြု ပြဋ္ဌာန်းလိုက်တဲ့အပေါ် တရုတ်နိုင်ငံက ဒေါသတကြီး တုံ့ပြန်ပါတယ်။
သမ္မတ Donald Trump ဟာ ကြိုတင်ကြေညာမထားဘဲ ကြာသပတေးနေ့က အာဖဂန်နစ္စတန်ကို ရောက်သွားပြီး အမေရိကန်နဲ့ တာလီဘန်ကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ လုပ်နေတဲ့အကြောင်းနဲ့ တာလီဘန်တွေ အပစ်ရပ်ချင်တယ်လို့ သူယုံကြည်တဲ့အကြောင်း ကြေညာပါတယ်။
မြောက်ကိုရီးယားနိုင်ငံက ဒုံးကျည်အများအပြား ပစ်နိုင်တဲ့ သိပ်ကြီးမားတဲ့ ဒုံးပစ်လက်နက်တခုကို စမ်းသပ်ခဲ့တယ်လို့ သောကြာနေ့က အတည်ပြု ကြေညာပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ဒီကနေ့ကျရောက်တဲ့ ကျေးဇူးတော်နေ့မှာ နိုင်ငံနေရာ တော်တော်များများ နှင်းမုန်တိုင်းဒဏ် ခံနေရတဲ့အတွက် ခရီးသွားလာရေးတွေ အကြီးအကျယ် ထိခိုက်နေပါတယ်။
ဟောင်ကောင်မှာ ဒီမိုကရေစီရေး လှုပ်ရှားသူတွေကို အားပေးထောက်ခံတဲ့ ဥပဒေမူကြမ်း ၂ ခုကို အမေရိကန်သမ္မတ Donald Trump က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။
(Zawgyi/ Unicode) တူရကီအစိုးရဟာ သူတို့ လက်နက်တပ်ဆင်ပေးထားတဲ့ လက်နက်ကိုင်တွေရဲ့ ဆိုးရွားလှတဲ့ လုပ်ရပ်တွေကို မသိချင်ယောင် ဆောင်နေတယ်လို့ HRW အဖွဲ့ရဲ့ အရှေ့အလယ်ပိုင်းဒေသ ဆိုင်ရာ ညွှန်ကြားရေးမှူး Sarah Leah Whitson ကပြောပါတယ်။
(Zawgyi/ Unicode) ဖိလစ်ပိုင်နိုင်ငံအတွင်း တရားမဝင် မူးယစ်ဆေးဝါး အမြောက်အမြားကို ဖမ်းဆီး သိမ်းဆည်း ရမိခဲ့ပြီး သံသယ ရှိဖွယ် တရုတ် အမျိုးသား မူးယစ်ဆေးဝါး မှောင်ခို ရောင်းဝယ်သူ တစ်ယောက်ကို ဖမ်းဆီးခဲ့ကြောင်း ဖိလစ်ပိုင် ရဲတပ်ဖွဲ့က ပြောပါတယ်။
(Zawgyi/ Unicode) ရှင်ကျန်းဒေသမှာ တရုတ်အစိုးရရဲ့ အဆိုအားဖြင့် အသက်မွေး ပညာသင်ကျောင်းတွေလို့ ဆိုတဲ့ စခန်းတွေမှာ Uighur နဲ့ တခြား မွတ်ဆလင်လူနည်းစု တသန်းပတ်ဝန်းကျင်ကို ထိန်းသိမ်းထားတာပါ။
ကော်ဖီဆိုင် တခုအပေါ် တိုက်ခိုက်မှုမှာ သေဆုံးသူအများစုက နိုင်ငံခြားသားတွေ ဖြစ်ပါတယ်။ မတရားအသင်းအဖြစ် သတ်မှတ်ထားတဲ့ စစ်သွေးကြွအဖွဲ့ဝင် ၇ ယောက်ရဲ့ လုပ်ရပ်ဟာ သံသယဖြစ်စရာ မလိုအောင် သက်သေခိုင်လုံတယ်လို့ အမိန့်ကြေညာပြီးနောက် အစိုးရရှေ့နေတွေက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်