ရှမ်းပြည်နယ်၊ သီပေါမြို့နယ်အတွင်း မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် သေဆုံးသွားသူဟာ ဂျာမန်နိုင်ငံသား ခရီးသွားတဦးဖြစ်ကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူတွေက ဒီကနေ့ပဲ အတည်ပြုလိုက်ကြပါတယ်။
မြန်မာနိုင်ငံဟာ ဓာတုလက်နက်ပိုင်ဆိုင်သူဖြစ်ဖို့ ဘယ်တုန်းကမှ ရည်ရွယ်ချက် မရှိခဲ့ဘူးလို့ ဓာတုလက်နက် တားဆီးပိတ်ပင်ရေးအဖွဲ့ (OPCW) ဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက အင်္ဂါနေ့မှာ ပြောဆိုပါတယ်။
ဒီစီမံကိန်းတွေကို ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက်အဖွဲ့ KPSN က ကန့်ကွက်ကြောင်း နိုဝင်ဘာလ ၂၅ ရက်နေ့က ပြောအပြီး နောက်တရက်မှာပဲ ကမ္ဘာ့ဘဏ်ဖက်က အခုလို တုံ့ပြန်ပြောဆိုတာပါ။
နိုင်ငံတကာ ရာဇဝတ်မှု တရားစီရင်ရေးဆိုင်ရာကိစ္စတွေ ဖြေရှင်းဆောင်ရွက်ဖို့ အပါအဝင် ဥပဒေ အကြံပေးနိုင်ရေးအတွက်ဆိုပြီး မြန်မာအစိုးရက နိုင်ငံတကာ ရာဇဝတ်မှု တရားစီရင်ရေးဆိုင်ရာ အထူးအဖွဲ့ကို ဖွဲ့စည်းကြောင်း အင်္ဂါနေ့ရက်စွဲနဲ့ ကြေညာချက် ထုတ်ပါတယ်။
မြန်မာ-ကိုရီးယား ၂ နိုင်ငံတွေ့ဆုံပွဲမှာတော့ သမ္မတ မွန်းဂျေးအင်းက နှစ်နိုင်ငံဆက်ဆံရေး တိုးတက်လာတဲ့အပေါ် အလွန် တန်ဖိုးထားပါ ကြောင်းနဲ့ ဒီထက်မက ရှေ့ဆက်တိုးတက်ဖို့ သူ့ရဲ့မျှော်လင့်ချက်တွေကို ထည့်သွင်း ပြောကြားခဲ့ပါတယ်။
ပုပ်ရဟန်းမင်းကြီး Francis ရဲ့ ဒီကနေ့ ဂျပန်နိုင်ငံ ခရီးစဉ် အဆုံးသတ်မှာတော့ မျှော်လင့်ချက်တွေ အပြည့်နဲ့ အနာဂတ်တခုကို ဖန်တီးနိုင်အောင် ကြိုးပမ်းကြဖို့ ကက်လသလစ် တက္ကသိုလ်က ကျောင်းသားတွေကို တိုက်တွန်းလိုက်ပါတယ်။
မြန်မာနိုင်ငံဟာ ဓါတု လက်နက် ပိတ်ပင်တားဆီးထားတဲ့ စာချုပ်ကို ချိုးဖောက်ပြီး ၁၉၈၀ ပြည့်နှစ်က အကြွင်းအကျန် ဓါတု လက်နက်တွေ သုံလှောင်ထားနိုင်ခြေရှိတယ်လို့ အမေရိကန် နိုင်ငံက တနင်္လာနေ့က ပြောကြောင်း နိုဝင်ဘာလ ၂၅ ရက်နေ့စွဲနဲ့ AFP သတင်းတစ်ရပ်မှာ ပါရှိခဲ့ပါတယ်။
စင်ကျန်း ပြည်နယ်နဲ့ ပတ်သက်တဲ့ တရုတ်အစိုးရရဲ့ လျှို့ဝှက်စာရွက်စာတမ်းတစ်ချို့ ပေါက်ကြားသွားရာမှာ တရုတ်အစိုးရက စင်ကျန်း ပြည်နယ်အတွင်းက ခန့်မှန်ခြေ လူ ၁ သန်းရှိတဲ့ မူဆလင် လူနည်းစုအပေါ် ဘယ်လို ပစ်မှတ်ထားပြီး သတင်း အချက်အလက် ကောက်ယူ နေသလဲ ဆိုတဲ့အကြောင်း ဖော်ပြပါရှိခဲ့ပါတယ်။
အောက်တိုဘာလအတွင်းက IS ခေါင်းဆောင် Abu Bakr al-Baghdadi ကို ဆီးရီးယားနိုင်ငံမှာ ဖမ်းဆီးခဲ့ရာမှာ ပါဝင်ခဲ့ပြီး ဗုံးပေါက်ကွဲမှုကြောင့် ဒဏ်ရာ ရရှိခဲ့တဲ့ အမေရိကန် စစ်ခွေး Conan ကို အိမ်ဖြူတော်မှာ သမ္မတ ဒေါ်နယ်ထရမ့်က တနင်္လလာနေ့က ကြိုဆို ဧည့်ခံခဲ့ပါတယ်။
အမျိုးသမီးတွေ အပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုက ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေပြီး ကမ္ဘာတလွှား အမျိုးသမီးတွေရဲ့ သုံးပုံ တပုံ အပေါ် ရိုက်ခတ် သက်ရောက်မှု ရှိနေတယ်လို့ ကုလသမဂ္ဂက ပြောဆိုလိုက်ပါတယ်။
တောင်ကိုရီးယားနဲ့ အာဆီယံကြားဆွေးနွေးဘက် အနှစ် ၃၀ ပြည့်အထိမ်းအမှတ် ထိပ်သီးစည်းဝေးပွဲတွေကို တောင်ကိုရီးယားနိုင်ငံ Busan ဆိပ်ကမ်းမြို့မှာ ဒီကနေ့ စတင်ကျင်းပပါတယ်။
ဟောင်ကောင်မှာ ကျင်းပခဲ့တဲ့ ဒေသန္တရရွေးကောက်ပွဲတွေမှာ ဒီမိုကရေစီလိုလားသူ အတိုက်အခံကိုယ်စားလှယ်တွေ ၉၀ ရာခိုင်နှုန်း အနိုင်ရခဲ့ကြပါတယ်။ ခရိုင်ကောင်စီ ၁၈ နေရာရွေးကောက်တာမှာ ၁၇ နေရာက တရုတ်ပြည်မကြီး အစိုးရကို မလိုလားသူတွေ အနိုင်ရခဲ့ကြတာဖြစ်ပါတယ်။
ဂျပန်နိုင်ငံကို ရောက်ရှိနေတဲ့ ကက်သလစ် သာသနာပိုင် ပုပ်ရဟန်းမင်းကြီး Francis က ဒီကနေ့ တနင်္လာနေ့မှာတော့ ၂၀၁၁ ခုနှစ်က ငလျင်၊ ဆူနာမီနဲ့ ဖူကူရှီးမား နျူးကလီးယား ဓာတ်အားပေးစက်ရုံ ယိုစိမ့်မှု ဘေးဒုက္ခတွေကနေ အသက်ရှင် ကျန်ရစ်သူတွေနဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။
နယူးယောက်မြို့တော်ဝန်ဟောင်း၊ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်တဦးလည်းဖြစ်တဲ့ အသက် ၇၇ နှစ်အရွယ် Michael Bloomberg က အမေရိကန် သမ္မတရွေးကောက်ပွဲ ဝင်မယ်လို့ တနင်္ဂနွေနေ့မှာ တရားဝင် ကြေညာလိုက်ပါတယ်။
ဟောင်ကောင်က ဒိစတြိတ်ကောင်စီ ရွေးကောက်ပွဲတွေမှာတော့ ဒီမိုကရေစီလိုလားတဲ့ အင်အားစုတွေက အပြတ်အသတ် အနိုင်ရနိုင်တဲ့ လက္ခဏာတွေ ထွက်ပေါ်လာနေပါတယ်။
ရိုဟင်ဂျာပြဿနာအတွက် ရေရှည်ခံတဲ့ ဖြေရှင်းချက်တရပ် ထွက်ပေါ်လာရေး တရုတ်ဘက်က တမူထူးခြားတဲ့ နည်းလမ်းနဲ့ ဆောင်ရွက်နေတယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဆိုင်ရာ တရုတ်သံအမတ်ကြီးက တနင်္ဂနွေနေ့မှာ ပြောဆိုပါတယ်။
လာမယ့် စနေနေ့ကျရင် ဖိလစ်ပိုင်နိုင်ငံမှာ တရားဝင် စတင်ကျင်းပမယ့် အာဆီယံ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှာ အဆင်မပြေမှုတွေ ဖြစ်ခဲ့တာနဲ့ ပတ်သက်ပြီး အိမ်ရှင် ဖိလစ်ပိုင်နိုင်ငံက တောင်းပန်လိုက်ပါတယ်။
ICJ အပြည်ပြည်ဆိုင်ရာ နိုင်ငံတကာခုံရုံးရဲ့ မြန်မာ့အရေး ကြားနာစစ်ဆေးမှုမှာ မြန်မာနိုင်ငံ ကိုယ်စားပြုပြီး ဦးဆောင်သွားရောက်မယ့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို ပူးပေါင်းဆောင်ရွက်မှာဖြစ်သလို လိုအပ်တဲ့ အထောက်အထား အချက်အလက်တွေနဲ့လည်း ပံ့ပိုးကူညီသွားမယ်လို့ တပ်မတော် ပြောခွင့်ရသူတွေက ထပ်လောင်းပြောဆိုပါတယ်။
ကမ္ဘာ့ခေါင်းဆောင်တွေအနေနဲ့ အဏုမြူလက်နက်တွေနဲ့ စစ်အေးခေတ်ကာလ အတွေးအမြင် အယူအဆတွေကို စွန့်လွှတ်ကြဖို့ ပုပ်ရဟန်းမင်းကြီး Francis က တောင်းဆိုလိုက်ပါတယ်။
ဟောင်ကောင်မှာတော့ ဒေသန္တရ ရွေးကောက်ပွဲတွေကို ဒီကနေ့မှာ ကျင်းပခဲ့ပြီး ဟောင်ကောင်ပြည်သူတွေ စံချိန်တင်လောက်အောင် မဲပေးခဲ့ကြပါတယ်။ ဟောင်ကောင်ဒေသခံတွေဟာ မဲပေးဖို့အတွက် မဲရုံတွေအပြင်မှာ အရှည်ကြီး တန်းစီခဲ့ကြပြီး မဲပေးတဲ့သူ များတာကြောင့် အတော်များများဟာ မဲပေးဖို့အတွက် ၁ နာရီလောက် စောင့်ခဲ့ရပါတယ်။
နောက်ထပ်ကြည့်ရှုရန်