အရှေ့အာဖရိကဒေသမှာ မိုးကြီးရွာပြီး ရေကြီး မြေပြိုတာတွေ ဖြစ်နေလို့ ကင်ညာနိုင်ငံမှာဆိုရင် စနေနေ့က လူ ၃၄ ယောက်ထက်မနည်း သေဆုံးပါတယ်။
ဂျပန်နိုင်ငံမှာ ရောက်နေတဲ့ ပုပ်ရဟန်းမင်းကြီး Francis ဟာ ဒီကနေ့ တနင်္ဂနွေနေ့မှာ နာဂါဆာကီနဲ့ ဟီရိုရှီးမားမြို့တွေကို သွားရောက်ပြီး နျူကလီးယား လက်နက်တွေရဲ့ အန္တရာယ်နဲ့ ပတ်သက်လို့ မိန့်ကြားဖို့ရှိပါတယ်။
ဂျပန်နဲ့ တောင်ကိုရီးယားကြား ရှေ့လထဲမှာ ထိပ်သီးအစည်းအဝေးလုပ်ဖို့ နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေ စနေနေ့က သဘောတူလိုက်ကြပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ပိတ်ပင်ထားတဲ့ အစ္စလာမ် အစွန်းရောက်ဝါဒီ အဖွဲ့တဖွဲ့ရဲ့ အဖွဲ့ဝင်တွေလို့ သံသယရှိသူ ၁၅ ဦးကို ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့က နိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ စစ်တကောင်းမှာ ဖမ်းလိုက်တယ်လို့ တာဝန်ရှိသူတွေက စနေနေ့မှာ ပြောပါတယ်။
မြန်မာနိုင်ငံအပေါ် အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) မှာ တရားစွဲထားတဲ့အမှုကို တုံ့ပြန်မယ့် အစီအစဉ်တွေနဲ့ ပတ်သက်လို့ အစိုးရနဲ့ စစ်တပ် ထိပ်တန်းခေါင်းဆောင်တွေ အပါအဝင် တာဝန်ရှိသူတွေကို ဒီကနေ့ ရှင်းလင်းခဲ့ပါတယ်။
ကက်သလစ် ခရစ်ယာန်သာသနာပိုင် ပုပ်ရဟန်းမင်းကြီး Francis ဟာ ဂျပန်နိုင်ငံကို ဒီကနေ့မှာ ရောက်ရှိသွားပြီဖြစ်ပါတယ်။
ဟောင်ကောင်ဒီမိုကရေစီအရေး ဆန့်ကျင်ဆန္ဒပြနေသူတွေကို ထောက်ခံတဲ့ အမေရိကန်လွှတ်တော်က အတည်ပြုလိုက်တဲ့ ဥပဒေမူကြမ်းကို အမေရိကန်သမ္မတ Trump လက်မှတ်ထိုးမယ်၊ မထိုးဘူးဆိုတာ အတိအကျ မပြောသေးပါဘူး။
ဗီယက်နမ်အစိုးရကိုဝေဖန်ရာမှာ လူသိများတဲ့ ဘလော်ဂါ နဲ့ အလွတ်သတင်းထောက်လည်းဖြစ်၊ ဗွီအိုအေ ဆောင်းပါးရှင် တဦးလည်းဖြစ်တဲ့ Pham Chi Dung ကို ဗီယက်နမ်အာဏာပိုင်တွေက ဟိုချီမင်းမြို့မှာ ကြာသပတေးနေ့က ဖမ်းဆီးလိုက်ပါတယ်။
မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေ ဘေးကင်းလုံခြုံစွာနဲ့ သိက္ခာမပျက် နေရပ်ပြန်နိုင်အောင် ကုလသမဂ္ဂက ဦးဆောင် ကြိုးပမ်းပေးစေလိုကြောင်း ကုလသမဂ္ဂ ဆိုင်ရာ ဘင်္ဂလားဒေ့ရှ် အမြဲတမ်း ကိုယ်စားလှယ် Masud Bin Momen က ပြောဆိုလိုက်ပါတယ်။
ကမ္ဘောဒီးယားနိုင်ငံအနေနဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်တက်ပါလို့ သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်က ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ကို တိုက်တွန်းထားပါတယ်။
နည်းပညာကြောင့် အန္တရာယ်ဖြစ်နိုင်ခြေနဲ့ လူငယ်တွေရဲ့ အာရုံစိုက်မှုရအောင် အပြိုင်အဆိုင်လုပ်ကြတဲ့အပေါ် ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်စ်က သောကြာနေ့မှာ သတိပေး မိန့်ကြားပါတယ်။
ယူကရိန်းနိုင်ငံကသာဖြစ်ကြောင်း ပြောဆိုနေတာတွေဟာ စိတ်ကူးယဉ်ဝတ္ထုဆန်ဆန် ပြောဆိုချက်တွေသာဖြစ်ကြောင်း အိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီ အကြံပေးအရာရှိဟောင်းက သမ္မတ Donald Trump အပေါ် အရေးယူသင့်-မသင့် စုံစမ်းစစ်ဆေးနေတဲ့ အောက်လွှတ်တော်မှာ ပြောဆိုလိုက်ပါတယ်။
ICJ နိုင်ငံတကာတရားရုံးမှာ ဂမ်ဘီယာနိုင်ငံဘက်က မြန်မာနိုင်ငံကို တရားစွဲဆိုထားတဲ့ အမှုနဲ့ ပတ်သက်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သွားရောက်ပြီး ခုခံချေပဖို့ ဆုံးဖြတ်ချက်ကို ကြိုဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီးက ပြောဆိုလိုက်ပါတယ်။
၂၀၁၈ ခုနှစ်အတွင်း ကမ္ဘာတဝှမ်း လက်နက်ကိုင်အဖွဲ့အစည်းတွေ အသုံးပြုတဲ့ မြေမြှုပ်မိုင်းတွေကြောင့် သေဆုံး၊ ဒဏ်ရာရသူ သူ ၃၈၀၀ နီး ပါးရှိပြီး ဒါဟာ မြေမြှုပ်မိုင်းကြောင့် သေဆုံး၊ ဒဏ်ရာရစာရင်းအရ အမြင့်ဆုံးအရေအတွက်မှာရှိတယ်လို့ မြေမြှုုပ်မိုင်း ပိတ်ပင်တားဆီးရေး ဆောင်ရွက်သူတွေက ကြာသပတေးနေ့က ပြောပါတယ်။
မြန်မာနိုင်ငံက ပြည်ပကို ဆန်တင်ပို့ရောင်းချတာ တိုးလာတဲ့အတွက် အာရှဒေသတွင်းက ဆန်တင်ပို့ရောင်းချတဲ့ နိုင်ငံတွေ အတွက် ပြိုင်ဆိုင်မှု ပိုများလာပါတယ်။
လအတော်ကြာ ဆန္ဒပြပွဲတွေနဲ့ မငြိမ်မသက်ဖြစ်နေတဲ့ ဟောင်ကောင် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသက ဒီမိုကရေစီရေး တောင်းဆို ဆန္ဒပြသူတွေကို ထောက်ခံတဲ့ ဥပဒေမူကြမ်းနှစ်ခုကို အမေရိကန် ကွန်ဂရက်လွှတ်တော်က ကြာသပတေးနေ့မှာ အတည်ပြုလိုက်ပါပြီ။
အစ္စရေးနိုင်ငံကို ၁၃ နှစ်ကြာ ဦးဆောင်ခဲ့သူ ဝန်ကြီးချုပ် Benjamin Netanyahu ဟာ လာဘ်ပေးလာဘ်ယူမှု၊ လိမ်လည်မှုနဲ့ ယုံကြည်မှုကို ဖောက်ဖျက်တဲ့ အမှုတွေနဲ့ စွဲချက်တင်ခံရပြီ ဖြစ်ပါတယ်။
ကမ္ဘာ့စီးပွားရေး ကျဆင်းနေတဲ့ကာလ တာရှည်နေတဲ့ အခြေအနေကို နိုင်ငံတွေ အနေနဲ့ အရေးတယူဆောင်ရွက်ဖို့လိုအပ်နေပြီလို့ ပြင်သစ်နိုင်ငံ အခြေစိုက် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့ OECD က ကြာသပတေးနေ့ကပြောပါတယ်။
ကြီးလေးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်တွေနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာ အသိုင်းအဝန်းနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Christine Schraner Burgener က တိုက်တွန်းလိုက်ပါတယ်။
ဟောင်ကောင်က လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်လို့ အမေရိကန်လွှတ်တော်က အတည်ပြုခဲ့တဲ့ ဥပဒေမူကြမ်းကို သမ္မတ Donald Trump က ပယ်ချဖို့ တရုတ်နိုင်ငံက ဒီကနေ့ပဲ တောင်းဆိုလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်