(Zawgyi/ Unicode) အစ္စရေးလ် စစ်တပ်အကြီးအကဲဟောင်း Benny Gantz က သူ့အနေနဲ့ ညွန့်ပေါင်းအစိုးရ တရပ် မဖွဲ့နိုင်တော့ဘူးလို့ အစ္စရေးလ် သမ္မတ Reuven Rivlin ကို ဗုဒ္ဓဟူးနေ့က အကြောင်းကြားပါတယ်။
(Zawgyi/ Unicode) ဟောင်ကောင်က ဗြိတိသျှ ကောင်စစ်ဝန်ရုံးမှာ အရင်တုန်းက အလုပ်လုပ်ခဲ့တဲ့ ဝန်ထမ်းဖြစ်သူ Simon Cheng က တရုတ် လျှို့ဝှက်ရဲတွေဟာ သူ့ကိုဖမ်းဆီး နှိပ်စက်ခဲ့ပြီး ၊ အစိုးရဆန့်ကျင်ရေး လူထုဆန္ဒပြပွဲနဲ့ပတ်သက်တဲ့ သတင်းအချက်လက်တွေ ဖေါ်ထုတ်ဖို့ ကြိုးပမ်းခဲ့တယ်လို့ ပြောပါတယ်။
(Zawgyi/ Unicode) ယူကရိန်းအနေနဲ့ သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ် နိုင်ငံရေးအရ အမြတ်ထွက်စေမယ့် စုံစမ်းစစ်ဆေးမှု မလုပ်ဘူးဆိုရင် လိုချင်တဲ့ စစ်ရေးအကူအညီကို ရမှာမဟုတ်ဘူးဆိုတာ မကြာသေးခင် လတွေအတွင်းက သတ်မှတ်ချက်တခု ဖြစ်ခဲ့တယ်လို့ အမေရိကန် သံတမန် Gordon Sondland က အလေးအနက်ပြောပါတယ်။
(Zawgyi/ Unicode) ရုရှားနိုင်ငံသားတွေ အရက်သောက်နှုန်းဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်း ထက်ဝက်ကျဆင်းသွားပြီးတော့ အခုဆိုရင် ပြင်သစ်နဲ့ ဂျာမနီလို အနောက်နိုင်ငံတွေက လူတွေ သောက်တဲ့နှုန်းအောက် လျော့သွားပြီဆိုတာ မကြာသေးခင်ကလုပ်တဲ့ စစ်တမ်းတခုမှာ တွေ့ရပါတယ်။
(Zawgyi/ Unicode) ရခိုင်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ စစ်တပ်နဲ့ လူမျိုးစု လက်နက်ကိုင် အဖွဲ့တွေကြား တိုက်ပွဲတွေကြောင့် အရပ်သားတွေ ဘေးဒဏ် သင့်ရတာဟာ သိပ်ကို စိုးရိမ်စရာကောင်းတဲ့ အခြေအနေမှာရောက်နေပြီး အရပ်သားတွေကို အကာအကွယ်ပေးဖို့ ကုလသမဂ္ဂက ထပ်ပြီးတောင်းဆိုလိုက်ပါတယ်။
ရခိုင်ပြည်နယ်က အခြေအနေတွေနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) မှာ တရားစွဲထားတဲ့ အမှုနဲ့ ပတ်သက်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဦးဆောင်ဖြေရှင်းသွားမယ့်အကြောင်း ဒီကနေ့ပဲ ကြေညာချက်ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။
ဗုဒ္ဓဘာသာဝင် အများစုရှိရာ ထိုင်းနိုင်ငံကို ၃ ရက်ကြာ ခရီးစဉ်အဖြစ် ကက်လသစ်ခရစ်ယာန် သာသနာပိုင် ပုပ်ရဟန်းမင်းကြီး Francis ဒီကနေ့ပဲ ရောက်ရှိလာပါတယ်။
ယူကရိန်းသမ္မတ Volodymyr Zelenskiy နဲ့ ဇူလိုင်လ ၂၅ ရက်နေ့တုန်းက ဖုန်းဆက် ဆွေးနွေး မှုအတွင်း အမေရိကန်သမ္မတ Donald Trump က သူ့ရဲ့ နိုင်ငံရေးအကျိုးစီးပွားအတွက် စုံစမ်းစစ်ဆေးမှုတခုလုပ်ဖို့ တိုက်တွန်းခဲ့တဲ့အပေါ် စိုးရိမ်ခဲ့ရသလို စိတ်သောကလည်း ရောက်ခဲ့ရ တယ်လို့ပြောပါတယ်။
ပုပ်ရဟန်းမင်းကြီး Francis ဟာ ထိုင်းနဲ့ဂျပန်နိုင်ငံတွေကိုသွားမယ့် အာရှဒေသခရီးစဉ်ကို အင်္ဂါနေ့ညက စတင်ပြီဖြစ်ပါတယ်။ ဒီ နှစ်နိုင်ငံစလုံးဟာ ဗုဒ္ဓဘာသာကိုးကွယ်သူ အများစုရှိတဲ့နိုင်ငံတွေဖြစ်ပြီး ခရစ်ယာန်ဘာသာဝင်က လူနည်းစုဖြစ်ပါတယ်။
ကမ္ဘာတဝန်းမှာ ပိုလီယို အကျောသေရောဂါ အမြစ်ပြတ် တိုက်ဖျက်ရေးအတွက် ရန်ပုံငွေ ဒေါ်လာ ၂.၆ ဘီလီယံ ကူညီမယ်လို့ အလှူရှင်တွေ အင်္ဂါနေ့မှာ ကတိပြုလိုက်ကြပါတယ်။
အီရန်နိုင်ငံတဝန်းမှာ ပြီးခဲ့တဲ့သောကြာနေ့ကစတဲ့ ဆန္ဒပြပွဲတွေအတွင်း လုံခြုံရေးတပ်ဖွဲ့တွေ လက်ချက်နဲ့ အနည်းဆုံး လူ ၁၀၆ ဦး သေဆုံးခဲ့ရကြောင်း နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ (Amnesty International) က ပြောပါတယ်။
ဟောင်ကောင် တက္ကသိုလ်ကျောင်းဝန်းထဲမှာ လုံထိန်းရဲတွေရဲ့ ဝိုင်းဝန်း ပိတ်ဆို့ထားမှုကြောင့် အရေအတွက်အားဖြင့် ၂၀၀ အောက်ရှိတဲ့ ဆန္ဒပြကျောင်းသားတွေ ကျောင်းဝန်းထဲမှာ ပိတ်မိနေပြီး ရဲတပ်ဖွဲ့ရဲ့ အတားအဆီးတွေကို ကျော်ဖြတ်ဖို့ ကျောင်းသားတွေက ဒီကနေ့ ကြိုးစားခဲ့ကြပါတယ်။
ကုလသမဂ္ဂရဲ့ မြန်မာဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေး ယန္တရား IIMM က ပထမဆုံး အကြိမ် အဖြစ်နဲ့ ဘင်္ဂလားဒေရှ့်နိုင်ငံကို သွားရောက်ခဲ့ပြီး အဖွဲ့ရဲ့ လုပ်ငန်းတာဝန်၊ ဒုက္ခသည်တွေရဲ့ စိုးရိမ်မှုနဲ့ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး ယန္တရားနဲ့ ပူးပေါင်းဆောင်ရွက်နိုင်မယ့် နည်းလမ်းတွေကို ဆွေးနွေးခဲ့ကြပါတယ်။
အရှေ့တောင်အာရှ နိုင်ငံများ အဖွဲ့ (အာဆီယံ) ကာကွယ်ရေးဝန်ကြီးတွေဟာ အာဆီယံရဲ့ ပူးပေါင်းဆောင်ရွက်ဘက်နိုင်ငံတွေ ဖြစ်တဲ့ အမေရိကန်၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ ရုရှားနိုင်ငံတို့က ကာကွယ်ရေးဝန်ကြီးအတူ ဘန်ကောက်မြို့မှာ တနင်္လာနေ့က တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
အမေရိကန် အောက်လွှတ်တော်က သူ့အပေါ် တရားစွဲဆိုနိုင်ရေး စုံစမ်းမှုမှာ ထွက်ဆိုဖို့ အတွက် အလေးအနက် စဉ်းစား သုံးသပ်မယ်လို့ သမ္မတ Donald Trump က တနလာၤနေ့မှာ ပြောဆိုပါတယ်။
ဟောင်ကောင်ကျွန်းမှာ ရဲတွေနဲ့ ဆန္ဒပြသူတွေကြား ထိပ်တိုက်တွေ့ အဓိကရုန်းတွေ ဖြစ်နေတာနဲ့ အတူဘဲ နိုင်ငံရေး မတည်ငြိမ်မှုနဲ့ အကြမ်းဖက်မှုတွေ ပိုပြီး ကြီးထွားလာနေတဲ့ အပေါ် အထူးဘဲ စိုးရိမ်ကြောင်း အမေရိကန် ပြည်ထောင်စုက ပြောဆိုပါတယ်။
သောကြာနေ့က စပြီး ပြည်သူတွေရဲ့ ဆန္ဒပြမှုတွေကို ရင်ဆိုင်နေရတဲ့ အီရန် အာဏာပိုင်တွေဟာ နိုင်ငံတွင်း အင်တာနက်လိုင်းတွေကို တနင်္လာနေ့မှာလည်း တတိယမြောက်နေ့အဖြစ် ဆက်လက် ဖြတ်တောက် ပိတ်ပင် ခဲ့ပါတယ်။
ရခိုင်ပြည်နယ်အတွင်း တနေ့တခြားဆိုးဝါးလာတဲ့ အခြေအနေတွေအပေါ် စိုးရိမ်မကင်းဖြစ်တဲ့အကြောင်း ကုလသမဂ္ဂအတွင်းရေးမှုးချုပ် အထူးကိုယ်စားလှယ် Christine Burgener က ရခိုင်အမျိုးသားပါတီကို ပြောဆိုခဲ့ပါတယ်။
လုံခြုံရေးတပ်ဖွဲ့တွေ ဝိုင်းထားတဲ့ ဟောင်ကောင် Polytechnic တက္ကသိုလ်ဝန်းထဲကနေ ကျောင်းသားတွေ ကျောင်းဝန်းထဲကနေ ထွက်ခွာနိုင်ဖို့ ရဲတပ်ဖွဲ့နဲ့ သူညှိနှိုင်းပေးခဲ့တယ်လို့ တက္ကသိုလ်ကျောင်းအုပ်ကြီးက ပြောကြားခဲ့ပါတယ်။
အမေရိကန် - တောင်ကိုရီးယား ပူးတွဲ စစ်ရေးလေ့ကျင့်မှုကို ရွှေ့ဆိုင်းလိုက်တယ်လို့ နှစ်နိုင်ငံ တာဝန်ရှိသူတွေက တနင်္ဂနွေနေ့မှာ ပြောကြားပါတယ်။
နောက်ထပ်ကြည့်ရှုရန်