အမေရိကန်သမ္မတ Donald Trump က ပြီးခဲ့တဲ့ စနေနေ့ နေ့ခင်းပိုင်းမှာ စစ်တပ် ဆေးရုံတခုကို မမျှော်လင့်ဘဲ သွားရောက်ခဲ့ပြီး သမ္မတအိမ်ဖြူတော်ကတော့ ပုံမှန် ဆေးစစ်တာကို ကြိုတင်လုပ်တာပါလို့ ပြောဆိုထားပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ကြက်သွန်နီဈေးနှုန်း စံချိန်တင်ရလောက်အောင် ခုန်တက်သွားတဲ့အတွက် ဘင်္ဂလားဒေ့ရှ် အစိုးရက ကြက်သွန်နီကို လေကြောင်းလိုင်းကတဆင့် အရေးပေါ် တင်သွင်းနေရတယ်လို့ အစိုးရတာဝန်ရှိသူတွေက တနင်္ဂနွေနေ့မှာ ပြောဆိုပါတယ်။
ဘင်္ဂလားဒေ့ရှ်မှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို နေရာချထားဖို့ ပြင်ဆင်နေတဲ့ Bhashan Char ကျွန်းကို ၃ ရက်ကြာ သွားမယ့် ကုလသမဂ္ဂ ကျွမ်းကျင်သူအဖွဲ့ သွားမယ့် အစီအစဉ်ကို ဘင်္ဂလားဒေ့ရှ်ဘက်က ဆိုင်းငံ့လိုက်ပါတယ်။
ဟောင်ကောင်က အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေ ထိန်းချုပ်ထားတဲ့ တက္ကသိုလ်ကို ရဲတပ်ဖွဲ့က တနင်္ဂနွေနေ့ တညလုံး ဝိုင်းရံထားခဲ့ပြီးနောက် တနင်္လာနေ့မနက် အစောပိုင်းမှာတော့ ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့ပါတယ်။
အမေရိကန်နဲ့ တောင်ကိုရီးယား ၂ နိုင်ငံ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကို ရွှေ့ဆိုင်းလိုက်တယ်လို့ အမေရိကန်နဲ့ တောင်ကိုရီးယားနိုင်ငံတွေက ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။
အီရတ်နိုင်ငံ မြို့တော် ဘဂ္ဂဒက်နဲ့ နိုင်ငံတောင်ပိုင်းက မြို့တွေမှာ ဒီကနေ့ တနင်္ဂနွေနေ့ ဆန္ဒပြပွဲတွေ ကျင်းပခဲ့ကြပါတယ်။ အီရတ်မှာ သီတင်းပတ်နဲ့ ချီနေပြီဖြစ်တဲ့ ဆန္ဒပြပွဲတွေကို ထောက်ခံတာကို ပြသလိုတဲ့အပြင် အစိုးရအဖွဲ့ကို အလုံးစုံစစ်ဆေးပြုပြင်ဖို့ တောင်းဆိုခဲ့ကြတာပါ။
သီရိလင်္ကာနိုင်ငံ သမ္မတရွေးကောက်ပွဲမှာတော့ Gotabaya Rajapaksa အနိုင်ရသွားပါတယ်။
ဟောင်ကောင်မှာ ဆန္ဒပြတဲ့သူတွေနဲ့ ရဲတပ်ဖွဲ့တွေ ဟောင်ကောင်တက္ကသိုလ်မှာ ဒီကနေ့ ထိပ်တိုက်တွေ့ခဲ့ကြပြီး အကြမ်းဖက်တဲ့အထိပါ ဖြစ်ခဲ့ပါတယ်။
သမ္မတအိမ်ဖြူရဲ့ ဘတ်ဂျက်ဌာန အကြီးတန်းအရာရှိတဦးဖြစ်တဲ့ Mark Sandy ဟာ သမ္မတ Donald Trump အပေါ် တရားစွဲဆိုနိုင်ရေး စုံစမ်းနေတဲ့ လွှတ်တော်ကြားနာပွဲမှာ မထွက်ဆိုခင် စနေနေ့က လွှတ်တော်စုံစမ်းရေးမှူးတွေရဲ့ တံခါးပိတ် မေးမြန်းမှုကို ဖြေကြားဖို့ သွားရောက်ခဲ့ပါတယ်။
သီရိလင်္ကာနိုင်ငံမှာ စနေနေ့က ကျင်းပတဲ့ သမ္မတရွေးကောက်ပွဲမှာ မွတ်စလင်လူနည်းစု မဲဆန္ဒရှင်တွေကို တင်ဆောင်လာတဲ့ ဘတ်စ်ကားတွေကို သေနတ်သမားတွေက ပစ်ခတ်ပါတယ်။
ဟောင်ကောင်ဆန္ဒပြပွဲတွေဖြစ်တာ ၅ လကျော်လာပြီဖြစ်ပြီး တနင်္ဂနွေနေ့ကတော့ အကြမ်းဖက်မှုတွေ ပိုတိုးလာခဲ့ပါတယ်။
အမေရိကန်က ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကြောင့် စီးပွားရေး ကျဆင်းလာတဲ့ အီရန်နိုင်ငံမှာ လောင်စာဆီဈေးနှုန်းတွေကို ရုတ်တရက် တိုးမြှင့်လိုက်တဲ့အပေါ် စိတ်ဆိုးဒေါသထွက်နေကြတဲ့ အီရန်ပြည်သူတွေ မြို့ ၅ မြို့မှာ လမ်းပေါ်ထွက် ဆန္ဒပြလာကြပါတယ်။
သီရိလင်္ကာနိုင်ငံမှာ သမ္မတရွေးကောက်ပွဲကို ဒီကနေ့ ကျင်းပနေပြီး သီရိလင်္ကာ နိုင်ငံသားတွေဟာ မဲရုံတွေကို သွားရောက်ပြီး မဲပေးနေကြပါတယ်။
ရာထူးက ဖြုတ်ချခံထားခဲ့ရတဲ့ ယူကရိန်းဆိုင်ရာ အမေရိကန် သံအမတ်ကြီး Marie Yovanovitch လွှတ်တော်ကြားနာပွဲမှာ လာရောက်ထွက်ဆိုနေချိန်မှာပဲ သမ္မတ Donald Trump က တွစ်တာကနေ သူ့ကို ဝေဖန်တိုက်ခိုက်ခဲ့ပါတယ်။
မြန်မာနိုင်ငံက ရိုဟင်ဂျာမွတ်ဆလင် အကျပ်အတည်းကို ထင်ရှားပေါ်လွင်စေပြီး ဖြေရှင်းနိုင်မယ့် ဘယ်လိုနည်းလမ်းမျိုးမဆို အသုံးဝင်မယ်လို့ ယူဆတဲ့အကြောင်း အမေရိကန်နိုင်ငံခြားရေးဌာန၊ အကြီးတန်းတာဝန်ရှိသူတဦးက ပြောပါတယ်။
အီတလီနိုင်ငံ Venice မြို့မှာ မကြုံစဖူး ရေကြီးတဲ့ ဒဏ်ကို ခံနေရပါတယ်။ ယူနက်စကို ကမ္ဘာ့ရှေးဟောင်း အမွေအနှစ် အဖြစ် သတ်မှတ်ထားတဲ့ Venice မြို့ရဲ့ ၈၀ ရာခိုင်နှုန်း ဟာ ရေကြီးတဲ့ ဒဏ်ကို ခံနေရချိန်မှာပဲ သောကြာနေ့ အာရုံတက်ချိန်မှာတော့ နောက်ထပ် ဒီရေတက်လာတာနဲ့ ကြုံခဲ့ရတာပါ။
ဆေးမတိုးတဲ့ အူရောင်ငန်းဖျား တိုက်ဖွိုက်ရောဂါ ပြန့်နှံ့ဖြစ်ပွားနေတာကို ထိန်းချုပ်ရေး ကလေးငယ်တွေကို ပုံမှန် ကာကွယ်ဆေး တိုက်ကျွေးတဲ့အစီအစဉ်မှာ ပါကစ္စတန်နိုင်ငံဟာ ကာကွယ်ဆေးသစ်တမျိုးကို စသုံးတဲ့ ကမ္ဘာ့ ပထမဆုံးနိုင်ငံဖြစ်လာပါတယ်။
မြန်မာနိုင်ငံက တိုင်းရင်းသားဒေသတွေမှာ ကြီးလေးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျုးလွန်နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဆုံးဖြတ်ချက်တရပ် ချမှတ်ရေး ကုလသမဂ္ဂမှာ အဆိုပြုလိုက်ပါတယ်။
မြန်မာနိုင်ငံ အပါအဝင် မဲခေါင်ဒေသနိုင်ငံတွေနဲ့ ကုလသမဂ္ဂရဲ့ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုတိုက်ဖျက်ရေးရုံး (UNODC) တို့ ပူးပေါင်းပြီး ဒေသတွင်းမှာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အရှိန်မြှင့်နိုင်မယ့် အစီအစဉ်တရပ်ကို ဒီကနေ့ပဲ သဘောတူလိုက်ကြပါတယ်။
Bangladesh နိုင်ငံဒုက္ခသည်စခန်းတွေကနေ မလေးရှားကို သွားဖို့ကြိုးစားတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၁၂၂ ယောက်ကို ဘင်္ဂလားပင်လယ်အော်ထဲမှာ Bangladesh ကမ်းရိုးတမ်းစောင့်တပ်ဖွဲ့က ကြာသပတေးနေ့က ကယ်တင်ခဲ့ရတယ်လို့ တပ်ဖွဲ့ ပြောခွင့်ရသူက ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်