အမေရိကန်နဲ့ တရုတ်တို့ကြား ဖြစ်ပွားနေတဲ့ ကုန်သွယ်စစ်ပွဲမှာ ၂ ဖက် အပြန်အလှန် အခွန်တိုးကောက်နေတဲ့ ကိစ္စ ပြန်လျှော့ချရေး အပါအဝင် ကုန်သွယ်ရေးသဘောတူညီချက် အတွက် ပထမအဆင့် အဖြစ် ကြာသပတေးနေ့မှာ ဆွေးနွေးခဲ့တယ်လို့ တရုတ်ဘက်က ပြောပါတယ်။
ကမ္ဘောဒီးယား အတိုက်အခံ ခေါင်းဆောင် Sam Rainsy ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ပြည်တော်ပြန်ဖို့ ကြိုးစားမှု မှာ ပါဝင်ပတ်သက် နေသူတွေ အဖြစ် ဖမ်းဆီးထိန်းသိမ်း ထားတဲ့ အတိုက်အခံ အရာရှိဟောင်းတွေ နဲ့ တက်ကြွလှုပ်ရှားသူတွေကို ပြန်လွတ်ပေးဖို့ ဝန်ကြီးချုပ် ဟွန်ဆန်းက တရားရေးအရာရှိတွေ ကို ပန်ကြားလိုက်ပါတယ်။
ကယ်လီဖိုးနီးယားပြည်နယ် တောင်ပိုင်း Santa Clarita မြို့ Saugus အထက်တန်းကျောင်းမှာ ဒေသစံတော်ချိန် မနက် ၇ နာရီခွဲ ကျော်ကျော်မှာ သေနတ်ပစ်ခတ်မှု တခု ဖြစ်ပွားခဲ့ပြီး ၂ ဦး သေဆုံးခဲ့ရပါတယ်။
အမေရိကန်နဲ့အတူ အိုင်အက်စ်စစ်သွေးကြွတွေကို လက်တွဲတိုက်ခိုက်ခဲ့တဲ့ Kurds တပ်တွေကို အကြမ်းဖက်သမားတွေ အဖြစ် အမေရိကန်သမ္မတ Donald Trump နဲ့ သမ္မတအိမ်ဖြူတော်မှာ တွေ့ဆုံချိန်မှာ တူရကီသမ္မတ Recep Tayyip Erdogan က ပုံဖေါ်ဖို့ကြိုးစား ခဲ့တာအတွက် ရီပတ်ဘလစ်ကင် အထက်လွှတ်တော်အမတ်တစုက လက်မခံပဲ ပယ်ချခဲ့ပါတယ်။
ဘိုလီးဗီးယားနိုင်ငံ လက်ရှိရင်ဆိုင်နေရတဲ့ အကျပ်အတည်းအတွက် “ငြိမ်းချမ်းတဲ့ ဖြေရှင်းနည်း” တခုရရှိရေး ကူညီလုပ်ဆောင်ဖို့ ကုလသမဂ္ဂအထူးကိုယ်စားလှယ်တဦးကို လွှတ်မယ်လို့ အတွင်းရေးမှူးချုပ် Antonio Guterres ရုံးက ကြေညာပါတယ်။
သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် ထွက်ပြေးခဲ့ရတဲ့ ကိစ္စနဲ့ ပတ်သက်လို့ စတင်စုံစမ်းဖို့ နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) က ခွင့်ပြုလိုက်ပါတယ်။
(Zawgyi/ Unicode) မြောက်ကိုရီးယားနိုင်ငံရဲ့ နျူးကလီးယားအစီအစဉ် ဖျက်သိမ်းရေးအတွက် သံခင်းတမန်ခင်း အပေးအယူကို အထောက်အကူဖြစ်မယ်ဆိုရင် အမေရိကန်ရဲ့ စစ်ရေး အပြုအမူတွေကို ပြောင်းလဲပစ်ဖို့ လမ်းပွင့် သွားနိုင်တယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး Mark Esper က ပြောကြားလိုက်ပါတယ်။
(Zawgyi/ Unicode) ဟောင်ကောင်မှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပိုရဖို့ တောင်းဆိုနေတဲ့ ဆန္ဒပြသူတွေရဲ့ နောက်ဆုံးစုရပ်ဟာ အခုအခါမှာ တက္ကသိုလ်ကျောင်းတွေ ဖြစ်လာနေပြီး ကျောင်းသားအများစုပါဝင်တဲ့ ဒီမိုကရေစီရေး ဆန္ဒပြသူတွေက တက္ကသိုလ်ဝင်းတွေထဲမှာ အတားအဆီးတွေ လုပ်ပြီး စုဝေးနေကြပါတယ်။
(Zawgyi/ Unicode) အမေရိကန်-တူရကီ နှစ်နိုင်ငံ ဆက်ဆံရေး ကျဆင်းနေချိန်မှာ သမ္မတ ဒေါ်နယ်ထရမ့်က တူရကီ သမ္မတ Recep Tayyip Erdogan ကို အိမ်ဖြူတော်မှာ ဒုတိယအကြိမ်အဖြစ် ကြိုဆို တွေ့ဆုံပါတယ်။
(Zawgyi/ Unicode) နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် အပါအဝင် ထိပ်တန်း ခေါင်းဆောင် အများအပြားကို ရိုဟင်ဂျာတွေနဲ့ လက်တင်အမေရိက လူ့အခွင့်ရေး အဖွဲ့တွေက ဗုဒ္ဓဟူးနေ့မှာ အာဂျင်တီးနား တရားရုံးမှာ တင်သွင်းခဲ့ပါတယ်။
(Zawgyi/ Unicode) ကမ္ဘောဒီးယားနိုင်ငံ ရရှိထားတဲ့ ကုန်သွယ်မှု အထူးအခွင့်အရေးတွေ ဆုံးရှုံးသွားနိုင်ဖွယ်ရှိတဲ့ လူ့အခွင့်အရေးချိုးဖေါက်မှု ပဏာမအစီရင်ခံစာ တရပ်ကို ဥရောပသမဂ္ဂ ကော်မရှင်က ပြုစုပြီးဆုံးသွားပြီ ဖြစ်ပါတယ်။
အမေရိကန်သမ္မတ Donald Trump အပေါ် အရေးယူနိုင်မယ့် စုံစမ်းစစ်ဆေးမှုတွေကို ဒီကနေ့ အများပြည်သူရှေ့မှောက် ပထမဆုံးအကြိမ် ကြားနာမှာ ဖြစ်ပါတယ်။ စုံစမ်းစစ်ဆေးမှုတွေကိုတော့ အောက်လွှတ်တော် ထောက်လှမ်းရေး ကော်မတီက ဦးဆောင်နေတာပါ။
အင်ဒိုနီးရှားနိုင်ငံက တတိယအကြီးဆုံးမြို့ဖြစ်တဲ့ Medan မြို့က ရဲစခန်းကို ဒီကနေ့ အသေခံဗုံးခွဲ တိုက်ခိုက်ခဲ့ရာမှာ ၆ ဦးထက်မနည်း ဒဏ်ရာရသွားပါတယ်။
လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်တွေကြောင့် မြန်မာနိုင်ငံဟာ နိုင်ငံတကာ ဆက်ဆံရေးမှာ အရေးနိမ့်လာ နေပါပြီလား၊ နိုင်ငံတကာ ဖိအားတွေက သံတမန်ဆက်ဆံရေးမှာ နောက်ဆက်တွဲ ဘယ်လို အကျိုးဆက်တွေ ကြုံရနိုင်ပါသလဲ၊ ဆိုတာတွေကို ဗွီအိုအေရဲ့ နိုဝင်ဘာ ၁၆၊ စနေနေ့ည တိုက်ရိုက်လေလှိုင်း အစီအစဉ်မှာ ဆွေးနွေးကြရအောင်ပါ။
အမေရိကန် သမ္မတ Donald Trump ကို တရားစွဲဆိုနိုင်ရေး အများပြည်သူရှေ့မှောက် လွှတ်တော် ကြားနာမှုတွေကို ဗုဒ္ဓဟူးနေ့ စတင်ဖို့ ရှိနေချိန်မှာဘဲ သမ္မတကို ထောက်ခံကြတဲ့ ရီပတ်ပလီကန်တွေ ကတော့ သူ့ကို ကာကွယ်ဖို့ တက်တက်ကြွကြွ ပြင်ဆင်နေကြပါတယ်။
ဟောင်ကောင်ကျွန်းက ထင်ရှားတဲ့ တက္ကသိုလ် တခုမှာ ဆန္ဒပြသူတွေနဲ့ အဓိကရုဏ်း နှိမ်နင်းရေး ရဲတွေကြား အင်္ဂါနေ့ ညပိုင်း အထိ ထိပ်တိုက်ပဋိပက္ခတွေ ဖြစ်ခဲ့ပါတယ်။
တာလီဘန်တွေ အချိန်အတော်ကြာ ဖမ်းဆီးခံထားရတဲ့ အနောက်နိုင်ငံသား ၂ ဦးနဲ့ အကျဉ်းသားချင်း အလဲအလှယ်လုပ်ဖို့ အဆင့်မြင့် တာလီဘန် အကျဉ်းသား ၃ ယောက်ကို အာဖဂန်အစိုးရက ပြန်လွှတ်ပေးမှာဖြစ်ကြောင်း သမ္မတ Ashraf Ghani က ဒီကနေ့ပဲ ကြေညာလိုက်ပါတယ်။
အမေရိကန်သမ္မတဟောင်း Jimmy Carter ဟာ သိပ်မကြာခင်တုန်းက ချော်လဲပြီး ဦးနှောက်သွေးယိုရာကနေ ဦးနှောက်ထဲ သွေးဖိအား လျော့လာအောင် ခွဲစိတ်ကုသမှုခံယူဖို့ တနင်္လာနေ့ ညနေပိုင်းက ဆေးရုံတင်လိုက်ရတဲ့အကြောင်း သူ့ရဲ့ ပြောခွင့်ရက ပြောပါတယ်။
တောင်ကိုရီးယားနိုင်ငံက Me Too လှုပ်ရှားမှုက လုပ်ငန်းခွင်အတွင်း လိင်ပိုင်းဆိုင်ရာ ကသိကအောက် ပြုလုပ်သူတွေကို စိန်ခေါ် လိုက်ပါတယ်။ တောင်ကိုရီးယားနိုင်ငံရဲ့ လုပ်ငန်းခွင် ပါတီပွဲတွေမှာ အမျိုးသမီးတွေအနေနဲ့ မသက်မသာ ဖြစ်ရတဲ့ ကိစ္စတွေကို Me Too လှုပ်ရှားမှုနဲ့ ပြောင်းလဲဖို့ ကြိုးစားလာကြတာပါ။
အီရန်နိုင်ငံက တရားဝင် ကြေညာထားခြင်း မရှိတဲ့ နျူကလီးယား စက်ရုံတည်နေရာ တစ်ခုမှာ ယူရေနီယံ ဓါတ်မုန်တွေကို တွေ့ရှိခဲ့တယ်လို့ ကုလသမဂ္ဂ အနုမြူ စွမ်းအင် အေဂျင်စီ (IAEA) က တနင်္လာနေ့က ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်