Bolivia သမ္မတ Evo Morales ရာထူးက နုတ်ထွက်သွားတာကို အမေရိကန် အစိုးရက ကြိုဆိုလိုက်ပါတယ်။
သြစတြေးလျနိုင်ငံ New South Wales နဲ့ Queensland ပြည်နယ်တွေမှာ တောမီးတွေ နေရာအတော်များများမှာ လောင်ကျွမ်းနေတာကြောင့် အန္တရာယ်ရှိတဲ့အဆင့် သတိပေးချက်တွေကို အစိုးရအရာရှိတွေက ထုတ်ပြန်ထားပါတယ်။
ဟောင်ကောင်မှာ ဒီနေ့ဆန္ဒပြပွဲတွေအတွင်း ရဲရဲ့ ပစ်ခတ်မှုကြောင့် ဆန္ဒပြသူ ၁ ယောက် ဒဏ်ရာရသွားပါတယ်။ လမ်းမတခုပေါ်မှာ ဆန္ဒပြသူ ၁ ယောက်နဲ့ရဲ့ ထိပ်တိုက်တွေ့နေချိန် အဲဒီနားကို ကပ်လာတဲ့ နောက်တယောက်ကို ရဲက အနီးကပ် သေနတ်နဲ့ပစ်လိုက်တဲ့ Video လည်း ပျံနှံ့နေပါတယ်။
ဘိုလီးဗီးယားသမ္မတ Evo Morales က ရာထူးက နုတ်ထွက်ကြောင်း တနင်္ဂနွေနေ့ ရုပ်သံမိန့်ခွန်းမှာ ကြေညာသွားပါတယ်။ ပြီးခဲ့တဲ့လက ရွေးကောက်ပွဲတွေမှာ မသမာမှုတွေအပေါ် သီတင်းပတ်နဲ့ချီ ဆန္ဒပြတာတွေ ပေါ်ပေါက်ခဲ့ပြီးနောက် အခုလို ကြေညာသွားတာပါ။
ဆိုင်ကလုန်းမုန်တိုင်း Bulbul ဝင်ရောက်တိုက်ခတ်နေတဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယနိုင်ငံတွေရဲ့ ကမ်းရိုးတန်းတွေမှာ တနင်္ဂနွေနေ့မှာတော့ အနည်းဆုံး လူ ၁၃ ဦး သေဆုံး၊ ငါးဖမ်းသမားတွေလည်း ပျောက်ဆုံးနေပါတယ်။
အမေရိကန်သမ္မတ အိမ်ဖြူတော်မှာ တူရကီသမ္မတနဲ့ လာမယ့် ဗုဒ္ဓဟူးနေ့ တွေ့ဆုံဆွေးနွေးတဲ့အခါမှာ ရုရှားရဲ့ လေကြောင်းရန် ကာကွယ်ရေးစနစ်ကို ဝယ်ဖို့ တူရကီခေါင်းဆောင်ရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး သမ္မတ Donald Trump က ထိပ်တိုက်ပြောဆိုဖို့ ရှိတယ်လို့ အမေရိကန် အမျိုးသားလုံခြုံရေး အကြံပေးက ပြောဆိုပါတယ်။
အမေရိကန်သမ္မတ Donald Trump က သူ့ကို တရားစွဲဆိုရေး ဒီအပတ်အတွင်း ကြားနာမှုတွေအပေါ် တနင်္ဂနွေနေ့မှာ ထပ်မံ ဝေဖန်ထိုးနှက်ပါတယ်။ အင်မတန် ရှက်စရာကောင်းတယ်၊ ရီပတ်ဘလစ်ကန်တွေ မေးမြန်းလိုနေတဲ့ သက်သေတွေကိုတော့ ဒီမိုကရက်တွေက တားဆီး ပိတ်ပင်ထားတယ်လို့လည်း မကျေမနပ် ပြောဆိုပါတယ်။
ဟောင်ကောင်မှာ သီတင်းပတ် ၂၄ ပတ်ဆက်တိုက် ကျင်းပလာတဲ့ အစိုးရဆန့်ကျင် ဆန္ဒပြပွဲတွေကို ဟောင်ကောင်ရဲတို့က မျက်ရည်ယိုဗုံးတွေသုံးပြီး ဒီကနေ့ လူစုခွဲခဲ့ပါတယ်။
ကမ္ဘောဒီးယား အစိုးရက အတိုက်အခံခေါင်းဆောင် Kem Sokha ကို နေအိမ်အကျယ်ချုပ်ကနေ ဒီကနေ့မှာ ပြန်လွှတ်ပေးလိုက်ပါတယ်။ အတိုက်အခံခေါင်းဆောင် Kem Sokha ကို နိုင်ငံတော်သစ္စာဖောက်မှုနဲ့ လွန်ခဲ့တဲ့ ၂ နှစ်က ဖမ်းဆီးပြီး နေအိမ်အကျယ်ချုပ်ချခဲ့တာ ဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံက ဆစ်ခ်လူနည်းစု ရာပေါင်းများစွာဟာ ပါကစ္စတန်ဘက်မှာရှိတဲ့ သူတို့ရဲ့ ဘာသာရေး အထွတ်အမြတ် ဘုရားကျောင်းတခုမှာ သွားရောက်ဝတ်ပြုဖို့အတွက် နှစ်ပေါင်း ၇၂ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ပြည်ဝင်ခွင့်ဗီဇာမလိုဘဲ နယ်စပ်ကိုဖြတ်ပြီး ပါကစ္စတန်နိုင်ငံထဲကို သွားခွင့်ရခဲ့ကြပါတယ်။
အမေရိကန်နဲ့ တရုတ်တို့ကြား ကုန်သွယ်ရေးဆွေးနွေးမှုတွေဟာ သိပ်ကိုကောင်းမွန်နေတယ်လို့ အမေရိကန်သမ္မတ Donald Trump က စနေနေ့မှာ ပြောကြားလိုက်ပါတယ်။ ဒါပေမယ့် အမေရိကန်နိုင်ငံအတွက် မှန်ကန်တဲ့ သဘောတူညီချက်မျိုး ရမှသာ အလုပ်ဖြစ်မယ်လို့လည်း ပြောပါတယ်။
ယူကရိန်းသမ္မတ Volodymyr Zelenskiy နဲ့ သူ တယ်လီဖုန်းဆက် စကားပြောထားတဲ့ နောက်ထပ်မှတ်တမ်းတခုကို ထုတ်ပြန်ဦးမယ်လို့ သမ္မတ Donald Trump က စနေနေ့မှာ ပြောပါတယ်။
ပြည်ပရောက် ကမ္ဘောဒီးယား အတိုက်အခံခေါင်းဆောင် Sam Rainsy ကို ပြည်ဝင်ခွင့်မပေးဘဲ တားမြစ်ထားတာကို ပြန်ရုပ်သိမ်းပြီး ဝင်ခွင့်ပြုလိုက်ပြီလို့ ကမ္ဘောဒီးယားအစိုးရ ထိပ်တန်းအရာရှိတဦးက ပြောလိုက်ပါတယ်။
အိန္ဒိယနိုင်ငံမြောက်ပိုင်း Ayodhya မြို့က အငြင်းပွားနေတဲ့ မြေနေရာကို ဟိန္ဒူတွေ ရသင့်တယ်လို့ အိန္ဒိယ တရားရုံးချုပ်က ဒီကနေ့ အမိန့်ချလိုက်တဲ့အတွက် အဲဒီမှာ ဟိန္ဒူဘုရားကျောင်းဆောက်ဖို့ လမ်းပွင့်သွားခဲ့ပါတယ်။
အရှေ့နဲ့ အနောက်ဥရောပကို ပိုင်းခြားထားခဲ့တဲ့ ဘာလင်တံတိုင်းကြီး ပြိုကျခဲ့တဲ့ အနှစ် ၃၀ ပြည့် အထိမ်းအမှတ် အခမ်းအနားတွေကို ဂျာမနီနိုင်ငံမှာ ဒီကနေ့ ကျင်းပနေပါတယ်။
အာရှနဲ့ ပစိဖိတ် ဒေသတွင်း နိုင်ငံများ လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီချက်ကနေ အိန္ဒိယက နုတ်ထွက်မယ်လို့ ကြေညာခဲ့တဲ့နောက် နိုင်ငံပေါင်း ၁၅ နိုင်ငံပဲ ကျန်တော့တဲ့ ဒေသတွင်း စီးပွားရေးမိတ်ဆွေများအဖွဲ့ RECP ရဲ့ သဘောတူညီချက် ဆက်လက်တည်မြဲပါ့မလားလို့ အဖွဲ့ဝင်နိုင်ငံတွေကြား သံသယတွေ ဖြစ်လာစေပါတယ်။
ဘာလင်တံတိုင်းပြိုကျသွားတာ နှစ်ပေါင်း ၃၀ ပြည့်ချိန်ထိ အမေရိကန်နဲ့မဟာမိတ်တွေဟာ အားကြီးတဲ့ ကွန်မြူနစ် ရန်သူတွေကို ရင်ဆိုင်နေရဆဲဖြစ်ပြီး လွတ်လပ်တဲ့ကမ္ဘာအနေနဲ့ ရုရှားနဲ့တရုတ်တို့ရဲ့ ခြိမ်းခြောက်မှုတွေကို ဆက်ပြီး ခုခံကာကွယ်ဖို့ လိုအပ်နေဆဲ ဖြစ်တယ်လို့ အမေရိကန်ကပြောပါတယ်။
အိန္ဒိယနိုင်ငံ အယုဒ္ဓယမြို့လေးမှာ နှစ်ပေါင်း အစိတ်ကျော် ဟိန္ဒူနဲ့ မွတ်ဆလင်တို့ကြား အငြင်းပွားနေတဲ့ ၂.၇၇ ဧက အကျယ်ရှိတဲ့ မြေနေရာ ပိုင်ဆိုင်မှု အတွက် စနေနေ့မှာ နိုင်ငံတော် တရားရုံးက ဆုံးဖြတ်ချက် ချပေးတော့မှာ ဖြစ်ပါတယ်။
သေဆုံးသွားတဲ့ကျောင်းသား Chow ဘယ်လိုကြောင့် ကားဂိုဒေါင်ပေါ်ကနေ ပြုတ်ကျသလဲဆိုတာ အတိအကျ မသိရပေမဲ့ မျက်ရည်ယိုဗုံးတွေ ရှောင်ရင်း ပြုတ်ကျခဲ့ပုံရတယ်လို့ ဟောင်ကောင်ကလာတဲ့ သတင်းတွေက ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ဒုက္ခသည်တွေထဲက နေရပ်ပြန်မယ့်သူ ၂၀,၀၀၀ ကျော်ကို မြန်မာတာဝန်ရှိသူတွေ စိစစ်ပြီးစီးထားပြီး ပြန်လည် လက်ခံဖို့ အသင့်ရှိနေသူ ၃,၅၀၀ နီးပါးရှိကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ဒီကနေ့ပဲ သတင်း ထုတ်ပြန်လိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်