ကမ္ဘောဒီးယား နိုင်ငံရဲ့ အထင်ရှားဆုံး အတိုက်အခံ ခေါင်းဆောင် Sam Rainsy ဟာ ပြင်သစ်နိုင်ငံ ပါရီ မြို့ကနေ သူ့မူရင်းနိုင်ငံကို ပြန်ဖို့ အတွက် လေယာဉ်ပေါ် တက်ရောက်ခွင့် အပိတ်ပင် ခံလိုက်ရပါတယ်။
ဆီးရီးယားနိုင်ငံမြောက်ပိုင်းက ရေနံတွင်းကို အကာအကွယ်ပေးဖို့ ချထားတဲ့ အမေရိကန်တပ်ဖွဲ့တွေဟာ ရေနံကရတဲ့ငွေတွေ ကာ့ဒ်တွေအဓိကပါတဲ့ ဆီးရီးယား ဒီမိုကရက်တစ်တပ်ဖွဲ့ SDF ဆီရောက်စေဖို့ ကူညီလုပ်ဆောင်ပေးနေပါတယ်။ SDF တပ်ဖွဲ့ဟာ IS အကြမ်းဖက်ဝါဒီအဖွဲ့ကို တိုက်ခိုက်တာမှာ အမေရိကန်ရဲ့ အဓိကမဟာမိတ်ဖြစ်ပါတယ်။
ဆော်ဒီဘုရင် Salman bin Abdulaziz Al Saud ဟာ ကြာသပတေးနေ့က အမေရိကန် ဗဟိုထောက်လှမ်းရေး ဌာန အကြီးအကဲ Gina Haspel နဲ့ Riyadah မှာ တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ ဆော်ဒီအစိုးရ သတင်းမှာ ဖေါ်ပြထားပါတယ်။
အဖွဲ့ဝင် ၂၂ နိုင်ငံနဲ့ ဆွေးနွေးဖက်နိုင်ငံ ၉ နိုင်ငံ ပါဝင်တဲ့ IORA အိန္ဒိယသမုဒ္ဒရာ ဒေသတွင်းနိုင်ငံများအဖွဲ့မှာ အဖွဲ့ဝင်အဖြစ် မြန်မာနိုင်ငံရဲ့ လျှောက်ထားချက်ကို ဘင်္ဂလားဒေ့ရှ် နိုင်ငံက ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ပါတယ်။
ကျူးဘားနိုင်ငံအပေါ် အမေရိကန်ချမှတ်ထားတဲ့ ဒဏ်ခတ်အရေးယူမှုတွေဟာ ကျူးဘားရဲ့ စီးပွားရေးနဲ့ လူူမှု ဖွံ့ဖြိုးတိုးတက်မှုတွေ အတွက် အဓိကအတားအဆီးဖြစ်တယ်လို့ဆိုပြီး ပြန်ရုပ်သိမ်းပေးဖို့ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံအားလုံးက ကြာသပတေးနေ့မှာ တညီတညွတ်ထဲ ထောက်ခံလိုက်ကြပါတယ်။
ဘင်္ဂလားဒေ့ရှ် အစိုးရက လူမှောင်ခိုမှု တိုက်ဖျက်ရေး လုပ်ငန်းတွေကို ထိထိရောက်ရောက် မလုပ်နိုင်ဘူးဆိုရင် အမေရိကန်က အကူအညီ အထောက်အပံ့တွေ ဖြတ်တောက်မှာဖြစ်ကြောင်း သတိပေးလိုက်ပါတယ်။
အီရန်နိုင်ငံက Fordow နျူကလီးယားစက်ရုံမှာ ယူရေနီယံသန့်စင်မှုတွေ ပြန်လည် လုပ်ဆောင်နေပြီလို့ အီရန်အနုမြူစွမ်းအင်အေအေဂျင်စီက ဒီကနေ့ ကြေညာလိုက်ပါတယ်။
တူရကီနိုင်ငံကို အမေရိကန်က အဆင့်မြင့် ဂျက်တိုက်လေယာဉ်တွေ ရောင်းချမယ့် အစီအစဉ် ဆိုင်းငံ့ထားတာကို ရုပ်သိမ်းမပေးရင် ရုရှားနဲ့ ဆက်ဆံရေး တိုးမြှင့်သွားမယ့်အကြောင်း တူရကီသမ္မတ Recep Tayyip Erdogan က ခြိမ်းခြောက်လိုက်ပါတယ်။
(Zawgyi/ Unicode) အီသီယိုးပီးယားနိုင်ငံ၊ Blue Nile မြစ်ပေါ်မှာ တည်ဆောက်နေတဲ့ ရေအားလျှပ်စစ် စီမံကိန်းကြီးနဲ့ ပတ်သက်ပြီး အီဂျစ်၊ အီသီယိုးပီး ယား၊ ဆူဒန် နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ အမေရိကန်သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်တို့ ဗုဒ္ဓဟူးနေ့က ကြိုတင်ကြေညာမထားဘဲ အိမ်ဖြူတော်မှာ တွေ့ဆုံဆွေးနွေးကြပါတယ်။
(Zawgyi/ Unicode) မူးယစ်ဆေး မှောင်ခိုရောင်းဝယ်မှု သံသယအတွက် တနင်္လာနေ့ တရားရုံးချိန်းမှာ ရဲတွေကို ပစ်ခတ်တိုက်ခိုက်ပြီး ထွက်ပြေးလွတ်မြောက် သွားခဲ့တဲ့ တရားခံ ၂ ဦးဖြစ်သူ အမေရိကန်နိုင်ငံသား တဦးနဲ့ သူ့ရဲ့ထိုင်းဇနီးသည်တို့ကို ဗုဒ္ဓဟူးနေ့က ပြန်လည် ဖမ်းဆီးရမိတယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။
(Zawgyi/ Unicode) အဓိကကျတဲ့ တိုက်လေယာဉ် အမျိုးအစားတခုကို တူရကီကို ရောင်းမယ့်အစီအစဉ် အမေရိကန် ပိတ်ပင်ထားတာ မရုပ်သိမ်းဘူးဆိုရင် ရုရှားနဲ့ စစ်ဘက်ဆက်ဆံရေး ပိုပြီးတိုးမြှင့်မယ်လို့ တူရကီသမ္မတ Recep Tayyip Erdogan က ခြိမ်းခြောက် ပြောဆိုထားပါတယ်။
လက်နက်ကိုင် ပဋိပက္ခတွေကြား အရပ်သားတွေ အကာအကွယ်မဲ့ နေရတာဟာ ဘာကြောင့်များပါလဲ၊ အရပ်သားတွေ လုံခြုံရေး ဘယ်သူတွေက ဘယ်လိုတာဝန်ယူနိုင်မလဲ ဆိုတာတွေကို ဗွီအိုအေရဲ့ နိုဝင်ဘာ ၅၊ စနေနေ့ည တိုက်ရိုက်လေလှိုင်း အစီအစဉ်မှာ ဆွေးနွေးကြရအောင်ပါ။
ဟောင်ကောင်ကျွန်းက Richland Garden ဈေးဝယ် စင်တာနားမှာ ဓါးနဲ့ လိုက်ထိုးသူတဦးကြောင့် ဟောင်ကောင်အမတ် Junius Ho Kwan-yiu ဆိုသူနဲ့ သူ့လက်ထောက် နှစ် ဦး ဒဏ်ရာရသွားပါတယ်။
အမေရိကန်သမ္မတနဲ့ ယူကရိန်းသမ္မတကြား ဖုန်းဆက်သွယ်ပြောကြားမှု တခုအတွင်း Biden သားအဖအပေါ် စုံစမ်းဖို့ ပြောခဲ့တဲ့ ကိစ္စကြောင့် သမ္မတဟာ သူ့ လုပ်ပိုင်ခွင့် အာဏာသုံးပြီး နိုင်ငံရေးအကျိုးအမြတ်ရအောင် လုပ်ခဲ့သလားဆိုတာကို အောက်လွှတ်တော် Democrat အမတ်တွေ စုံစမ်းနေကြတာဖြစ်ပါတယ်။
ရိုဟင်ဂျာအရေးနဲ့ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စုက ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အပြည့်အ၀ ထောက်ခံတယ်ဆိုတာကို ထပ်လောင်း ပြောဆိုခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး AK Abdul Momen က ပြောပါတယ်။
အမေရိကန်နဲ့ တရုတ်တို့ကြား လက်ရှိဖြစ်ပွားနေတဲ့ ကုန်သွယ်ရေးစစ်ပွဲဟာ စားသုံးသူတွေ အတွက် ကုန်ဈေးနှုန်းကြီးမြင့်မှုနဲ့အတူ ထုတ်ကုန်ကျဆင်းမှုကြောင့် နှစ်ဘက်စလုံးရဲ့ စီးပွားရေး ကို ထိခိုက်စေတယ်လို့ ကုလသမဂ္ဂက ပြောလိုက်ပါတယ်။
လွန်ခဲ့တဲ့ ၄ နှစ်ကျော်က ရိုဟင်ဂျာဒုက္ခသည်တွေကို မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံတောင်ပိုင်းကို ခိုးထုတ်ရာမှာပါဝင်တဲ့ အဓိက သံသယရှိသူတွေထဲက ထိုင်းအစိုးရ ဖမ်းဝရန်းထုတ်ထားသူ တဦးဖြစ်တဲ့ ကိုတုတ် (ခေါ်) Santipiyakul ကို ကမ္ဘောဒီးယားနိုင်ငံမှာ ဖမ်းဆီးရမိပြီးသူ့ကို ထိုင်းအာဏာပိုင်တွေဆီ လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့လက အမေရိကန်စစ်ဆင်ရေးအတွင်း သေဆုံးသွားတဲ့ IS အစ္စလာမ်မစ် အစွန်းရောက်အဖွဲ့ခေါင်းဆောင် Abu Bakr al-Baghdadi ရဲ့ အစ်မဖြစ်သူကို ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်းမှာ တူရကီနိုင်ငံဘက်က ဖမ်းဆီးလိုက်တယ်လို့ တူရကီအာဏာပိုင်တွေက ပြောပါတယ်။
အီရန်နျူကလီးယားဆိုင်ရာ ၂၀၁၅ နိုင်ငံတကာ စာချုပ်ပါ သဘောတူညီချက်တွေကို မလိုက်နာတော့တဲ့ နောက်ဆုံး လုပ်ရပ်တခုအနေနဲ့ Fordo နျူကလီးယား စက်ရုံက ဗဟိုခွာစက်တွေထဲ ဓာတ်ငွေ့တွေ ဖြည့်သွင်းတော့မှာဖြစ်ကြောင်း အီရန်နိုင်ငံက ဒီနေ့ပဲ ကြေညာလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ အင်တာနက် လွတ်လပ်ခွင့်ဟာ ဆက်လက် နိမ့်ကျနေဆဲဖြစ်ကြောင်း အမေရိကန် အခြေစိုက် Freedom House အဖွဲ့ရဲ့ အစီရင်ခံစာသစ်က ဖော်ပြလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်