နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အမေရိကန် အမျိုးသား လုံခြုံရေး အကြံပေး ပုဂ္ဂိုလ် Robert O’Brien တို့ တနလာၤနေ့တုန်းက အာဆီယံ ထိပ်သီး အစည်းအဝေး ပြင်ပမှာ သီးခြားတွေ့ဆုံပြီး ဘင်္ဂလားဒေရှ့်ဘက် ထွက်ပြေးရသူတွေ ဌာနေပြန်ရေး အပါအဝင် ကိစ္စရပ် အများအပြား ဆွေးနွေးခဲ့ကြပါတယ်။
အမေရိကန်နိုင်ငံ အမျိုးသား လုံခြုံရေး အကြံပေး ပုဂ္ဂိုလ် Robert O’Brien က တရုတ်နိုင်ငံက တောင်တရုတ်ပင်လယ်အတွင်း စစ်ရေး တည်ဆောင်မှုတွေလုပ်တဲ့ကိစ္စပေါ် ဝေဖန် ရှုတ်ချလိုက်ပါတယ်။
အီရန်နိုင်ငံ တဟီရန်မြို့တော်က အမေရိကန်သံရုံးကို အစွန်းရောက် အီရန်ကျောင်းသားတွေ ဝင်ရောက်စီးနင်းသိမ်းပိုက်ခဲ့တဲ့နေ့ အနှစ် ၄၀ ပြည့်ခဲ့မြောက်တဲ့နေ့မှာပဲ အီရန်တို့က ယူရေနီယံ သန့်စင်မှုကို အရှိန်မြှင့် လုပ်ဆောင်နေတယ်လို့ ကြေညာခဲ့ပါတယ်။
အိန္ဒိယ နိုင်ငံ မြို့တော် နယူးဒေလီမှာ အဆိပ်အတောက်ဖြစ်တဲ့ မီးခိုးမြူ ဖုံးအုပ်မှုကို ဆက်လက် ကိုင်တွယ် ဆောင်ရွက် နေရတာနဲ့ အတူဘဲ မြို့တော်က လမ်းတွေပေါ်မှာ ကိုယ်ပိုင်ကား မောင်းနှင် အသုံးပြုမှုကို ထက်ဝက် လျှော့ချ ကန့်သတ်လိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ရှေ့နှစ်ဆန်းကျရင် အထူးထိပ်သီးစည်းဝေးပွဲ ကျင်းပြဖို့ အာဆီယံခေါင်းဆောင်တွေကို အမေရိကန်သမ္မတ Donald Trump က ဖိတ်ကြားလိုက်ပါတယ်။
မြန်မာနိုင်ငံရဲ့ ထင်ရှားတဲ့ မိုးလေဝသ ပညာရှင် ဦးထွန်းလွင် ဒီကနေ့ ညနေပိုင်း ၆ နာရီ ၅၇ မိနစ်မှာ ရန်ကုန်မြို့ ပုဂ္ဂလိက ဆေးရုံတခုမှာ ကွယ်လွန်သွားပြီလို့ သိရပါတယ်။
မူးယစ်ဆေးဝါးနဲ့ ရွှေ့ပြောင်းအခြေချလိုသူတွေ ဝင်လာမှာစိုးတဲ့အတွက် အမေရိကန်-မက္ကဆီကို နယ်စပ်တလျှောက်ကို သမ္မတ Donald Trump က ချိုးဖောက်ဝင်လို့ မရနိုင်လောက်တဲ့ တံတိုင်းကို ကာရံထားပေမယ့် မက္ကဆီကို လူကုန်ကူးဂိုဏ်းတွေက အဲဒီ အတားအဆီးတွေကို ချိုးဖျက်ပြီး ဝင်ရောက်နေပါတယ်။
အမေရိကန်သမ္မတ Donald Trump က လာမယ့် ၂၀၂၀ ပြည့်နှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ သူ့ရဲ့ အဓိကပြိုင်ဘက်တဦးဖြစ်တဲ့ ဒုတိယသမ္မတဟောင်း Joe Biden ကို စုံစမ်းစစ်ဆေးပေးရေး ယူကရိန်းရဲ့ အကူအညီရဖို့ ကြိုးပမ်းမှုဟာ တရားစွဲဆိုနိုင်လောက်တဲ့ အကြောင်းအရာ မဟုတ်ဘူးလို့ သမ္မတ အိမ်ဖြူတော်က ကာကွယ် ပြောဆိုလိုက်ပါတယ်။
အိန္ဒိယနိုင်ငံသား ၂ ဦးကို ရခိုင်လက်နက်ကိုင်တပ် AA က ဖမ်းဆီးသွားတယ်ဆိုပြီး အိန္ဒိယနိုင်ငံ နယူးဒေလီအခြေစိုက် Asian News International – ANI က နိုဝင်ဘာလ ၃ ရက်နေ့သတင်းမှာ ဖော်ပြထားပါတယ်။
တောင်ကိုရီးယားနိုင်ငံ DAE SUN သင်္ဘောနဲ့ စက်မှုနည်းပညာ ကုမ္ပဏီက တည်ဆောက်ပေးတဲ့ “မုတ္တမ” အမည်ရှိ ရေတပ်စစ်သင်္ဘော တစင်းဟာ တောင်ကိုရီးယားကနေ မြန်မာနိုင်ငံကို လာနေတဲ့ လမ်းတလျှောက် ရုရှားနိုင်ငံ ဗလာတီ ဗော့စတော့မြို့မှာ နိုဝင်ဘာ ၂ ရက်နေ့က ခရီးတထောက် ရပ်နားခဲ့တယ်လို့ ရုရှားမီဒီယာတွေမှာ ဖော်ပြပါတယ်။
ရခိုင်ပဋိပက္ခနဲ့ ပတ်သက်ပြီး လက်ရှိအစိုးရ သက်တမ်းထက် ဆယ်ဆလောက် အဲဒီဒေသမှာ ရှိခဲ့ကြတဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေအနေနဲ့ ပြဿနာရဲ့ သိမ်မွေ့ ရှုပ်ထွေးမှုကို အနည်းအကျဉ်း သိထားဖို့ လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကို တုံ့ပြန် ပြောဆိုခဲ့ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ချင်းပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်း အပါအဝင် ၉ ဦးအဖွဲ့ဟာ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ် နယ်စပ်အနီး ရေကြောင်းခရီးမှာ အခုမွန်းလွဲပိုင်းက ပျောက်ဆုံးနေတာကြောင့် တာဝန်ရှိ အာဏာပိုင်တွေ အပူတပြင်း ရှာဖွေနေတယ်လို့ သိရပါတယ်။
ဆီးရီးယားနိုင်ငံမြောက်ပိုင်း နယ်စပ်မြို့ဖြစ်တဲ့ Tal Abyab မြို့က ဈေးတခုနားမှာ ဒီကနေ့ ကားဗုံးတလုံး ပေါက်ကွဲခဲ့တာကြောင့် ၁၃ ယောက်ထက်မနည်း သေဆုံးသွားတယ်လို့ တူရကီ ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
တရုတ်နဲ့ အိမ်နီးချင်းနိုင်ငံတွေအကြား ရေပိုင်နက် အငြင်းပွားမှုရှိနေတဲ့ တောင်တရုတ်ပင်လယ်ပြင်နဲ့ ပတ်သက်လို့ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်း မူဘောင်သတ်မှတ်ရေးအတွက် အရှေ့တောင်အာရှနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အဆင်သင့်ရှိတယ်လို့ တရုတ်နိုင်ငံက ပြောပါတယ်။
မြန်မာနိုင်ငံ ရခိုင်ပြည်နယ် မြောက်ပိုင်းကနေ ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးခဲ့ကြရတဲ့ မွတ်စလင်ဒုက္ခသည် ၇ သိန်းကျော်အရေးနဲ့ ပတ်သက်ပြီးတော့ သူ့အနေနဲ့ အင်မတန် စိုးရိမ်ပူပန်မိတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres က ပြောပါတယ်။
အာဆီယံ ထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေ တက်ရောက်လာတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Gueterrus က မြန်မာအစိုးရအနေနဲ့ ရိုဟင်ဂျာဒုက္ခသည်အရေးမှာ သူတို့ဆန္ဒအလျောက် ဂုဏ်သိက္ခာရှိရှိ ဌာနေပြန်နိုင်ရေးနဲ့အတူ ပြည်တွင်း ပြန်လည်သွေးစည်းရေးကို ဦးစားပေး လုပ်ဆောင်ဖို့ တိုက်တွန်းလိုက်ပါတယ်။
Fitbit ဆိုတဲ့ လူတဦးရဲ့ ကိုယ်ကာယ အားကစားလုပ်ကိုင်မှု အခြေအနေကို စောင့်ကြည့်မှတ်တမ်းယူတဲ့ ကိရိယာထုတ် ကုမ္ပဏီကို ဒေါ်လာ သန်း ၂ ထောင်ကျော်နဲ့ ဝယ်ယူမယ်လို့ Alphabet ကုမ္ပဏီက ကြေညာပါတယ်။ Alphabet ကုမ္ပဏီဟာ အင်တာနက်ပေါ်က ရှာဖွေစာမျက်နှာ Google ရဲ့ မိခင်ကုမ္ပဏီ ဖြစ်ပါတယ်။
ဗြိတိန်နိုင်ငံ လန်ဒန်မြို့အနီးက အအေးခန်းကုန်တင်ကားတစီးပေါ်က အလောင်း ၃၉ လောင်းဟာ ဗီယက်နမ်တွေဆိုတာ ဗြိတိန်တာဝန်ရှိသူတွေ အတည်ပြုခဲ့ပြီးတဲ့နောက် ဒီဖြစ်ရပ်အပေါ် အလွန်စိတ်မကောင်းဖြစ်ရကြောင်းနဲ့ တရားမဝင် လူကုန်ကူးမှုကို အပြင်းအထန်ရှုတ်ချကြောင်း ဗီယက်နမ် နိုင်ငံခြားရေးဌာနက ဒီကနေ့ ပြောပါတယ်။
အမေရိကန်နိုင်ငံခြားရေးဌာန၊ တောင်နဲ့ အလယ်ပိုင်းအာရှဒေသရေးရာ ယာယီ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Alice Wells ဟာ နိုဝင်ဘာလ ၁ ရက်နေ့ကနေ ၇ ရက်နေ့အထိ ထိုင်းနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကို သွားရောက်မယ်လို့ နိုဝင်ဘာလ ၁ ရက်နေ့ ရက်စွဲနဲ့ အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာကျင်းပနေတဲ့ ASEAN ထိပ်သီးအစည်းအဝေးမှာ ကုန်သွယ်ရေးကိစ္စက အဓိကဆွေးနွေးမယ့် အကြောင်းအရာဖြစ်ပြီး ဒေသတွင်း ပြဿနာတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့မရှိ သလောက်ပဲလို့ ခန့်မှန်းထားတဲ့အကြောင်း သံတမန် သတင်းရင်းမြစ်တွေကို ကိုးကားပြီး ရိုက်တာသတင်းမှာ ရေးထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်