ကမ္ဘောဒီးယား၊ လာအိုနဲ့ မြန်မာနိုင်ငံတို့က ရွှေ့ပြောင်းအလုပ်သမားတွေကို အကာအကွယ်ပေးနိုင်ရေး ပူးပေါင်းလုပ်ဆောင်သွား ကြဖို့ သုံးနိုင်ငံ ပြည်ထဲရေးဝန်ကြီးအဆင့် အစည်းအဝေးမှာ တာဝန်ရှိသူတွေ သဘောတူလိုက်ကြပါတယ်။
ဟောင်ကောင်မှာ အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင်နဲ့ တခြားတာဝန်ရှိသူတွေ ခန့်အပ်၊ အစားထိုးတဲ့ ပုံစံကို တရုတ်က ပိုတိုးတက်အောင်လုပ်သွားမယ်လို့ တရုတ်တာဝန်ရှိသူ တယောက်က ဒီကနေ့ ပြောကြားလိုက်ပါတယ်။
IS အစ္စလာမ်မစ် အစွန်းရောက်အဖွဲ့က ခေါင်းဆောင်သစ်ကို ရွေးချယ်လိုက်ပါပြီ။ ခေါင်းဆောင်သစ်အဖြစ် Abu Ibrahim al-Hashimi al-Qurashi ကို ရွေးချယ်ကြောင်း အဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဖတ်ပြသွားတဲ့ အသံကို သူတို့ရဲ့ Amaq သတင်းဌာနက ကြာသပတေးနေ့က ထုတ်လွှင့်ခဲ့တာဖြစ်ပါတယ်။
ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် လူငယ် ၅ ဦးကို ထောင်ဒဏ်ချမှတ်တဲ့အပေါ် PEN America အဖွဲ့က ပြစ်တင်ရှုတ်ချလိုက်ပါ တယ်။ ဒီဖြစ်ရပ်ဟာ စိတ်ကူးပုံဖော်ပြီး ထုတ်ဖော်ပြောဆိုခွင့်ကို ဗြောင်ကျကျ ချိုးဖောက်လိုက်တာဖြစ်ပြီး ပြစ်ဒဏ်ကို ပယ်ဖျက်သင့် တယ်လို့လည်း PEN America အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံကို သူ့တို့ဆန္ဒအလျှောက် ပြန်လာတဲ့ ရိုဟင်ဂျာဒုက္ခသည် ၄၀၀ လောက်ရှိပြီလို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဆိုင်ရာ မြန်မာသံရုံးက ကြာသပတေးနေ့မှာ ပြောကြားလိုက်ပါတယ်။
နိုင်ငံခြားအကြမ်းဖက်အဖွဲ့အစည်းတွေလို့ အမေရိကန်အစိုးရ သတ်မှတ်ထားတဲ့ အဖွဲ့အစည်းပေါင်း ၂၀၀၀ ကျော်နဲ့ ဆက်နွယ်နေတဲ့ အမှုတွေကို စုံစမ်းစစ်ဆေးနေတယ်လို့ FBI ဗဟိုအစိုးရ ထောက်လှမ်းရေးဗျူရိုက ပြောပါတယ်။ ဒါဟာ အယ်လ်ကိုင်းဒါးနဲ့ Hezbollah တို့လို အကြမ်းဖက်အဖွဲ့တွေရဲ့ ခြိမ်းခြောက်မှုတွေ ရှိနေဆဲပဲ ဆိုတာ ပြနေပါတယ်။
လက်နက်ကိုင် ပုန်ကန်မှုတွေ ကြုံနေရတဲ့ အိန္ဒိယပိုင် ဂျမူး၊ ကက်ရှ်မီးယား ပြည်နယ်ကို ဒီကနေ့ပဲ အစိုးရက ပြည်နယ်အဆင့်ကနေ ဖျက်သိမ်းပြီး ဒေသ ၂ ခုအဖြစ် ခွဲခြား သတ်မှတ်လိုက်ပါတယ်။
IS စစ်သွေးကြွခေါင်းဆောင် Abu Bakr al-Baghdadi ကို အမေရိကန်အထူးတပ်ဖွဲ့တွေ ဝင်ရောက်စီးနင်းခဲ့စဉ် ရိုက်ကူးထားတဲ့ Video နဲ့ ဓါတ်ပုံတချို့ကို အမေရိကန် Pentagon စစ်ဌာနချုပ်က ထုတ်ပြန်ခဲ့ပါတယ်။
ပဲ့ထိန်းတပ်မစ်ဇိုင်း အမျိုးအစား ဖြစ်နိုင်တဲ့ ဒုံးပျံ ၂ စင်းကို မြောက်ကိုရီးယားက အရှေ့ဖက်ကမ်းလွန် ပင်လယ်ပြင်ထဲ ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့က ဒီကနေ့ပဲ ပြောဆိုလိုက်ကြပါတယ်။ ဒီတကြိမ်နဲ့ပါဆိုရင် မြောက်ကိုရီးယားက ဒီနှစ်ထဲမှာ ဒုံးပျံစမ်းသပ် ပစ်လွှတ်တာ ၁၂ ကြိမ် ရှိသွားပါပြီ။
(Zawgyi/ Unicode) အငြင်းပွါးနယ်မြေ ဖြစ်တဲ့ Jammu - Kashmir ပြည်နယ်ကို အိန္ဒိယအစိုးရက ပြည်ထောင်စုနယ်မြေ ၂ခု အဖြစ် ကြာသပတေးနေ့မှာ တရားဝင် ခွဲခြား သတ်မှတ်လိုက်ကြောင်း Reuters သတင်းက ဖော်ပြပါတယ်။
(Zawgyi/Unicode) ချီလီနိုင်ငံ Santiago မှာ အစိုးရဆန့်ကျင် ဆန္ဒပြပွဲတွေ ဆက်လက်ဖြစ်ပွါးနေတာကြောင့်ကျင်းပဖို့ စီစဉ်ထားတဲ့ အဖွဲ့ APEC ညီလာခံကိုရော ဥတုရာသီဆိုင်ရာ COP25 ညီလာခံ ကိုပါ အိမ်ရှင်အဖြစ် လက်ခံကျင်းပတော့မှာ မဟုတ်ကြောင်း ချီလီသမ္မတ Sebastian Pinera က ဗုဒ္ဓဟူးနေ့မှာ ကြေညာလိုက်ပါတယ်။
(Zawgyi/ Unicode) နိုင်ငံရေး ကြော်ငြာသူတွေက လူမှုမီဒီယာတွေကို သုံးပြီး မှားယွင်းတဲ့ သတင်းတွေကို သေသေချာချာ ပစ်မှတ်ထားပြီး ပြန့်ပွါးအောင် လုပ်ခွင့်ရနေတာဟာ တရားမျှတမှု မရှိတဲ့အတွက် ဒီလိုနိုင်ငံရေးကြော်ငြာ် မှန်သမျှကို တင်ခွင့်ပြုတော့မှာ မဟုတ်ဖူးလို့ တွစ်တာက ပြောပါတယ်။
(Zawgyi/ Unicode) ရိုဟင်ဂျာဒုက္ခသည် တဦး တိရိစ္ဆာန်ရုံသွားလည်ခြင်း ဆိုတဲ့ Azad Mohammed ဆိုသူ ရိုဟင်ဂျာ လူငယ်တဦး ရေးတဲ့ ကဗျာတပုဒ်ကို ဒီလ ၂၉ ရက်နေ့က အမေရိကန် ပြည်ထောင်စု နယူးယောက်မှာလုပ်တဲ့ စုဝေးပွဲတခုမှာ ကဗျာရေးသူကိုယ်စား အမျိုးသမီးတဦးက ရွတ်ဆိုခဲ့ပါတယ်။
(Zawgyi/ Unicode) ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ဂူတာပြင်ကျေးရွာ ဖြစ်စဉ်နဲ့ပတ်သက်လို့ စစ်တရားရုံးနဲ့ စစ်ဆေး စီရင်နိုင်ရေး စတင်ဆောင်ရွက်လျက် ရှိတယ်ဆိုပြီး တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီးတော့ အောက်တိုဘာလ ၂၉ ရက်နေ့ သတင်းစဉ် သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင်အာရှ နိုင်ငံများအသင်း (Asean) နဲ့ အရှေ့အာရှ ထိပ်သီးညီလာခံတွေ ရှေ့သီတင်းပတ်ထဲ ထိုင်းနိုင်ငံမှာ ကျင်းပတဲ့အခါ အမေရိကန်က အဆင့်နိမ့် ကိုယ်စားလှယ်အဖွဲ့ကိုသာ စေလွှတ်ဖို့ စီစဉ်ထားပါတယ်။
ဥရောပသမဂ္ဂ (EU) လွှတ်တော်အမတ်တွေဟာ အိန္ဒိယပိုင် Kashmir ဒေသကို အင်္ဂါနေ့က သွားရောက်ခဲ့ကြပါတယ်။
ထိုင်းနိုင်ငံ မဲဆောက်မြို့နဲ့ မြန်မာနိုင်ငံ မြဝတီမြို့တို့ကို ချိတ်ဆက်ထားတဲ့ ထိုင်း-မြန်မာ အမှတ် ၂ ချစ်ကြည်ရေးတံတားနဲ့ နယ်စပ် ထိန်းချုပ်ရေးဇုံ (Border Control Facilities Zone) တို့ကို ဒီကနေ့ အောက်တိုဘာလ ၃၀ ရက်နေ့မှာ တရားဝင် စတင် ဖွင့်လှစ် အသုံးပြုမှာဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေထဲက အသက် ၁၈ နှစ်အောက် ကလေးတွေအနက် ၅ ယောက်မှာ ၁ ယောက်ဟာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေနဲ့ ရင်ဆိုင်နေရပါတယ်။
အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တော်မှာ အမျိုးသမီးတွေ အခမဲ့ ခရီးသွားနိုင်ဖို့ ဘတ်စကားလက်မှတ်တွေ စတင်ပေးဝေနေပြီဖြစ်ပါတယ်။
အသက် ၉၂ နှစ်အရွယ်ရှိတဲ့ ဆာဒါကို အိုဂါတာ ကွယ်လွန်သွားတဲ့အကြောင်း သူနောက်ဆုံး တာဝန်ယူလုပ်ကိုင်သွားတဲ့ ဂျပန်နိုင်ငံရဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) အဖွဲ့က ကြေညာချက်ထုတ်ပြန်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်