အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေဖြစ်ပွားနေတာကြောင့် အီရတ် အာဏာပိုင်တွေဟာ မြို့တော် ဘက်ဂဒက်မြို့မှာ curfew အမိန့် ထုတ်ပြန် ထားပါတယ်။ ဆန္ဒပြသူတွေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေအကြား ရုန်းရင်းဆန်ခတ်မှုတွေ ဖြစ်အပြီးမှာ အခုလို ထုတ်ပြန်ခဲ့တာလည်း ဖြစ်ပါတယ်။
တူရကီနိုင်ငံက ဆီးရီးယား မြောက်ပိုင်းက YPG ကာ့ဒ် စစ်သွေးကြွတွေကို တိုက်ခိုက်နေတာနဲ့ တစ်ပြိုင်နက်တည်းမှာပဲ တူရကီနိုင်ငံတွင်းက ကာ့ဒ်ပါတီကို ထောက်ခံသူတွေကို ဖမ်းဆီးမှုတွေလည်း ပိုများလာနေပါတယ်။
အသက် ၆၇ နှစ်အရွယ်ရှိ အငြိမ်းစား တရုတ် ဆရာဝန်မကြီးတစ်ဦးဟာ တရုတ်နိုင်ငံ Zaozhuang မြို့မှာ သမီးလေးတစ်ဦး မွေးဖွားခဲ့တယ်လို့ အဲဒီက ဆေးရုံတစ်ရုံက တနင်္လာနေ့မှာ ကြေညာခဲ့ပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံ ငြိမ်းချမ်းရေးနဲ့ ပြန်လည် ရင်ကြားစေ့ရေး အတွက် အခိုင်အမာ ထောက်ခံသွားမယ်ဆိုတာကို ပါကစ္စတန်ဘက်က အမေရိကန်ကို ထပ်ပြီး အာမခံ ပြောဆိုလိုက်ပြီး စစ်ပွဲတွေ လျှော့ချနိုင်ရေး အတွက် ပဋိပက္ခမှာ ပါဝင် ပတ်သက်သူ အားလုံးတို့ အနေနဲ့ လက်တွေ့ကျကျ ဆောင်ရွက်ကြဖို့ အရေးကြီးတယ်လို့လည်း ပြောဆိုပါတယ်။
အမေရိကန်ပြည်ထောင်စုရဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး David Stilwell ဟာ ဒီကနေ့ ရခိုင်ပြည်နယ် စစ်တွေမြို့ကို ရောက်ရှိပြီးတော့ ရခိုင်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ သက်ကယ်ပြင်ဒုက္ခသည်စခန်းအကြီးအကဲတွေတွေ အရပ်ဘက် လူ့အဖွဲ့အစည်းခေါင်းဆောင်တွေနဲ့ သီခြားစီတွေ့ဆုံစကားပြောပါတယ်။
EU ဥရောပသမဂ္ဂထဲကနေ ဗြိတိန်နိုင်ငံ နုတ်ထွက်ဖို့ ရက်ပိုင်းပဲလိုတော့ချိန်မှာ နှုတ်ထွက်ရက်ကို ရှေ့နှစ် ဇန်နဝါရီ ၃၁ ရက်နေ့အထိ နောက်ဆုတ်ပေးဖု့ိ EU ဘက်ကသဘောတူတယ်လို့ ဥရောပကောင်စီဥက္ကဋ္ဌ Donald Tusk ကပြောကြားလိုက်ပါတယ်။
ဟောင်ကောင်ကျွန်းကို ဗြိတိန်အုပ်ချုပ်မှုအောက်ကနေ တရုတ်ကို ၁၉၉၇ ခုနှစ်မှာ လွှဲပြောင်းပေးခဲ့ချိန်ကစလို့ စီးပွားရေးလုပ်ငန်းတွေ လွတ်လပ်တဲ့နေရာဆိုတဲ့ ဂုဏ်သတင်းက တဖြည်းဖြည်းချင်း မှေးမှိန်လာခဲ့တာပါ။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားက ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေကို သွားရောက်ခဲ့ကြတဲ့ အမေရိကန်ပြည်ထောင်စု နယူးယောက်ပြည်နယ် လွှတ်တော်က အထက်လွှတ်တော်အမတ် Luis Sepulveda က ရိုဟင်ဂျာတွေ ဌာနေပြန်နိုင်ရေး အတွက် မြန်မာအပေါ် ဖိအားပေးဖို့ အမေရိကန် လွှတ်တော်အမတ်တွေကို တိုက်တွန်းသွားမယ်လို့ ပြောပါတယ်။
IS ခေါင်းဆောင် Abu Bakr al-Baghdadi ကို သုတ်သင်ရှင်းလင်းတာဟာ အဓိကကျတဲ့ နှိမ်နင်းမှုဖြစ်ပေမယ့် IS တွေရဲ့ အကြမ်းဖက် ခြိမ်းခြောက်မှု အန္တရာယ်က ဆက်ရှိနေဆဲဖြစ်တယ်လို့ အမေရိကန်ရဲ့ မဟာမိတ်နိုင်ငံတွေက ပြောကြားလိုက်ပါတယ်။
IS ခေါင်းဆောင် Abu Abkr al-Baghdadi ကို အမေရိကန် အထူးတပ်ဖွဲ့တွေ ဝင်ရောက်စီးနင်းဖို့ သမ္မတ Donald Trump က ပြီးခဲ့တဲ့ သီတင်းပတ် အစောပိုင်းက အတည်ပြုပေးထားခဲ့ပြီး နောက်ဆုံးရ ထောက်လှမ်းရေး အချက်အလက်တွေအရ IS ခေါင်းဆောင်ကို အထူးတပ်ဖွဲ့တွေ စီးနင်းတိုက်ခိုက်ဖို့ အချိန်ကျပြီ ဆိုတာကို ခွင့်ပြုခဲ့တာဖြစ်ပါတယ်။
IS အကြမ်းဖက်ခေါင်းဆောင် Abu Bakr al-Baghdadi ကို သုတ်သင်ရှင်းလင်းရေး စီးနင်းတိုက်ခိုက်မှု ပေါက်ကြားမှာစိုးတဲ့အတွက် အတိုက်အခံ ဒီမိုကရက်တွေကို အသိပေး ပြောကြားခြင်းမရှိဘဲ သူ့ရဲ့ အနီးစပ်ဆုံးအကြံပေး ရီပတ်ဘလစ်ကန်အမတ် နှစ်ဦးကိုသာ ပြောကြားခဲ့တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တနင်္ဂနွေနေ့မှာ ပြောပါတယ်။
ဆီးရီးယားနိုင်ငံ အမေရိကန်ရဲ့ စစ်ဆင်ရေးအတွင်း IS ခေါင်းဆောင် Abu Bakr al-Baghdadi ကို သုတ်သင်ရှင်းလင်းနိုင်ခဲ့တယ်လို့ အမေရိကန်သမ္မတ Donald Trump က ပြောလိုက်ပါတယ်။
အမေရိကန်နဲ့ မြောက်ကိုရီးယား ၂ နိုင်ငံ ဆက်ဆံရေးဟာ တိုးတက်ကောင်းမွန်မှုမရှိဘဲ ၂ နိုင်ငံကြား ရန်လိုတဲ့ ဆက်ဆံရေးက အပြန်အလှန် ပစ်ခတ်မှုတွေ အချိန်မရွေး ဖြစ်လာနိုင်တယ်လို့ မြောက်ကိုရီးယားအစိုးရ အကြီးတန်း တာဝန်ရှိသူတယောက်က ဒီကနေ့ သတိပေးလိုက်ပါတယ်။
မြစ်ကြောင်းကြီးတွေထဲက ပလတ်စတစ်အမှိုက်တွေကို ပင်လယ်ထဲမရောက်ခင် ဖယ်ရှားပေးနိုင်မယ့် ကိရိယာအသစ်ကို ထွင်နိုင်ပြီဖြစ်ကြောင်း ကမ္ဘာ့ ပင်လယ်သမုဒ္ဒရာ ညစ်ညမ်းမှုကို တိုက်ဖျက်ဖို့ သန္နိဋ္ဌာန်ချ လုပ်ဆောင်နေတဲ့ နယ်သာလန်နိုင်ငံ အခြေစိုက် Ocean Cleanup Foundation က အောက်တိုဘာ ၂၆ စနေနေ့မှာ ပြောကြားလိုက်ပါတယ်။
ဒေါ်လာ ဘီလီယံပေါင်းများစွာနဲ့ လည်ပတ်နေတဲ့ ထိုင်းငါးဖမ်းလုပ်ငန်းမှာ ရေလုပ်သားတွေရဲ့ ရပိုင်ခွင့် တိုးတက်အောင် ကြိုးစားဖို့ ပျက်ကွက်ခဲ့တဲ့နောက်ပိုင်း ထိုင်းပင်လယ်စာလုပ်ငန်းတွေအတွက် အမေရိကန်ကပေးထားတဲ့ ကုန်သွယ်ရေးဆိုင်ရာ အထူးအခွင့်အရေးတွေကို အမေရိကန်သမ္မတ Donald Trump က ဆိုင်းငံ့ထားလိုက်ပါတယ်။
ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့အနီးက အလုံပိတ် ထရပ်ကားတစင်းထဲမှာ ပြီးခဲ့တဲ့ရက်ပိုင်းက ရှာတွေ့ခဲ့တဲ့ အလောင်း ၃၉ လောင်းဟာ တရုတ်နိုင်ငံသားတွေ ဖြစ်မယ်လို့ ဗြိတိန်ရဲတွေက အစောပိုင်းမှာ ပြောထားပေမယ့် ဗီယက်နမ်နို်င်ငံက မိသားစု ၂ ခုက သူတို့မိသားစုဝင်တွေ ဖြစ်နိုင်တယ်ဆိုပြီး ပြောဆိုလာပါတယ်။
ဂျပန်နိုင်ငံ အရှေ့ပိုင်းမှာ မိုးအကြီးအကျယ် ရွာသွန်းတာကြောင့် ရေကြီးတာတွေနဲ့ မြေပြိုကျတာတွေ ဖြစ်ခဲ့ပြီး သေဆုံးသူဦးရေဟာ ဒီကနေ့မှာ ၁၀ ယောက်အထိ ရှိသွားခဲ့ပြီဖြစ်တယ်လို့ ဂျပန်နိုင်ငံရဲ့ NHK သတင်းက ပြောလိုက်ပါတယ်။ ဒါ့အပြင် နောက်ထပ် ၃ ယောက်လည်း ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ ပြောပါတယ်။
ပြစ်မှုတခုနဲ့ အမေရိကန်ပြည်ထောင်စုမှာ ထောင်ဒဏ်ကျခံနေရတဲ့ ရုရှားနိုင်ငံသူ အမျိုးသမီးတဦးဟာ ခုတော့ ရုရှားနိုင်ငံက သူ့နေအိမ်ကို ပြန်ရောက်သွားပါပြီ။
ဆီးရီးယားနိုင်ငံအရှေ့ပိုင်းကနေ အမေရိကန်တပ်ဖွဲ့ဝင်အများစုကို ရုပ်သိမ်းနေပြီဖြစ်ပေမယ့်လည်း ရေနံတွင်းတွေနဲ့ ရေနံလုပ်ငန်း နေရာတွေကို IS အကြမ်းဖက်ဝါဒီအဖွဲ့ရန်ကနေ ကာကွယ်နေတဲ့ တပ်ဖွဲ့အင်အားကို တိုးမြှင့်မယ်လို့ အမေရိကန် တာဝန်ရှိသူတွေ ကပြောပါတယ်။
ကမ္ဘာတဝန်းကမြို့ကြီးတွေမှာ ဆန္ဒပြပွဲတွေဖြစ်နေတာနဲ့အမျှ သက်ဆိုင်ရာလူထုတွေရဲ့ ပြဿနာတွေကို နားထောင်ကြဖို့ ကုလ သမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres က နိုင်ငံတကာက ခေါင်းဆောင်တွေကို တိုက်တွန်းလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်