အရွယ်ရောက်သူတိုင်း စစ်မှုထမ်းရမယ့်ဥပဒေကို စစ်ကောင်စီက စတင်အကောင်အထည်ဖော်နေရာမှာ အမျိုးသမီးတွေအပါအဝင် လူငယ်တွေကို စာရင်းကောက်ယူနေတာကြောင့် ပြည်သူတွေကြားမှာ စိုးရိမ်နေကြပါတယ်။
၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီး ၄ နှစ်နီးပါးကာလအတွင်း သတင်းသမား ၂၀၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့အထိစာရင်းအရ သတင်းသမား ၄၃ ယောက် အကျဉ်းချခံနေရဆဲဖြစ်ကြောင်း လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ IPCM ကကြေညာချက် ထုတ်ပြန်ပါတယ်။
တရုတ်နိုင်ငံသား ၇ ယောက်ကို ပြန်ပေးဆွဲ ငွေတောင်းဖို့ ကြိုးစားခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ထိုင်းရဲ ၄ ယောက်၊ ရိန်ဂျာလက်နက်ကိုင် လုံခြုံရေးအဖွဲ့ဝင်တယောက်နဲ့ မြန်မာနိုင်ငံသာ တယောက်အပါ စုစုပေါင်း လူ ၈ ယောက်ကို အရေးယူထားကြောင်း မနေ့က ဇန်နဝါရီလ ၂၆ ရက်နေ့ ဘန်ကောက်ပို့စ်သတင်းစာမှာ ရေးပါတယ်။
ကချင်ပြည်နယ် ဗန်းမော်မြို့မှာ စစ်ကောင်စီ တပ်စခန်း အများအပြားကို ကချင်လွတ်မြောက်ရေးတပ်မတော် KIA နဲ့ပူးပေါင်းတပ်တွေက ထိန်းချုပ်လိုက်ကြောင်း တာဝန်ရှိသူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။
မလေးရှား နိုင်ငံ မြို့တော် ကွာလာလမ်ပူ အပါအဝင် ပြည်နယ်စုံမှာ ဒီရက်ပိုင်း အတွင်း အထောက်အထားမဲ့ မြန်မာ ရာနဲ့ချီ ဖမ်းခံရပါတယ်။ ဇန်နဝါရီလ ၂၄ ရက်နေ့ကနေ စလို့ ၃ ရက်တာ အတွင်း မြန်မာ ၂၀၀ လောက် မလေးရှားရဲ့ ပြည်နယ်စုံမှာ အစုလိုက် အပြုံလိုက် ဖမ်းဆီးခံရတယ်လို့ မြန်မာ့ အရေး လှုပ်ရှားသူ ဦးစိုးထက်သိမ်းက ပြောပါတယ်။
မန္တလေးတိုင်းက ကျေးရွာတခုမှာ ဒီကနေ့ တနင်္ဂနွေနေ့ အစောပိုင်းက စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ လက်နက်ကိုင်ကာကွယ်ရေး အဖွဲ့ဝင်တချို့ အပါအဝင် လူ ၁၇ ဦးထက်မနည်း သေဆုံးပြီး၊ ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
ကေအန်ယူ ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅) အခြေစိုက် လှုပ်ရှားနေတဲ့ ထိမ်းချုပ်နယ်မြေ ဖာပွန်ခရိုင်ထဲက စစ်ကောင်စီ တပ်စခန်းတခုကို မကြာသေးခင်ကပဲ KNLA နဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး နောက်ဆက်တွဲ စစ်ရေးတင်းမာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) သိမ်းပိုက်ထားတဲ့ ကျောက်မဲမြို့က ပြည်သူ့ဆေးရုံကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့လို့ ဆရာမ ၁ ဦးနဲ့ လူနာ ၁ ဦးသေဆုံးပြီး ကျန်းမာရေး ဝန်ထမ်းတွေ အပါအဝင် အရပ်သား ၂၀ ဉီး ထိခိုက်ခဲ့တယ်လို့ TNLA က ဇန်နဝါရီ ၂၅ ရက် က သတင်းထုတ်ပြန်ပါတယ်။
ထိုင်း၊ မြန်မာနဲ့ ကမ္ဘောဒီယားနိုင်ငံ နယ်စပ်ဒေသတွေမှာ တရှိန်ထိုးကြီးမားကျယ်ပြန့်နေတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို နှိမ်နှင်းနိုင်ဖို့ ထိုင်းနဲ့ တရုတ် ညှိနှိုင်းရေးရုံးတခုကို ဘန်ကောက်မြို့မှာ ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်။
မြန်မာ့အရေးမှာ အမေရိကန် ပြတ်ပြတ်သားသားမကိုင်တွယ်လို့ တရုတ်ရဲ့ သြဇာလွှမ်းမိုးမှု ချဲ့ထွင်ဖို့ ခွင့်ပြုသလို ဖြစ်တယ်။ မြန်မာ့အရေးတက်ကြွသူ ကန် နိုင်ငံခြားရေးဝန်ကြီး ဖြစ်လာလို့ မြန်မာ့ဒီမိုကရေစီအရေး အခွင့်အလမ်းကောင်းလို့ မြန်မာ့အရေးသုတေသီ Hunter Marston က သုံးသပ်ပါတယ်။ ကိုငြိမ်းချမ်းအေး မေးမြန်းထားပါတယ်။
ကိုးကန့်တပ်နဲ့ မြန်မာစစ်ကောင်စီ အပစ်ရပ်အပြီး၊ TNLA တအာင်းတပ်နဲ့လည်း မကြာခင် ဆက်ဆွေးနွေးဖို့ တရုတ်စီစဉ်နေတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။ တရုတ်နဲ့ မြန်မာစစ်ကောင်စီဘက်က ဒီဆွေးနွေးပွဲ ခပ်စောစောဖြစ်စေချင်ပုံရပေမဲ့၊ TNLA ဘက်ကတော့ အချိန်ယူချင်ပုံရတယ်လို့ စောင့်ကြည့်အကဲခတ်သူတွေက ပြောပါတယ်။
မြန်မာ့အရေးမှာ အမေရိကန်ပြည်ထောင်စုက သတိထားချဉ်းကပ်နေတာနဲ့ ပြတ်ပြတ်သားသား အရေးယူတာတွေ ကင်းမဲ့နေတာတွေက မြန်မာ့ ငြိမ်းချမ်းရေးနဲ့ ပဋိပက္ခထဲ တရုတ်နိုင်ငံရဲ့ သြဇာလွှမ်းမိုးမှုကို ချဲ့ထွင်နိုင်ဖို့ ခွင့်ပြုသလို ဖြစ်နေတယ်လို့ မြန်မာ့အရေးလေ့လာစောင့်ကြည့်တဲ့ နိင်ငံတကာ သုတေသီ Hunter Marston က သုံးသပ်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်