အင်ဒိုနီးရှားနိုင်ငံ အာချေးကမ်းခြေကို ဆိုက်ရောက်လာတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၇၆ ဦးကို ယာယီခိုလှုံရာ နေရာကို ပြောင်းရွှေ့ပေးထားတယ်လို့ အင်ဒိုနီးရှားတာဝန်ရှိသူတွေက ဒီကနေ့ ကြာသပတေးနေ့မှာ ပြောပါတယ်။
မြန်မာနိုင်ငံအတွင်း ၂၀၂၅ ခုနှစ်အတွင်း လူဦးရေ ၁၅ သန်းလောက် စားနပ်ရိက္ခာမလုံလောက်တဲ့ အငတ်ဘေး ရင်ဆိုင်ရနိုင်ခြေရှိကြောင်း ကုလသမဂ္ဂ စားနပ်ရိက္ခာအစီအစဉ် WFP က ဇန်နဝါရီလ ၂၉ ရက်နေ့ နေ့စွဲနဲ့ သတိပေး ကြေညာချက် ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီက နိုင်ငံကိုအရေးပေါ်အခြေအနေထုတ်ပြန်ပြီး အာဏာသိမ်းခဲ့တာ မကြာခင်မှာ လေးနှစ် ပြည့်တော့မှာ ဖြစ်ပါတယ်။ အရေးပေါ်အခြေအနေကို အကြောင်းပြပြီး ၆ လ သက်တမ်းတိုးထားတာ မနက်ဖြန် ဇန်နဝါရီလ ၃၁ ရက်မှာ သက်တမ်းကုန်မှာပါ။
“စကားတွေပြောတဲ့အခါ အမြဲညီညွတ်ကြတယ်။ အရေးယူလုပ်ဆောင်ဖို့ဆိုရင်တော့ မညီညွတ်တော့ဘူး။ အစည်းအဝေးတွေတော်တော်များများမှာ ဘုံသဘောတူညီချက် ငါးရပ်ကို ထောက်ခံပါတယ်။ အာဆီယံ အထူးကိုယ်စားလှယ်ခန့်ထားရေးကို ထောက်ခံပါတယ်ဆိုတာမျိုးပြောကြပြီးရင် အဲဒီမှာပဲ လမ်းဆုံးသွားပါတယ်။” (ထိုင်း-ဒုနိုင်ငံခြားရေးဝန်ကြီးဟောင်း)
စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်မှုထမ်းဖို့အတွက် လူစုဆောင်း ဖမ်းဆီးခံရတာတွေကြောင့် စျေးဆိုင်တွေနဲ့ ပွဲရုံတွေပိတ်ပြီး လမ်းတွေပေါ် လူသူကင်းမဲ့တဲ့အထိ တိတ်ဆိတ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။ အမျိုးသမီးတွေကိုအဓိကထား ဖမ်းဆီးခေါ်ဆောင်နေပြီး သုံးရက်အတွင်းမှာ ၁၀၀ ဝန်းကျင်လောက် ရှိခဲ့တယ်လို့ ပြောပါတယ်။
“မနေ့က ၉ နာရီဝန်းကျင်လောက်က ဖြစ်တာပေါ့၊ ၉ နာရီ ၁၀ နာရီထိ လှည့်ပြီးတော့ဖမ်းတယ်။ မနေ့က တနေကုန်ပါပဲ။ မြို့ကို ပတ်ပြီးတော့ တွေ့သမျှလူ လိုက်ဆွဲတာဗျ။ ဖမ်းသွားတာကတော့ များတယ်။ ၁၀၀ လောက်ရှိတယ်။ ဒါပေမယ့် မိန်းကလေးတွေနဲ့ သက်ကြီးပိုင်းတွေကတော့ ပြန်လွတ်တယ်။" (ဒေသခံ)
စစ်တပ်အာဏာသိမ်းထားတာ ၄ နှစ်ကြာသွားပြီဖြစ်ပေမဲ့ စစ်တပ်ရဲ့ ရက်စက်တဲ့ ကျူးလွန်မှုတွေအတွက် တရားမျှတမှု မရရှိသေးကြောင်း၊ မြန်မာနိုင်ငံတဝန်းမှာ ကြီးလေးတဲ့နိုင်ငံတကာပြစ်မှုတွေ ကျူးလွန်တဲ့အထောက်အထားတွေ တွေ့တယ်လို့ IIMM အကြီးအကဲ Nicholas Koumjian ရဲ့ ဒီနေ့ဇန်နဝါရီ ၃၀ နေ့စွဲနဲ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
မြန်မာနိုင်ငံအတွင်း လူဦးရေ ၁၅ သန်းလောက် ၂၀၂၅ ခုနှစ်အတွင်း စားနပ်ရိက္ခာမလုံလောက်တဲ့ အငတ်ဘေး ရင်ဆိုင်ရနိုင်ခြေ ရှိတဲ့အကြောင်း ကုလသမဂ္ဂ စားနပ်ရိက္ခာအစီအစဉ် WFP က ဇန်နဝါရီလ ၂၉ ရက်နေ့ နေ့စွဲနဲ့ သတိပေး ကြေညာချက် ထုတ်ပြန်ပါတယ်။
ဇန်နဝါရီလထဲမှာပဲ မြင်းခြံခရိုင်ထဲက တောင်သာ ၊ မြင်းခြံ ၊ နွားထိုးကြီး ၊ ငါန်းဇွန်မြို့နယ်တွေကို စစ်တပ်က လေကြောင်းကနေ မကြာခဏဆိုသလို တိုက်ခိုက်နေတဲ့အတွက် တလတည်းမှာပဲ လေကြောင်း တိုက်ခိုက်မှုကြောင့်သေဆုံးသူ ၂၈ ဦး ရှိခဲ့ပါတယ်။ သေဆုံးတဲ့အထဲမှာ ဒေသခံတွေအပြင် PDF တပ်ဖွဲ့ဝင်တွေလည်းပါဝင်နေပါတယ်။
စစ်ကောင်စီက အရပ်သားပြည်သူတွေအပေါ် ကျူးလွန်နေတဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုတွေဟာ ပိုဆိုးလာတဲ့အတွက် စစ်ကောင်စီကို စီးပွားရေးပိတ်ဆို့ဒဏ်ခတ်မှု ချမှတ်ပေးဖို့ ဂျပန် အာဏာရပါတီနဲ့ အတိုက်အခံပါတီ ခေါင်းဆောင်တွေကို ဂျပန်ရောက်မြန်မာ့အရေးလှုပ်ရှားတဲ့ အဖွဲ့တွေကတိုက်တွန်းလိုက်ပါတယ်။ ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။
အမေရိကန် ပြည်ထောင်စု USAID နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီက မြန်မာနိုင်ငံအတွက် ပေးအပ်တဲ့ Diversity and Inclusion Scholarship Program (DISP) မတူကွဲပြားမှုနဲ့ အားလုံးပါဝင်ခွင့်ရှိသော ပညာတော်သင်ဆု ရပ်ဆိုင်းလိုက်ပြီလို့ ဒီအစီအစဉ် နဲ့နီးစပ်သူ တဦးက အတည်ပြုပါတယ်။
အမေရိကန်သမ္မတ Donald Trump အစိုးရက နိုင်ငံတကာ အကူအညီပေးရေးအစီအစဉ်တွေ ဆိုင်းငံ့လိုက်တာကြောင့် မြန်မာသတင်းမီဒီယာလုပ်ငန်းတွေမှာ ထိခိုက်မှာကို စိုးရိမ်နေကြပြီး သီးခြားလွတ်လပ်တဲ့ သတင်းလုပ်ငန်းတွေမှာ အကူအညီတွေ ဆက်မရတော့ဘူးဆိုရင် ထိခိုက်နစ်နာမှုတွေ ကြီးမားနိုင်တယ်လို့လည်း ခန့်မှန်းနေကြပါတယ်။
နောက်ထပ်ကြည့်ရှုရန်