မြန်မာနိုင်ငံ ဆန်ထုတ်လုပ်မှုတွေမှာ လျှပ်စစ်ဓာတ်အား မလုံလောက်တာ အပါအဝင် ထုတ်လုပ်မှုစရိတ်တွေ တိုးလာတာကြောင့် ဆန်ဈေးတွေ တက်နေရတယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။ စပါးဈေးကျနေပေမဲ့ ထုတ်လုပ်မှုစရိတ်တွေ တိုးလာနေတာကြောင့် ဆန်ဈေးတက်တဲ့ အခြေအနေကို မထိန်းနိုင် ဖြစ်နေရတာလို့လည်း ပြောကြပါတယ်။
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်း လက်နက်ကိုင် တိုက်ပွဲတွေ ပြင်းထန်နေချိန်အရပ်သားတွေ ထိခိုက်ဒဏ်ရာရပြီး အိုးအိမ်တွေ ပျက်ဆီးဆုံးရှုံးရတဲ့ အကြမ်းဖက်မှုသတင်းတွေနဲ့ ပတ်သက်လို့ ထိတ်လန့်စိုးရိမ်မိသလို အခြေအနေကို စောင့်ကြည့်နေတဲ့အကြောင်း ကုလသမဂ္ဂက ပြောဆိုပါတယ်။
"တော်တော်လေး ကျော်မကောင်း၊ ကြားမကောင်းဖြစ်နေတာ ကျနော်တို့ကတော့ ပြတ်ပြတ်သားသားဆန့်ကျင်တယ်ဆိုတဲ့ မူဝါဒအရ ရှိထားပြီးသား၊ ကျနော်တို့ကိုယ်တိုင်လည်း လုံးဝမလုပ်ဘူး၊ ဒါပေမဲ့လုပ်နေတဲ့လူတွေက ကရင်တွေဖြစ်နေတယ်ဆိုတာကတော့ နိုင်ငံတကာမှာ တော်တော်လေး ရှင်းပြရခက်နေတဲ့အနေအထားမှာရှိပါတယ်။ " (စောတောနီး-KNU ပြောခွင့်ရ)
"တွန်းဇံမြို့နယ်ထဲက ကျီခါးနဲ့ ကျနော်တို့ ဒီလ ၁၅ ရက်ကနေ စခန်းသိမ်း စစ်ဆင်ရေးလုပ်တာ ကျီခါးကတော့ မနေ့က ကျနော်တို့လက်ထဲ အားလုံး ရောက်သွားတာပေါ့။ စခန်းအပါအဝင် ကျီခါးကတော့ စစ်ကောင်စီကင်းစင်သွားပြီလို့ ပြောလို့ရတယ်။ တွန်းဇံမြို့ကတော့ အထိုင်တပ်ကုန်းနဲ့ ရဲစခန်းကတော့ ကျနော်တို့ သိမ်းပြီးပြီ။" (ဆလိုင်းထက်နီ)
"ကျနော်တို့ ဒိုင်ခံချတဲ့ သုဿာန်နှစ်ခုကို မေးကြည့်တာ မနေ့က တရက်တည်းတင်ကို ၂၉ ဦးရှိတာ။ စိတ်မကောင်းတာက တချို့ လသားလေးတွေဆိုရင် ၄ လသား၊ ၅ လသားလေးတွေ ဟိုတနေ့က တရက်တည်းတင်ကို မနက်အစောကြီးပဲ ရှိသေးတယ်၊ လေးလောင်းရှိပြီတဲ့၊" (ပရဟိတအဖွဲ့ဝင်တဦး)
ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ဘူးသီးတောင်မြို့ကို အာရက္ခတပ်တော် AA က သိမ်းပိုက်ပြီးကြောင်း ကြေညာခဲ့ပြီးနောက် တခြားမြို့တွေမှာလည်း တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တိုက်ပွဲတွေအတွင်း စစ်ကောင်စီက လေကြောင်းကပါ တိုက်ခိုက်နေသလို၊ ဒေသခံတချို့ သေဆုံးမှုတွေလည်း ရှိနေတယ်လို့ ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာတွေ နေရပ်ပြန်ရေး နှောင့်နှေး ကြန့်ကြာနေရတာဟာ လတ်တလော ကြုံနေရတဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့်လို့ မကြာခင် တာဝန်အဆုံးသတ်တော့မယ် မြန်မာသံအမတ်ကြီး ဦးအောင်ကျော်မိုးကို ကိုးကားပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ အခြေစိုက် သတင်းတွေက ဖော်ပြပါတယ်။
ရခိုင်ပြည်နယ်အတွင်း အာရက္ခတပ်တော် AA အဖွဲ့နဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲတွေ ပြင်းထန်နေချိန်မှာပဲ လက်နက်ကိုင် ပဋိပက္ခနဲ့ အကြမ်းဖက်မှုတွေကြား လူတွေ အစုလိုက် အသတ်ခံရတဲ့ အဖြစ်မျိုးတွေ တကျော့ပြန် ပြန်ပေါ်လာမှာ စိုးရိမ် ထိတ်လန့်မိတဲ့အကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေး မဟာမင်းကြီးက ကြေညာချက် ထုတ်ပြန်ပါတယ်။
ကချင်ပြည်နယ် လိုင်ဇာနဲ့ ဝိုင်းမော်အကြားက စစ်ကောင်စီတပ်စခန်း ၁၀ ခုထက်မနည်းကို ဒီသီတင်းပတ်ကုန်က ပူးပေါင်းတပ်တွေနဲ့အတူ တိုက်ခိုက် သိမ်းပိုက်လိုက်ကြောင်း KIA ကပြောပါတယ်။ တချိန်တည်းမှာပဲ ဝိုင်းမော်မြို့မှာ စစ်ရေးတင်းမာနေပြီး၊ ပူတာအို၊ မိုးမောက်၊ မံစီဘက်မှာလည်း တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေပါတယ်။
"သူတို့ကတော့ ပိုက်ဆံအတုအတွက်နဲ့ ရာဇဝတ်မှုတွေအတွက် ဖမ်းတယ်ဆိုပေမဲ့လည်း အဲဒီမှာတော့ အထောက်အထားမဲ့တွေအတွက် အော်ပရေးရှင်းလုပ်တာတွေလည်းပါတာပေါ့။ ဘာကြောင့်လဲဆိုတာ့ အထောက်အထားနဲ့နေထိုင်တဲ့သူတွေ၊ အထောက်အထားမဲ့နေထိုင်နေတာတွေကော၊ အထောက်အထားရှိသူတွေကော ပါတာပေါ့။" (ဦးစိုးထက်သိမ်း-မလေး မြန်မာ့အရေးလှုပ်ရှားသူ)
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့သိမ်း တိုက်ပွဲမှာ ဒေသခံ ရိုဟင်ဂျာတွေ တိုက်ခိုက်ခံခဲ့ရကြောင်း စွပ်စွဲချက်တွေအပေါ် ရခိုင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ AA အာရက္ခတပ်တော် က ငြင်းဆန်ုလိုက်ပါတယ်။
အာရက္ခတပ်တော် (AA)အနေနဲ့ ရခိုင်မှာ လူမျိုး၊ ဘာသာ မခွဲခြားဘဲ အားလုံးကို အကာအကွယ်ပေးသွားမှာ ဖြစ်တယ်လို့ AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင် Twan Mrat Naing က သူ့ရဲ့ လူမှုကွန်ရက် X စာမျက်နှာမှာ မေလ ၁၈ ရက် စနေနေ့က ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်