အွန်လိုင်း ငွေကြေးအလိမ်အညာ ရာဇဝတ်လုပ်ငန်းတွေကို တားဆီးဖို့ မိုဘိုင်းဖုံး ဘဏ်အကောင့် ၁၀၆ သန်းရဲ့အချက်အလက်တွေကို စိစစ်သွားမယ်လို့ ထိုင်းအစိုးရကပြောကြောင်း ထိုင်းသတင်းတွေမှာဖော်ပြပါတယ်။
ကန့်ကွက်မှုတွေကြောင့် ဆယ်စုနှစ်တခုကျော်ကြာ ရပ်ဆိုင်းထားခဲ့ရတဲ့ ကချင်ပြည်နယ် မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်း ပြန်စဖို့ စစ်ကောင်စီက ပြင်ဆင်နေတဲ့ သတင်းကြောင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတွေနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေကြား စိုးရိမ်မှုတွေလည်း ထွက်ပေါ်လာပါတယ်။
ရိုဟင်ဂျာ ဒုက္ခသည်တွေ နေရပ်ကို ဘေးကင်းလုံခြုံစွာ ပြန်နိုင်မယ့် ရေရှည် အဖြေတခု လိုအပ်တဲ့အကြောင်းနဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို ဆက်လက် အာရုံစိုက်သွားမယ့်အကြောင်း ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီး Penny Wong က ဘင်္ဂလားဒေ့ရှ် နိုင်ငံ Dhaka မြို့ကို သွားရောက်တဲ့ ခရီးစဉ်မှာ ပြောဆိုပါတယ်။
ရခိုင်ပြည်နယ်အတွင်း မြို့တွေ မီးရှို့ခံရတာ ရိုဟင်ဂျာတွေသာမက ဒေသနေ ပြည်သူတွေ အိမ်ယာစွန့်ခွာရတာတွေ တိုးလာပြီး အကြမ်းဖက်မှုနဲ့ လူမှု အသိုက်အဝန်းများအကြား တင်းမာမှုတွေတိုးလာတဲ့ သတင်းတွေကြောင့် အမေရိကန်ကစိုးရိမ်တဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့က ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်ပါတယ်။
ပူးပေါင်းတပ်ဖွဲ့တွေ ထိန်းချုပ်လိုက်ပြီးတဲ့နောက် KIA ဌာနချုပ်လိုင်ဇာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ ရှိခဲ့ပြီး ဝိုင်းမော်၊ မြစ်ကြီးနား မြို့တွေမှာ စစ်ရေးတင်းမာနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ထိုင်ဝမ် နိုင်ငံတကာ မှတ်တမ်းရုပ်ရှင်ပွဲတော်မှာ မြန်မာပြည်ဖွါးဖြစ်ပြီး ထိုင်ဝမ်မှာ ပညာသင်ခဲ့တဲ့ဒါရိုက်တာ Midi Z ရဲ့ Clinic အမည်ရှိ ရုပ်ရှင်က အာရှအမြင်ကဏ္ဍမှာ အဓိက Gran Prix ဆုကြီး ရရှိသွားတယ်လို့ globalvoices.org အဖွဲ့ရဲ့ သတင်းစာမျက်နှာမှာ အင်္ဂါနေ့က တင်ထားပါတယ်။
"စမတ်ကဒ်လုပ်တော့ အမနာမည် မွေးသက္ကရာဇ် တူတဲ့သူပေါ်နေတယ်။ အဲဒါနဲ့ကိုယ်ကအမှန်ဖြစ်တယ်ဆိုတာကို အဆင့်ဆင့် ထောက်ခံချက် ပြန်ယူနေရတယ်။ စိတ်ရှုပ်ရတာပေါ့နော်။ မှတ်ပုံတင်က သူတို့ပဲထုတ်ပေးခဲ့တာလေ။ ကိုယ်လည်းလုပ်လို့ရတာမဟုတ်ဘူးလေ။ ဘယ်လိုတွေမှန်းမသိတာ။ တန်းစီရ။ ဟိုရုံးသွားရ ဒီရုံးသွားရနဲ့။" (ရန်ကုန်မြို့ခံ)
ရခိုင်မှာရှိတဲ့ တရုတ်ဗျူဟာမြောက် အကျိုးစီးပွားကို ကာကွယ်ဖို့ တရုတ်နိုင်ငံဟာ စစ်ပွဲတွေရပ်အောင် နှစ်ဘက်စလုံးကို ဖိအားပေးနေတယ်လို့ USIP က တရုတ်၊ မြန်မာအရေး အကဲခတ် ဂျေဆင်တာဝါက ပြောပါတယ်။ တရုတ်ရဲ့ ကြားဝင်စွက်ဖက်မှုနဲ့ ရှေ့အလားအလာတွေနဲ့ ပတ်သက်ပြီး ကိုငြိမ်းချမ်းအေး အွန်လိုင်းကနေ ဆက်သွယ်မေးမြန်းထားပါတယ်။
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် အခြေစိုက် တပ်စခန်းတခုကို ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်ဖွဲ့တွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတယောက်က ပြောပါတယ်။
ပြီးခဲ့တဲ့ဘဏ္ဍာနှစ်က ကုန်သွယ်မှုပမာဏ ၄၀၇ သန်းကျော် ရှိခဲ့ရာက၊ ဒီနှစ်မှာ သန်း ၂၈၀ ကျော်သာ ရှိခဲ့ကြောင်း စစ်ကောင်စီ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ကိန်းဂဏန်းတွေကို ကိုးကားပြီး နိုင်ငံပိုင်သတင်းတွေမှာ ဖော်ပြခဲ့တာပါ။
ကရင်နီဒေသမှာ စစ်ကောင်စီနဲ့ တိုက်ပွဲတွေ နေ့စဉ်ရက်ဆက်ဆိုသလို ဖြစ်ပွားနေတယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူ တယောက်က ပြောပါတယ်။ တိုက်ပွဲတွေကြောင့် ကျေးရွာသား အများအပြား နေရပ်စွန့်ခွာ တိမ်းရှောင်နေရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီနဲ့ ကချင်လွတ်မြောက်ရေးတပ် KIA ကြား တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ လက်နက်ကြီးကျည်ထိမှန်ပြီး ရွာသား ၆ ယောက် သေဆုံးပြီး၊ အများအပြား ဒဏ်ရာရခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ တိုက်ပွဲတွေကြောင့် လုံခြုံရေးစိုးရိမ်တဲ့ ဒေသခံတွေလည်း ဘေးလွတ်ရာ တိမ်းရှောင်နေကြရတာပါ။
နောက်ထပ်ကြည့်ရှုရန်