အိန္ဒိယနိုင်ငံမှာ ရှေ့လထဲကျင်းပမယ့် စီးပွားရေးအင်အားကြီး နိုင်ငံပေါင်း ၂၀ G 20 အဖွဲ့ရဲ့ ထိပ်သီးအစည်းအဝေးကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် တက်ရောက်မှာဖြစ်ပေမယ့် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်မှာ ကျင်းပမယ့် အာဆီယံ-အမေရိကန်နဲ့ အရှေ့အာရှ ထိပ်သီးအစည်းအဝေးတွေကိုတော့ ဒုသမ္မတ ကင်မလာဟဲရစ်စ်တက်မယ်လို့ သမ္မတအိမ်ဖြူတော်က ပြောပါတယ်။
အိမ်ဝယ်ဖို့အတွက် ငွေချေးငှားတာမှာ အတိုးနှုန်းသက်သာအောင် ဘာတွေ ဆောင်ရွက်သင့်လဲ၊ ဘယ်လိုအတိုးနှုန်းတွေဟာ ချေးငှားသူတွေအတွက် ပိုပြီး အကျိုးရှိစေမလဲဆိုတာနဲ့ ကိုယ်တတ်နိုင်တဲ့ ဈေးနဲ့ ကိုက်ညီတဲ့ အိမ်မျိုးကို သူများအကူအညီမယူဘဲဝယ်ယူဖို့ ဒုတိယပိုင်းအစီအစဉ်မှာ အိမ်ခြံမြေ အကျိုးဆောင် မတင်လေးသွယ်က အကြံပြုပါတယ်။
အိမ်ဝယ်ပြီးနေတာဟာ ရင်းနှီးမြှပ်နှံမှုတမျိုးပဲလို့ အိမ်ခြံမြေအကျိုးဆောင်လည်းဖြစ် ငွေချေးငှား ဝန်ဆောင်မှုပေးတဲ့ မတင်လေးသွယ်က ပြောပါတယ်။ တွေ့ဆုံမေမြန်းခန်း အပိုင်း ၁ မှာ အိမ်ဝယ်ဖို့ ငွေမချေးခင်မှာ ဘာတွေပြင်ဆင်ဖို့လိုမလဲ၊ ဘယ်လိုဒေသတွေမှာ အိမ်စျေးတွေ သက်သာလဲဆိုတာတွေကို ကိုအောင်အောင် မေးမြန်းထားပါတယ်။
အမေရိကန်၊ သြစတြေးလျ၊ ဂျပန်နိုင်ငံတို့က ရေတပ်ဖွဲ့တွေ ဒီသီတင်းပတ်ထဲ ပူးတွဲစစ်ရေးလေ့ကျင့်မယ်လို့ ဖိလစ်ပိုင် တာဝန်ရှိသူတွေက ဒီနေ့ပဲ ပြောလိုက်ပါတယ်။
တရုတ်စစ်တပ်က ထိုင်ဝမ်ကျွန်းတဝိုက်မှာ စနေနေ့ စစ်ရေးလေ့ကျင့်မှု ပြုလုပ်တာဟာ ထိုင်ဝမ်ကို ပြင်းပြင်းထန်ထန် သတိပေးတာဖြစ်တယ်လို့ တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောသွားပါတယ်။
မက္ကဆီကိုနိုင်ငံ Baja California ဒေသကို ဒီကနေ့ စနေနေ့မှာ ဝင်ရောက်တိုက်ခတ်နေတဲ့ အားပြင်း ဟာရီကိန်း Hilary ဟာ အမေရိကန်နိုင်ငံ အနောက်တောင်ပိုင်းကို ဦးတည်တိုက်ခတ်နေပါတယ်။
Burma Unified Through Rigorous Military Accountability Act of 2022 လို့ နာမည်ပေးထားတဲ့ ဥပဒေဟာ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဒီမိုကရေစီရေးအတွက်တိုက်ပွဲဝင်နေသူတွေကို ထောက်ပံ့ကူညီဖို့နဲ့ မြန်မာစစ်တပ်ကို ပိုပြီးထိရောက်တဲ့ ပိတ်ဆို့ ဒဏ်ခတ်မှုတွေချမှတ်ရေး အဓိကရည်ရွယ်တဲ့ ဥပဒေဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox’s Bazar မှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ အခြေအနေနဲ့ ပတ်သက်လို့ သွားရောက် အကဲခတ်ခဲ့ကြတဲ့ အမေရိကန် လွှတ်တော် ကိုယ်စားလှယ်အဖွဲ့ဟာ ခရီးစဉ်အတွင်း ဒုက္ခသည် တချို့နဲ့ တွေ့ဆုံခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စု၊ Hawaii ပြည်နယ်၊ Maui ကျွန်းမှာလောင်ခဲ့တဲ့ တောမီးကြောင့် သေဆုံးသူအရေအတွက်ဟာ ၉၉ ဦး ရှိသွားပြီဖြစ်ပြီး ရှာဖွေမှုတွေ ပြီးဆုံးချိန် လာမယ့် ၁၀ ရက်အတွင်းမှာ သေဆုံးသူအရေအတွက် ၂ ဆ ဖြစ်သွားနိုင်တယ်လို့ ပြည်နယ် အုပ်ချုပ်ရေးမှူးက မနေ့ တနင်္လာနေ့မှာ ပြောပါတယ်။
အမေရိကန် ပြည်ထောင်စု ဟာဝိုင်အီပြည်နယ် Maui ကျွန်းမှာ ပြီးခဲ့တဲ့ သီတင်းပတ်က လောင်ကျွမ်းခဲ့တဲ့ တောမီးကြောင့် သေဆုံးသူ အတည်ပြုနိုင်တဲ့အရေအတွက် ၉၆ ယောက်ရှိသွားပြီလို့ ဟာဝိုင်အီကျွန်းမှာရှိတဲ့ အမေရိကန် အရာရှိတွေက ပြောပါတယ်။
ထိုင်ဝမ်ဒုသမ္မတ William Lai ရဲ့ ပါရာဂွေးနိုင်ငံ ချစ်ကြည်ရေးခရီးစဉ်မှာ ခရီးတထောက်အဖြစ် အမေရိကန်ပြည်ထောင်စုကိုဝင်ရောက်ခဲ့တာကို တရုတ်နိုင်ငံက ကန့်ကွက်လိုက်ပါတယ်။
အမေရိကန် ပြည်ထောင်စု ဟာဝိုင်အီပြည်နယ် Maui ကျွန်းမှာ တောမီးလောင်ကျွမ်းမှုကြောင့် သေဆုံးသူ ၉၀ ကျော်အထိ တာဝန်ရှိသူတွေ အတည်ပြုထားပြီး၊ နောက်ထပ် တိုးလာမယ်လို့လည်း ခန့်မှန်းနေပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။