သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မွတ်ဆလင်ဥပုသ်လ ဝန်ကြီးရူဘီယို ဆုမွန်ကောင်းတောင်း


(မှတ်တမ်း ဓာတ်ပုံဟောင်း) မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ နွယ်အေးဗလီမှာ အစ္စလာမ်ဘာသာဝင်တွေရဲ့ ဥပုသ်လ ပထမနေ့ ဥပုသ်သီလယူပြီး ဝါဖြေချိန် အတွက် ဟလင်မ် လို့ ခေါ်တဲ့ ပဲ ဟင်းရည်ကို အခမဲ့ဝေငှနေတာကို တန်းစီစောင့်ဆိုင်းနေကြတဲ့ မြင်ကွင်း။ ၂၀၂၄ ခုနှစ် မတ်လ ၁၂ ရက်။ (ဓာတ်ပုံ - AP / သိန်းဇော်)
(မှတ်တမ်း ဓာတ်ပုံဟောင်း) မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ နွယ်အေးဗလီမှာ အစ္စလာမ်ဘာသာဝင်တွေရဲ့ ဥပုသ်လ ပထမနေ့ ဥပုသ်သီလယူပြီး ဝါဖြေချိန် အတွက် ဟလင်မ် လို့ ခေါ်တဲ့ ပဲ ဟင်းရည်ကို အခမဲ့ဝေငှနေတာကို တန်းစီစောင့်ဆိုင်းနေကြတဲ့ မြင်ကွင်း။ ၂၀၂၄ ခုနှစ် မတ်လ ၁၂ ရက်။ (ဓာတ်ပုံ - AP / သိန်းဇော်)

အမေရိကန်ပြည်ထောင်စုနဲ့ ကမ္ဘာတဝန်းက အစ္စာလာမ် ဘာသာတွေရဲ့ ဥပုသ်လ စတင်တဲ့ အခါသမယမှာ ဆုမွန်ကောင်း တောင်းကြောင်း မတ်လ ၁ ရက် (စနေနေ့) မှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ထုတ်ပြန်ပါတယ်။ 

မွတ်ဆလင်တွေရဲ့ ဆုတောင်း ဝတ်ပြုမှုတွေနဲ့အတူ အသစ်တဖန် ပြန်လည် တည်ဆောက်တဲ့ ဝါတွင်းကာလမှာ ပေးကမ်းစွန့်ကြဲ ရက်ရောမှုတွေနဲ့ ဆွေမျိုး မိဿဟာ အချင်းချင်း ငြိမ်းချမ်းရေး စိတ်ဓာတ် တည်ဆောက်ဟာ ဝါဖြေပွဲတွေ ကျင်းပဖို့ လူမှုအသိုင်းအဝန်းတွေကြား စည်းလုံးညီညွတ်တဲ့ အချိန်အခါလည်းဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတဝန်းက အစ္စလာမ်ဘာသာဝင် မွတ်ဆလင်တွေရဲ့ အစာရှောင် ဥပုသ် သီလ ဆောက်တည်ကြတဲ့ ရမ်ဇာန်လမြတ်ဟာ ဒီသတင်းပတ်ကုန်မှာ စတင်ကြတာပါ။ အစ္စလာမ့်ပြက္ခဒိန်မှာ အရေးကြီးဆုံးအချိန်ဖြစ်တဲ့ ဒီလမှာ မွတ်ဆလင်တွေဟာ မိုးသောက်ချိန်နဲ့ နေဝင်ချိန်ကြား အစာရှောင် သီလယူကြသလို ဗလီ ဝတ်ကျောင်းတော်တွေမှာ ဝတ်ပြုဆုတောင်းတာတွေလည်း လုပ်ကြပါတယ်။

ကမ္ဘာ့နေရာ ဒေသလိုက် လဆန်း ပေါ်ထွက်တာကို မူတည်ပြီး အမေရိကန်ပြည်ထောင်စုက မွတ်ဆလင်တွေ အပါအဝင် တချို့နိုင်ငံတွေက စနေနေ့မှာ ပထမဆုံး စတင် အစာရှောင်ကြသလို တချို့က တနင်္ဂနွေနေ့မှာ စတင်ကြပါတယ်။

မြန်မာနိုင်ငံမှာတော့ တနင်္ဂနွေနေ့မှာ စတင် အစာရှောင် ဥပုသ် ရယူကြပါတယ်။ ထုံးတမ်းစဥ်လာ အတိုင်း သာရာဝီ (Taraweeh) လို့ ခေါ်တဲ့ ညပိုင်း အထူး ဝတ်ပြု ဆုတောင်း တာတွေလည်း ရှိတယ်လို့ ဘာသာဝင်တချို့က ဗွီအိုအေကို ပြောပါတယ်။


တလတာကြာမြင့်မယ့် ဒီကာလမှာ မွတ်ဆလင်တွေဟာ မိမိဘာသာ ပြန်လည်ဆင်ခြင်သုံးသပ်ပြီး ဘုရားသခင်အပေါ် ယုံကြည်ချက်ကို အသစ်တဖန် ပြန်လည် တည်ဆောက်ကာ ထုံးတမ်းစဥ်လာ ဇကာတ် လို့ခေါ်တဲ့ အလှူပေးကမ်းစွန့်ကြဲတာတွေလည်း လုပ်ကြပါတယ်။

ကမ္ဘာ့ မွတ်ဆလင် ဘာသာဝင် အများဆုံး ရှိတဲ့ အင်ဒိုနီးရှားနိုင်ငံမှာတော့ စနေနေ့မှာ ဥပုသ်လ စတင်မယ်လို့ သောကြာနေ့က ကြေညာခဲ့ပါတယ်။ အင်ဒိုနီးရှားနိုင်ငံ အနောက်ဘက်အကျဆုံး အာချေးပြည်နယ်မှာ အစ္စလမ္မစ် နက္ခတ္တဗေဒ လေ့လာသူတွေက လခြမ်း တွေ့မြင်ကြောင်း ဘာသာရေးဝန်ကြီး နာဆာရဒ်ဒင် အူမာက သောကြာနေ့မှာ ကြေညာခဲ့ပါတယ်။

စစ်ပွဲဒဏ်ခံခဲ့ရတဲ့ ဂါဇာ ကမ်းမြောင် တောင်ပိုင်ကာ ရာဖာ (Rafah) မြို့မှာတော့ မတ်လ ၁ ရက်၊ စနေနေ့ ညနေပိုင်းက ဥပုသ် ပထမဆုံးနေ့ အပြီး ဝါဖြေပွဲကို ပျက်စီးနေတဲ့ အဆောက်အအုံတွေကြားမှာ ကျင်းပခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

ဆက်စပ်သတင်းများ ...

XS
SM
MD
LG