သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်ရဲ့ဒဏ်ခတ်မှု တရုတ်ကန့်ကွက် 


China US Trade
China US Trade

{{Zawgyi/Unicode}}

အမေရိကန်က-တရုတ်ကုမ္ပဏီတချို့အပေါ် ပိတ်ဆို့အရေးယူလိုက်တာကို တရုတ်ကကန့်ကွက်လိုက်ပြီး ဒါဟာ တရားမဝင်ကြောင်းနဲ့ ကမ္ဘာ့ကုန်ပစ္စည်းထုတ်လုပ်တင်ပို့မှုကို ထိခိုက်စေတယ်လို့ စနေနေ့တုန်းကပြောခဲ့ပါတယ်။

ရုရှားနဲ့ပတ်သက်တဲ့ အမေရိကန်ပြည်ထောင်စုက ပိတ်ပင်တားမြစ်ထားတဲ့ စည်းကမ်းတွေကို မလိုက်နာဘူးဆိုတဲ့စွပ်စွဲချက်နဲ့ တရုတ်ကုမ္ပဏီ ၅ ခုအပါအဝင်၊ နိုင်ငံတကာကုမ္ပဏီအချို့ကို ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့တုန်းက အမေရိကန်ပြည် ထောင်စု ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကနေ ဒဏ်ခတ်အရေးယူခဲ့ပါတယ်။

ရုရှားရဲ့ယူကရိန်းကျူးကျော်စစ်မှာ ရုရှားကိုထောက်အကူဖြစ်စေတယ်လို့ယူဆတဲ့ နိုင်ငံတကာကုမ္ပဏီတွေကို ရုရှားနဲ့ကုန်သွယ်မလား၊ အမေရိကန်နဲ့ကုန်သွယ်မလားဆိုတဲ့ ဘက်နှက်ဘက်ရွေးချယ်စေပြီး အမေရိကန်က သူချမှတ်ထားတဲ့စည်းမျဉ်းတွေကိုလိုက်နာလာအောင် အခုလို အရေးယူမှုတွေနဲ့တင်းကြပ်လိုက်တာဖြစ်ပါတယ်။

တရုတ်ကူးသန်းရောင်းဝယ်ရေးဌာနကတော့ ဒါဟာ နိုင်ငံတကာဥပဒေတွေအရ လုပ်ဆောင်တာမဟုတ်သလို ကုလသမဂ္ဂလုံခြံရေးကောင်စီကနေ လုပ်ပိုင်ခွင့် ပေးထားတာလည်းမဟုတ်ဘူးလို့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။ ဒါ့ပြင် ဒါဟာ တဘက်သတ် လုပ်ဆောင်တာဖြစ်ပြီး ကိုယ့်နိုင်ငံထဲကမဟုတ်တဲ့ ကုမ္ပဏီတွေကို ပိတ်ဆို့အရေးယူတာဖြစ်ကြောင်းနဲ့ ဒါဟာ နိုင်ငံတကာကုမ္ပဏီတွေရဲ့ တရားဝင်အခွင့်အရေးတွေကို ချိုးဖေါက်တာဖြစ်ပြီး ကမ္ဘာ့ကုန်ပစ္စည်းထုတ်လုပ် တင်ပို့မှုကို ထိခိုက်စေတယ်လို့ တရုတ်ကူးသန်းရောင်းဝယ်ရေးဌာနက ပြောထားပါတယ်။

ကန်ရဲ့ဒဏ်ခတ်မှု တရုတ်ကန့်ကွက်
please wait

No media source currently available

0:00 0:00:51 0:00
တိုက်ရိုက် လင့်ခ်

===========

{{Unicode}}






ဆက်စပ်သတင်းများ ...

XS
SM
MD
LG