သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေဟာင္ေကာင္ဆႏၵျပပြဲ ေနာက္ဆံုး အေျခအေန


ေဟာင္ေကာင္ဆႏၵျပပြဲ

ဒီသီတင္းပတ္ ေဟာင္ေကာင္ဆႏၵျပပြဲေတြကိုၾကည့္ရင္ ႏွစ္ဘက္လံုးက ေရွ႕ဆက္တိုးေနၾကတယ္ဆိုတာ ေတြ႔ခဲ့ရၿပီး တဲ့ေနာက္ သီတင္းပတ္ကုန္ဆႏၵျပပြဲ အႀကိမ္ ၂၀ ေျမာက္ေတာ့မွာျဖစ္ပါတယ္။

ေဟာင္ေကာင္အစိုးရကို ေတာင္းဆိုထားတဲ့ အခ်က္ ၅ ခ်က္ကို အေလွ်ာ့မေပးဘူးလို႔ ဆႏၵျပသူေတြက ေျပာသလို အုပ္ခ်ဳပ္ေရးမွဴးကလည္း လိုက္ေလ်ာမွာ မဟုတ္ဘူးလို႔ ေျပာ ထားပါတယ္။ ဆႏၵျပသူေတြက လက္မေလွ်ာ့ဘူးလို႔ ေျပာၾကတဲ့အေၾကာင္း Anita Powell ေဟာင္ေကာင္ကေန ေပးးပို႔ထားတဲ့ သတင္းလႊာကို ကိုေက်ာ္ေက်ာ္သိန္းက ေျပာျပပါမယ္။

ေဟာင္ေကာင္မွာ သီတင္းပတ္ကုန္တိုင္း အစိုးရဆန္႔က်င္ေရးဆႏၵျပပြဲႀကီးေတြ လုပ္လာတာ ဒီသီတင္းပတ္ကုန္ဆိုရင္ အႀကိမ္ ၂၀ ျပည့္ေတာ့မွာျဖစ္ၿပီး အစိုးရဘက္ကေရာ ဆႏၵျပသူေတြဘက္ကပါ မေလွ်ာ့ၾကေသးပါဘူး။ ေဟာင္ေကာင္အုပ္ခ်ဳပ္ေရး မွဴး Carrie Lam က ဆႏၵျပပြဲေတြကို ရင္ဆိုင္အံတုေနတာေၾကာင့္ သူ ႏုတ္ထြက္ေပးဖို႔ပါ ေတာင္းဆိုလာၾကပါတယ္။

ဆႏၵျပသူေတြကလည္း သူတို႔ရဲ႕ ေတာင္းဆိုခ်က္ ၅ ခ်က္ကို ဆက္ၿပီး ေတာင္းဆိုေနဆဲပါ။ ေတာင္းဆိုထားတဲ့ထဲမွာ မဲေပးႏို္င္တဲ့ အရြယ္ေရာက္သူတိုင္း မဲေပးခြင့္ရဖို႔၊ ရဲတပ္ဖြဲ႔ရဲ႕ အင္အားသံုးႏွိမ္နင္းမႈကို စံုစမ္းစစ္ေဆးဖို႔၊ ဆႏၵျပသူေတြကို လြတ္ၿငိမ္းခ်မ္းသာခြင့္ ေပးဖို႔နဲ႔ ေဟာင္ေကာင္မွာ ဖမ္းဆီးထားသူေတြ တ႐ုတ္ျပည္မႀကီးမွာ အမႈရင္ဆိုင္ေရး လႊဲေျပာင္းေပးပို႔ရမယ့္ ဥပေဒကို လံုးဝ ႐ုပ္သိမ္းေရးတို႔ ပါဝင္ပါတယ္။

ဇြန္လကတည္းကစလို႔ ဆက္တိုက္လို ဆႏၵျပေတာင္းဆိုေနၾကတာျဖစ္ၿပီး ေသာၾကာေန႔ကဆိုရင္ ဘ႑ာေငြေၾကးဆိုင္ရာ အခ်က္အခ်ာေနရာမွာ လူ ၁၀၀၀ ေက်ာ္ ဆႏၵျပတာေၾကာင့္ ယာဥ္အသြားအလာေတြ ရပ္ဆိုင္းကုန္ပါတယ္။

ခြင့္ျပဳခ်က္မဲ့ ဆႏၵျပပြဲေတြမလုပ္ဖို႔နဲ႔ လူထုစုေဝးပြဲေတြအတြင္း မ်က္ႏွာကို ဖံုးအုပ္တဲ့ အကာအကြယ္ေတြ မတပ္ဖို႔ ရဲတပ္ဖြဲ႔က ၫႊန္ၾကားထားပါတယ္။

တဘဝလံုး ေဟာင္ေကာင္မွာေနလာတဲ့ Mrs. Ho ဆိုသူ အမ်ဳိးသမီးႀကီးက သူဟာ ဇြန္လကတည္းက ဆႏၵျပပြဲေတြမွာ ပါဝင္လာ တာျဖစ္ၿပီး အုပ္ခ်ဳပ္ေရးမွဴး Lam က ေစ့စပ္ညႇိႏိႈင္းလာတဲ့အထိ ရပ္မွာမဟုတ္ဘူးလို႔ ေျပာပါတယ္။

“သူက လံုးဝကို မတုံ႔႔ျပန္တာပါ။ က်မတို႔က အခ်က္ငါးခ်က္ ေတာင္းဆိုထားၿပီး ဥပေဒမူၾကမ္းကို ႐ုပ္သိမ္းတာကလြဲလို႔ ဘာကိုမွ မလိုက္ေလ်ာေသးပါဘူး။ တျခားေတာင္းဆိုခ်က္ ေလးခ်က္ကလည္း သိပ္ကိုအေရးႀကီးပါတယ္။ ေတာင္းဆိုခ်က္ ၅ ခ်က္္ လံုးဟာ အရမ္းကို အေရးႀကီးပါတယ္။”

ေခါင္းေဆာင္ရယ္လို႔ သတ္သတ္မွတ္မွတ္မရွိတဲ့ ဒီဆႏၵျပပြဲေတြမွာ လူငယ္ေတြ အဓိက ပါဝင္ေနၾကတာပါ။ လက္ရွိအခ်ိန္ထိ အဖမ္း ခံထားရသူေပါင္း ၂၂၀၀ ေက်ာ္ထဲမွာ အသက္ ၁၈ ႏွစ္ေအာက္လူငယ္ သံုးပံုတပံုပါပါတယ္။

ဆႏၵျပ ေက်ာင္းသားတဦးျဖစ္တဲ့ Ambrose က

“Carrie Lam က က်ေနာ္တို႔ ေဟာင္ေကာင္သားေတြကို ေၾကာက္သြားေအာင္လုပ္ဖို႔ ႀကိဳးစားေနတာပါ။ ဒါေပမယ့္ အဲဒီလိုလုပ္တာက က်ေနာ္တို႔ကို ေဒါသပိုထြက္ေစၿပီး က်ေနာ္တုိ႔ ဘယ္ေတာ့မွ လက္ေလွ်ာ့မွာမဟုတ္ဘူးဆိုတာ သူ႔ကိုေျပာဖုိ႔ ဆႏၵျပပြဲေတြမွာ ပိုၿပီး ပါဝင္လာေစခ်င္မွာပဲ ျဖစ္ပါတယ္။”

ဒါဆိုရင္ ဘယ္အေျခအေနက ဆႏၵျပပြဲေတြကို ရပ္ေစမွာပါလဲ … စီးပြားေရးလုပ္ငန္းရွင္တဦးျဖစ္တဲ့ Ho လို ဆႏၵျပသူေတြ ေပးတဲ့ အေျဖကေတာ့ အားလံုးတထပ္ထဲပါပဲ။

“ေတာင္းဆိုခ်က္ ၅ ခ်က္ကို လိုက္ေလ်ာရပါမယ္။ နံပါတ္ ၆ ေတာင္းဆိုခ်က္ကေတာ့ ရဲတပ္ဖြဲ႔ကို ျပန္ၿပီးဖြဲ႔စည္းရပါမယ္။”

အုပ္ခ်ဳပ္ေရးမွဴး Lam က ဘယ္ေတာင္းဆိုခ်က္ကိုမွ လိုက္ေလ်ာမွာမဟုတ္ဘူး၊ အထူးသျဖင့္ ရဲတပ္ဖြဲ႔နဲ႔ပတ္သက္တဲ့ ေတာင္းဆို ခ်က္ကို လိုက္ေလ်ာမွာမဟုတ္ဘူးလို႔ ဒီသီတင္းပတ္အတြင္း Facebook ကေန တိုက္႐ိုက္ထုတ္လႊင့္ခ်က္တခုမွာ ေျပာထားပါ တယ္။ ရဲတပ္ဖြဲ႔ဟာ သိပ္ကိုလိုအပ္ေနတဲ့ အမ်ားျပည္သူ ေဘးကင္းလံုျခံဳေရးကို လုပ္ေဆာင္ေနတာလို႔ ကာကြယ္ေျပာဆိုပါတယ္။

ဒါေပမယ့္ ၿပီးခဲ့တဲ့ ဆႏၵျပပြဲေတြမွာ ေတြ႔ခဲ့ရသလိုပဲ ရဲတပ္ဖြဲ႔ဟာ မ်က္ရည္ယိုဗံုးေတြ၊ ရာဘာက်ည္ေတြအျပင္ တခါတခါ က်ည္ အစစ္ေတြကိုပါသံုးၿပီးေတာ့ ႏွိမ္နင္းၿဖိဳခြဲခဲ့ပါတယ္။ ဒီသီတင္းပတ္ကုန္မွာ ေနာက္ထပ္ဆႏၵျပပြဲေတြလုပ္ဖို႔ စီစဥ္ထားသလို ေနာက္ လာမယ့္ သီတင္းပတ္ေတြမွာလည္း ဆက္ၿပီး ဆႏၵျပသြားၾကဦးမွာပါ။

ႏွစ္ဘက္စလံုးက ကိုယ္ေရြးခ်ယ္ထားတဲ့လမ္းအတိုင္း ဆက္ေလွ်ာက္သြားဖို႔ အခုိင္အမာ ေျပာထားၾကတာနဲ႔အမွ် ေစ့စပ္ညႇိႏိႈင္းၿပီး ေျပလည္မယ့္ အရိပ္လကၡဏာမ်ဳိး အနိမ့္ဆံုး လက္ရွိအခ်ိန္မွာေတာ့ မေတြ႔ရေသးပါဘူး။

..................

{Unicode}

ဟောင်ကောင်ဆန္ဒပြပွဲ နောက်ဆုံး အခြေအနေ

ဒီသီတင်းပတ် ဟောင်ကောင်ဆန္ဒပြပွဲတွေကိုကြည့်ရင် နှစ်ဘက်လုံးက ရှေ့ဆက်တိုးနေကြတယ်ဆိုတာ တွေ့ခဲ့ရပြီး တဲ့နောက် သီတင်းပတ်ကုန်ဆန္ဒပြပွဲ အကြိမ် ၂၀ မြောက်တော့မှာဖြစ်ပါတယ်။ ဟောင်ကောင်အစိုးရကို တောင်းဆိုထားတဲ့ အချက် ၅ ချက်ကို အလျှော့မပေးဘူးလို့ ဆန္ဒပြသူတွေက ပြောသလို အုပ်ချုပ်ရေးမှူးကလည်း လိုက်လျောမှာ မဟုတ်ဘူးလို့ ပြော ထားပါတယ်။ ဆန္ဒပြသူတွေက လက်မလျှော့ဘူးလို့ ပြောကြတဲ့အကြောင်း Anita Powell ဟောင်ကောင်ကနေ ပေးးပို့ထားတဲ့ သတင်းလွှာကို ကိုကျော်ကျော်သိန်းက ပြောပြပါမယ်။

ဟောင်ကောင်မှာ သီတင်းပတ်ကုန်တိုင်း အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲကြီးတွေ လုပ်လာတာ ဒီသီတင်းပတ်ကုန်ဆိုရင် အကြိမ် ၂၀ ပြည့်တော့မှာဖြစ်ပြီး အစိုးရဘက်ကရော ဆန္ဒပြသူတွေဘက်ကပါ မလျှော့ကြသေးပါဘူး။ ဟောင်ကောင်အုပ်ချုပ်ရေး မှူး Carrie Lam က ဆန္ဒပြပွဲတွေကို ရင်ဆိုင်အံတုနေတာကြောင့် သူ နုတ်ထွက်ပေးဖို့ပါ တောင်းဆိုလာကြပါတယ်။

ဆန္ဒပြသူတွေကလည်း သူတို့ရဲ့ တောင်းဆိုချက် ၅ ချက်ကို ဆက်ပြီး တောင်းဆိုနေဆဲပါ။ တောင်းဆိုထားတဲ့ထဲမှာ မဲပေးနိုင်တဲ့ အရွယ်ရောက်သူတိုင်း မဲပေးခွင့်ရဖို့၊ ရဲတပ်ဖွဲ့ရဲ့ အင်အားသုံးနှိမ်နင်းမှုကို စုံစမ်းစစ်ဆေးဖို့၊ ဆန္ဒပြသူတွေကို လွတ်ငြိမ်းချမ်းသာခွင့် ပေးဖို့နဲ့ ဟောင်ကောင်မှာ ဖမ်းဆီးထားသူတွေ တရုတ်ပြည်မကြီးမှာ အမှုရင်ဆိုင်ရေး လွှဲပြောင်းပေးပို့ရမယ့် ဥပဒေကို လုံးဝ ရုပ်သိမ်းရေးတို့ ပါဝင်ပါတယ်။

ဇွန်လကတည်းကစလို့ ဆက်တိုက်လို ဆန္ဒပြတောင်းဆိုနေကြတာဖြစ်ပြီး သောကြာနေ့ကဆိုရင် ဘဏ္ဍာငွေကြေးဆိုင်ရာ အချက်အချာနေရာမှာ လူ ၁၀၀၀ ကျော် ဆန္ဒပြတာကြောင့် ယာဉ်အသွားအလာတွေ ရပ်ဆိုင်းကုန်ပါတယ်။

ခွင့်ပြုချက်မဲ့ ဆန္ဒပြပွဲတွေမလုပ်ဖို့နဲ့ လူထုစုဝေးပွဲတွေအတွင်း မျက်နှာကို ဖုံးအုပ်တဲ့ အကာအကွယ်တွေ မတပ်ဖို့ ရဲတပ်ဖွဲ့က ညွှန်ကြားထားပါတယ်။

တဘဝလုံး ဟောင်ကောင်မှာနေလာတဲ့ Mrs. Ho ဆိုသူ အမျိုးသမီးကြီးက သူဟာ ဇွန်လကတည်းက ဆန္ဒပြပွဲတွေမှာ ပါဝင်လာ တာဖြစ်ပြီး အုပ်ချုပ်ရေးမှူး Lam က စေ့စပ်ညှိနှိုင်းလာတဲ့အထိ ရပ်မှာမဟုတ်ဘူးလို့ ပြောပါတယ်။

“သူက လုံးဝကို မတုံ့ပြန်တာပါ။ ကျမတို့က အချက်ငါးချက် တောင်းဆိုထားပြီး ဥပဒေမူကြမ်းကို ရုပ်သိမ်းတာကလွဲလို့ ဘာကိုမှ မလိုက်လျောသေးပါဘူး။ တခြားတောင်းဆိုချက် လေးချက်ကလည်း သိပ်ကိုအရေးကြီးပါတယ်။ တောင်းဆိုချက် ၅ ချက် လုံးဟာ အရမ်းကို အရေးကြီးပါတယ်။”

ခေါင်းဆောင်ရယ်လို့ သတ်သတ်မှတ်မှတ်မရှိတဲ့ ဒီဆန္ဒပြပွဲတွေမှာ လူငယ်တွေ အဓိက ပါဝင်နေကြတာပါ။ လက်ရှိအချိန်ထိ အဖမ်း ခံထားရသူပေါင်း ၂၂၀၀ ကျော်ထဲမှာ အသက် ၁၈ နှစ်အောက်လူငယ် သုံးပုံတပုံပါပါတယ်။

ဆန္ဒပြ ကျောင်းသားတဦးဖြစ်တဲ့ Ambrose က

“Carrie Lam က ကျနော်တို့ ဟောင်ကောင်သားတွေကို ကြောက်သွားအောင်လုပ်ဖို့ ကြိုးစားနေတာပါ။ ဒါပေမယ့် အဲဒီလိုလုပ်တာက ကျနော်တို့ကို ဒေါသပိုထွက်စေပြီး ကျနော်တို့ ဘယ်တော့မှ လက်လျှော့မှာမဟုတ်ဘူးဆိုတာ သူ့ကိုပြောဖို့ ဆန္ဒပြပွဲတွေမှာ ပိုပြီး ပါဝင်လာစေချင်မှာပဲ ဖြစ်ပါတယ်။”

ဒါဆိုရင် ဘယ်အခြေအနေက ဆန္ဒပြပွဲတွေကို ရပ်စေမှာပါလဲ … စီးပွားရေးလုပ်ငန်းရှင်တဦးဖြစ်တဲ့ Ho လို ဆန္ဒပြသူတွေ ပေးတဲ့ အဖြေကတော့ အားလုံးတထပ်ထဲပါပဲ။

“တောင်းဆိုချက် ၅ ချက်ကို လိုက်လျောရပါမယ်။ နံပါတ် ၆ တောင်းဆိုချက်ကတော့ ရဲတပ်ဖွဲ့ကို ပြန်ပြီးဖွဲ့စည်းရပါမယ်။”

အုပ်ချုပ်ရေးမှူး Lam က ဘယ်တောင်းဆိုချက်ကိုမှ လိုက်လျောမှာမဟုတ်ဘူး၊ အထူးသဖြင့် ရဲတပ်ဖွဲ့နဲ့ပတ်သက်တဲ့ တောင်းဆို ချက်ကို လိုက်လျောမှာမဟုတ်ဘူးလို့ ဒီသီတင်းပတ်အတွင်း Facebook ကနေ တိုက်ရိုက်ထုတ်လွှင့်ချက်တခုမှာ ပြောထားပါ တယ်။ ရဲတပ်ဖွဲ့ဟာ သိပ်ကိုလိုအပ်နေတဲ့ အများပြည်သူ ဘေးကင်းလုံခြုံရေးကို လုပ်ဆောင်နေတာလို့ ကာကွယ်ပြောဆိုပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ ဆန္ဒပြပွဲတွေမှာ တွေ့ခဲ့ရသလိုပဲ ရဲတပ်ဖွဲ့ဟာ မျက်ရည်ယိုဗုံးတွေ၊ ရာဘာကျည်တွေအပြင် တခါတခါ ကျည် အစစ်တွေကိုပါသုံးပြီးတော့ နှိမ်နင်းဖြိုခွဲခဲ့ပါတယ်။ ဒီသီတင်းပတ်ကုန်မှာ နောက်ထပ်ဆန္ဒပြပွဲတွေလုပ်ဖို့ စီစဉ်ထားသလို နောက် လာမယ့် သီတင်းပတ်တွေမှာလည်း ဆက်ပြီး ဆန္ဒပြသွားကြဦးမှာပါ။

နှစ်ဘက်စလုံးက ကိုယ်ရွေးချယ်ထားတဲ့လမ်းအတိုင်း ဆက်လျှောက်သွားဖို့ အခိုင်အမာ ပြောထားကြတာနဲ့အမျှ စေ့စပ်ညှိနှိုင်းပြီး ပြေလည်မယ့် အရိပ်လက္ခဏာမျိုး အနိမ့်ဆုံး လက်ရှိအချိန်မှာတော့ မတွေ့ရသေးပါဘူး။

ေဟာင္ေကာင္ဆႏၵျပပြဲ ေနာက္ဆံုး အေျခအေန
please wait

No media source currently available

0:00 0:03:40 0:00
တိုက္႐ိုက္ လင့္ခ္


ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG