အမေရိကန်လွှတ်တော် ရှေ့ အတားအဆီးတွေကို သံသယရှိသူ တဦး ကားနဲ့ သောကြာနေ့က ဝင်တိုက် တိုက်ခိုက်ခဲ့တာကြောင့် လွှတ်တော်ကို စောင့်ကြပ်တဲ့ ရဲအရာရှိတဦး သေဆုံးခဲံပါတယ်။ VOA လွှတ်တော်သတင်းထောက် Katherine Gypson သတင်းပေးပို့ထားတာကို မခင်ဖြူထွေး ပြောပြပါ့မယ်။
ရန်ကုန်မြို့မှာ စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သူတွေအတွက် ပန်းတွေနဲ့ ဂုဏ်ပြုတဲ့ ပန်းသပိတ်အပါအဝင် စစ်ကောက်စီ အာဏာသိမ်းထားတဲ့ လုပ်ရပ်အပေါ်ပြည်သူတွေက ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။ရန်ကုန်ကလာတဲ့ ဆန္ဒပြပွဲအခြေအနေတွေကို မခင်ဖြူထွေး ပြောပြထားပါတယ်။
စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြရင်း ဖမ်းဆီးထိန်းသိမ်းခံထားရသူ ၃၀၀ ကျော်ကို ဒီကနေ့ ပြန်လွတ်ပေးလိုက်တဲ့ တချိန်ထဲမှာဘဲ ဖမ်းဆီးခံရသူတွေ လွတ်မြောက်ဖို့ ရှေ့နေအဖွဲ့အစည်း အသီးသီးက အခမဲ့ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးနေကြပါတယ်။ ဒီအကြောင်း ရန်ကုန်မြို့က ပေးပို့ထားတဲ့သတင်းကိုတော့ မခင်ဖြူထွေးက ပြောပြပေးမှာပါ။
ရန်ကုန် ဆန္ဒပြပွဲတွေမှာ သတင်းရယူရင်းဖမ်းဆီးခံရတဲ့ သတင်းထောက်တွေထဲက AP သတင်းဌာနက ဓါတ်ပုံသတင်းထောက် ဦးသိန်းဇော် ပြန်လည်လွတ်မြောက်လာပါပြီ။ သူ့အပေါ် စွဲချက်တင်ထားတဲ့အမှုကိုလည်း ပြန်လည်ရုပ်သိမ်းထားတယ်လို့ သိရပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါနဲ့ ကျောက်မဲမြို့နယ်တွေအတွင်းမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြား တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေသလို စစ်ရေးတင်းမာမှုတွေရှိနေတာကြောင့် ရာနဲ့ချီတဲ့ စစ်ရှောင်တွေ ထွက်ပြေးနေရသလို အရင် တိမ်းရှောင်နေသူတွေလည်း နေရပ်မပြန်နိုင်ဖြစ်နေပါတယ်။
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်တဲ့ဆန္ဒပြပွဲတွေ အပြင်းအထန်ဖြစ်ခဲ့ဲတဲ့ ရန်ကုန်မြို့ နေရာအတော်များများမှာ ဆန္ဒပြသူတွေကချထားတဲ့ လမ်းပေါ် အတားအဆီးတွေကို စစ်တပ်နဲ့ရဲက ဒီကနေ့ လိုက်ပြီးဖြိုဖျက် မီးရှို့သလို ပစ်ခတ်တာတွေလည်း ရှိပါတယ်။
စစ်တပ်က အရပ်သားအစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းခဲ့တာကြောင့် ပြည်သူတွေက ဆန့်ကျင်ရေး လှုပ်ရှားမှုတွေလုပ်နေတာ ခုဆိုရင် တလခွဲကျော်ခဲ့ပြီဖြစ်ပါတယ်။ ခုချိန်ထိ အာဏာသိမ်းမှု ဆန့်ကျင်ရေးတွေက ဖိနှိပ်မှုတွေကြားထဲ ပုံစံမျိုးစုံနဲ့ ဆက်ဖြစ်နေတယ်လို့ ဆိုရမှာပါ။
လှိုင်သာယာမြို့နယ်အတွင်းမှာ စစ်တပ်နဲ့ ရဲပါဝင်တဲ့ လက်နက်ကိုင်တွေဘက်က အကြမ်းဖက်ပစ်ခတ်တာတွေဟာ ၃ ရက်ရှိလာပါပြီ။ အကြမ်းဖက်ပစ်ခတ်မှုတွေကြောင့် သေဆုံးသူ ၈၀ ထက်မနည်း ရှိနေပြီး၊ ဖမ်းဆီးခံရသူတွေနဲ့ ထွက်ပြေးတိမ်းရှောင်နေရသူတွေလည်း များလာနေပါတယ်
နိုင်ငံတဝန်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုတွေကို လက်နက်ကိုင်တပ်ဖွဲ့တွေက ပစ်ခတ် ဖြိုခွင်းမှုတွေ ပြင်းထန်လာနေသလိုပဲ ဆန္ဒပြ လှုပ်ရှားသူတွေကလည်း ဆက်ပြီး အရှိန်မြင့် လုပ်လာနေပါတယ်။ ဒီကနေ့မှာလည်း ဆန္ဒသူတွေကို အကြမ်းဖက် ဖြိုခွင်းမှုတွေ ရှိခဲ့တာကြောင့် အသက်ဆုံးရှုံးမှုတွေ ရှိခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း သတင်းမီဒီယာတွေ သိသိသာသာ ပစ်မှတ်ထား တိုက်ခိုက်ခံလာနေရတယ်လို့ မကြာခင် ရက်ပိုင်းကပဲ မြန်မာစစ်တပ် အုပ်ချုပ်ရေးကောင်စီက လုပ်ကိုင်ခွင့် ပိတ်ပင်ခံလိုက်ရတဲ့ Myanmar Now သတင်းဌာနရဲ့ ပူးတွဲ တည်ထောင်သူတဦးက ပြောပါတယ်။ မခင်ဖြူထွေး ကတင်ပြထားပါတယ်။
စစ်တပ်ထောက်ခံသူတချို့က ဒီကနေ့ ရန်ကုန်မြို့ထဲလှည့်လည်လာတာကို ကန့်ကွက်ဆန္ဒပြသူတွေက လက်တွေကို ကြက်ခြေခတ်ပုံလုပ်ပြကြ၊ သံပုံးတီးသူတွေတီးကြပါတယ်။ ဒါကိုစစ်တပ်လိုလားတဲ့ ရမ်းကားသူတချို့က တိုက်ခိုက်လို့ ဒဏ်ရာရသူတချို့လည်းရှိခဲ့ပါတယ်။ ဒီအကြောင်း အေအက်ပီသတင်းမှာ ဖော်ပြထားတာကို မခင်ဖြူထွေး က ပြောပြပါလိမ့်မယ်။
ဂျီနီဗာမြို့ အခြေစိုက် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း သံအမတ်ကြီး ဦးမြင့်သူ ရာထူးက နုတ်ထွက်သွားတယ်လို့ အမည်မဖော်လိုတဲ့ နိုင်ငံခြားရေးဌာန အရာရှိတဦးက ဗွီအိုအေကို အတည်ပြုပြောဆိုပါတယ်။ ဒီအကြောင်း ဗွီအိုအေ ြန်မာပိုင်းက မခင်ဖြူထွေး က ပြောပြထားပါတယ်။
မြန်မာနိုင်ငံတဝန်းမှာ ဖြစ်ပွားနေတဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ အကြောင်း နဲ့ ရှေ့အလားအလာတွေ ကို ဗီအိုအေ အယ်ဒီတာ ကိုသားညွန့်ဦး နဲ့ မခင်ဖြူထွေးတို့ ဆွေးနွေးထားပါတယ်။
မြန်မာနိုင်ငံစစ်တပ်က အာဏာသိမ်းတဲ့အပေါ် လမ်းပေါ်မထွက် အကြမ်းမဖက်တဲ့နည်းနဲ့ ဆန့်ကျင်အံတုတဲ့ Civil Disobedience လှုပ်ရှားမှုတွေ ပေါ်လာနေပါတယ်။မြို့ပေါင်း ၃၀ ထက်မနည်းက ဆေးရုံတွေနဲ့ ဆေးဘက်ဆိုင်ရာဌာန ၇၀ ကျော်က ဝန်ထမ်းတွေအနေနဲ့ ဖေဖော်ဝါရီ ၃ ရက်နေ့ကစပြီး လှုပ်ရှားမှုကို စတင်လိုက်တဲ့အကြောင်း ထုတ်ပြန်ထားပါတယ်။
စစ်တပ်အာဏာသိမ်းခဲ့တဲ့ တနင်္လာနေ့ကစလို့ နေပြည်တော် စည်ပင်ရိပ်သာဝင်းအတွင်းမှာ အသွားအလာ ကန့်သတ် ထိန်းသိမ်းထားတဲ့ လွှတ်တော်အမတ်တွေကို ၂၄ နာရီအတွင်း နေရာကနေ ထွက်ခွာဖို့ စစ်အစိုးရက ညွှန်ကြားထားပါတယ်။ NLD လွှတ်တော်ကိုယ်စားလှယ်တဦး ဖြစ်တဲ့ ဒေါ်ဇင်မာအောင်က VOA ကို ခုလိုပြောပါတယ်။
လက်ရှိ နိုင်ငံတကာရဲ့ ဝေဖန် ပစ်တင်မှုတွေ ကနေ အရေးယူမှုတွေ ဘယ်လောက်ရှိလားမလဲ ဆိုတာ နဲ့ ပြည်တွင်းမှာ ဆိုရင်လည်း အာဏာဖီဆန်ရေး လှုပ်ရှားတွေ ဘယ်လောက်ရှိလာ မလဲ ဆိုတဲ့အကြောင်း ကိုသားညွန့်ဦး နဲ့ မခင်ဖြူထွေးတို့ မေးမြန်းဆွေးနွေးထားပါတယ်။
မြန်မာပြည်မှာ စစ်တပ်က အာဏာယူတာဟာ ဖွဲ့စည်းပုံ နဲ့ အညီဖြစ်တယ်လို့ဆိုပေမဲ့ ဖွဲ့စည်းပုံနဲ့ ကိုက်ညီဖွယ်မရှိတဲ့ အချက်တချို့ အပြင် ရွေးကောက်ပွဲကျင်းပမယ်လို့ စစ်တပ်က ထုတ်ပြန်တာဟာ စိုးရိမ်ဖွယ်ဖြစ်တဲ့အကြောင်း ဦးသန်းလွင်ထွန်း ကို မခင်ဖြူထွေးက မေးမြန်းဆွေးနွေးထားပါတယ်။
ဂျိုးဘိုင်ဒန်နဲ့ အတူ ဒုသမ္မတအဖြစ် တာဝန်ထမ်းဆောင်မယ့် Kamala Harris အကြောင်းနဲ့ပတ်သက်လို့ ဟာဝိုင်အီအခြေစိုက် Asia-Pacific Center for Security Studies (APCSS) လုံခြုံရေးဘာသာရပ်ဆိုင်ရာ အာရှ-ပစိဖိတ်စင်တာက ပါမောက္ခ ဒေါ်မီမီဝင်းဘတ်ကို မခင်ဖြူထွေးက Skype ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။
နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲ မဲရလဒ်တွေ တရားဝင်ထွက်မလာသေးပေမဲ့ ထွက်ထားပြီးသလောက် နေရာအတော်များများမှာတော့ NLD ပါတီက အနိုင်ရေနေပြီး မဲပေးသူ အရေအတွက်ဟာလည်း အရင်ထက် ပိုများတယ်လို့ ယူဆရတဲ့အကြောင်း NLD ပါတီက ရန်ကင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇင်မာအောင်က ပြောပါတယ်။
အမေရိကန်သမ္မတ ဘယ်သူဖြစ်လာနိုင်ပါမလဲ။ ရွေးကောက်ပွဲရလဒ်ပေါ် မူတည်ပြီး အပြောင်းအလဲ ဘာတွေ ခန့်မှန်းနိုင်ပါမလဲ။ အမေရိကန် ရွေးကောက်ပွဲနဲ့ အလားအလာတွေကိုသုံးသပ်ဆွေးနွေးဖို့အတွက် ဗွီအိုအေ မြန်မာပိုင်း ဌာနမှူး ဦးသန်းလွင်ထွန်းနဲ့ အကြီးတန်း အယ်ဒီတာ ဦးကျော်ဇံသာတို့ကို Skype ကနေ ဖိတ်ခေါ်ထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်