အမေရိကန် ရွေးကောက်ခံသမ္မတ Donald Trump အနေနဲ့ အမေရိကန် ပထမ မူဝါဒကို ကိုင်စွဲထားပေမဲ့ အမေရိကန် နိုင်ငံခြားရေးမူဝါဒ အသေးစိတ်ကို ပြောဆိုထားတာမရှိပါဘူး။ ဒါပေမဲ့ ယူကရိန်း နဲ့ အရှေ့အလယ်ပိုင်းအရေးမှာ ပဋိပက္ခတွေကိုအမြန် ချုပ်ငြိမ်းသွားအောင် သူကတိပေးထားတဲ့ အတိုင်း ရည်ရွယ်လုပ်ဆောင်နေတာတွေ တွေ့နိုင်ပါတယ်။
အမေရိကန် ရွေးကောက်ခံသမ္မတ Donald Trump ဟာ ရွေးကောက်ပွဲဝင်စဉ်က ပေးထားတဲ့ကတိ အတိုင်း သန်းနဲ့ချီတဲ့ အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို နေရပ်ပြန်ပို့ရေးအတွက် အရင် သူသမ္မတလက်ထက်က ယာယီ လူဝင်မှုကြီးကြပ်ရေးအကြီးအကဲဖြစ်ခဲ့ဖူးတဲ့ Tom Homan ကို တာဝန်ပေးဖို့ ရွေးချယ်လိုက်ပါတယ်။
နိုဝင်ဘာ ၁၁ ရက်ကနေ ၁၇ ရက်အထိ သီတင်းတပတ်ကြာ တောင်ကြီးမြို့ အဝေရာ ကွင်းမှာကျင်းပသွားမယ့် မီးပုံးပျံပွဲတော်မှာ ညမီးကျည် ၂၆ လုံး၊ စိန်နားပန် ၂၄ လုံးနဲ့ နေ့လွှတ်မီးပုံးပျံ ၁၀၀ ကျော် လွှတ်တင်သွားမယ့်အကြောင်း ရှမ်းပြည်နယ် (တောင်ပိုင်း) ရိုးရာမီးပုံးပျံပညာရှင်များအသင်းက ပြောပါတယ်။
တရုတ်နိုင်ငံတောင်ပိုင်း Guangdong ပြည်နယ်၊ Zhuhai မြို့မှာ လမ်းသွားလမ်းလာတွေနဲ့ လေ့ကျင်ခန်းလုပ်နေသူ လူအုပ်ထဲကို ကားနဲ့ဝင်တိုက်ခဲ့တဲ့အတွက် အနည်းဆုံး လူ ၃၅ ဦးသေဆုံးပြီး ၄၃ ဦးဒဏ်ရာရရှိသွားတယ်လို့ တရုတ်ရဲ့ တပ်ဖွဲ့တာဝန် ရှိသူတွေက ဒီနေ့ပဲ ပြောလိုက်ပါတယ်။
"ပြည်သူဘက်ကကျဆုံးမှုအနေနဲ့က ကိုကျော်ဆန်း ကတော့ ပွဲချင်းပြီးသေဆုံးသွားတယ်ခင်ဗျ။ သူတို့က လက်ရှိ လျှပ်စစ်ရုံးရဲ့အရှေ့ဘက်မှာနေတာ သူ့အိမ်မှာ တည့်ကျပြီးတော့ သူကသေဆုံးတယ်။ သူ့မိန်းမက ခေါင်းထိခိုက်မှုဒဏ်ရာ ပြင်းပြင်းထန်ထန် နဲ့ ကုသမှုခံယူနေဆဲပေါ့။" (ပုလဲ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်)
ရုရှားနဲ့တရုတ်နိုင်ငံတွေကိုထိန်းချုပ်မယ့် အမေရိကန်ရဲ့ ကြိုးပမ်းမှုမှန်သမျှကို တန်ပြန်နိုင်ဖို့ ပူးပေါင်းဆောင်ရွက်ရေး အဓိကတာ၀န်ဖြစ်ကြောင်း ဘေဂျင်းကိုရောက်နေတဲ့ ရုရှားလုံခြုံရေးကောင်စီ အတွင်းရေးမှူး Sergei Shoigu (ဆာဂျီ ရှိုဂူ) က တရုတ်နိုင်ငံခြားရေး၀န်ကြီး Wang Yi ကို ဒီကနေ့ ပြောကြားခဲ့ပါတယ်။
ပြည်ပသွင်းကုန်အပေါ် ကန့်သတ်စိစစ်မှုတွေတိုးလာတာနဲ့အမျှ ကုန်ပစ္စည်းရှား၊ ဈေးနှုန်းကြီးမြင့်မှုတွေကြောင့် မွေးမြူရေးလုပ်ငန်းတွေထိခိုက်လာပြီး နိုင်ငံခြားငွေဈေးတက်တာ၊ ကုန်သွယ်ရေး လျော့ကျတာနဲ့ ကုန်ကြမ်းရှားပါးတာကြောင့် လာမဲ့နှစ် မွေးမြူရေးအစာဈေးတွေတက်နေဦးမယ်လို့ လုပ်ငန်းရှင်တွေက ဗွီအိုအေကိုပြောပါတယ်။
အိန္ဒိယနိုင်ငံမြောက်ပိုင်း မဏိပူပြည်နယ်ကရဲစခန်းတခုကို မနေ့က ကူကီးလူမျိုးစုတွေဝင်ရောက် တိုက်ခိုက်ပြီး အိန္ဒိယရဲတွေနဲ့ အပြန်အလှန် တိုက်ခိုက်ခဲ့ကြတဲ့အတွက် လူ ၁၀ ယောက်လောက် သေဆုံးသွားတဲ့အကြောင်း ခရိုင်အရာရှိတွေက ပြောပါတယ်။
တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က သိမ်းယူထားတဲ့ မိုးကုတ်မြို့ကို တနင်္လာနေ့ ညသန်းခေါင်အချိန်မှာ စစ်ကောင်စီက လေကြောင်းက ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သား ၂၀ သေဆုံးပြီး ၁၃ယောက် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း TNLA က သတင်းထုတ်ပြန်ထားပါတယ်။
(၁၁၁၁) တစ်လေးလုံး စစ်ဆင်ရေး တနှစ်တာကာလအတွင်း ကယားပြည်နယ် ကရင်နီဒေသက မြို့ပေါင်း ၇ မြို့ စစ်ကောင်စီရဲ့ စစ်ရေးအရ အရေးပါတဲ့ ရှေ့တန်းတပ်စခန်း အားလုံးနီးပါးကို ကရင်နီ ပူးပေါင်းတပ်ဖွဲ့ဘက်က တိုက်ခိုက်သိမ်းပိုက်နိုင်နိုင်ခဲ့တယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်(KNDF) က ဗွီအိုအေကို ပြောပါတယ်။
တက်စလာ (Tesla) ကုမ္ပဏီ အကြီးအကဲ အီလွန်မတ်စ်ဟာ ရီပတ်ဘလီကန် သမ္မတလောင်း ဒေါ်နယ်ထရမ့်ရဲ့ အနိုင်ရရှိမှုမှာ အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်ခဲ့သူဖြစ်တာကြောင့် လာမယ့် သမ္မတသစ်လက်ထက် လျှပ်စစ်ကား လုပ်ငန်းရဲ့ အနာဂတ်ကို ဘယ်လို လွှမ်းမိုးသွားမလဲဆိုတာကို လျှပ်စစ်ကားလုပ်ငန်းလောကက စိတ်ဝင်တစား စောင့်ကြည့်နေကြပါတယ်။
အမေရိကန် သမ္မတ ရွေးကောက်ပွဲမတိုင်ခင် ထွက်လာတဲ့ စစ်တမ်းတွေမှာ ဒုသမ္မတ Kamala Harris နဲ့ သမ္မတဟောင်း Donald Trump အကြား မဲအရေအတွက် သိပ်မကွာတဲ့အတွက် အကြိတ်အနယ်ယှဉ်ပြိုင်ရနိုင်ခြေဖေါ်ပြကြပါတယ်။ ဒါပေမဲ့လည်း ထောက်ခံမဲတွေကို Donald Trump က အပြတ်အသက် အနိုင်ရသွားခဲ့ပါတယ်။
အမေရိကန် ရွေးကောက်ပွဲမှာ နယူးဟမ်ရှိုင်းယား ပြည်နယ် အုပ်ချုပ်ရေးမှူး အဖြစ် ရီပါဘလီကန် ပါတီက Kelly Ayotte ဖြစ်လာတဲ့အတွက် လာမယ့်နှစ်မှာ အမေရိကန် မှာ အမျိုးသမီး ပြည်နယ်အုပ်ချုပ်ရေးမှူး ၁၃ ယောက် အဖြစ် စံချိန်တင်လိုက်ပါတယ်။
သမ္မတဘိုင်ဒန် ဟာ စစ်ပြန်ဟောင်းကြီးတွေကို အိမ်ဖြူတော် မှာ လက်ခံတွေ့ဆုံခဲ့ပြီးနောက် အာလင်တန် စစ်သင်္ချိုင်းကို သွားရောက် လွမ်းသူ့ပန်းခွေ ချခဲ့တာဖြစ်ပါတယ်။ သမိုင်းဝင် ဒီ စစ်သင်္ချိုင်း ဟာ သမ္မတ ၂ ယောက် နဲ့ ဗိုလ်ချုပ်ကြီးတွေ အပါအဝင်၊ စစ်ပြန်ရဲဘော်တွေကို မြှုပ်နှံထားရာနေရာလည်း ဖြစ်ပါတယ်။
လူဝင်မှုကြီးကြပ်ရေး ကို တာဝန်ယူမယ့် Thomas Homan ဟာ ယခင်က ရဲအရာရှိတာဝန်ယူခဲ့ဖူးသလို၊ နယ်စပ် လုံခြုံရေးတာဝန်တွေကို ထမ်းဆောင်ခဲ့သူ တဦးလည်း ဖြစ်ပါတယ်။ ထရမ့် ရဲ့ ဦးစားပေး လုပ်ငန်းဖြစ်တဲ့ တရားဝင် စာရွက်စာတမ်း မရှိသူတွေကို အစု အပြုံလိုက် ပြန်ပို့ရေး လုပ်ငန်းကို မစ္စတာ သောမတ် ဟိုမန်းက ဦးဆောင်ရမှာပါ။
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့ကို တနိုင်တပိုင်တင်သွင်းနေတာတွေကို တနင်္လာနေ့ကစပြီး ခွင့်မပြုတော့ဘူးလို့ ယူနန်ပြည်နယ်၊ ရွှေလီမြို့ ပြည်သူ့အစိုးရဂိတ်ဆိုင်ရာ ရုံးခန်း တာဝန်ရှိသူတွေက ထုတ်ပြန်ပါတယ်။
ကမ္ဘာ့ ဟဲဗီးဝိတ်ချန်ပီယံဟောင်း မိုက်တိုင်ဆင်နဲ့ ယူကျုဗွီဒီယို လွှင့်ထုတ်သူကနေ လက်ဝှေ့သမား ဖြစ်လာတဲ့ ဂျိတ်ခ်ပေါလ်တို့ လာမယ့် နိုဝင်ဘာ ၁၅ ရက် သောကြာနေ့မှာ တက္ကဆက်ပြည်နယ် အာလင်တန်မြို့မှာ လက်ဝှေ့ထိုး ဖြစ်ပါတယ်။
ဗြိတိန်နိုင်ငံ မန်ချက်စတာမြို့မှာ တနင်္ဂနွေနေ့ နိုဝင်ဘာ ၁၀ ရက်နေ့က ကျင်းပခဲ့တဲ့ MTV ဥရောပဂီတ ဆုပေးပွဲမှာ ကမ္ဘာကျော် အမေရိကန်ပေါ့ပ်အဆိုတော် Taylor Swift တေလာဆွိဖ် ဆု ၄ ဆု ရရှိသွားပါတယ်။
ရွေးကောက်ခံသမ္မတ Donald Trump က အစိုးရအဖွဲ့ ဖွဲ့စည်းရေး လုပ်ဆောင်နေချိန်မှာ သူ့ရဲ့ မဲဆွယ်စဉ်က ကတိတွေကို ဘယ်လို အကောင်အထည်ဖော်မလဲ၊ ရန်ဘက်တွေကို လက်စားချေမလားဆိုတဲ့ မေးခွန်းတွေ ထွက်ပေါ်နေပါတယ်။ တိုးတက်ရေးသမားတွေကတော့ ဒီမိုကရက်တစ်ပါတီ ရှုံးနိမ့်မှုအပေါ် ပြန်လည်သုံးသပ်နေကြပါတယ်။
စစ်ဖြစ်နေတဲ့ အစ္စရေး နဲ့ ဟားမက်စ်အကြား အပစ်ရပ်ဆဲရေးအတွက် စိတ်ဆန္ဒမရှိသလို အလေးအနက်လည်း မထားဘူးလို့ ပြောဆိုပြီး အပစ်ရပ်ရေး စေ့စပ်ပေးနေတဲ့ ကာတာနိုင်ငံဟာ ညှိနှိုင်းပေးနေတာတွေကို ရပ်ဆိုင်းလိုက်ပါတယ်။ ဒီအကြောင်း Arash Arabasadi သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက တင်ပြမှာပါ။
နောက်ထပ်ကြည့်ရှုရန်