မြန်မာ မိုဒယ် အမျိုးသမီး ၂ ဦးဖြစ်ကြတဲ့ နန်းမွေစံ နဲ့ သင်ဇာဝင့်ကျော် တို့ကို မြန်မာ့ယဉ်ကျေးမှု ထိခိုက်စေတဲ့ လိင်အသားပေး ဓါတ်ပုံတွေ နဲ့ ဗွီဒီယိုဖိုင်တွေ အင်တာနက်မှာ တင်ပြီး အခကြေးငွေယူတဲ့အတွက် တရားစွဲဆိုလိုက်ကြောင်း စစ်ကောင်စီက သောကြာနေ့က ထုတ်ပြန်လိုက်ပါတယ်။
အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ ရဲ့ ထိုင်ဝမ်ခရီးစဉ်အပေါ် တရုတ်နိုင်ငံရဲ့တုံ့ပြန်မှုဟာ အလွန်အကျွံနိုင်ပြီး၊ အန္တရာယ် ရှိတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ပြောလိုက်ပါတယ်။ ကမ္ဘောဒီးယားနိုင်ငံမှာ ရောက်နေတဲ့ ဝန်ကြီးဘလင်ကန်ကို ဗွီအိုအေ ခမာဌာနက Sun Narin ဆက်သွယ်မေးမြန်းထားပါတယ်။
ကမ္ဘောဒီယားနိုင်ငံမှာကျင်းပနေတဲ့ အာဆီယံအစည်းအဝေးကို တက်ရောက်လာတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်နဲ့ ဗွီအိုအေ ကမ္ဘောဒီယားဌာန သတင်းထောက် သီးသန့်တွေ့ဆုံခွင့် ရရှိခဲ့တာမှာ မြန်မာနိုင်ငံနဲ့ပတ်သက်လို့လည်း အမေရိကန်ရဲ့ သဘောထားနဲ့ အာဆီယံနိုင်ငံတွေအပေါ် တိုက်တွန်းလိုတဲ့အချက်တွေကို မေးမြန်းခဲ့ပါတယ်။
‘Army of Drones’ ဒရုန်းစစ်တပ် လို့နာမည်ပေးထားတဲ့ ယူကရိန်းစစ်တပ် စီမံကိန်းရဲ့ တစိတ်တပိုင်းအဖြစ် ဝေဟင်ကနေထောက်လှမ်းမယ့် ဒရုန်းယာဉ်တွေကို ကိယက်ဗ်မြို့တော်မှာ သြဂုတ်လ ၂ ရက်နေ့က တွေ့ရတာဖြစ်ပါတယ်။
ပရဟိတရံပုံငွေအတွက်ရည်ရွယ်ပြီး သြဂုတ် ၄ရက်နေ့က ရာဘာဘဲအရုပ် ၇၅၀၀၀ ကျော် အမေရိကန်ပြည်ထောင်စု ချီကာဂိုမြို့က ချီကာဂိုမြစ်ထဲ ရေအကူးပြိုင်ခဲ့ကြပါတယ်။ နှစ်စဉ်ကျင်းပတဲ့ ဒီပွဲကို ချီကာဂိုမသန်စွမ်းအိုလံပစ်အဖွဲ့က စီစဉ်တာဖြစ်ပြီး ဒီနှစ်မှာတော့ ဘဲအရုပ် ၇၅၀၀၅ ကောင်နဲ့အတူ ဒေါ်လာ ၃၃၃၀၀၀ နီးပါး အလှူငွေရရှိခဲ့ပါတယ်။
အမေရိကန် ဘတ်စကတ်ဘော ကစားသမား အကျော်အမော် Brittney Griner ဟာ တမင်သက်သက် ရုရှား နိုင်ငံတွင်းကို ဆေးခြောက်ဆီ ယူဆောင်လာတာဖြစ်တယ်လို့ ရုရှား တရားသူကြီးက ကြာသတေးနေ့မှာ ဆုံးဖြတ်ပြီး သူမကို ထောင်ဒဏ် ၉ နှစ် ပြစ်ဒဏ် ချမှတ်လိုက်ပါတယ်။
အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ Nancy Pelosi ခရီးစဉ်အပြီး နောက်တရက်မှာပဲ ထိုင်ဝမ်ကျွန်းအနီး ရေပြင်ကို တရုတ်စစ်တပ်က ပဲ့ထိန်းတပ် မစ်ဇိုင်းဒုံး ၁၁ ခုထက်မနည်း ပစ်ခတ်ခဲ့ပါတယ်။
အမေရိကန် ပြည်ထောင်စု အတွင်း မျောက် ကျောက် ရောဂါကို လူထု ကျန်းမာရေး အရေးပေါ် အခြေအနေ အဖြစ် ကြေညာကြောင်း ကျန်းမာရေး ဝန်ကြီးက ကြာသပတေးနေ့မှာ ပြောဆိုပါတယ်။ ဒီလို ဆောင်ရွက်လိုက်တာကြောင့် ရောဂါ တိုက်ဖျက်ရေး အတွက် နောက်ထပ် ရန်ပုံငွေနဲ့ ဆောင်ရွက်ချက်တွေ ထပ်ပြီး တိုးလာမယ်လို့လည်း ခန့်မှန်းထားကြပါတယ်။
မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှုနဲ့ မှောင်ခိုမှုအတွက် အမေရိကန် ဘတ်စ်ကတ်ဘောအကျော်အမော် ဘရစ်တနီဂရိုင်နာကို သြဂုတ် ၄ရက်မှာ ရုရှားတရားရုံးက ထောင်ဒဏ် (၉)နှစ်ချမှတ်လိုက်ပါတယ်။ ဖဖော်ဝါရီလကတည်းက ချုပ်နှောင်ခံထားရတဲ့ ဂရိုင်နာရဲ့ အချိန်တွေကို ဒီထောင်ဒဏ်ထဲ ထည့်သွင်းရေအတွက်သွားမှာဖြစ်ကြောင်း တရားသူကြီးက ပြောပါတယ်။
နှစ်ပေါင်းများစွာအတွင်း အမေရိကန်ထိပ်တန်းနိုင်ငံရေးခေါင်းဆောင်တဦး ထိုင်ဝမ်ကို သွားရောက်မှုအဖြစ် အောက်လွှတ်တော်ဥက္ကဋ္ဌနန်စီပလိုစီ ထိုင်ဝမ်ကိုသွားရောက်ခဲ့ပြီးနောက် တရုတ်တို့က ထိုင်ဝမ်ကျွန်းနားကို ဒုံးကျည်တွေပစ်လွှတ်ပြီး စစ်ရေးလေ့ကျင့်နေတယ်လို့ တရုတ်အစိုးရမီဒီယာမှာ သတင်းထုတ်ပြန်ပါတယ်။
ယူကရိန်းပိုင် နယ်မြေတခုထဲကနေ HIMARS (ဟိုင်းမက်) ဒုံးကျည်ပစ်စနစ်နဲ့ ပစ်ခတ်နေတဲ့ ဗွီဒီယိုဖိုင်တခုကို ယူကရိန်းသမ္မတရုံးက သြဂုတ် ၃ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။ အဲဒီနေ့အစောပိုင်းကတော့ ယူကရိန်းကို အမေရိကန်ထောက်ပံ့ထားတဲ့ ဒီဒုံးကျည်ပစ်စနစ် ၆ခုကို ဖျက်ဆီးပစ်ခဲ့ကြောင်း ရုရှားကာကွယ်ရေးပြောခွင့်ရပြောခဲ့တာပါ။
အင်ဒိုနီးရှား ဆူမားတြားကျွန်းမှာ သြဂုတ်လ ၃ရက်နေ့က အမေရိကန်နဲ့ အင်ဒိုစစ်တပ် ပူးတွဲစစ်ရေးလေ့ကျင့်ခဲ့ကြပါတယ်။ လေ့ကျင့်ရေးမှာ သြစတြေးလျ၊ ဂျပန်နဲ့ စင်္ကာပူတို့လည်း ပါဝင်ခဲ့ပြီး အင်ဒို-ပစိဖိတ်ဒေသတွင်း တရုတ်ရဲ့ ရေကြောင်းဆိုင်ရာလှုပ်ရှားမှုတွေ တိုးလာနေချိန်မှာပဲ အခုလို အားကောင်းတဲ့ ဆက်ဆံရေးကို ပြသခဲ့ကြတာပါ။
မြန်မာ့အရေး အာဆီယံရဲ့ ဆောင်ရွက်မှုတွေ ထိရောက်မှု မရှိဘူးဆိုရင် စွမ်းအင်လုပ်ငန်း အပါအဝင် စစ်အာဏာပိုင်တွေအတွက် ဝင်ငွေ ရလမ်းတွေကို အမေရိကန်အစိုးရက ပိတ်ဆို့ဒဏ်ခတ် အရေးယူဖို့ အထက်လွှတ်တော် ရီပတ်ဘလစ်ကန် ခေါင်းဆောင် Mitch McConnell က တိုက်တွန်းလိုက်ပါတယ်။
နိုင်ငံရေး မတည်ငြိမ်မှုတွေဖြစ်နေတဲ့ သီရိလင်္ကာနိုင်ငံကို တရုတ်က ရေတပ်စစ်သင်္ဘော Yuan Wang 5 ကိုစေလွှတ်လိုက်ပြီး၊ သြဂုတ်လ ၁၁ ရက်နေမှာ Hambantota ဆိပ်ကမ်းကို ရောက်ရှိမှာဖြစ်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ အာဆီယံဆိုင်ရာ သံအမတ်ကြီး ဦးဘိုလှတင့်ဟာ သူရဲ့ကိုယ်ရေးကိုယ်တာ အခက်အခဲကြောင့် တာဝန်က နုတ်ထွက်လိုက်ပါတယ်။
အယ်လ်ခိုင်းဒါးခေါင်းဆောင် Ayman al-Zawahiri သေဆုံးခဲ့တဲ့ အာဖဂနစ္စတန်နိုင်ငံ ကာဘူးမြို့တော်မှာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က အမေရိကန်ရဲ့ အဝေးထိန်း ဒရုန်းနဲ့ တိုက်ခိုက်မှုအပေါ် ဗုဒ္ဓဟူးနေ့မှာ တာလီဘန်တွေက ပြစ်တင်ရှုတ်ချလိုက်ပါတယ်။
အမေရိကန်အောက်လွှတ်တော် ဥက္ကဋ္ဌရဲ့ ခရီးစဉ်ကြောင့် ထိုင်ဝမ်အပေါ် စစ်ရေးအရ ရန်လိုတာတွေ မလုပ်ဖို့ အမေရိကန်နဲ့ ကမ္ဘာ့အင်အားကြီး ၇ နိုင်ငံ G-7 အဖွဲ့တို့က ပြောဆိုလိုက်ပါတယ်။
ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တော်မှာ ကျင်းပနေတဲ့ အရှေ့တောင်အာရှ နိုင်ငံများအသင်း အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ အစည်းအဝေးမှာ မြန်မာ့အရေး ဖြေရှင်းဖို့ ကြိုးပမ်းမှုတွေ တိုးတက်မှုမရဘဲ ဖြစ်နေတဲ့အပေါ် အဖွဲ့ဝင်နိုင်ငံတွေကြား စိတ်ပျက်တဲ့ သဘောထားတွေကို ပြောဆိုလိုက်ကြပါတယ်။
စစ်ကောင်စီက အကျဉ်းသားတွေကို ထပ်မံ ကွပ်မျက်မယ်ဆိုရင် မြန်မာနိုင်ငံအပေါ် အာဆီယံရဲ့ ချဉ်းကပ်ပုံ ပြောင်းလဲ လုပ်ဆောင်ရလိမ့်မယ်လို့ အာဆီယံဥက္ကဋ္ဌ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က ကမ္ဘောဒီးယားက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပနေတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ စည်းဝေးပွဲမှာ သတိပေး ပြောကြားလိုက်ပါတယ်။
အာဆီယံနဲ့ အမေရိကန် အပါအဝင် မိတ်ဖက် ၁၁ နိုင်ငံက နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ အစည်းအဝေးမှာ မြန်မာ့အရေးဟာလည်း နိုင်ငံတကာ ပြဿနာတွေနဲ့အတူ လွှမ်းမိုးနေလိမ့်မယ်လို့ အကဲခတ်တွေ ခန့်မှန်းနေကြပါတယ်။ ဗွီအိုအေ ခမာသတင်းဌာနက Hul Reaksmey ဖနွမ်းပင်မြို့တော်က သတင်းပေးပို့ထားတာကို ကိုဇော်မိုးကျော် ကပြောပြပါမယ်။
နောက်ထပ်ကြည့်ရှုရန်