မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက်ပိုင်း အာဏာအရပ်ရပ်ကို စစ်တပ်က ဆက်လက်ချုပ်ကိုင်ထားတဲ့အပေါ် စိုးရိမ်ကြောင်း ကုလသမဂ္ဂ အကြီးအကဲက ပြောလိုက်ပါတယ်။
သြဂုတ် ၁ရက်နေ့ကစပြီး ယူကရိန်း အိုဒက်ဆာဆိပ်ကမ်းကနေ နှံစားသီးနှံတွေကို ပြန်တင်ပို့ပါတယ်။ ရုရှားကျူးကျော်ချိန်ကစပြီး ပိုဆိုးလာတဲ့ ကမ္ဘာ့စားနပ်ရိက္ခာ အကျပ်အတည်းကြောင့် ယူကရိန်းကသီးနှံတွေ တင်ပို့နိုင်ဖို့ တူရကီနဲ့ ကုလသမဂ္ဂတို့က ကြားဝင်ညှိုနှိုင်းခဲ့ပြီး ဇူလိုင်လနှောင်းပိုင်းတုန်းက သဘောတူညီချက်ရခဲ့တာပါ။
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့ စည်ပင်သာယာဈေးအနီးက မြို့လယ် အချက်အခြာကျတဲ့နေရာမှာ ဒီနေ့မနက်ပိုင်းက ဗုံးတလုံးပေါက်ကွဲခဲ့ပါတယ်။ ရန်ကုန်က ပေးပို့တဲ့ မူဆယ်မြို့ ပေါက်ကွဲမှုသတင်းကို ကိုဇော်မိုးကျော် က ပြောပြပါမယ်။
မြဝတီမြို့ တောင်ဘက်ဝေါလေဒေသမှာ စစ်ကောင်စီစစ်ကြောင်း နဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ် ပြည်သူ့ကာကွယ်ရေးတပ် ပူးပေါင်းထားတဲ့ ကော်ပရာစစ်ကြောင်း တို့ဟာနေစဉ်နီးပါး တိုက်ပွဲတွေ ပြင်းထန်နေပါတယ် ။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမား က သတင်းပေးပို့ထားပါတယ်။
အမေရိကန်ပြည်ထောင်စု တောင်ပိုင်း အရီဇိုးနားပြည်နယ် ဖီးနစ်မြို့အပြင်နားလေးမှာ ရုတ်တရက်ရေကြီးပြီးနောက် ရေစီးနဲ့ မျောပါခါနီးကားထဲကနေ အမျိုးသမီးတဦးကို ကယ်တင်နိုင်လိုက်ပါတယ်။ ဆူးတက်ဒါဆိုတဲ့ အမျိုးသမီးက ခြောက်ခြောက်သွေ့သွေ့ ကျောက်ခင်းလမ်းမှာ ကားမောင်းနေတုန်း ရုတ်တရက် ရေလုံးကြီး လှိမ့်ဆင်းလာတာ ဖြစ်ပါတယ်။
ယူရို ၂၀၂၂ အမျိုးသမီးဥရောပဖလားကို အင်္ဂလန်အသင်း ဗိုလ်စွဲခဲ့လို့ ပရိတ်သတ်တွေ ထောင်နဲ့ချီစုဝေးပြီး လန်ဒန်မြို့ ထရာဖာဂါလ်ရင်ပြင်မှာ သြဂုတ် ၁ရက်နေ့က အောင်ပွဲခံခဲ့ကြပါတယ်။ ဗိုလ်လုပွဲကို ဇူလိုင်၃၁ရက်က လန်ဒန်မြို့မှာ ဂျာမနီနဲ့ ကစားကြတာမှာ အင်္ဂလန်က အချိန်ပိုမှာ ၂ ဂိုး ၁ ဂိုး နဲ့အနိုင်ရသွားတာပါ။
လူပရိတ်သတ် ၁၀၀၀ ကျော်တက်ရောက်ခဲ့တဲ့ ဘော့စနီးယားနိုင်ငံ မိုစတာမြို့ သမိုင်းဝင် "တံတားဟောင်း"ပေါ်က ၄၅၆ကြိမ်မြောက် ဒိုင်ဗင်ထိုးပြိုင်ပွဲကို ဇူလိုင် ၃၁ရက် တနင်္ဂနွေနေ့ကကျင်းပခဲ့ပါတယ်။ ယူနက်စကိုစာရင်းဝင် ၂၃ မီတာအမြင့်ရှိ ဒီတံတားကနေ ရေစီးသန်တဲ့ နရစ်တြာမြစ်ထဲ ဒိုင်ဗင်ထိုးပြိုင်ပွဲကို နှစ်စဉ်ကျင်းပတာပါ။
မန္တလေးတိုင်း ပြင်ဦးလွင် မြို့နယ်မှာ တနင်္ဂနွေနေ့ မနက် ၆ နာရီ ၁၅ မိနစ်လောက်မှာ မိုးသည်ထန်ပြီး ရပ်ကွက်ကြီး ၁ နဲ့ ရပ်ကွက်ကြီး ၄ အတွင်း ရေကြီးတာကြောင့် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က လူတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ပါတယ်။
မြန်မာစစ်ကောင်စီက အမျိုးသားကာကွယ်ရေးနဲ့ လုံံခြုံရေးကောင်စီ အစည်းဝေးပွဲကို ဒီကနေ့မနက်က နေပြည်တော်မှာကျင်းပပြီး နိုင်ငံတော် အရေးပေါ်အခြေအနေ ကြေညာထားတာကို နောက်ထပ် ၆ လသက်တမ်းတိုးလိုက်ကြောင်း ယာယီသမ္မတ ဦးမြင့်ဆွေလက်မှတ်နဲ့ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။ ဒီနှစ်ထဲ ဒုတိယအကြိမ် သက်တမ်းတိုးခြင်းလည်း ဖြစ်ပါတယ်။
ဖိလစ်ပိုင်အာဏာရှင်ဟောင်း Ferdinand Marcos ကို ဖြုတ်ချတဲ့နေရာမှာ အဓိကအခန်းကဏ္ဍက ပါဝင်ခဲ့တဲ့ ဖိလစ်ပိုင်းသမ္မတဟောင်း Fidel Valdez Ramos ကွယ်လွန်သွားပါပြီ။
ကွယ်လွန်သွားခဲ့ကြတဲ့ မြန်မာနိုင်ငံက အာဇာနည် တက်ကြွလှုပ်ရှားသူတွေကို ဂုဏ်ပြုခဲ့တဲ့ အင်တာနက်အွန်လိုင်း အခမ်းအနားတစ်ရပ်ကို မလေးရှားနိုင်ငံခြားရေးဝန်ကြီးက တက်ရောက်ခဲ့ပါတယ်။
ထိုင်းဝန်ကြီးချုပ် Prayut Chan-o-cha ဟာ ဥပဒေအရ ရှေ့လမှာ ရာထူးကနေ ဆင်းပေးရမယ်လို့ အတိုက်အခံပါတီတွေက ပြောကြားလိုက်ပါတယ်။
ကမ္ဘာ့မြေပုံကနေ ယူကရိန်းကို ဖျက်ပစ်ဖို့ ရုရှားက ရည်ရွယ်လုပ်ဆောင်နေတယ်လို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီးက ပြောလိုက်ပါတယ်။
အမေရိကန်အောက်လွှတ်တော် ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်သွားမယ့် အာရှခရီးစဉ်ကို ဥက္ကဋ္ဌ နန်စီ ပယ်လိုစီ က တနင်္ဂနွေနေ့က အတည်ပြုပြောကြားလိုက်ပါတယ်။ ဒါပေမဲ့ တရုတ်ကို အာခံပြီး ထိုင်ဝမ် ဝင်မဝင်ကိုတော့ မဖော်ပြပါဘူး။
ယူကရိန်းအရှေ့ဖက် ဒုန်ညက်ဒေသ Olenivka မြို့ မှာရှိတဲ့ အကျဉ်းထောင်ကို တိုက်ခိုက်ခဲ့မှုနဲ့ ပတ်သက်ပြီး ရုရှားကို အရေးယူဖို့ ယူကရိန်းက စနေနေ့မှာ တောင်းဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး လှုပ်ရှားသူ ၄ ဦးကို ကွပ်မျက်လိုက်တဲ့အပေါ် ပြင်သစ်နိုင်ငံက မြန်မာသံအမတ်ကြီးကို ဆင့်ခေါ်ကန့်ကွက်လိုက်ပါတယ်။ အာဏာသိမ်းစစ်ကောင်စီက သေဒဏ်ပေးကွက်မျက်ခဲ့တဲ့အပေါ် ကန့်ကွက်ရှုံချကြောင်း ပြင်သစ်နိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီးကို သောကြာနေ့မှာ ပြောဆိုခဲ့ကြောင်း AFP သတင်းကဖော်ပြခဲ့တာပါ။
မြန်မာနိုင်ငံမှာ ကိုဗစ်မျိုးစိတ်ကွဲသစ်တွေ့အပြီး၊ ပြည်ပကဝင်လာသူတွေအပေါ် စည်းမျဉ်းသစ် ကျန်းမာရေးဝန်ကြီးဌာနက ဒီနေ့ထုတ်လိုက်ပါတယ်။
အီရန် ကျောထောက်နောက်ခံပေးထားတဲ့ နိုင်ငံရေးအုပ်စုတွေဘက်က နောက်အစိုးရဖွဲ့ဖို့ရှိတာကို ဆန့်ကျင်ပြီး၊ Shiite ဘာသာရေးခေါင်းဆောင် Muqtada al-Sadr ကို ထောက်ခံသူတွေက ဒီအပတ်ထဲ ဒုတိယအကြိမ်အဖြစ် ဒီနေ့ ဝင်ရောက်ဆန္ဒပြခဲ့တာပါ။
ယူကရိန်းနိုင်ငံ အရှေ့ပိုင်းက အကျဉ်းထောင်တခုကို သောကြာနေ့က ဒုံးကျည်နဲ့ တိုက်ခိုက်မှုကြောင့် ဖမ်းဆီးခံထားရတဲ့ ယူကရိန်းစစ်သုံ့ပန်း ဒါဇင်ပေါင်းများစွာ သေဆုံးခဲ့ပါတယ်။
မန်မာနိုင်ငံမှာ ထင်ရှားတဲ့ ဒီမိုကရေစီရေးလှုပ်ရှားသူ နှစ်ဦးအပါအဝင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သူ လေးဦးကို စစ်ကောင်စီက ကြိုးပေးကွက်မျက်ခဲ့တဲ့အတွက် ရှုတ်ချကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေကို နိုင်ငံတကာရောက် မြန်မာနိုင်ငံသားတွေ ဆက်တိုက်ပြုလုပ်ခဲ့ကြပါတယ်။
နောက်ထပ်ကြည့်ရှုရန်