ယူကရိန်း သမ္မတ Volodymyr Zelenskyy ဟာ မြို့တော် Kyiv မြို့တော်ကနေ ထွက်ခွာပြီး နိုင်ငံ တောင်ပိုင်းက စစ်ဒဏ်သင့် Mykolaiv မြို့ကို သွားရောက်ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ကျွန်စနစ်အဆုံးသတ် ချုပ်ငြိမ်းသွားတဲ့အထိမ်းအမှတ် Juneteenth အထိမ်းအမှတ်ပွဲတွေကို ဝါရှင်တန်မြို့တော်အပါအဝင် အမေရိကန်မြို့တွေမှာ ကျင်းပနေကြပါတယ်။
အိန္ဒိယနိုင်ငံမှာ စစ်သားစုဆောင်းမူ အစီအစဉ်သစ်အပေါ် ဆန္ဒပြမူတွေ ပိုပြီးကျယ်ပြန့် ပြင်းထန်လာနေတာမှာ နိုင်ငံအရှေ့ပိုင်း ဘီဟာပြည်နယ်မှာ ဒီနေ့ ဆန္ဒပြသူတွေဟာ ပြည်သူပိုင်ပစ္စည်းတွေကို ဖျက်စီးခဲ့ကြသလို၊ မီးရထားဘူတာရုံထဲက ရုံးခန်းတွေကိုလည်း ဝင်ရောက်ဖျက်ဆီးခဲ့ကြပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့က လူနည်းစု ဆစ်ခ် (Sikh) ဘာသာဝင်တွေရဲ့ ဘုရားကျောင်းကို စစ်သွေးကြွတွေက ဒီနေ့မနက် အစောပိုင်းက တိုက်ခိုက်ခဲ့တာကြောင့် နှစ်ယောက်ထက်မနည်း သေဆုံးပြီး၊ (၇) ယောက် ဒဏ်ရာရသွားတယ်လို့ အာဖဂန်နစ္စတန်က တာလီဘန်တာဝန်ရှိသူတွေက ပြောပါတယ်။
ပါကစ္စတန်နိုင်ငံမှာ လ္ဘက်ရည်ဟာ လူကြိုက်များတဲ့ အဖျော်ရည်တမျိုး ဖြစ်ပါတယ်။ အခုတော့ နိုင်ငံခြားအရန်ငွေကို ချိုးခြံဖို့ လူတွေ လ္ဘရည်လျှော့သောက်ဖို့ တာဝန်ရှိသူတွေက တိုက်တွန်းနေပါတယ်။ လ္ဘက်ခြောက်က နိုင်ငံခြားကတင်ပို့ရတာဖြစ်ပြီး တနှစ်ကို ဒေါ်လာ သန်း ၅၀၀ ကျော်ဖိုး ဝယ်ယူတင်သွင်းရပါတယ်။
တရုတ်နိုင်ငံမှာ ကိုယ်ထိလက်ရောက်ချည်းကပ်ပြီး ငြင်းခံရတော့ အမျိုးသမီးကို အမျိုးသားတွေ အကြမ်းဖက်ရိုက်နှက်တဲ့ ဗွီဒီယို အွန်လိုင်းမှာ ပျံံ့နေပါတယ်။ ဒီလို အမျိုးသမီးတွေ ဖိနှိပ်ခံရတဲ့ ကိစ္စ ကိုင်တွယ်ဖို့ တောင်းဆိုမှုတွေလည်း ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေတာပါ။
အိန္ဒိယနိုင်ငံအလယ်ပိုင်း ချာတစ္စဂါပြည်နယ်မှာ ကလေးတဦး သူ့အိမ်နောက်ဖေးက စက်ရေတွင်းထဲ ကျလို့ နာရီပေါင်းများစွာ ကယ်ထုတ်ဖို့ကြိုးစားတာ အသက်မသေ ကယ်တင်နိုင်ခဲ့ပါတယ်။ ပေ ၈၀ အနက် တွင်းထဲကျတာ ဖြစ်ပြီး စက်ရုပ်လက်တံတွေလည်း အသုံးပြုခဲ့သလို အနားမှာလည်း ကျန်းမာရေးအဖွဲ့က အသင့်စောင့်နေပေးခဲ့တာပါ။
အီဂျစ်၊ အစ္စရေးနဲ့ EU ဥရောပသမဂ္ဂတို့ဟာ သဘာဝဓာတ်ငွေ့တင်ပို့မှုအတွက် ဗုဒ္ဓဟူး နေ့မှာ သဘောတူလက်မှတ်ရေးထိုးလိုက်ကြပါတယ်။
အမေရိကန်မှာ နို့စို့အရွယ်နဲ့ မူကြိုအရွယ် ကလေးတွေအတွက် ၂ ကြိမ်ထိုးရတဲ့ Moderna ကိုဗစ်ကာကွယ်ဆေး ထိုးခွင့်ပြုဖို့ အမေရိကန် အစားအစာနဲ့ ဆေးဝါးကွပ်ကဲမှုဌာန (FDA) ရဲ့ ကာကွယ်ဆေးဆိုင်ရာ ကျွမ်းကျင်သူအဖွဲ့က ဗုဒ္ဓဟူးနေမှာ ထောက်ခံချက် ပေးလိုက်ပါတယ်။
ဗုဒ္ဓဘုရားရှင်ရဲ့ ဖခမည်းတော် စိုးစံခဲ့တဲ့ ကပ္ပိလဝတ်ပြည်မှာ တူးဖော်ရရှိထားတဲ့ ဓာတ်တွေ၊ မွေတော်တွေ ထဲက ဓာတ်တော် ၄ ဆူကို မွန်ဂိုးလီးယားနိုင်ငံ အိုဆန်းဘာ့တာမြို့တော်မှာ ၁၁ ရက်ကြာ ပင့်ဆောင်ပူဇော်နေပါတယ်။ ၁၈၉၈ ခုနှစ်မှာ ဘီဟာပြည်နယ်ထဲက ဘုရားရှင်လက်တက် ကပ္ပိလဝတ်တိုင်းလို့ ယူဆရတဲ့ နေရာမှာ တူးဖော်ရရှိခဲ့တာပါ။
အမေရိကန်ပြည်ထောင်စုက နာမည်ကျော် Yellowstone အမျိုးသားဥယျာဉ်ကြီးကို ထူးထူးခြားခြားပဲ ဝင်ပေါက် ၅ ပေါက်လုံး ပိတ်ထားလိုက်ရပါတယ်။
ကမ္ဘာတလွှားလက်နက်ထုတ်ကုမ္ပဏီပေါင်း ၁,၇၀၀ ကျော် ပါဝင်ပြသတဲ့ စစ်လက်နက်ကုန်စည်ပြပွဲကို ပြင်သစ်သမ္မတ ဖွင့်လှစ်ခဲ့ပြီး လာရောက်သူတွေနဲ့ စည်ကားနေပါတယ်။ မြေပြင်တပ်ဖွဲ့များအတွက် ကမ္ဘာ့အကြီးဆုံး လက်နက်ပြပွဲဖြစ်ပါတယ်။
သတင်းမှားဖြန့်မှု စွဲချက်နဲ့ ဗြိတိန် သတင်းထောက် ၂၉ ဦးနဲ့ ကာကွယ်ရေးလုပ်ငန်းဖက်က လူပုဂ္ဂိုလ် ၂၀ ကိုရုရှားက အင်္ဂါနေ့မှာ ပြည်ဝင်ခွင့်ပိတ်ပင်ကန့်သတ်လိုက်ပါတယ်။
မလေးရှား၊ စကာၤပူ၊ နယူးဇီလန်နဲ့ ဗြိတိန်တို့ ပါဝင်တဲ့ သက်တမ်း ၅၁ နှစ်ရှိ အပြန်အလှန် ထောက်ပံ့ကူညီရေး ၅ နိုင်ငံ ကာကွယ်ရေး သဘောတူညီချက် FPDA ကို တိုးချဲ့ပြီး စွမ်းအင် မြှင့်တင်ဖို့ ဆောင်ရွက်မယ့် အကြောင်း ဗြိတိန်နဲ့ ဓနသဟာရ အဖွဲ့ဝင် အာရှ ၄ နိုင်ငံတို့ဟာ ကြေညာပါတယ်။
မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် Tom Andrews က မြန်မာနိုင်ငံက ကလေးသူငယ်များအရေး ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေဖက်က အမြန်ဆုံး ဆောင်ရွက်ပေးဖို့ ဂျွန်လ ၁၄ ရက်နေ့က သူ့ရဲ့တွစ်တာလူမှုကွန်ယက်မှာ ရေးသားတိုက်တွန်း လိုက်ပါတယ်။
အမေရိကန် သမ္မတ Joe Biden လာမယ့် လ အတွင်း အရှေ့အလယ်ပိုင်းကို ပထမဆုံး အကြိမ် သွားရောက်မှာ ဖြစ်ပြီး အစ္စရေးလ်၊ သိမ်းပိုက်ခံ အနောက်ဘက်ကမ်းနဲ့ ဆော်ဒီအာရေဗျတို့ကို သွားရောက်မှာ ဖြစ်ပါတယ်။
ကမ ္ဘာမှာ ဒုတိယ လူဦရေ အထူထပ်ဆုံး အိန္ဒိယ နိုင်ငံတွင်း ဘာသာရေး တင်းမာမှုတွေကြောင့် နိုင်ငံတွင်းနဲ့ နိုင်ငံ ပြင်ပက တက်ကြွလှုပ်ရှားသူ တချို့က အိန္ဒိယ ထုတ်ကုန်တွေနဲ့ Qatar Airways တို့ကို သပိတ်မှောက်ဖို့ တောင်းဆိုလာကြပါတယ်။
သတင်းတင်ပြနေရင်း ဘေးပတ်ဝန်းကျင်နဲ့အတူ အပျော်ကူးစက်သွားတဲ့ သတင်းထောက်ကတော့ သြစတေးလျက သတင်းထောက်ပါ။ ရုပ်မြင်သံကြားသတင်း တင်ဆက်နေရင်း သူပြောနေတဲ့ သတင်းထဲကို သူပါ ရောက်သွားပါတယ်။
အာဖဂန်အမျိုးသားတွေနဲ့ လက်ထပ်ဖို့အတွက် အစိမ်းရောင် ပုဝါတွေလွှမ်းခြုံထားတဲ့ အာဖဂန်သတို့သမီး ဒါဇင်နဲ့ချီကို ကဘူးလ်မြို့က စုပေါင်းမင်္ဂလာပွဲတခုမှာ ဇွန် ၁၃ ရက်နေ့က တွေ့ရတာပါ။ ဒီအခမ်းအနားကို ဧည့်သည်ရာနဲ့ချီတက်ရောက်ပြီး သေနတ်ကိုင်ဆောင်ထားတဲ့ တာလီဘန်တပ်သားတွေကိုလည်း တွေ့ရပါတယ်။
ရုရှားနိုင်ငံနဲ့ တရုတ်နိုင်ငံအကြား ကုန်သွယ်မှု၊ ကုန်ပစ္စည်းစီးဆင်းမှုတွေ တိုးပွားလာဖို့ရှိတယ်လို့ ရုရှားနိုင်ငံက ဧပြီလကပဲ ပြောသွားပြီး ၂၀၂၄ ခုနှစ်မှာ ၂ နိုင်ငံကြားကုန်သွယ်မှု ပမာဏ ဒေါ်လာ သန်း ၂ သိန်း (၂ ဘီလျံ) ရှိလာမယ်လို့ ဆိုပါတယ်။
နောက်ထပ်ကြည့်ရှုရန်