တောင်ကိုရီးယားနိုင်ငံမှာ ထရပ်ကားမောင်းတဲ့သူတွေက လစာတိုးပေးဖို့ အစိုးရကို တောင်းဆိုဆွေးနွေမှုတွေ မအောင်မြင်ဖြစ်ခဲ့ပြီးတဲ့နောက်၊ ထရပ်ကားမောင်းတဲ့သူတွေဟာ ၆ ရက်မြောက်နေ့အဖြစ်နဲ့ ဒီနေ့မှာလည်း ဆက်ပြီးတော့ ဆန္ဒပြခဲ့ကြပါတယ်။
ထိုင်ဝမ်အနေနဲ့ ချစ်ကြည်ရင်းနှီးမှုကို ပြသတဲ့အနေနဲ့ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးကို တံခါးပိတ်မထားလိုဘဲ၊ စေ့စပ်ဆွေးနွေးလိုတဲ့ ဆန္ဒရှိတယ်လို့ ထိုင်ဝမ်ဝန်ကြီးချုပ် Su Tseng-chang က ဒီနေ့ ပြောလိုက်ပါတယ်။
သီရိလင်္ကာနိုင်ငံက ရုရှားဆီမှ ရေနံဝယ်ရမယ့် အခြေအနေကို ရောက်နေကြောင်း၊ အသစ်ခန့်လိုက်တဲ့ သီရိလင်္ကာဝန်ကြီးချုပ် ဝစ်ကရယ်မယ်ဆင်ဂေး (Ranil Wickremesinghe) က ပြောပါတယ်။
အမေရိကန်ပြည်ထောင်စုဟာ အာရှပစိဖိတ်ဒေသမှာရှိတဲ့ နိုင်ငံတွေရဲ့ ထောက်ခံမှုတွေကို အတင်းအဓမ္မရယူပြီး၊ တရုတ်အစိုးရနဲ့ ရန်တိုက်ပေးဖို့ ကြိုးစားနေတယ်လို့ တရုတ်ကာကွယ်ရေးဝန်ကြီးက စွပ်စွဲလိုက်ပါတယ်။
အိန္ဒိယ အာဏာရပါတီရဲ့ တာဝန်ရှိသူ ၂ ဦးက မူဆလင်တို့ရဲ့ တမန်တော် မိုဟာမက် အကြောင်း ထိပါးပြောဆိုခဲ့ပြီးနောက် သောကြာနေ့က နိုင်ငံ အရှေ့ပိုင်းမှာ ဟိန္ဒူနဲ့ မူဆလင်ကြား ထိပ်တိုက် ပဋိပက္ခတွေ ဖြစ်ခဲ့တာမှာ ဆယ်ကျော်သက် ၂ ဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က စနေနေ့မှာ ပြောပါတယ်။
စင်ကာပူနိုင်ငံမှာ ကျင်းပနေတဲ့ ရှန်ဂရီလာ လုံခြုံရေးဆိုင်ရာ ထိပ်သီးအစည်းအဝေးမှာ မြန်မာ့အရေး အဖြေရှာနိုင်ဖို့ ရည်ရွယ်ပြီး “Myanmar: Finding A Way Forward at the Shangri-La Dialogue” ဆိုတဲ့ ခေါင်းစဉ်နဲ့ စနေနေ့က ဆွေးနွေးကြပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း အကျပ်အတည်းတွေ ကြုံနေရတဲ့ မြန်မာနိုင်ငံ အခြေအနေဟာ ဒေသတွင်းကိုပါ ရိုက်ခတ်မယ့် အန္တရာယ်တွေ ရှိနေတာကြောင့် နိုင်ငံတကာက အမြန်ဆုံး တုံ့ပြန်ဖြေရှင်းကြဖို့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က တိုက်တွန်းလိုက်ပါတယ်။
ထိုင်းမြန်မာနယ်စပ် စစ်ဆေးရေးဂိတ်မှာ တရားမဝင် မြန်မာတွေကို သယ်ဆောင်လာတဲ့ ကားတစီးဟာ စစ်ဆေးမူကို မခံပဲ မောင်းပြေးတာကြောင့် ထိုင်းလုံခြုံရေးတပ်ဖွဲ့တွေက နောက်ကနေ လိုက်လံပစ်ခတ် ဖမ်းဆီးမူဖြစ်ခဲ့ပြီး ကားပေါ်မှာပါလာတဲ့ မြန်မာ၉ဦး ဖမ်းခံရပါတယ်။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။
မြန်မာစစ်ကောင်စီက နောက်နှစ်ထဲကျင်းပဖို့ ပြင်နေတဲ့ ရွေးကောက်ပွဲတွေမှာ လွတ်လပ်မျှတမှာ မဟုတ်ဘူးလို့ အမေရိကန်နိုင်ငံခြားရေးဌာန အတိုင်ပင်ခံ Derek Chollet က ပြောဆိုလိုက်ပါတယ်။
အမေရိကန်ကာကွယ်ရေးဝန်ကြီးအနေနဲ့ တရုတ်ကာကွယ်ရေးဝန်ကြီးနဲ့တွေ့အပြီးမှာ၊ တရုတ်ရဲ့ရန်လိုမူတွေကနေ အာရှနိုင်ငံတွေကို ကာကွယ်ပေးမယ်လို့ ကတိပေးလိုက်ပါတယ်။
မြန်မာစစ်ကောင်စီခေါင်းဆောင်အနေနဲ့ အတိုက်အခံတွေကို သေဒဏ်စီရင်ဖို့ ပြင်ဆင်နေတာကို ပြန်စဉ်းစားဖို့ အာဆီယံဥက္ကဋ္ဌ ကမ်ဘောဒီးယား ဝန်ကြီးချုပ်က တောင်းဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ကမ္ဘောဒီးယား ဒုတိယနိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ခွန်းဟာ သူ့ရဲ့ ဒုတိယအကြိမ် ခရီးစဉ်အဖြစ် မြန်မာနိုင်ငံကို လာမယ့် ဇွန်လ ၂၉ ရက်နဲ့ ၃၀ ရက်နေ့တွေမှာ လာရောက်ဖို့ ရှိနေပါတယ်။
ဘိုလီးဗီးယားနိုင်ငံ သမ္မတဟောင်း Jeanine Anez ကို ၂၀၁၉ ခုနှစ်တုန်းက အာဏာသိမ်းယူမှုနဲ့ ထောင်ဒဏ် (၁၀) နှစ် အပြစ်ပေးလိုက်ပါတယ်။ အကြမ်းဖက်ဆန္ဒပြမှုတွေကြောင့် သမ္မတ Evo Morales ရာထူးက နုတ်ထွက်ပြီး၊ ပြည်ပထွက်ပြေးရတဲ့နောက်၊ ၂၀၁၉ ခုနှစ်မှာ သူမ အာဏာယူလိုက်တာပါ။
စင်ကာပူနိုင်ငံမှာ ကျင်းပနေတဲ့ Shangri-La Dialogue အာရှဒေသလုံခြုံရေးဆိုင်ရာ အစည်းအဝေးမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အကျပ်အတည်းတွေ ကြုံနေရတဲ့ မြန်မာ့အရေးကိုလည်း ထည့်သွင်းဆွေးနွေး ကြပါတယ်။ နယူးယောက် Cornell တက္ကသိုလ်က မြန်မာသုတေသီ ကိုနေယံဦးကို ကိုဝင်းမင်းက ဆက်သွယ်မေးမြန်း ထားပါတယ်။
မကြာသေးခင်က ထုတ်ပြန်လိုက်တဲ့ ကမ္ဘာ့ဘဏ်ရဲ့ ကမ္ဘာတဝှမ်း စီးပွားရေး အခြေအနေ သုံးသပ်ချက် ၄ လပတ် အစီရင်ခံစာမှာ မြန်မာနိုင်ငံကို ချန်လှပ်ထားခဲ့ပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့တဲ့ သတင်းကိုတော့ ကိုခင်မောင်စိုးမင်း ပြောပြပေးမှာ ဖြစ်ပါတယ်။
စစ်ကိုင်းတိုင်း ကနီမြို့နယ်ထဲက ကျေးရွာတွေမှာ စစ်ကောင်စီက နယ်မြေရှင်းလင်းရေးလုပ်ခဲ့တဲ့ ၁ လလောက်အတွင်း အရပ်သား ၇ ဦး သေဆုံးခဲ့ပြီး နေအိမ် ၁ ထောင်ကျော် မီးလောင် ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ ရန်ကုန်ကပေးပို့လာတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းက အခြေအနေတွေကို ကိုရဲမွန် ကပြောပြပါမယ်။
လေယာဉ်၊ ဒရုန်းနဲ့ ဒုံးကျည်တွေရန်ကကာကွယ်ဖို့အတွက် ဇွန်လ ၉ ရက်နေ့က ပိုလန်နိုင်ငံမှာ နေတိုးတပ်ဖွဲ့ဝင်တွေ လေကြောင်းကာကွယ်ရေး လေ့ကျင့်ရေးဆင်းခဲ့ပါတယ်။ ဒါဟာ Ramstein Legacy 2022 လို့နာမည်ပေးထား စစ်ရေးလေ့ကျင့်မှုရဲ့ အစိတ်အပိုင်းတခုဖြစ်ပြီး တကယ့်ကျည်အစစ်တွေကို အသုံးပြုခဲ့တာဖြစ်ပါတယ်။
စီပွားရေးအကြပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့ သီရိလင်္ကာနိုင်ငံမှာ အစိုးရသစ်ရဲ့ ဥပဒေတွေကို သပိတ်မှောက်တဲ့အနေနဲ့ လျှပ်စစ်ရုံးဝန်ထမ်းတွေ အလုပ်မဆင်းတော့တာကြောင့် ဇွန်လ ၉ ရက်နေ့ကစပြီး နိုင်ငံအနှံ့ လျှပ်စစ်မီးပြတ်တောက်တာနဲ့ ရင်ဆိုင်နေရပါတယ်။
တာဝေးပစ် ဒုံးလက်နက်တွေနဲ့ မစ်ဇိုင်းဒုံးတွေ လတ်တလော စမ်းသပ်ပစ်လွှတ်နေတဲ့ မြောက်ကိုရီးယား နိုင်ငံကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ ထပ်ပြီးချမှတ်ရေး ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ပြဌာန်းချက်ကို ဗီတိုအာဏာသုံးပယ် ချခဲ့တဲ့အကြောင်းရင်းရှင်းပြဖို့ တရုတ်နဲ့ ရုရှားကို ကုလသမဂ္ဂက ဗုဒ္ဓဟူးနေ့မှာ ဆင့်ခေါ်ခဲ့ပါတယ်။
ကုလသမဂ္ဂ လူ့အခွင့်အရေးမဟာမင်းကြီး Michelle Bachelet ဟာ တရုတ်ပြည်ခရီးစဉ်အတွင်း တရုတ်အစိုးရ ကျူးလွန်ထားတဲ့ မတရားမှုတွေကို ထိထိရောက်ရောက်ဖေါ် ထုတ်ခြင်းမရှိဘဲ ဖုန်းကွယ်ခဲ့တဲ့အတွက်ဆိုကာ ရာနဲ့ချီတဲ့ လူ့အခွင့်အရေး လှုပ်ရှားတဲ့ အဖွဲ့တွေက မဟာမင်းကြီး နုတ်ထွက်ပေးဖို့ ဗုဒ္ဓဟူးနေ့က တောင်းဆိုလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်