အာရှ ခရီးစဉ်အဖြစ် တောင်ကိုရီးယားနဲ့ ဂျပန်ကို ၆ ရက် သွားရောက်နေတဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ဟာ တနင်္ဂနွေနေ့မှာ ဂျပန်နိုင်ငံကို ရောက်ရှိသွားပြီဖြစ်ပြီး တိုကျို မြို့လယ်မှာတော့ ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေက ဒီခရီးစဉ်ဟာ အာရှ- ပစိဖိတ်ဒေသငြိမ်းချမ်းရေးကို အနှောက်အယှက်ဖြစ်တယ်လို့ ပြောပြီး ကန့်ကွက်ခဲ့ကြပါတယ်။
ယူကရိန်းနိုင်ငံကို ရောက်နေတဲ့ ပိုလန်သမ္မတ Andrzej Duda ဟာ တနင်္ဂနွေနေ့က ယူကရိန်းလွှတ်တော်မှာ မိန့်ခွန်းပြောကြားခဲ့တာ ဖြစ်ပြီး၊ ၃လကြာနေပြီဖြစ်တဲ့ ရုရှားရဲ့ ကျူးကျော်စစ်အဆုံးသတ်စေဖို့ ယူကရိန်းက သူ့နယ်မြေတချို့ကို ပေးအပ်ဖို့ အကြံပြုချက်တွေ အတွက် ခါးခါးသီးသီး ငြင်းပယ်လိုက်ပါတယ်။
ပြင်သစ်အိုးပင်း Grand Slam တင်းနစ်ပြိုင်ပွဲ တွေကို ကိုဗစ် စည်းကမ်းချက်တွေ ကန့်သတ် မထားတော့ပဲ တနင်္ဂနွေနေ့က ပဲရစ်မြို့ Roland Garros ကွင်းမှာ ပြန်လည် စတင် ကစားခဲ့ကြပါတယ်။
စီးပွားရေး အကျပ်အတည်းကြောင့် ဆန့်ကျင်ဆန္ဒပြမှုတွေနဲ့ ကြုံနေရတဲ့ သီရိလင်္ကာနိုင်ငံမှာ လောင်စာ ဆီပြတ်လတ်မှုကြောင့် ကျောင်းတွေပိတ်ပြီး၊ ဝန်ထမ်းတွေကိုလည်း အလုပ်မဆင်းဖို့ အစိုးရက သောကြာနေ့ကပဲ အမိန့်ထုတ်လိုက်ပါတယ်။
ယူကရိန်းအရှေ့ပိုင်းမှာ တိုက်ခိုက်မှုတွေ အရှိန်မြှင့်နေတဲ့ ရုရှားတပ်တွေက ရော့ကက်လောင်ချာတွေ လေယာဉ်တွေပါသုံးပြီး Donetsk နဲ့ Luhansk ဒေသတွေက လူနေရပ်ကွက်တွေကို ပစ်ခတ်တိုက်ခိုက်နေတာကြောင့် အိမ်မီးလောင်တာတွေ၊ အရပ်သားသေဆုံးမှုတွေ တိုးလာနေတယ်လို့ ယူကရိန်းအရပ်ဘက်နဲ့ စစ်ဘက်အရာရှိတွေက ပြောပါတယ်။
အမေရိကန် သမ္မတဂျိုးဘိုင်ဒန်က အာရှခရီးစဉ်အဖြစ် တောင်ကိုရီးယားနဲ့ ဂျပန်ကို သွားရောက်နေချိန်မှာပဲ အငြင်းပွါးနေတဲ့ တောင်တရုတ်ပင်လယ်ပြင်ထဲမှာ တရုတ်က စစ်ရေးလေ့ကျင့်မှု လုပ်ဆောင်လိုက်ပါတယ်။
ယူကရိန်းနိုင်ငံ ကိယက်ဗ်မြို့မှာ ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလအတွင်း ရုရှားထိုးစစ်ကြောင့် ၃လအကြာပိတ်ထားခဲ့ရတဲ့ အမေရိကန်သံရုံးကို မေလ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့မှာ ပြန်လည်ဖွင့်လှစ်လိုက်ပြီး လုပ်ငန်းတာဝန်များကို စတင်ဆောင်ရွက်နေပြီဖြစ်ပါတယ်။
အမေရိကန် ပြည်ထောင်စုကို ရောက်ရှိနေတဲ့ NUG ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် ဟာ ထိပ်တန်း ရီပတ်ဘလစ်ကန် အထက်လွှတ်တော်အမတ် 7အပါအဝင် ပါတီကြီး ၂ ခုက လွှတ်တော်အမတ်တချို့နဲ့ တွေ့ဆုံပြီး စစ်ကောင်စီအပေါ် အရေးယူဒဏ်ခတ်မှုတွေ တိုးမြှင့်ဖို့ ဆွေးနွေးခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
ယူကရိန်းကို ရုရှားက ကျုးကျော်စစ် စတင်ခဲ့တာ ၃ လလောက် အကြာမှာပဲ ပထမဆုံး စစ်ရာဇဝတ်မှုအဖြစ် လက်နက်မဲ့ ယူကရိန်း အရပ်သားတဦးကို သတ်ဖြတ်မှုနဲ့ စွပ်စွဲခံထားရတဲ့ အသက် ၂၁ နှစ်အရွယ် ရုရှားစစ်သားက ဗုဒ္ဓဟူးနေ့မှာပဲ အပြစ်ရှိကြောင်း ဝန်ခံလိုက်ပါတယ်။
ဧပြီလကုန်ပိုင်းကတည်းက ကူးစက်မြန်အိုမီခရွန်ကိုဗစ်မျိုးကွဲ ကူးစက်ပျံ့နှံ့တဲ့ မြောက်ကိုရီးယားမှာ မေလ ၁၈ ရက် ဗုဒ္ဓဟူးနေ့ ထုတ်ပြန်ချက်အရ ဖျားနာသူအသစ် ၂၃၂,၈၈၀၊ နောက်ထပ် သေဆုံးသူ ၆ ဦး ရှိပါတယ်။
ရုရှားတို့ဘက်က သိမ်းထားပြီဖြစ်တဲ့ မယ်ရီယူးပေါ်မြို့က အဇော့စတယ် သံမဏိစက်ရုံမှာ ခံတိုက်နေတဲ့ စစ်သားတွေ တနင်္လာနေ့ ကတည်းက လက်နက်ချပြီး စတင်ထွက်ခွာနေပါပြီ။ ယူကရိန်းတပ်မှူးတွေတော့ စက်ရုံအောက်လှိုဏ်ခေါင်းတွေထဲမှာ အခုထိ (မေ ၁၈) ဆက်ပြီးခုခံနေဆဲ ရှိပါတယ်။
ယူကရိန်းနိုင်ငံ Mariupol ဆိပ်ကမ်းမြို့က ကြံ့ကြံ့ခံတိုက်နေတဲ့ ရာနဲ့ချီတဲ့ ယူကရိန်းတပ်တွေဟာ စေ့စပ်ညှိနှိုင်းမှုတွေ လုပ်ခဲ့ပြီးနောက် ရုရှားတပ်တွေထံ လက်နက်ချခဲ့ကြပြီး သူတို့ခြေကုပ်ယူခဲ့တဲ့ သံမဏိစက်ရုံကို လက်လွှတ်ဖို့ ပြင်ဆင်နေတာကြောင့် မြို့တခုလုံး ရုရှားတပ်တွေလက်ထဲ ကျလုဆဲဆဲ အခြေအနေကို ရောက်နေပါပြီ။
China Eastern တရုတ်လေကြောင်းလိုင်းရဲ့ မတ်လထဲ ပျက်ကျခဲ့တဲ့ လေယာဉ်က အလိုအလျောက် မှတ်တမ်းတင်ထားတဲ့ Black Box အချက်အလက်တွေအရ လေယာဉ်မှူး ခေါင်းခန်းထဲမှာ ရှိနေတဲ့သူ တယောက်ယောက်က တမင်သက်သက် လေယာဉ်ကို ထိုးချရာက ပျက်ကျခဲ့ပုံရကြောင်း Wall Street Journal သတင်းက အင်္ဂါနေ့မှာပဲ ဖော်ပြခဲ့ပါတယ်။
အမေရိကန် ပြည်ထောင်စု နယူးယောက် ပြည်နယ် Buffalo မြို့မှာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းက ဆယ်ကျော်သက် လူဖြူ သေနတ်သမားက ကုန်စုံဆိုင်တခု အတွင်း ပစ်ခတ်မှုကြောင့် လူမည်း ၁၀ ဦး သေဆုံးခဲ့ရမှုဟာ ပြည်တွင်း အကြမ်းဖက် ဝါဒ ဖြစ်တယ်လို့ အမေရိကန် သမ္မတ Joe Biden က အင်္ဂါနေ့မှာ ပြောဆိုပါတယ်။
အသက် ၅ နှစ်ကနေ ၁၁ နှစ်အရွယ် ကျန်းမာရေး ကောင်းတဲ့ ကလေးငယ်တွေကို ကိုဗစ်ရောဂါ ကာကွယ်ဆေး အားဖြည့်ဆေး နောက်တလုံးထိုးဖို့ အမေရိကန် ကျန်းမာရေး တာဝန်ရှိသူတွေက အင်္ဂါနေ့မှာပဲ ခွင့်ပြုလိုက်ပါတယ်။
▶️ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်နဲ့ ဇနီးဂျေးလ်ဘိုင်ဒန်တို့ဟာ နယူးယောက်ပြည်နယ် ဘဖ်ဖဲလိုမြို့က Tops ဈေးဝယ်စင်တာရှေ့ ခင်းကျင်းထားတဲ့ သေနတ်ပစ်ခတ်မှုကြောင့် သေဆုံးသွားသူတွေအတွက် အထိမ်းအမှတ်နေရာမှာ မေလ ၁၇ရက်နေ့က အမှတ်တရပန်းစည်းလာရောက်ထားရှိခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စု တောင်ပိုင်းကယ်လီဖိုးနီးယားပြည်က ခရစ်ယာန်ဘုရားကျောင်းတခုမှာ မေလ ၁၅ရက်နေ့က သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့လို့ အနည်းဆုံး လူ ၁ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရသွားပါတယ်။ ပစ်ခတ်မှုအတွက် သံသယရှိသူကိုလည်း ဖမ်းဆီးထိန်းသိမ်းထားကြာင်း အာဏာပိုင်တွေကဆိုပါတယ်။
ပြီးခဲ့တဲ့ တနင်္ဂနွေ မေလ ၁၅ ရက်နေ့မှာ ကျရောက်ခဲ့တဲ့ ဗုဒ္ဓနေ့အထိမ်းအမှတ် မီးအိမ် သိန်းချီထွန်းညှိပူဇော်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ကဆုန်လပြည့်နေ့ မေလ ၁၄ ရက်နေ့မှာ ဗုဒ္ဓနေ့အဖြစ် ဆင်နွှဲတာဖြစ်ပြီး နိုင်ငံအသီးသီးမှာ နေ့ရက် ကွာခြားမှုရှိပါတယ်။
ရုရှားတပ်တွေကို ခုခံနေတဲ့ ယူကရိန်းတပ်တွေ ရက် ၈၀ ကျော် တပ်စွဲထားတဲ့ မယ်ရီယူးပေါ်မြို့၊ အဇော့စတယ်လ် သံမဏိစက်ရုံပေါ်ကို အမျိုးအမည်မသိရတဲ့ ခဲယမ်းတွေကျဲချ တိုက်ခိုက်ခဲ့ပါတယ်။
တနင်္လာနေ့ညက လအပြည့်ကြပ်တာကို ဥရောပ၊ အာဖရိကနဲ့ အမေရိကား ဒေသတချို့ကနေ မြင်ခဲ့ကြရပါတယ်။ မနက် ၄း၃၀ မှာ စ တာ ဖြစ်ပြီး နောက်တနာရီအကြာမှာ လ အပြည့်ကြပ်သွားတာပါ။ ဒီလကြပ်တာကို စပိန်တနိုင်ငံလုံးက မြင်ရပြီး ဒီလို လအပြည့်ကြပ်တာကို စပိန်မှာ ၂၀၂၅ မှ နောက်တခေါက်မြင်ရတော့မှာပါ။
နောက်ထပ်ကြည့်ရှုရန်