မြောက်ကိုရီးယားမှာ အခု လူပေါင်း ထောင်သောင်းချီ ကိုဗစ်လက္ခဏာတွေပြနေပြီး သေဆုံးမှုလည်းရှိတယ်လို့ နိုင်ငံပိုင်သတင်းမီဒီယာက ကြေညာခဲ့ပြီး တနိုင်ငံလုံး ကန့်သတ်ထိန်းချုပ်မှုတွေ တင်းတင်းကြပ်ကြပ်လုပ်ဆောင်နေပါတယ်။ ကိုဗစ်ကူးစက်မှု ထိန်းချုပ်ရေးအတွက် နိုင်ငံရေးဦးဆောင်အဖွဲ့လည်း စည်းဝေးခဲ့တာပါ။
အမေရိကန် ပြည်ထောင်စု ဝါရှင်တန်ဒီစီ မြို့တော်မှာ ကျင်းပခဲ့တဲ့ ၂ ရက်ကြာ အမေရိကန်၊ အာဆီယံ ထိပ်သီး အစည်းအဝေးပွဲအပြီး ထုတ်ပြန်တဲ့ အချက် ၂၇ ချက်ပါ ပူးတွဲကြေညာချက်မှာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အချက် ၂၆ မှာ အောက်ပါအတိုင်း ဖော်ပြထားပါတယ်။
ထိုင်းမလေးနယ်စပ် ဆုံခလာပြည်နယ်ထဲမှာ မလေးရှားကို ခိုးဝင်ဖို့ကြိုးစားတဲ့ မြန်မာ၃၆ယောက်ကို မေလ၁၂ရက်နေ့က ဖမ်းမိခဲ့ပါတယ် ။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာ က သတင်းပေးပု့ိထားပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ်မှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတို့ တိုက်ပွဲတွေဖြစ်ပွားပြီး နေအိမ်တွေမီးရှို့ခံခဲ့ရပါတယ်။ ရန်ကုန်ကပေးပို့လာတဲ့သတင်းကို ကိုရဲမွန် က ပြောပြပါမယ်။
အာဆီယံနိုင်ငံတွေနဲ့ တသားတည်းရှိကြောင်း ပြသမှုလို့ မြင်ကြတဲ့ ဝါရှင်တန်ဒီစီက အမေရိကန်-အာဆီယံ ထိပ်သီးအစည်းဝေး နောက်ဆုံးနေ့ ဖြစ်တဲ့ သောကြာနေ့မှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က အမေရိကန်-အာဆီယံ ဆက်ဆံရေးခေတ်သစ်ကို ရောက်လာပြီဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။
အမေရိကန်- အာဆီယံ ထိပ်သီးအစည်းဝေး ဒုတိယနေ့ဖြစ်တဲ့ သောကြာနေ့မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Anthony Blinken နဲ့ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေ တွေ့ဆုံရာမှာ မြန်မာ့အရေးကိုလည်း အလေးထား ပြောဆိုသွားပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းခဲ့တဲ့ အခြေအနေတွေကို ပြသတဲ့အနေနဲ့ ဝါရှင်တန်မှာ ကြာသပတေးနေ့က စတင်လိုက်တဲ့ အမေရိကန်၊ အာဆီယံ ထိပ်သီးအစည်းအဝေးမှာ မြန်မာနိုင်ငံအတွက် ထိုင်ခုံနေရာ အလွတ်ထားဖို့ ၂ ဖက်ခေါင်းဆောင်တွေ လက်ခံခဲ့ကြတယ်လို့ အမေရိကန် အမျိုးသား လုံခြုံရေးကောင်စီ ပြောခွင့်ရက ပြောဆို ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ သူနာပြုတွေ အလုပ်လုပ်ရတဲ့ အခြေအနေ ပိုကောင်းမွန်အောင် ဖန်တီးပေးဖို့နဲ့ ကိုဗစ်-၁၉ ကပ်ဘေးကြီးအတွင်း အသက်ဆုံးရှုံးခဲ့ရတဲ့ ကျန်းမာရေးစောင့်ရှောက်မှု ဝန်ထမ်းတွေကို အောက်မေ့သတိရဖို့ ဝါရှင်တန်မြို့တော်မှာ မေလ ၁၂ က သူနာပြုတွေ တောင်းဆို ချီတက်ခဲ့ကြပါတယ်။
ဥရောပကို ရုရှားက သဘာဝဓာတ်ငွေ့ တင်ပို့နေတဲ့ လမ်းကြောင်းတခုကို ပိတ်လိုက်ကြောင်း ယူကရိန်းက ဗုဒ္ဓဟူးနေု့မှာပဲ ကြေညာလိုက်ပါတယ်။
စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီတပ်တွေရဲ့နယ်မြေရှင်းလင်းမှုစစ်ဆေးရေးအတွက် ဝက်လက်မြို့နယ်နဲ့ ယင်းမာပင် မြို့နယ်က ကျေးရွာတချို့ကို မီးရှို့ဖျက်ဆီးတာတွေ ဆက်လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီအကြောင်းရန်ကုန်က သတင်းပေးပို့ထားတာ ကိုခင်မောင်စိုးမင်း က ပြောပြပါလိမ့်မယ်။
ကမ္ဘောဒီးယားနိုင်ငံမှာ မဲခေါင်မြစ်ထဲ အရွယ်အစားကြီးမားတဲ့ ရေချိုငါးလိပ်ကျောက်ကြီးဖမ်းမိလို့ ပြန်လွှတ်ပေးလိုက်ပါတယ်။ အရှေ့တောင်အာရှဒေသမှာ အရှားပါးဆုံး၊ အကြီးအမားဆုံးငါးအမျိုးအစားထဲမှာပါဝင်ပြီး တခြားငါးတွေထောင်တဲ့ ချိတ်မှာ မေလ ၅ ရက်နေ့က မတော်တဆ မိလာခဲ့တာဖြစ်ပါတယ်။
အမေရိကန်အရှေ့ဘက်ကမ်း အတ္တလန္တိတ်သမုဒ္ဒရာ ကမ်းရိုးတန်း ကမ်းနားက အိမ် ၂ အိမ် ရေထဲပါသွားခဲ့ပါပြီ။ လူမနေတဲ့ အိမ် ၂ အိမ်ဖြစ်ပြီး အဲဒီ အနီးတဝှိက်ကို အမေရိကန် သဘာဝဥယာဉ် ထိန်းသိမ်းရေးဌာနက ပိတ်ထားလိုက်ပါတယ်။ ဒါဟာ ဒီနှစ်အတွင်း ကမ်းခြေကအိမ်တွေ ရေထဲပါသွားတာ ၃ လုံး မြောက်အိမ်ဖြစ်ပါတယ်။
စစ်ကောင်စီကို ဖိအားပေးရေး၊ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို အပြည့်အ၀ အကောင်အထည် ဖော်နိုင်ရေး အာဆီယံရဲ့ အရေးပေါ် ကြိုးပမ်း ဆောင်ရွက်မှုတွေ အပေါ်မှာ အမေရိကန်က ဆက်လက် ထောက်ခံကြောင်း အမေရိကန် နိုင်ငံခြားရေး ဌာန ပြောခွင့်ရက အင်္ဂါနေ့မှာ ပြောဆိုပါတယ်။
ယူကရိန်းကို ရုရှားဝင်ရောက် ကျူးကျော်တာကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးလာကြတဲ့ ဒုက္ခသည်ပြဿနာကို ကိုယ်တိုင်ဆန်းစစ်ကြည့်ရှုဖို့ အမေရိကန်သမ္မတကတော် ဂျေးလ်ဘိုင်ဒန်ဟာ သောကြာနေ့ကစပြီး ၄ ရက်ကြာ ဥရောပ ခရီးထွက်ခွါသွားပြီ ဖြစ်ပါတယ်။
ယူကရိန်းအရှေ့တောင်ပိုင်းက ရုရှားတပ်သားတွေ ဝိုင်းထားတဲ့ Mariupol မြို့က သံမဏိစက်ရုံဝင်းရဲ့ မြေအောက်လှိုဏ်ခေါင်းတွေထဲမှာ ရှိတဲ့ ဒေသခံအရပ်သား နောက်ထပ် အယောက် ၅၀ ကို သောကြာနေ့က ကယ်ထုတ်နိုင်ခဲ့တယ်လို့ ယူကရိန်းဒုတိယဝန်ကြီးချုပ် Iryna Vereshchuk က ပြောပါတယ်။
ရှေ့သီတင်းပတ်ထဲ ဝါရှင်တန် ဒီစီမှာ ကျင်းပမယ့် အမေရိကန်၊ အာဆီယံ ထိပ်သီး အစည်းအဝေးမှာ မြန်မာ့အရေး ဆွေးနွေးဖို့ မျှော်လင့်ထားကြပေမဲ့ ထူးခြားတဲ့ ရလဒ်တွေ ထွက်ပေါ်နိုင်ပါ့မလား ဆိုတာကိုတော့ အကဲခတ်တွေ သံသယ ရှိနေကြပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို အဂတိလိုက်စားမှုနဲ့ ထောင်ဒါဏ် ၅ နှစ်ချခဲ့တဲ့အပေါ် အယူခံတင်သွင်းခဲ့တာကို တရားရုံးချုပ်က ဗုဒ္ဓဟူးနေ့မှာ ပယ်ချခဲ့ပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဗုဒ္ဓဟူးနေ့က ကိုဗစ် ၁၉ စစ်ဆေးခဲ့ရာ ကိုဗစ်ပိုးကူးဆက်ခံထားရကြောင်းတွေ့ရှိခဲ့ရတဲ့အတွက် သူ့ရဲ့လုပ်ငန်းဆောင်တာတွေကို အွန်လိုင်းကနေတဆင့် ဆောင်ရွက်ဖို့ ပြောင်းလဲစီစဉ်ထားကြောင်း အမေရိကန်နိုင် ငံခြားရေးဝန်ကြီးဌာနကပြောဆိုပါတယ်။
ရုရှားအပေါ် တိုးမြှင့်ဒဏ်ခတ် အရေးယူဖို့ ဒီသီတင်းပတ်ထဲ ကမ္ဘာ့စက်မှုထိပ်သီး ၇ နိုင်ငံ (G-7) ခေါင်းဆောင်တွေ ဆွေးနွေးမှာ ဖြစ်ပါတယ်။ ပိတ်ဆို့ဒဏ်ခတ်မှုတွေ ထပ်မံချမှတ်နိုင်ရေး G-7 ခေါင်းဆောင်တွေ တွေ့ဆုံရာမှာ ဆွေးနွေးမယ့်အကြောင်း ဗုဒ္ဓဟူးနေ့မှာပဲ အမေရိကန်သမ္မတ Joe Biden သတင်းထောက်တွေကို ပြောခဲ့တာပါ။
အမေရိကန်မှာ ကိုယ်ဝန်ဖျက်ချခွင့်ကို တရားဝင်ခွင့်ပြုခဲ့တဲ့ ၁၉၇၃ ခုနှစ်က Roe နဲ့ Wade တို့ရဲ့ အမှုအပေါ် သမိုင်းဝင် ဆုံးဖြတ်ချက်ကို ပယ်ဖျက်လိုကြောင်း တရားရုံးချုပ်က ပေါက်ကြားခဲ့တဲ့ သဘောထား မူကြမ်းအပေါ် သမ္မတ Joe Biden က အစွန်းရောက်တဲ့ လုပ်ရပ်အဖြစ် ဝေဖန်လိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်