ထိုင်းနိုင်ငံပိုင် PTTEO ရေနံ ၊ သဘာဝဓာတ်ငွေ့ကုမ္ပဏီနဲ့ မလေးရှားအစိုးရပိုင် Petronas စွမ်းအင်ကုမ္ပဏီက မြန်မာနိုင်ငံတွင်း ရဲတံခွန် သဘာ၀ ဓာတ်ငွေ့စီမံကိန်းမှာ ရင်းနှီးမြှုပ်နှံ လုပ်ကိုင်နေတာတွေကနေ နှုတ်ထွက်ပြီလို့ သောကြာနေ့က ကြေညာသွားပါတယ်။
ထိုင်းမြန်မာနယ်စပ် တာ့ခ်ပြည်နယ် မဲဆောက်မြို့ကနေ မြန်မာနိုင်ငံ ကရင်ပြည်နယ် မြဝတီမြို့ဘက်ကို ဧပြီလ ၂၇ရက်နေ့က ပြည်တော်ပြန်၂၄၆ယောက်ကို ထိုင်းအာဏာပိုင်တွေကမြန်မာအာဏာပိုင်တွေထံလွဲှပြောင်းပေးခဲ့ပါတယ် ။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ် ။
ရခိုင်မြောက်ပိုင်းမှာ မကြာသေးခင်က လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားတဲ့ စစ်ဘေးဒုက္ခသည်တွေရဲ့ နေအိမ်တွေ ခုချိန်ထိ မပြင်နိုင်သေးတဲ့အတွက် နေထိုင်ဖို့ အခက်ကြုံနေကြတယ်လို့ စစ်ဘေးဒုက္ခသည်တွေက ပြောပါတယ်။ ရန်ကုန်ကလာတဲ့ သတင်း ကိုရဲမွန် ကတင်ပြပေးပါမယ်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်း အဖွဲ့ဝင် ၅ နိုင်ငံ အနေနဲ့ သူတို့ရဲ့ ဗီတိုအာဏာသုံး ကန့်ကွက်မှုတွေမှာ ပိုပြီး တာဝန်ယူ တာဝန်ခံကြဖို့ အရေး ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေက အင်္ဂါနေ့မှာ မဲခွဲ ဆုံးဖြတ်လိုက်ပါတယ်။
ဖမ်းဆီးခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒါ်အောင်ဆန်းစုကြည်အပေါ် စွဲချက်တင်ထားတဲ့ အဂတိလိုက်စားမှု တဒါဇင်နီးပါးထဲ က တမှုကို ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ စီရင်ချက်ချဖို့ စီစဉ်ထားပါတယ်
မလေးရှားနိုင်ငံ၊ Kedah ပြည်နယ်၊ ပီနန်မြို့က ယာယီလူဝင်မှုကြီးကြပ်ရေးဌာန ထိန်းသိမ်းရေးစခန်း ကနေ ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာ အယောက် ၁၀၀ နီးပါးကို ပြန်မမိသေးတဲ့အတွက် မလေးရှားအစိုးရက ဆက်လက်ရှာဖွေနေပါတယ်။ ဒီသတင်းကို ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက်မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
မနေ့က ကျရောက်တဲ့ မြေကမ္ဘာနေ့ Earth Day အထိမ်းအမှတ်အနေနဲ့ နိုင်ငံရဲ့ အကြီးဆုံး နဲ့ ရှေးအကျဆုံး သစ်ပင်တချို့ကို အကာအကွယ်ပေးဖို့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန် က လက်မှတ်ထိုးပြီး အမိန့်စာ ထုတ်ပြန်လိုက်ပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် Antonio Guterres ဟာ လာမယ့်အင်္ဂါ ဧပြီလ ၂၆ ရက်မှာ ရုရှားနိုင်ငံကို သွားရောက်ပြီး၊ ယူကရိန်းစစ်ပွဲ ငြိမ်းချမ်းရေးအတွက် သမ္မတ ပူတင် နဲ့ တွေ့ဆုံဆွေးနွေးဖို့ ရှိတယ်လို့ အတွင်းရေးမှုချုပ်ရဲ့ လက်ထောက်ပြောရေးဆို ခွင့်ရှိသူ Eri Kaneko က သောကြာနေ့ က ပြောဆိုလိုက်ပါတယ်။
ထိုင်းနိုင်ငံကိုလာရောက်တဲ့ COVID-19 ကာကွယ်ဆေးထိုးပြီးသား ခရီးသွားတွေအနေနဲ့ ရောက်တဲ့အချိန်မှာ COVID-19 စစ်ဆေးတာနဲ့ ရက်တို သီးခြားခွဲနေရမယ့် သတ်မှတ်ချက်တွေကို ရှေ့လကစပြီး ရုပ်သိမ်း ဖယ်ရှားတော့မယ်လို့ ထိုင်းတာဝန်ရှိသူတဦးက ဒီကနေ့ပြောပါတယ်။
အမေရိကန် လွှတ်တော်အမတ် Ilhan Omar ရဲ့ ကက်ရှ်မီးယား က ပါကစ္စတန် ထိန်းချုပ်ထားတဲ့ အပိုင်းကိ ု သွားရောက်မှုနဲ့ ကက်ရှ်မီးယားဒေသ အခြေနေကို အမေရိကန်အစိုးရက ပိုအာရုံစိုက်သင့်ကြောင်း ပြောကြားချက်တွေကြောင့် အိန္ဒိယဘက်က ချက်ချင်းပဲ တုန့်ပြန် ဝေဖန်လိုက်ပါတယ်။
အာဖဂန်နစ်စတန်နိုင်ငံ မြောက်ပိုင်း Balkh ပြည်နယ် မြို့တော် Mazar-e-Sharif က ရှီယာဗလီဝတ်ကျောင်းမှာ နေ့ခင်းပိုင်းဝတ်ပြုဆုတောင်းနေတဲ့ လူအုပ်ထဲ ဗုံးပေါက်ကွဲခဲ့တဲ့အတွက် ၁၇ ဦးထက်မနည်း သေဆုံးခဲ့ရပြီး ၅၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသဆိုင်ရာ တာလီဘန်အာဏာပိုင်တွေက ပြောပါတယ်။
ယူကရိန်းနိုင်ငံအတွက် အမေရိကန်က ကာကွယ်ရေးအကူအညီအဖြစ် နောက်ထပ် ဒေါ်လာ သန်း ၈၀၀ ပေးအပ်ဖို့ သမ္မတ Joe Biden ခွင့်ပြုလိုက်ပါတယ်။ ယူကရိန်းအရှေ့ပိုင်းမှာ ရုရှားတပ်တွေနဲ့ အပြင်းအထန် တိုက်ပွဲဖြစ်နေချိန် အကူအညီတွေ အရေးတကြီး လိုအပ်နေတာကြောင့် အထောက်အပံ့တွေ ထပ်မံပေးအပ်မှာဖြစ်ကြောင်းလည်း ပြောပါတယ်။
ယူကရိန်းတပ်ဖွဲ့တွေ နောက်ဆုံးခြေကုတ်ယူထားတဲ့ Mariupol မြို့က သံမဏိစက်ရုံရှိရာကို ရုရှားတပ်ဖွဲ့တွေ ထိခိုက်မှုကြီးမားအောင် ဝင်တိုက်မယ့်အစား ယင်တကောင်တောင် ပျံသန်းလို့မရအောင် တင်းတင်းကျပ်ကျပ်ပိတ်ဆို့ထားဖို့ သမ္မတ Vladimir Putin က ဒီကနေ့ ညွန်ကြားလိုက်ပါတယ်။
အရှေ့တီမောနိုင်ငံမှာ အင်္ဂါနေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲရလဒ်အရ အရှေ့တီမော လွတ်မြောက်ရေး ခေါင်းဆောင်ဟောင်း Jose Ramos Horta ဟာ ဒုတိယအကြိမ် သမ္မတဖြစ်လာမယ့် အလားအလာရှိနေပါတယ်။
ယူကရိန်း နိုင်ငံ အပေါ် ရုရှားရဲ့ ကျူးကျော်မှုကြောင့် ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးမှု နှေးကွေးသွားမယ်လို့ နိုင်ငံတကာ ငွေကြေး ရန်ပုံငွေ အဖွဲ့ IMF ရဲ့ အင်္ဂါနေ့ထုတ် အစီရင်ခံစာမှာ ဖော်ပြပါတယ်။
မြန်မာစစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က မြန်မာပြည်သူပြည်သားတွေစည်းလုံးညီညွှတ်မှုရှိကြဖို့ သတင်းစကားပါးလိုက်ကြောင်း နီးစပ်သူတွေကို ကိုးကားပြီးရိုက်တာသတင်းတရပ်မှာ ဖော်ပြထားပါတယ်။
နေပြည်တော် မဟာသင်္ကြန် အကျနေ့ မြင်ကွင်း (၀၄-၁၄-၂၀၂၂)
ပြင်သစ်မှာ တနင်္ဂနွေနေ့ ပထမအကြော့ ရွေးကောက်ပွဲ မဲရလာဒ်တွေအရ လက်ရှိသမ္မတ Emmanuel Macron နဲ့ လက်ယာစွန်းခေါင်းဆောင် Marine Le Pen တို့ ဧပြီလ ၂၄ ရက်နေ့ ဒုတိယအကြော့ ရွေးကောက်ပွဲမှာ ထပ်ပြီး ပြိုင်ဆိုင်ကြရမှာဖြစ်ပါတယ်။
ရုရှားကျူးကျော်စစ်ကို ခုခံနေရတဲ့ယူကရိန်းကိုထောက်ခံတဲ့အနေနဲ့ နယူးဇီလန်နိုင်ငံက C-130 Hercules လေယာဉ်ပျံနဲ့ စစ်ဝန်ထမ်း ၅၈ ယောက်ကို တနင်္လာနေ့ က စေလွှတ်လိုက်ပါတယ်။
ရုရှားစစ်တပ်ဟာ ယူကရိန်းအရှေ့ပိုင်းမှာ ပိုမိုကြီးမားတဲ့ထိုးစစ်ကို ဆင်နွှဲလိမ့်မယ် လို့ ယူကရိန်းသမ္မတ Volodymyr Zelenskyy က သတိပေးလိုက်ပြီး ယူကရိန်စစ်တပ်ကလည်း တန်ပြန်တိုက်ခိုက်ဖို့ အဆင့်သင့်ရှိလိမ့်မယ်လို့ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်