ယူကရိန်းနိုင်ငံမှာ လူအစုအဝေးလိုက်ရှိနေတဲ့ ရထားဘူတာရုံတခုကို ဒုံးကျည်နဲ့တိုက်ခိုက်တာကြောင့် လူအများအပြား သေဆုံး ဒဏ်ရာရခဲ့တာဟာ ရုရှားလက်ချက်ဖြစ်တယ်ဆိုပြီး ယူကရိန်းနဲ့ မဟာမိတ်တွေက ပြစ်တင်ရှုတ်ချနေကြပါတယ်။
ဂျပန်နဲ့ ဖိလစ်ပိုင် နှစ်နိုင်ငံကြား ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု နောက်ထပ်တိုးချဲ့ရေး ဆန်းစစ်သုံးသပ်သွားကြဖို့ ဒီကနေ့ သဘောတူလိုက်ကြပါတယ်။
ကုန်း၊ ရေနှစ်သွယ်မောင်းနှင်နိုင်တဲ့ယာဉ်တွေနဲ့ သယ်ပို့ရဟတ်ယာဉ်တွေ အသုံးပြုပြီး အမေရိကန်နဲ့ ဖီလစ်ပိုင် ကမ်းတက်တပ်သားတွေ ကျွန်းတကျွန်းကိုကာကွယ်ရေး စစ်ရေးလေ့ကျင့်နေတာကို မတ်လ ၃၁ရက်နေ့က တွေ့ရတာပါ။ ၂၀၁၅ ကစလို့ နှစ်နိုင်ငံ အကြီးမားဆုံး ပူးတွဲစစ်ရေးလေ့ကျင့်မှုကို တနင်္လာနေ့မှာ စတင်ခဲ့ကြတာပါ။
အမေရိကန်နိုင်ငံကို ရောက်နေတဲ့ စင်္ကာပူဝန်ကြီးချုပ်လီရှန်လွန်းနဲ့ သမ္မတဂျိုးဘိုင်ဒန်တို့ ဝါရှင်တန်ဒီစီက သမ္မတအိမ်ဖြူတော်မှာ တွေ့ဆုံပြီး လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေအပါအဝင် အာဆီယံ-အမေရိကန် ဆက်ဆံရေးနဲ့ ဒေသတွင်းအခြေအနေတွေကို မတ်လ ၂၉ ရက်နေ့က ဆွေးနွေးခဲ့ကြတာပါ။
ထိုင်းရေတပ်အတွက် တိုက်ခိုက်ရေး ရေငုပ်သင်္ဘောတစင်း တရုတ်က တည်ဆောက်ပေးနေတာမှာ လိုအပ်တဲ့ အဆင့်မြင့် အင်ဂျင်တွေပေးပို့ဖို့ ဂျာမနီနိုင်ငံက ငြင်းလိုက်တဲ့အတွက် တည်ဆောက်ရေးလုပ်ငန်းကို တရုတ်က ရပ်ထားလိုက်တယ်လို့ ထိုင်း ရေတပ် တာဝန်ရှိသူတဦးက အတည်ပြုပြောဆိုပါတယ်။
ယူကရိန်းမှာ ဝင်ရောက်တိုက်ခိုက်နေတဲ့ ရုရှားတပ်တွေဟာ ယူကရိန်းအရှေ့ပိုင်းကဒေသတွေကို ဦးစားပေးတိုက်ခိုက်တဲ့ အနေထားတွေ့နေရပြီး မြို့တော် Kyiv ကိုဦးတည်တဲ့ မြေပြင်ထိုးစစ်ဆင်မှုတွေ ကတော့ ရပ်တံ့နေတယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန အကြီးတန်းအရာရှိတဦးက ပြောပါတယ်။
သဘာဝဓါတ်ငွေ့အတွက် ကျသင့်ငွေကို ရုရှားငွေ ruble နဲ့ပဲ ပေးချေဖို့ ရုရှားဘက်က တောင်းဆိုမှုကို G 7 စက်မှုထိပ်သီး ၇ နိုင်ငံက ငြင်းပယ်လိုက်တယ်လို့ ဂျာမနီစွမ်းအင်ဆိုင်ရာ တာဝန်ခံ ဝန်ကြီး Robert Habeck က ပြောပါတယ်။
မြန်မာ Herald သတင်းသမား ရဲမျိုးထွန်းကို ချွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ဖို့နဲ့ သတင်းသမားတွေ သူတို့ အလုပ်တာဝန် သူတို့လုပ်ဆောင်တဲ့ အတွက် ဖမ်းဆီး ထောင်ချတာကို ရပ်ဆိုင်းဖို့ CPJ သတင်းသမားများကာကွယ်ရေး ကော်မတီက တောင်းဆိုလိုက်ပါတယ်။
ဖိလစ်ပိုင်နဲ့ အမေရိကန်ပြည်ထောင်စုတို့ဟာ ၂၀၁၅ ကစလို့ အကြီးမားဆုံး ပူးတွဲ စစ်ရေးလေ့ကျင့်မှုကို တနင်္လာနေ့မှာ စတင်ခဲ့ပါတယ်။ တရုတ်နဲ့ နွေးထွေးတဲ့ ဆက်ဆံမှု ပြသလိုတဲ့အတွက် ရပ်တန့်ထားတဲ့ အမေရိကန်နဲ့ လုံခြုံရေး ဆက်ဆံမှုတွေကို ဖိလစ်ပိုင်က တိုးတက်အောင် လုပ်လာကြောင်း ပြသလိုက်တာပါ။
မြန်မာ စစ်တပ်က ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ အကြမ်းဖက်မှုတွေကို သမ္မတ Joe Biden ရဲ့ အမေရိကန်အစိုးရက Genocide ခေါ် လူမျိုးတုံး သတ်ဖြတ်မှုနဲ့ လူသားမျုးိနွယ် အပေါ် ကျူးလွန်တဲ့ ဖြစ်ရပ်အဖြစ် တရားဝင် သတ်မှတ် ကြေညာလိုက်တဲ့ကိစ္စကို PHR လူ့အခွင့်အရေး သမားတော်များအဖွဲ့က ကြိုဆို လိုက်ပါတယ်။
ရုရှားက ယူကရိန်းကို ဝင်ရောက်တိုက်ခိုက်နေတာ တလကြာလာပြီးတဲ့နောက် ရေတိုနဲ့ ရေရှည် တုံ့ပြန်ချက်တွေ ဘယ်လို လုပ်ဆောင်မလဲဆိုတာ မြောက်အတ္တလန်တိတ်စာချုပ် NATO မဟာမိတ်အဖွဲ့ဝင်နိုင်ငံတွေ ဒီကနေ့ Brussels မြို့မှာ တွေ့ ဆုံ ဆွေးနွေးနေကြပါတယ်။
ရုရှားတပ်တွေ ဝိုင်းထားတဲ့ Mariupol မြို့ကို လူသားခြင်း စာနာမှု ဆိုင်ရာ ထောက်ပံ့ရေး လမ်းကြောင်း ဖွင့်ပေးဖို့နဲ့ မြို့ထဲက ထွက်ခွာ လိုသူတွေကို ထွက်ခွာခွင့် ပေးဖို့ အင်္ဂါနေ့မှာ ရုရှားကို ယူကရိန်းက တောင်းဆိုလိုက်ပါတယ်။
ယူကရိန်းမှာ ခုသီတင်းပတ်ကုန်ရက်ပိုင်းအတွင်း တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနေသလို ယူကရိန်းကို ရုရှားဝင်ရောက် ကျူးကျော်ခဲ့ချိန်ကစပြီး အခုချိန်အထိဆို ယူကရိန်းနိုင်ငံသား ၁၀ သန်းကျော် နေရပ်စွန့်ခွါ ထွက်ပြေးနေရပြီဖြစ်ကြောင်း ကုလသမဂ္ဂက တနင်္လာနေ့မှာ အတည်ပြုပြောကြားခဲ့ပါတယ်။
မြန်မာပြည်သူအများစုရဲ့ ဆန္ဒနဲ့ တောင်းဆိုမှုတွေကို လျှစ်လျူရှုပြီး စစ်ကောင်စီကို ထောက်ခံမှု ပေးဖို့ သွားရောက်တဲ့ ခရီးစဉ်မျိုး ဖြစ်တာကြောင့် ရှက်ဖွယ်ကောင်းတဲ့ ခရီးစဉ်အဖြစ် ရှုတ်ချကြောင်း GSC ခေါ် မြန်မာနိုင်ငံ အထွေထွေသပိတ်ကော်မတီရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖေါ်ပြပါတယ်။
ယူကရိန်း မြို့တော် Kyiv ကို ရုရှားက ပိုပြီး ပြင်းပြင်းထန်ထန် ဗုံးကြဲတိုက်ခိုက်နေချိန်မှာပဲ ရုရှားတပ်တွေဝိုင်းထားတဲ့ တောင်ပိုင်းက ဆိပ်ကမ်းမြို့ Mariupol ကို လက်နက်ချဖို့ ရုရှားရဲ့ရာဇသံပေးမှုကို ယူကရိန်းက လက်မခံ ငြင်းပယ်လိုက်ပါတယ်။
စစ်ရာဇဝတ်မှု ၊ လူသားထုပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ဆက်ဖြစ်နေပြီး ၊ နိုင်ငံတကာရဲ့ ဝေဝါးတဲ့ ကြေညာချက်တွေကို မြန်မာပြည်သူတွေ အယုံအကြည် ကင်းမဲ့နေကြကာ၊ လက်တွေ့ အရေးယူ လုပ်ဆောင်လာမယ့် အရေးကို ငြီးငွေ့ တာရှည်စွာ စောင့်ဆိုင်နေကြရတယ်လို့ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က တနင်္လာနေ့မှာ ပြောကြားလိုက်ပါတယ်။
တိုက်ပွဲဆက်တိုက်ဖြစ်နေတဲ့ ကယားပြည်နယ်မှာ ဒေသခံတွေ အိုးပစ်အိမ်ပစ် ပြေးရှောင်နေကြရပြီး အခုဆိုရင် စစ်ဘေးရှောင် ဒုက္ခသည် IDP တွေဆီကို အကူအညီတွေရောက်ဖို့ ပိုခက်ခဲနေပါတယ်။
ကိုဗစ်ကပ်ရောဂါ စတင်ဖြစ်ပွားခဲ့တဲ့ ၂၀၁၉ ခု နှစ်ကုန်ပိုင်းကစလို့ မြန်မာနိုင်ငံ အကျဉ်းထောင်အသီးသီးကို ဝင်ရောက်လေ့လာနိုင်ခွင့် မရခဲ့ဘူးလို့ ICRC နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ရဲ့ ထိပ်တန်း အရာရှိတဦးက တနင်္လာနေ့မှာ ပြောကြားလိုက်ပါတယ်။
ယူကရိန်းကို ဝင်ရောက်ကျူးကျော်တဲ့ အတွက် ရုရှားအပေါ် အီးယူ ဥရောပသမဂ္ဂက စတုတ္ထအကျော့ အရေးယူဒဏ်ခတ်မှုတွေ ချမှတ်လိုက်ကြောင်း အီးယူနိုင်ငံခြားမူဝါဒရေးရာ အကြီးအကဲ Josep Borrell က တနင်္လာနေ့မှာ အတည်ပြုပါတယ်။
NLD အစိုးရလက်ထက် သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူ သူရ ဦးအောင်ကို ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ အရ အလုပ်နှင့်ထောင်ဒဏ် စုစုပေါင်း(၁၂)နှစ် ကျခံစေရန် ရန်ကုန်တိုင်း တရားလွှတ်တော်က မတ်လ(၁၄)ရက်နေ့မှာ အမိန့်ချမှတ် လိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်