ယူကရိန်းကို ရုရှားကျူးကျော်မှုအတွက် တုန့်ပြန်တဲ့အနေနဲ့ ဂျာမဏီက သူ့စစ်တပ်ခေတ်မှီအောင်လုပ်ဖို့ အမေရိကန်လုပ် F 35 တိုက်ဂျက်လေယာဉ် ၃၅ စင်းနဲ့ Eurofighter ဂျက် ၁၅ စင်း ဝယ်ယူဖို့ စီစဉ်နေတယ်လို့ လွှတ်တော်သတင်းရပ်ကွက်က တနင်္လာနေ့မှာ ပြောပါတယ်။
ယူကရိန်းမြို့တော် Kyiv ရဲ့ ဆင်ခြေဖုံးနေရာတွေကို ရုရှားတပ်တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေချိန်မှာပဲ ယူကရိန်းနဲ့ ရုရှားကိုယ်စားလှယ်တွေဟာ တနင်္လာနေ့က စတုတ္ထအကြိမ်မြောက် ငြိမ်းချမ်းရေးဆွေးနွေးပွဲလုပ်ခဲ့ကြပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံ အာဏာရ တာလီဘန်အဖွဲ့က မနေ့က ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ်အနေနဲ့ အစ္စလာမ် ဥပဒေ အတွင်းကနေ အမျိုးသမီးတွေရဲ့ အခွင့်အရေးတွေကို အကာအကွယ်ပေးဖို့ ကတိပြုလိုက်ပါတယ်။
ရုရှား ကနေ အမေရိကန် ပြည်ထောင်စုကို တင်သွင်းတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ အားလုံးကို တင်သွင်းခွင့် ပိတ်ပင်လိုက်ကြောင်း သမ္မတ Joe Biden က အင်္ဂါနေ့မှာ ကြေညာလိုက်ပါတယ်။
ယူကရိန်းကို ကျူးကျော်တဲ့ ရုရှားအပေါ် သြစတြေးလျ နိုင်ငံက ပိတ်ဆို့အရေး ယူမှု အသစ်တရပ်ကို ထပ်မံပြဌာန်းလိုက်ကြောင်း အင်္ဂါနေ့မှာ ထုတ်ပြန် ကြေညာပါတယ်။
ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Michelle Bachelet ဟာ လာမယ့် မေလမှာ တရုတ်နိုင်ငံ Xinjiang ပြည်နယ် အပါအဝင် တရုတ်နိုင်ငံကို သွားရောက်မှာဖြစ်ပါတယ်။
ကမ္ဘောဒီယားဝန်ကြီးချုပ် Hun Sen က သူနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်းကြီးလည်းဖြစ် ၊ အာဆီယံ အထူးကိုယ်စားလှယ်လည်းဖြစ်တဲ့ Prak Sokhonn နဲ့ ဆက်လက် လက်တွဲလုပ်ဆောင်ဖို့ ဂျပန် Nippon Foundation ဥက္ကဌ Yohei Sasakawa ကို ပြောဆိုလိုက်ပါတယ်။
ကိုဗစ် ၁၉ ကပ်ရောဂါဟာ တိရိစ္ဆာန်တွေအကြားကူးဆက်ရာကနေ မျိုးကွဲသစ် တွေထပ်မံပေါ်ပေါက်မယ့်အန္တရယ်ကိုစိုးရိမ်ရတဲ့အတွက် စောင့်ကြည့်လေ့ လာနေကြောင်း WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးအပါအဝင်ကုလသမဂ္ဂဌာ န ၃ ခုကတင်္လာနေ့မှာပူူးတွဲထုတ်ပြန်ကြေငြာပါတယ်။
ဗြိတိန်နိုင်ငံရဲ့ FTSE ငွေကြေးနဲ့စတော့ဈေးကွက်မှာနေ့လည်ပိုင်းအထိ ဝ.၃% ကျဆင်းနေပြီး၊ ပြင်သစ် CAC စတော့ဈေးကွက်မှာတော့ ဝ.၈% ကျ ဆင်းခဲ့တယ်။ ဂျာမဏီ ဖရန့်ဖတ် အခြေစိုက် DAX ဈေးကွက်မှာ ၁.၁% ကျ ဆင်းသွားခဲ့ပါတယ်။
အမေရိကန်အနေနဲ့အာဖဂန်နစ္စတန်နိုင်ငံအပေါ်အရေးယူထိန်းချုပ်ထားတဲ့ ဗဟိုဘဏ်နိုင်ငံခြားအရံငွေတွေကိုအမြန်ဆုံးပြန်လွှတ်ပေးဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရီက တင်္လာနေ့မှာ အမေရိကန်အစိုးရကိုတိုက်တွန်းလိုက်ပါတယ်။
ရုရှား-ယူကရိန်းပဋိပက္ခကိုဖြေရှင်းနိုင်ဖို့ ယူကရိန်းသမ္မတ ဇာလင်းစကီးနဲ့ တိုက်ရိုက်ဆွေးနွေးဖို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကို အိန္ဒိယသမတ နရိန်ဒါ မိုဒီ ကတနင်္လာနေ့မှာတိုက်တွန်းလိုက်ပါတယ်။
အိုးအိမ်စွန့်ခွါ ထွက်ပြေးရတဲ့ ဒုက္ခသည်တွေကို ရုရှားနဲ့ ဘဲလာရုစ်ကို ကယ်ထုတ်ဖို့ ရုရှားအစိုးရရဲ့ အဆိုပြုချက်အတွက် ယူကရိန်းအရာရှိတွေက ပြင်းပြင်းထန်ထန်ဝေဖန်လိုက်ပြီး ဒီစစ်ရှောင်တွေကို ယူကရိန်းအနောက်ပိုင်း ဒါမှမဟုတ် ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေဆီဝင်ခွင့်ပြုဖို့ ပန်ကြားလိုက်ပါတယ်။
ယူကရိန်းကို ရုရှားက စတင်တိုက်ခိုက်အပြီး စတုထ္ထမြောက်နေ့ ဖေဖော်ဝါရီ ၂၈ရက်နေ့အတွင်း မြို့တော်ကီးယက်ဗ်မှာ မြင်ရတဲ့ မြင်ကွင်းတွေကို ဗွီအိုအေသတင်းထောက် ဟယ်သာမားဒေါ့နဲ့ အဖွဲ့ အခုလို သတင်းပေးပို့ထားပါတယ်။
လူသားခြင်းစာနမှုအထောက်အပံ့တွေလိုအပ်နေတဲ့ အာဖဂန်နစ္စတန်နိုင်ငံကို အိန္ဒိယက ဂျုံတန်ချိန် ၅ သောင်းကို ပါကစ္စတန်ကိုဖြတ်ပြီးကုန်းလမ်းကနေ စတင်ပေးပို့သွား တော့မှာဖြစ်တယ်လို့ပါကစ္စတန်တာဝန်ရှိသူတွေက တနင်္လာနေ့မှာ အတည်ပြုပြော ဆိုခဲ့ပါတယ်။
ကုလသမဂ္ဂအတွင်းရေးမှုးချုပ် Antonio Guterres ဟာ တနင်္လာနေ့မှာ ရုရှားနဲ့ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးတွေနဲ့ ဆက်သွယ်ပြောကြားခဲ့ ပြီး သူ့အနေနဲ့ တိုက်ပွဲတွေ ဖြစ်မလာဘူးလို့ ယုံကြည်ဆဲ ဖြစ်ကြောင်း အတွင်းရေးမှုးချုပ်ရဲ့ ပြောခွင့်ရ Stephane Dujarric က နယူးရောက်ရုံးချုပ် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ရုရှားက ယူကရိန်းနားမှာ စစ်ရေးလှုပ်ရှားမှုတွေ တိုးလုပ်နေရာက တနင်္လာနေ့မှာတော့ ရုရှားရေတပ်က ယူကရိန်းတောင်ပိုင်းက ပင်လယ်နက်ဒေသထဲ ရေငုပ်သင်္ဘော တိုက်ဖျက်ရေး ပါဝင်တဲ့ စစ်ရေးလေ့ကျင့်မှု လုပ်ခဲ့သလို ယူကရိန်းမြောက်ပိုင်းမှာလည်း ဘယ်လာရုစ် နယ်စပ်မှာ ဂျက်တိုက်လေယာဉ်တွေနဲ့ ကင်းလှည့်နေပါတယ်။
ဥရောပဒေသလုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေနဲ့ပတ်သက်ပြီး ရုရှားနဲ့ သေသေချာချာ ဆွေးနွေးဖို့ အနောက်နိုင်ငံတွေက အသင့်ဖြစ်နေကြောင်း ဒါပေမယ့် ရုရှားသမ္မတ Vladimir Putin အနေနဲ့ ယူကရိန်းကို ဝင်သိမ်းဖို့ခြိမ်းခြောက် နေတာတွေ လေ ျှာ့ချဖို့ ဂျာမနီဝန်ကြီးချုပ် Olaf Scholz က တနင်္လာနေ့မှာ ပြောကြားလိုက်ပါတယ်။
အနှစ် ၇၀ နီးပါ သံတမန်ဆက်ဆံရေး ထူထောင်ခဲ့တဲ့ ဂျပန်နဲ့ ကမ္ဘောဒီးယား နှစ်နိုင်ငံအကြား ဆက်ဆံရေး ခိုင်ခိုင်မာမာရှိတဲ့ အကြောင်းနဲ့ မြန်မာနိုင်ငံအပါအဝင် နိုင်ငံတကာအရေးကိစ္စတွေမှာ အနီးကပ် ပူးပေါင်းဆောင်ရွက်နေတဲ့အကြောင်း ဂျပန်နိုင်ငံခြားရေး ဝန်ကြီး Yoshimasa Hayashi က ပြောဆိုသွားပါတယ်။
ဖေဖော်ဝါရီလ ၁၂ ရက်နေ့ (စနေနေ့) မှာကျရောက်မယ့် ၇၅ နှစ်ပြည့် စိန်ရတုပြည်ထောင်စုနေ့အခမ်းအနားမတိုင်မီ မြင်တွေ့ရတဲ့ နေပြည်တော်မြို့ရဲ့ မြင်ကွင်းဖြစ်ပါတယ်။ ဒီအခမ်းအနားကိုတက်ဖို့ ဖိတ်ကြားထားတဲ့ နိုင်ငံရေးပါတီတွေထဲ တက်ရေး၊ မတက်ရေး သဘောထားကွဲနေပါတယ်။
ရုရှားနိုင်ငံကို ရောက်နေတဲ့ ပြင်သစ်သမ္မတ Emmanuel Macron ဟာ တနင်္လာနေ့မှာ ရုရှားသမ္မတ Vladimir Putin နဲ့ တွေ့ဆုံပြီး ယူကရိန်းကို ရုရှားဝင်ရောက် ကျူးကျော်မယ့် ခြိမ်းခြောက်မှုတွေ အဆုံးသတ်စေဖို့ ဆွေးနွေးခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်