အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ ဂျာမနီဝန်ကြီးချုပ် Olaf Scholz တို့ဟာ တနင်္လာနေ့က သမ္မတအိမ်ဖြူမှာ တွေ့ဆုံခဲ့ပါတယ်။ ခေါင်းဆောင် ၂ ဦးရဲ့ ဆွေးနွေးပွဲမှာ ယူကရိန်းကို ရုရှား ဝင်ရောက်ကျူးကျော်နိုင်ခြေရှိနေတာ တွေကို တားဆီးရေး နဲ့ပတ်သက်ပြီး အဓိက ဆွေးနွေးနိုင်ဖွယ်ရှိပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီးနောက် ကလေးတွေအပေါ် အကြမ်းဖက် တိုက်ခိုက်မှု ကျူးလွန်တာတွေမြင့်တက်လာနေတဲ့အတွက် ကုလသမဂ္ဂအနေနဲ့အထူး စိုးရိမ်မိကြောင်း ကုလသမဂ္ဂကလေးများ ရံပုံငွေအဖွဲ့ UNICEF ကပြောဆိုထား ကြောင်း ကလသမဂ္ဂပြောရေးဆိုခွင့်ရှိသူက တင်္လာနေ့မှာ ပြောဆိုလိုက်ပါတယ်။
၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ ၃ရက်နေ့ "ချင်းတွင်းချစ်သူ"ဒေသခံမီဒီယာက ရိုက်ကူးဖြန့်ဝေခဲ့တဲ့ ဓါတ်ပုံတွေမှာ စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်ထဲက အဆောက်အဦးတွေ မီးလောင်ပျက်ဆီးနေတာကို တွေ့ရပါတယ်။ အဆောက်အဦးပေါင်း ၁၀၅ ခုထက်မနည်း စစ်ကောင်စီတပ်သားတွေ မီးရှို့ဖျက်ဆီးပစ်ခဲ့တယ်လို့ မီဒီယာက ဆိုပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရင်ဆိုင်နေရတဲ့ အကျပ်အတည်းတွေကို နိုင်ငံတကာ အသိုင်းအဝိုင်းက နည်းလမ်းသစ်နဲ့ ထိရောက်အောင် ဆောင်ရွက်ကြဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews ကတိုက်တွန်းလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ အရပ်သားအစိုးရကို ဖယ်ရှားပြီး စစ်တပ်က အာဏာသိမ်းခဲ့တာ ၁ နှစ်ပြည့်အဖြစ် ပြည်တွင်း၊ ပြည်ပကန့်ကွက်လှုပ်ရှားကြပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီး ၁ နှစ်အတွင်း သတင်းမီဒီယာ လွတ်လပ်ခွင့်အခြေအနေ ဆိုးဆိုးရွားရွား ကြုံခဲ့ရကြောင်း ပြင်သစ်နိုင်ငံ အခြေစိုက် နယ်စည်းမခြား သတင်းသမားများအဖွဲ့ (RSF) ကပြောပါတယ်။
မြန်မာနိုင်ငံမှာ အာဏာသိမ်းတဲ့ ဖြစ်စဉ်အတွက် တာဝန်ရှိတဲ့ ခေါင်းဆောင်တွေနဲ့ အကြမ်းဖက်မှု၊ လူ့အခွင့်ရေးချိုးဖေါက်မှု ကျူးလွန်သူတွေ အပြည့်အဝ တာဝန်ခံမှုရှိဖို့ EU ဥရောပသမဂ္ဂက စစ်တပ်အာဏာသိမ်းတာ တနှစ်ပြည့် မှာ ကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းတာ တနှစ်ပြည့်လာပြီ ဖြစ်ပေမယ့် စစ်ကောင်စီ လုံးဝအုပ်ချုပ်လို့မရအောင် ဆက်လက်လှုပ်ရှားနေဆဲဖြစ်ကြောင်း သြစတြေးလျနဲ့ အမေရိကန်ပြည်ထောင်စုက မြန်မာ့အရေး တက်ကြွလှုပ်ရှားနေသူတွေက ပြောပါတယ်။
ယူကရိန်းကို ရုရှားက ကျူးကျော်ဝင်ရောက်မယ်ဆိုရင် NATO စစ်မဟာမိတ်နိုင်ငံတွေဘက်က ယူကရိန်းကို တပ်တွေစေလွှတ်ဖို့ မရှိဘူးလို့ တနင်္ဂနွေနေ့မှာ NATO အတွင်းရေးမှူးချုပ် Jens Stoltenberg က ပြောကြားလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီး တနှစ်အတွင်း ပြည်သူတွေရဲ့ အသက်တွေဟာ အန္တရာယ်နဲ့ ရင်ဆိုင်နေရပြီး မကြုံစဘူး လူသားဆိုင်ရာ ဒုက္ခအကျပ်အတည်းနဲ့ ဆင်းရဲမွဲတွေမှု ကျရောက်နေကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OCHA) ရဲ့ ဇန်နဝါရီ ၃၀ ရက် ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
သြစတြေးလျအိုးပင်း တင်းနစ်ပြိုင်ပွဲမှာ စပိန်နိုင်ငံသား Rafael Nadal အနိုင်ရပြီး ဂရန်းစလမ်း ချန်ပီယံဆုကို ၂၁ ကြိမ်မြောက်နဲ့ အများဆုံး စံချိန်တင်လိုက်ပါတယ်။
အီရန်နျူကလီးယား အစီအစဉ်တွေ ရပ်တန့်လိုက်မယ်ဆိုရင် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ရုပ်သိမ်းပေးဖို့ ဖြစ်နိုင်ပါတယ် ဆိုပေမယ့် ဆွေးနွေးပွဲတွေ အမြန်လုပ်ဖို့လိုကြောင်း ပြင်သစ်သမ္မတ Emmanuel Macron က အီရန်သမ္မတ Ebrahim Raisi ကို ပြောဆိုခဲ့တယ်လို့ ပြင်သစ်သမ္မတရုံးက ဒီကနေ့ ပြောပါတယ်။
COVID-19 ကာကွယ်ဆေးထိုးပြီးကြောင်း ကတ်ပြားအတုတွေလုပ်ပြီး ဒေါ်လာ ၁ သန်းခွဲလောက် ရယူခဲ့ကြတဲ့ Long Island အရပ်က သူနာပြုနှစ်ယောက်ကို နယူးယောက် အာဏာပိုင်တွေက ဖမ်းဆီးလိုက်ကြပါတယ်။
အာရပ်စော်ဘွားများပြည်ထောင်စု (UAE) ကို အစ္စရေးလ်သမ္မတ Isaac Herzog တနင်္ဂနွေနေ့က အလည်အပတ် ရောက်ရှိပါတယ်။
မြောက်ကိုရီးယားဟာ တာလတ်ပစ် ပဲ့ထိန်းတပ် ဒုံးကျည်တစင်းကို တနင်္ဂနွေ အစောပိုင်းက စမ်းသပ် ပစ်လွှတ်လိုက်တယ်လို့ တောင်ကိုရီးယားစစ်တပ်က ပြောပါတယ်။
ယူကရိန်းနိုင်ငံအပေါ် ရုရှားက ရန်လိုနေတဲ့လုပ်ရပ်တွေ ဟန့်တားနိုင်အောင် ရည်ရွယ်ပြီး ရုရှားအပေါ် ပိတ်ဆို့ဒဏ်ခတ်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ချမှတ်နိုင်မယ့် မူကြမ်းတရပ်ကို ဗြိတိန်နိုင်ငံက ဒီသီတင်းပတ်ထဲ ထုတ်ပြန်ဖို့ရှိပါတယ်။
အင်တာနက် အသုံးပြုတာတွေကို ပိတ်ပင်နိုင်တဲ့ အင်တာနက် လုံခြုံရေး ဥပဒေသစ်ကို မြန်မာစစ်ကောင်စီက ပြဋ္ဌာန်းဖို့ စီစဉ်နေပါတယ်။
မြန်မာစစ်တပ် အာဏာသိမ်းမှု တနှစ်ပြည့် ဆန့်ကျင် ဆန္ဒပြပွဲကို သြစတြီးယားနိုင်ငံရောက် မြန်မာအသိုင်းအဝိုင်းနဲ့ ထောက်ခံသူတွေ စနေနေ့က ဗီယင်နာမြို့တော်မှာ ပြုလုပ်ခဲ့ကြပါတယ်။
ချမ်းသာတဲ့နိုင်ငံတွေအနေနဲ့ ကမ္ဘာပေါ်က တခြားနေရာတွေမှာ ကိုဗစ်ရောဂါ ကာကွယ်ဆေးရအောင် လုပ်ပေးဖို့ ပျက်ကွက်တာဟာ လူထုကျန်းမာရေးအတွက် အန္တရာယ်ကြီးတဲ့ လုပ်ရပ်ဖြစ်ပြီး ရလဒ်အနေနဲ့ ကူးစက်မြန် အိုမီခရွန်ပိုးလို ကိုဗစ်မျိုးစိတ်သစ်တွေ ပေါ်ပေါက်လာစေတယ်လို့ သိပ္ပံပညာရှင် ၃၀၀ က စုပေါင်းသတိပေးလိုက်ပါတယ်။
အမေရိကန် အရှေ့မြောက်ဘက်တကြောမှာ ဆောင်းရာသီမုန်တိုင်း ကျရောက်ပြီး အအေးလွန်ကဲလာနိုင်ကြောင်း သတိပေးချက်တွေ ထုတ်ပြန်ထားချိန်မှာပဲ စနေနေ့က ဟာရီကိန်းမုန်တိုင်းနီးနီး ပြင်းထန်တဲ့ လေမုန်တိုင်း တိုက်ခတ်တာကြောင့် တချို့နေရာတွေမှာ နှင်းတွေ ထူထူထဲထဲ ကျနေသလို ကမ်းရိုးတန်းဒေသမှာ ရေကြီးရေလျှံတာတွေ ကြုံနေရပါတယ်။
နောက်ထပ်ကြည့်ရှုရန်