ယူကရိန်းအရေး ရုရှားက စစ်အင်အားသုံး ဖြေရှင်းဖို့ ကြိုးစားမယ်ဆိုရင် သေကျေပျက်စီးမှုတွေနဲ့ ရုပ်ပျက်ဆင်းပျက် အဆုံးသတ်ရလိမ့်မယ်လို့ အမေရိကန် စစ်ဦးစီးချုပ်များရဲ့ အကြီးအကဲ ဗိုလ်ချုပ်ကြီး Mark Milley က သတိပေးလိုက်ပါတယ်။
အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (ASEAN) အလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံက ခန့်အပ်တဲ့ အာဆီယံ အထူးကိုယ်စားလှယ်သစ်နဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ စစ်အစိုးရ နိုင်ငံခြားရေးဌာနက ဒီကနေ့ရက်စွဲနဲ့ ထုတ်ပြန်ချက်တရပ်မှာ ဖော်ပြထားပါတယ်။
ယူကရိန်းနိုင်ငံ၊ Kyiv မြို့တော်နဲ့ ၄၇ မိုင်လောက်ပဲဝေးတဲ့ အိမ်နီးချင်း ဘဲလာရုစ်နိုင်ငံ နယ်စပ်နားမှာ စစ်ရေးလေ့ကျင့်ဖို့ဆိုပြီး ရုရှားက တပ်ဖွဲ့ဝင်တွေနဲ့ စစ်ယာဉ်တွေ ပို့ထားပါတယ်။
လာအိုနိုင်ငံမှာ မက်သ်အမ်ဖက်တမင်းဆေးပြား ၃၆ သန်းကို ဖမ်းမိလိုက်တယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) က ဒီကနေ့ပြောပါတယ်။
ထိုင်းပင်လယ်ကွေ့ရှိ ရေအောက်ရေနံပိုက်လိုင်း ယိုစိမ့်မှုကြောင့် ထိုင်းအရှေ့ပိုင်း ကမ်းခြေတခုဖြစ်တဲ့ Mae Ramphueng ကမ်းခြေကို ကပ်ဘေးကျဒေသအဖြစ် ဒီနေ့ ကြေညာလိုက်ရပါတယ်။
မြန်မာနိုင်ငံကို လူသားစာနာမှု အကူအညီပေးရေးကိစ္စ ဆွေးနွေးဖို့ အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့ (ASEAN) နိုင်ငံခြားရေးဝန်ကြီးတွေ နောက်လမှာ စည်းဝေးကြမယ်လို့ အာဆီယံရဲ့ လက်ရှိ အလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံက ဒီကနေ့ ပြောပါတယ်။
မြန်မာနိုင်ငံမှာ အကြမ်းဖက်လုပ်ရပ်တွေ ပိုများမလာအောင်နဲ့ ပြည်တွင်းစစ် ဖြစ်မလာရေးတို့ဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ အဓိကရည်မှန်းချက် ဖြစ်သင့်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ တရုတ်သံအမတ်ကြီးက သောကြာနေ့မှာ ပြောပါတယ်။
မြန်မာနိုင်ငံမှာ အာဏာသိမ်းခဲ့တဲ့ စစ်တပ်အနေနဲ့ ၁ နှစ်နီးပါးအတွင်း စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်တဲ့ မြန်မာပြည်သူတွေအပေါ် အပြင်းအထန်ချေမှုန်း ဖိနှိပ်ခဲ့ကြောင်းနဲ့ မြန်မာစစ်ကောင်စီကို နိုင်ငံခြားဝင်ငွေမရအောင် အတူတကွ အရေးယူဖို့ HRW လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ကြီးက တိုက်တွန်းလိုက်ပါတယ်။
ရုရှားနိုင်ငံမှာ ကိုဗစ် ၁၉ ကြောင့်သေဆုံးသူအရေအတွက်ဟာ ၇ သိန်းကျော်သွားပြီလို့ ရုရှားအစိုးရစာရင်းအင်အားဌာန Rosstat ကို ကိုးကားပြီး Reuters သတင်းဌာနက သောကြာနေ့ မှာရေးသားဖေါ်ပြပါတယ်။
မြန်မာနိုင်ငံမှာ ကလေးငယ်တွေအပါအဝင် အရပ်သားတွေအပေါ် တိုက်ခိုက်မှုတွေကို အပြင်းအထန် ပြစ်တင်ရှုတ်ချတယ်လို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အလှည့်ကျဥက္ကဋ္ဌ နော်ဝေးနိုင်ငံရဲ့သံအမတ်ကြီး Mona Juul က မကြာသေးခင် အချိန်ပိုင်းအတွင်း ကပဲ နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်မှာ ပြောသွားပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု တနှစ်ပြည့်အချိန်ကာလ ရန်ကုန်နဲ့ အနီးဝန်းကျင်မှာ ဒီရက်ပိုင်း တင်းမာမှုတွေ ပိုပြီး ကြီးထွား လာနိုင်တဲ့အတွက် လုံခြုံရေးအရ သတိထားကြဖို့ မြန်မာနိုင်ငံရောက် အမေရိကန်နိုင်ငံသားတွေကို အမေရိကန်သံရုံးက ဒီကနေ့ ရက်စွဲနဲ့ သတိပေးချက် ထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံမှာ အာဏာသိမ်းထားတဲ့ စစ်ကောင်စီက ပြည်သူတွေအပေါ် အကြမ်းဖက်နေတာတွေ ရပ်တန့်အောင် ဖိအား တိုးမြှင့်ပေးဖို့နဲ့ မြန်မာပြည်သူတွေရဲ့ အသံတွေကို လျစ်လျူမရှုဖို့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီး Michelle Bachelet က နိုင်ငံတကာအစိုးရတွေနဲ့ စီးပွားရေးလုပ်ငန်းတွေကို ဒီကနေ့ တိုက်တွန်း
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်အတွင်း အလုပ်အကိုင်ပေါင်း ၁.၆ သန်းလောက် ဆုံးရှုံးသွားခဲ့တယ်လို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO) က ပြောပါတယ်။ ကိုဗစ်ကပ်ရောဂါကြောင့်ရော စစ်တပ်က အာဏာသိမ်းလိုက်တာကြောင့်ပါ အလုပ်အကိုင် လျော့နည်းသွားတယ်လို့ ILO အစီရင်ခံစာထဲမှာ ဖော်ပြထား
ဂျူးလူမျိုးတွေကို အစုလိုက်သတ်ဖြတ်ခဲ့တဲ့ Holocaust ဖြစ်ရပ်မျိုး နောက်ထပ်တဖန်ထပ်ဖြစ်လာမှာကို စိုးရိမ်ကြောင်း ကုလသမဂ္ဂအတွင်းရေးမှုးချုပ် Antonio Guterres က ဇန်နဝါရီလ ၂၇ ရက်.ကြာသပတေးနေ့ ကျရောက်တဲ့ နိုင်ငံတကာ holocaust အောက်မေ့ဘွယ်နေ့ မှာ ပြောကြားလိုက်ပါတယ်။
NUG ယာယီသမ္မတ ဒူဝါလရှီးလ၊ ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်း နဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် တို့ဟာ အမေရိကန်နိုင်ငံခြားရေး အတိုင်ပင်ခံပုဂ္ဂိုလ် Derek Chollet နဲ့ ဒုတိယ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Kin Moy တို့နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ NUG ရဲ့ နိုင်ငံခြားရေးဌာန ဖေ့ဘုတ်မှာဖေါ်ပြထားပါတယ်။
လုံခြုံရေကောင်စီအနေနဲ့မြန်မာ့အရေးကို အထူးအရေးပေါ် အခြေနေတရပ်အဖြစ် သဘောထားပြီး မြန်မာပြည်သူတွေကို အကာကွယ်ပေးဖို့လိုအပ်နေကြောင်း အရပ်ဖက်လူမှုအဖွဲ့အစည်းတွေနဲ့ လူ့အခွင့်ရေးအဖွဲ့တွေအပါအဝင် အဖွဲ့အစည်းပေါင်း ၃၀၀ နီးပါးက ပူးတွဲကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို မြန်မာနိုင်ငံဘက် ပြန်ပို့ရေးကိစ္စ တိုးတက်မှုမရှိသလောက် ဖြစ်နေတဲ့ အပေါ် စိတ်ပျက်တဲ့အကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးကပြောပါတယ်။
ဘေဂျင်းမြို့တော်က ဆောင်းရာသီ အိုလံပစ် အားကစားပွဲတော်ကို အမေရိကန်က ကြားဝင်နှောက်ယှက်နေတယ်လို့ တရုတ်နိုင်ငံက စွပ်စွဲလိုက်ပြီး၊ ဒီလုပ်ရပ်ကို ရပ်တန့်ဖို့လည်း တောင်းဆိုလိုက်ပါတယ်။
NATO အဖွဲ့ဝင်အဖြစ် လက်မခံဖို့၊ ရုရှားနိုင်ငံနဲ့ နယ်စပ်ချင်းထိစပ်နေတဲ့ နိုင်ငံတွေက စစ်တပ်တွေနဲ့ လက်နက်တွေကို ပြန်ရုပ်သိမ်းဖို့ တောင်းဆိုချက်တွေကို အမေရိကန်က လက်မခံတာကြောင့် အရှေ့ဥရောပက တင်းမာမှုတွေ လျော့ကျလာမယ့် အလားအလာ သိပ်မတွေ့ရဘူးလို့ ရုရှားနိုင်ငံက ပြောလိုက်ပါတယ်။
NLD အစိုးရလက်ထက် စီမံဘဏ္ဍာဝန်ကြီး ဦးစိုးဝင်းကို ကျန်းမာရေးအခြေအနေအရဆိုပြီး ဒီကနေ့မှာ အချုပ်ကနေ အာမခံနဲ့ ပြန်လွှတ်ပေးလိုက်ပါတယ်။ ဒါပေမဲ့ အမှုကို ဆက်ပြီး ရင်ဆိုင်သွားရမှာဖြစ်တယ်လို့ တရားရုံးနဲ့နီးစပ်တဲ့ ရှေ့နေတဦးက အတည်ပြုပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်