သြစတြေးလျ စွမ်းအင်ကုမ္ပဏီ Woodside က မြန်မာနိုင်ငံမှာလုပ်နေတဲ့ ကုမ္ပဏီရဲ့လုပ်ငန်းတွေ ပြန်ရုပ်သိမ်းမယ့်အကြောင်း ဒီကနေ့ ကြေညာလိုက်ပြီး ပြီးခဲ့တဲ့ သီတင်းပတ်ကလည်း ပြင်သစ် စွမ်းအင်ကုမ္ပဏီ Total နဲ့ အမေရိကန် စွမ်းအင်ကုမ္ပဏီ Chevron တို့ မြန်မာနိုင်ငံတွင်းက လုပ်ငန်းတွေ ပြန်ရုပ်သိမ်းမယ့်အကြောင်း ကြေညာခဲ့တာပါ။
မြန်မာ့အရေးနဲ့ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ သောကြာနေ့ကျရင် တံခါးပိတ်အစည်းအဝေးတခု လုပ်ဖို့ရှိပြီး ကုလ လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတွေနဲ့ အာဆီယံ အလှည့်ကျဥက္ကဋ္ဌတာဝန်ယူထားတဲ့ ကမ္ဘောဒီးယားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံဆွေးနွေးမှာဖြစ်တယ်လို့ AFP မှာ ဖော်ပြထား
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဟံသာမြင့်ကို ဒီကနေ့ ဇန်နဝါရီ ၂၇ ရက်မှာ အင်းစိန်အကျဉ်းထောင်ကနေ သူ့ရဲ့နေအိမ်ကို ပြန်လည်ပို့ဆောင်ပေးခဲ့တယ်လို့ ဦးဟံသာမြင့်ရဲ့ရှေ့နေက ပြောပါတယ်။
မြန်မာနိုင်ငံက မီးတောင်သေဖြစ်တဲ့ ပုပ္ပားတောင်က မျောက်တွေထဲမှာ အသစ်တွေ့ရတဲ့ မျောက်မျိုးစိတ်အပါအဝင် ရှားပါးတဲ့ တိရစ္ဆာန်မျိုးစိတ်အသစ် ပေါင်း ၂၂၄ မျိုးကို မဲခေါင်ဒေသမှာ တွေ့ရှိခဲ့ကြောင်း ဗုဒ္ဓဟူးနေ့က ထုတ်ပြန်တဲ့ ကမ္ဘာ့တောရိုင်းတိရစ္ဆာန်ရန်ပုံငွေအဖွဲ့ WWF ရဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။
အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့ ပြင်းထန်လှတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေ အတွက် ကြုံတွေ့နိုင်တဲ့ အန္တရာယ်တွေကို အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက အကြံပြုချက်အဖြစ် ဇန်နဝါရီလ ၂၆ ရက် ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီး တနှစ်အတွင်းကျန်းမာရေးဝန်ထမ်းတွေ၊ ဆေးရုံ၊ ဆေးခန်းအဆောက်အဦတွေကို စစ်တပ်ကနေ ပစ်မှတ်ထား တိုက်ခိုက် ခြိမ်းခြောက်မှုပေါင်း၄၁၅ ခုထိ ရှိခဲ့တယ်လို့ လူ့အခွင့်အရေးဆိုင်ရာသမားတော်များ (PHR) က မနေ့ ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ရုရှား၊ ယူကရိန်း ၂ နိုင်ငံ နယ်စပ်မှာ တင်းမာမှုတွေ ပေါ်ပေါက်နေချိန်မှာပဲ ရုရှား၊ ယူကရိန်း၊ ဂျာမနီနဲ့ ပြင်သစ် ၄ နိုင်ငံ တာဝန်ရှိသူတွေ ဗုဒ္ဓဟူးနေ့က ပါရီမြို့တော်မှာ တွေ့ဆုံဆွေးနွေးကြပါတယ်။
အာဆီယံအထူးကိုယ်စားလှယ်ကို မြန်မာနိုင်ငံကို ဝင်ရောက်ခွင့်ပြုပြီး လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ပေးခွင့်ပြုဖို့ စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ကမ္ဘောဒီယားဝန်ကြီးချုပ် ဟွန်ဆန်က ဒီကေန့ တိုက်တွန်းလိုက်ပါတယ်။
ပြင်သစ်အေခြစိုက် စွမ်းအင်ကုမ္ပဏီ Total က မြန်မာနိုင်ငံက ထွက်ခွာဖို့ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ဆုံးဖြတ်လိုက်တာကြောင့် ထိုင်းနိုင်ငံအေခြစိုက် ရေနံနဲ့ သဘာဝဓါတ်ငွေ့ တူးဖော်ရှာဖွေရေးနဲ့ ထုတ်လုပ်ရေးကုမ္ပဏီ PTTEP ဟာ Total ရဲ့ ကမ်းလွန် ရေနံနဲ့ သဘာဝဓါတ်ငွေ့ တူးဖော်ရေးလုပ်ငန်းတွေကို ဝယ်ယူဖို့ ပြင်ဆင်နေပါတယ်။
အမျိုးသားဒီမိုကေရစီအဖွဲ့ချုပ် NLD ပါတီကို ဖျက်သိမ်းဖို့ အစီအစဉ်မရှိကြောင်း နဲ့ ပါတီကို ဖျက်သိမ်းရေး ၊ မသိမ်းရေးကိစ္စဟာ ရွေးကောက်ပွဲကော်မရှင်ရဲ့ ကိစ္စသာဖြစ်ကြောင် စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောကြောင်း ဂျပန်အခြေစိုက် Nikkei မှာ ရေးသားထားပါတယ်။
ရုရှား က သူ ချထားတဲ့ စစ်အင်အား အလုံးအရင်း နဲ့ ယူကရိန်း ကို ဝင်တိုက်ခဲ့ရင်၊ လက်ရှိ ကမ္ဘာ့ အနေအထားတွေ က ပြောင်းလဲသွားနိုင်တယ်လို့ အမေရိကန် သမ္မတ ဂျိုး ဘိုင်ဒင် က သတိပေးလိုက်ပါတယ်။
မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးမှုဟာ အခုနှစ် ၂၀၂၂ ခုနှစ် ဘဏ္ဍာနှစ်အတွက် ၁% ဘဲ တိုးတက်မှုရှိမယ်လို့ ကမ္ဘာ့ဘဏ်က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထား ပြီး မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ စိုးရိမ်စရာကောင်းလောက်အောင် အားနည်းမယ်ဆိုတာကို ကမ္ဘာ့ဘဏ်က ဒီကနေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ထောက်ပြထား
မြန်မာနိုင်ငံဟာ ပြီးခဲ့တဲ့ နှစ်အတွင်း လူကုန်ကူးမှု တိုက်ဖျက်ရေးအတွက် အနိမ့်ဆုံးအဆင့် လိုအပ်ချက်ကို ပြည့်မီအောင် မစွမ်းဆောင်နိုင်ခဲ့သလို အထူးတလည် ကြိုးပမ်းခဲ့တာမျိုး မရှိခဲ့ဘူးလို့ ထောက်ပြပြီး အမေရိကန် အစီရင်ခံစာမှာ မြန်မာနိုင်ငံကို အဆိုးဆုံးအဆင့် Tire 3 အဖြစ် ဆက်ပြီး သတ်မှတ်လိုက်ပါတယ်။
ရုရှား အနေနဲ့ ယူကရိန်းကို ကျူးကျော်ရင် ယူကရိန်းရဲ့ ခရိုင်းမီးယား ကျွန်းဆွယ်ကို ၂ဝ၁၄ ခုနှစ်မှာ ရုရှား ကျူးကျော်ခဲ့စဉ်က အမေရိကန်ရဲ့ အရေးယူခဲ့တာထက် ပိုပြီး ပြင်းထန် မြန်ဆန်တဲ့ စီးပွားရေး အကျိုးဆက်တွေနဲ့ ရင်ဆိုင်ရမယ်လို့ အမေရိကန် ပြည်ထောင်စုက အင်္ဂါနေ့မှာ သတိပေးလိုက်ပါတယ်။
လွန်ခဲ့တဲ့ ၁ဝ စုနှစ်တခုအတွင်း ကမ္ဘာနိုင်ငံတွေမှာ အဂတိလိုက်စားမှုအခြေအနေဟာ အချို့နိုင်ငံတွေမှာ အနည်းငယ်ကောင်းမွန်တိုးတက်လာပေမယ့်၊ အချို့နိုင်ငံတွေမှာလုံး၀ တိုးတက်ကောင်းမွန်လာခြင်းမရှိဘူးလို့ Transparency International အဂတိလိုက်စား မှုစောင့်ကြည့်အရေးအဖွဲ့ကြီးက အစီရင်ခံစာထဲမှာဖေါ်ပြထားပါတယ်။
စစ်ကောင်စီက ဖမ်းဆီးသွားတဲ့ ဝန်ထမ်း ၃ ဦး အင်္ဂါနေ့က ပြန်လွတ်လာကြောင်း Dawei Watch သတင်းဌာနက ဇန်နဝါရီလ ၂၅ ရက်နေ့မှာ ပြောဆိုထားပါတယ်။
လူသားမျိုးနွယ်စုအပေါ် ကျုးလွန်တဲ့ ပြစ်မှုနဲ့ စစ်ရာဇဝတ်မှုတွေရဲ့ သားကောင်အဖြစ် မြန်မာပြည်သူတွေ မဖြစ်ရလေအောင် စစ်တပ် ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကို နည်းလမ်းပေါင်းစုံနဲ့ ကာကွယ်ပေးကြဖို့ နိုင်ငံတကာ အသိုက်အဝန်း ကို ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က တိုက်တွန်း
အမေရိကန်တပ်သား ရှစ်ထောင့်ငါးရာကျော် အရှေ့ဥရောပဒေသကိုစေလွှတ်ဖို့ အမေရိကန်တို့စီစဉ်ဆောင်ရွက်နေတဲ့အပေါ် ရုရှားဘက်က စိုးရိမ်မကင်း စောင့်ကြည့်နေတယ်လို့ အင်္ဂါနေ့က ပြောဆိုလိုက်ပါတယ်။
ရိုဟင်ဂျာ ဒုက္ခသည်များ ရဲ့ ကလေးများ ပညာရေး ကို အလေးထား ကူညီကြဖို့ မလေးရှား အစိုးရ နဲ့ ကမ္ဘာတဝှမ်း က အစိုးရများ နဲ့ အဖွဲ့အစည်းများ ကို ရိုဟင်ဂျာ ဒုက္ခသည်အရေး ဆောင်ရွက်နေကြတဲ့ အဖွဲ့အစည်း ၂၆ ဖွဲ့ က တောင်းဆိုလိုက်ကြပါတယ်။
ရခိုင်လက်နက်ကိုင် AA အဖွဲ့နဲ့ စစ်ကောင်စီတို့ပူးပေါင်းပြီး ရခိုင်ပြည်နယ်အတွင်းက မြို့နယ် ငါးခုမှာ ဇန်နဝါရီလ ၁၉ ရက်နေ့ထဲ စတင်ပြီး ကိုဗစ်ကာကွယ်ဆေးတွေ ထိုးပေးနေပါတယ်။ ဒီအစီအစဉ်နဲ့ ကိုဗစ်ကာကွယ်ဆေးထိုးပြီးသူ ဒီနေ့ ဇန်နဝါရီလ ၂၅ ရက်နေ့အထိ ၅ မြို့နယ်ပေါင်းမှာ ၅၀၀၀ ကျော်ရှိ
နောက်ထပ်ကြည့်ရှုရန်