တာတိုပစ်ဒုံးကျည်နှစ်စင်းကို ဒီကနေ့ အင်္ဂါနေ့အစောပိုင်းကပဲ မြောက်ကိုရီးယားကနေ ပစ်လွှတ်လိုက်တယ်လို့ တောင်ကိုရီးယားစစ်တပ်ကပြောပါတယ် ဒါဟာဆိုရင် မြောက်ကိုရီးယားမြို့တော်ပြုံယမ်းကနေ ဒီနှစ်သစ်ကစလို့ ငါးကြိမ်မြောက်ပစ်လွှတ်မှုလည်းဖြစ်ပါတယ်။
ကမ္ဘာတလွှား ကိုဗစ်၁၉ ကူးစက်မှုတွေ မြင့်တက်လာနိုင်ချိန်မှာပဲ ဂျပန်နိုင်ငံမှာတော့ ဒီကနေ့ အင်္ဂါနေ့တရက်တည်းမှာတင် ကိုဗစ် ရောဂါပိုး ကူးစက်သူပေါင်း ခြောက်သောင်းအထိ ပထမဆုံးအကြိမ် စံချိန်တင်ကူးစက်မှုတွေဖြစ်ပွားခဲ့တယ်လို့ FNN သတင်းက ထုတ်ပြန်
အမေရိကန်တပ်သား ထောင်ပေါင်းများစွာကို ဘောလတစ်ဒေသနဲ့ အရှေ့ဥရောပဒေသကို စေလွှတ်ဖို့ စဉ်းစားနေချိန်မှာပဲ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ဟာ အရေးပါတဲ့ဥရောပခေါင်းဆောင်တွေနဲ့ ယူကရိန်းကို ရုရှားဝင်ရောက်ကျူးကျော်မယ့် ခြိမ်းခြောက်မှုတွေနဲ့ ပတ်သက်ပြီး တနင်္လာနေ့က အွန်လိုင်းဆွေးနွေးပွဲ ကျင်းပခဲ့ပါတယ်။
ဂျာမဏီဟာ အနောက်မဟာမိတ်နိုင်ငံတွေနဲ့ သဘောထားကွဲလာနေတယ်လို့ ဥရောပမဟာမိတ်နိုင်ငံတချို့နဲ့ အမေရိကန်က စဝေဖန်လာချိန်မှာပဲ ရုရှားဟာ ယူကရိန်းကို စစ်ရေးအရ ခြိမ်းခြောက်နေတယ်ဆိုတဲ့ အမြင်ကို ဂျာမဏီက လက်ခံပုံမရဘူးလို့ သံတမန်တွေနဲ့ သုံးသပ်သူတွေက ပြောပါတယ်။
ပါကစ္စတန် နိုင်ငံမှာ ပထမဆုံးသော အမျိုးသမီး တရားရုံးချုပ် တရားသူကြီး တဦး တနလာၤနေ့က ကျမ်းကျိန်လိုက်ပြီး မူဆလင် အများစု နိုင်ငံမှာ ယောက်ျားတွေ ကြီးစိုးတဲ့ တရားစီရင်ရေး သမိုင်းကြောင်းမှာ သမိုင်းဝင် အခိုက်အတန့် အဖြစ် ကြိုဆိုဂုဏ်ပြုကြပါတယ်။
ထိုင်ဝမ်ရဲ့ လေကြောင်း ကာကွယ်ရေး သတ်မှတ်ဇုံ အတွင်းကို တနင်္ဂနွေနေ့က ၃၉ စင်းထိ စံချိန်တင် ပျံသန်းခဲ့ပြီးနောက် တနလာၤနေ့မှာ ၁၃ စင်း ထပ်ပြီး ပျံသန်းခဲ့ကြောင်း ထိုင်ဝမ် အစိုးရက ပြောပါတယ်။
အာဖဂန်နစ္စတန် ယာယီနိုင်ငံခြားရေးဝန်ကြီး Amir Khan Muttaqi ဦးဆောင်တဲ့ တာလီဘန် ကိုယ်စားလှယ်အဖွဲ့ဟာ နော်ဝေနိုင်ငံ အော်စလိုမြို့မှာ အနောက်နိုင်ငံ အစိုးရအရာရှိတွေ၊ အာဖဂန် အရပ်ဘက်လူမှုအဖွဲ့အစည်း ကိုယ်စားလှယ်တွေနဲ့ ၃ ရက်ကြာ ညှိနှိုင်းဆွေးနွေးပွဲကို တနင်္ဂွေနေ့မှာ စတင်နေပြီ ဖြစ်ပါတယ်။
အောက်တိုဘာလနောက်ပိုင်း ထိုင်ဝမ်ရဲ့ လေကြောင်းကာကွယ်ရေးဇုန်အတွင်း တရုတ်လေတပ်ရဲ့ အကြီးမားဆုံး ကျူးကျော်မှု ဖြစ်ပွားခဲ့ကြောင်း တနင်္ဂနွေနေ့က ထိုင်ဝမ်ဘက်က ကြေညာခဲ့ပါတယ်။
နှစ်ပေါင်း ၃၀ ကျော်အတွင်း ထိုင်းခေါင်းဆောင်တဦးရဲ့ ပထမဆုံး ချစ်ကြည်ရေးခရီးစဉ်အဖြစ် ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာဟာ ဒီသီတင်းပတ်အတွင်း ဆော်ဒီအာရေဗျနိုင်ငံကို သွားရောက်မှာ ဖြစ်ပါတယ်။
ယူကရိန်းအစိုးရနေရာကို ရုရှားလိုလားတဲ့ အစိုးရနဲ့ အစားထိုးဖို့ ရုရှားက လုပ်နေကြောင်း ဗြိတိန်အစိုးရက စနေနေ့က စွပ်စွဲ ပြောကြားလိုက်ပါတယ်။
ယူကရိန်းနဲ့ ရုရှားနိုင်ငံကြား တင်းမာမှုတွေ တိုးနေချိန်မှာပဲ ယူကရိန်းကို အမေရိကန်လုပ် လေယာဉ်ပစ်လက်နက်တွေနဲ့ တင့်ကားဖျက် မစ်ဇိုင်းလက်နက်တွေ ပို့ပေးဖို့ ဘော်လကန်ဒေသက နိုင်ငံတွေဖြစ်တဲ့ Estonia, Latvia နဲ့ Lithuania နိုင်ငံတွေကို ခွင့်ပြုလိုက်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက စနေနေ့မှာ ပြောပါတယ်။
အာဖရိကတိုက် အနောက်ပိုင်းနိုင်ငံတခုဖြစ်တဲ့ Burkina Faso က စစ်စခန်းအတော်များများမှာ တနင်္ဂနွေနေ့ အစောပိုင်းက သေနတ်ပစ်ခတ်မှုတွေ ပေါ်ပေါက်ခဲ့တယ်လို့ အစိုးရကပြောပေမယ့် စစ်တပ်က အာဏာသိမ်းယူပြီ ဆိုတာကိုတော့ ငြင်းဆန်ပါတယ်။
အီရန် တော်လှန်ရေးအစောင့်တပ် (IRGC) က မြန်မာစစ်ကောင်စီကို လက်နက်တွေ ပို့ပေးနေသလားလို့ Asia Times သတင်းဌာနက မေးခွန်းထုတ်လိုက်ပါတယ်။
မြန်မာ့အရေး အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) က ချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ရာမှာ စစ်ကောင်စီရဲ့ လမ်းပြမြေပုံ ၅ ချက်နဲ့ သွားမချိတ်ဆက်သင့်ဘူးလို့ အင်ဒိုနီးရှားသမ္မတ Joko Widodo က ပြောလိုက်ပါတယ်။
အာရပ်စော်ဘွားများပြည်ထောင်စု UAE မှာ အပျော်တမ်းဒရုန်းယာဉ်ပျံသန်းခွင့်တွေကို ကန့်သတ် ပိတ်ပင်လိုက်ပါတယ်။
အိန္ဒိယ ကျန်းမာရေးဝန်ကြီးဌာနရဲ့ စနေနေ့ ထုတ်ပြန်ချက်မှာ ကိုဗစ်ကူးစက်သူအသစ် ၃၃၇,၇၀၄ ဦးရှိကြောင်း ဖော်ပြပါတယ်။ ဒီစာရင်းတွေဟာ လက်တွေ့ဖြစ်နေတာထက် လျော့နည်းပုံရကြောင်းလည်း ကျန်းမာရေးပညာရှင်တွေက သတိပေးပါတယ်။
အာဖဂန်နစ္စတန်မှာ အမျိုးသမီး တက်ကြွလှုပ်ရှားသူ ၂ ဦး ပျောက်ဆုံးနေတဲ့အပေါ် စိုးရိမ်နေကြချိန်မှာပဲ သဘောထားကွဲပြားသူတွေကို ဖြိုခွဲခွင့်နဲ့ ဆန္ဒပြသူတွေကို ထောင်ချခွင့် ရှိတယ်လို့ တာလီဘန် အာဏာပိုင်တို့က စနေနေ့မှာ သတိပေးလိုက်ပါတယ်။
ယူကရိန်းနဲ့ ရုရှားနိုင်ငံကြား တင်းမာမှုတွေ တိုးနေချိန်မှာပဲ ယူကရိန်းကို အမေရိကန်လုပ် လေယာဉ်ပစ်နဲ့ တင့်ကားဖျက် မစ်ဇိုင်းလက်နက်တွေ ပို့ပေးဖို့ ဘော်လကန်ဒေသက နိုင်ငံတွေဖြစ်တဲ့ Estonia, Latvia နဲ့ Lithuania နိုင်ငံတွေကို ခွင့်ပြုလိုက်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက စနေနေ့မှာ ပြောပါတယ်။
မြန်မာ့အရေး အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) က ချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ရာမှာ သိသာထင်ရှားတဲ့ တိုးတက်မှုတွေ မရသေးသမျှ အာဆီယံ အစည်းအဝေးတွေမှာ မြန်မာစစ်ကောင်စီကို မဖိတ်ဖို့ အင်ဒိုနီးရှားနိုင်ငံက ပြောဆိုလိုက်ပါတယ်။
ယူကရိန်းနိုင်ငံအတွက် အမေရိကန်ပြည်ထောင်စုက ကူညီတဲ့ ဒေါ်လာသန်း ၂၀၀ ဖိုး လုံခြုံရေးဆိုင်ရာ ပစ္စည်းတွေထဲက ပထမအသုတ် Kyiv မြို့တော်မှာ ရောက်လာပြီလို့ ယူကရိန်းနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဒီကနေ့ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်