မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ရင်းနှီးမြှုပ်နှံမှု ရုပ်ပြီးတော့ ပြန်ထွက်သွားတဲ့ ပြည်ပ စီးပွားရေးကုမ္ပဏီ အရေအတွက် တဖြည်းဖြည်း တိုးလာနေပါတယ်။
ကမ္ဘာတဝန်း ကူးစက်မြန် ကိုဗစ်မျိုးကွဲသစ် Omicron တွေ့အပြီး ကူးစက်မှု မြင့်မားလာနေချိန်မှာ ဂျပန်မြို့တော်မှာလည်း နေ့စဉ်ကူးစက်မှု ၄ ရက်ဆက်တိုက် စံချိန်တင်ခဲ့ပါတယ်။
အမေရိကန်သမ္မတ Joe Biden နဲ့ ဂျပန်ဝန်ကြီးချုပ် Fumio Kishida တို့ ပထမဆုံးအကြိမ်အဖြစ် သောကြာနေ့က တရားဝင် အွန်လိုင်းကနေ တွေ့ဆုံရာမှာ တရုတ်နိုင်ငံရဲ့ စစ်ရေးအရ ချဲ့ထွင်မှုတွေကို အဓိက ဆွေးနွေးခဲ့ကြပါတယ်။
အမေရိကန်နဲ့ မဟာမိတ်တွေ အနေနဲ့ ယူကရိန်းကို ရုရှားကျူးကျော်လာရင် တုံ့ပြန်ဖို့ အသင့်ရှိနေကြောင်း ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမှာ ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov နဲ့ သောကြာနေ့ ဆွေးနွေးပွဲအပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ထပ်မံပြောကြားလိုက်ပါတယ်။
ကရင်ပြည်နယ်အတွင်းမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွါးနေပြီး စစ်ကောင်စီဘက်က စစ်ကြောင်းတွေနဲ့ ထိုးစစ်ဆင်နေတာကြောင့် လေးကေ့ကော်ဒေသအပါအဝင် ကျေးရွာပေါင်း ၇ ရွာလောက်က စစ်ဘေးရှောင်တွေဟာ နေရပ်မပြန်နိုင်ကြတဲ့အပြင် ထိုင်းနယ်စပ်အနီး သောင်ရင်းမြစ် တလျှောက် အကြိမ်ကြိမ်ထွက်ပြေး ပြောင်းရွှေ့နေကြပါတယ်။
မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးအခြေအနေတွေ ဆိုးဝါးလာနေတဲ့အတွက် မြန်မာနိုင်ငံထဲမှာရှိတဲ့ စီးပွားရေးလုပ်ငန်းတွေကို ပြန်ရုပ်သိမ်းမယ့်အကြောင်း ပြင်သစ် စွမ်းအင်ကုမ္ပဏီ TOTAL နဲ့ အမေရိကန် စွမ်းအင်ကုမ္ပဏီ Chevron တို့က ဒီကနေ့ အသီးသီး ထုတ်ပြန်ကြေညာပါတယ်။
ယူကရိန်းအရေး ဖြေရှင်းရာမှာ ပြတ်ပြတ်သားသား ဆုံးဖြတ်ရမယ့် အချိန်တန်ပြီဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken က သတိပေးလိုက်ပါတယ်။
မြန်မာ့သဘာဝဓါတ်ငွေ့လုပ်ငန်းကနေ ဝင်ငွေ ဒေါ်လာသန်းရာနဲ့ချီရနေတဲ့ မြန်မာစစ်တပ်ရဲ့ ဝင်ငွေရလမ်းကို ပိတ်ပစ်မယ့် ပစ်မှတ်ထားအရေးယူမှုအတွက် ပြင်သစ်တိုတယ်စွမ်းအင် ကုမ္ပဏီက ထောက်ခံပံ့ပိုးမှာ ဖြစ်ကြောင်း နယူးရောက်အခြေစိုက် HRW လူ့အခွင့်ရေးစောင့်ကြည့်အဖွဲ့ က ကြာသပတေးနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
ကျွန်းနိုင်ငံငယ်ကလေး တခုဖြစ်တဲ့ Tongaမှာ စနေနေ့က ရေအောက်မီးတောင်ပေါက်ကွဲပြီး ကြီးမားတဲ့ ဆူနာမီရေလှိုင်းတွေ ရိုက်ခတ်မှုကြောင့် ပင်လယ်ထဲကို မျောပါသွားတဲ့ မသန်စွမ်းသူ အသက် ၅၇ နှစ်အရွယ် Lisala Folauဟာ ရေထဲမှာမျောနေခဲ့ပေမယ့်အသက်မသေပဲ ရှင်သန်နေတာကြောင့် သူ့ကို အဏ္ဍဝါလူသား လို့ နာမည်ပေးထား ကြပါတယ်။
တနင်္သာရီတိုင်း၊ ထားဝယ်အခြေစိုက် Dawei Watch သတင်းဌာနက သတင်းထောက်နှစ်ဦး ဖြစ်တဲ့ ကိုဇော်နဲ့ မမိုးမြင့် တို့နဲ့အတူ ရုံးဝန်ထမ်း ကိုသားကြီးတို့ ၃ ဦးကို ဇန်နဝါရီလ ၁၈ ရက်နေ့ ည သန်းကောင်ယံအချိန်မှာ စစ်ကောင်စီက ဖမ်းဆီးသွား ခဲ့ပါတယ်။
အမေရိကန်သမတ Joe Biden အနေနဲ့သူ့ရဲ့ ပထမနှစ်သမတသက်တမ်းအတွင်း အခက်အခဲ စိန်ခေါ်မှုတွေနဲ့ကြုံခဲ့ရသလို တိုးတက်မှုတွေလည်းအများကြီးရှိခဲ့တယ်လို့ ဗုဒ္ဓဟူးနေ့ကပြုလုပ်ခဲ့တဲ့ ၂၀၂၂ ခုနှစ်ရဲ့ပထမဆုံးသတင်းစာရှင်းလင်းပွဲမှာ သမတ ဘိုင်ဒင်ကပြောဆိုခဲ့ပါတယ်။
စစ်တပ်က အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေ အပေါ် အကြမ်းဖက် တိုက်ခိုက်မှုတွေ ပိုတိုးလာနေတာကြောင့် ဒါကို အရေးယူဖြေရှင်းပေးဖို့ မြန်မာ့အမျိုးသမီးအရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတချို့က လုံခြုံရေးကောင်စီကို ဗုဒ္ဓဟူးနေ့က တိုက်တွန်း လိုက်ကြပါတယ်။
အာဖဂန်နစ္စတန်အစိုးရသစ်မှာ လိုအပ်တဲ့ အခြေအနေအားလုံးဖြည့်ဆည်းထားပြီးဖြစ်တာကြောင့် သူတို့ကို အစိုးရအဖြစ် တရားဝင်အသိအမှတ်ပြုဖို့ တာလီဘန်ယာယီဝန်ကြီးချုပ်က ကမ္ဘာ့အသိုင်းအဝန်းကို ဗုဒ္ဓဟူးနေ့က တောင်းဆိုလိုက်ပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံ အနောက်ပိုင်းမှာ တနလာၤနေ့က ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် အနည်းဆုံး လူ ၂၆ ဦးထိ သေဆုံးခဲ့ပါတယ်။
ဆွစ်ဇာလန် နိုင်ငံ ဂျီနီဗာမှာ သောကြာနေ့ ရုရှား နိုင်ငံခြားရေး ဝန်ကြီး Sergey Lavrov နဲ့ ဆွေးနွေးမယ့် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Antony Blinken က ရုရှားအနေနဲ့ ယူကရိန်းနဲ့ နယ်စပ်တလျှောက် တင်းမာမှုတွေ လျှော့ချရေး ချက်ချင်း ဆောင်ရွက်ဖို့ တိုက်တွန်းမှာ ဖြစ်ပါတယ်။
ကယားပြည်နယ်မှာ စစ်ပြေးဒုက္ခသည်တွေ ခိုလှုံနေတဲ့ စခန်းတခုကို စစ်ကောင်စီတပ်တွေ လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့အပေါ် နော်ဝေဒုက္ခသည်များကောင်စီက ပြစ်တင်ရှုတ်ချလိုက်ပါတယ်။
ဆူဒန်နိုင်ငံမှာ အာဏာသိမ်းမှု ဆန့်ကျင်တဲ့ တနင်္လာနေ့ ဆန္ဒပြပွဲမှာ လုံခြုံရေးတပ်တွေကြောင့် ဆန္ဒပြသူ ၇ ဦးသေဆုံးခဲ့ရတယ်လို့ ဆူဒန်ဆရာဝန်များ အဖွဲ့ကပြောပါတယ်။ လုံခြုံရေးတာဝန်ခံတွေ ကတော့ ရုန်းရင်းဆန်ခတ်မှု ဖြစ်အောင် လုပ်ရာမှာ တာဝန်ရှိသူ လို့သတ်မှတ်သူတွေကို အရေးယူမှာဖြစ်ကြောင်း ပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးချိန်ကစပြီး မြန်မာနိုင်ငံ အရှေ့တောင်ပိုင်း ကရင်နဲ့ ကယားပြည်နယ်တွေမှာ အိုးအိမ်စွန့်ခွါထွက်ပြေးရသူ ၂ သိန်းနီးပါး ရှိနေပြီလို့ ကုလသမဂ္ဂက ဇန်နဝါရီလ ၁၇ ရက် တနင်္လာနေ့ နယူးရောက်ရုံးချုပ် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စု အရှေ့တောင်ဘက်ပိုင်းမှာ ပြင်းထန်တဲ့ ဆောင်းရာသီမုန်တိုင်းကြောင့် လျှပ်စစ်ဓာတ်အားတွေ ပြတ်တောက်ပြီး သစ်ပင်တွေ၊ ခြံစည်းရုံးတွေ ကျိုးကျခဲ့သလို လမ်းတွေပေါ်မှာလည်း ရေခဲပြင်လိုမျိုး အေးခဲဖုံးလွှမ်းနေပြီး လူတွေကို ဒုက္ခရောက်စေခဲ့ပါတယ်။
ဆိုမာလီနိုင်ငံ မြို့တော် Mogadishu မှာ အသေခံဗုံးခွဲသူတဦး လက်ချက်ကြောင့် အစိုးရ ပြောခွင့်ရသူလည်းဖြစ် သတင်းထောက်ဟောင်းလည်းဖြစ်တဲ့ Mohamed Ibrahim Moalimuu ဒဏ်ရာရခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်