ယူကရိန်းအစိုးရရဲ့ ဝက်ဘ်ဆိုက်တွေ နှောင့်ယှက် တိုက်ခိုက်ခံရမှုအတွက် ယူကရိန်းက ရုရှားကို တနင်္ဂနွေနေ့မှာ အပြစ်တင် ပြောဆိုလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်က ဂျူးဘုရားရှိခိုးကျောင်းမှာ စနေနေ့က လူလေးဦးကို ၁၀ နာရီကြာ ဓားစာခံအဖြစ် ဖမ်းဆီးခဲ့သူဟာ အသက် ၄၄ နှစ်အရွယ် ဗြိတိန်နိုင်ငံသားဖြစ်ကြောင်း အမေရိကန် အာဏာပိုင်တွေက တနင်္ဂနွေနေ့က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
အာရကန် ရိုဟင်ဂျာ ကယ်တင်ရေးတပ် (ARSA) အဖွဲ့ ခေါင်းဆောင်နဲ့ ညီအစ်ကိုတော်စပ်သူ Mohammad Shah Ali ကို ဖမ်းဆီးခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့က တနင်္ဂနွေနေ့မှာ ပြောပါတယ်။
မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်လည်ကျင့်သုံးနိုင်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ဟာ မရှိမဖြစ် ဖြစ်ကြောင်း၊ သူမကို ပြစ်ဒဏ် ချမှတ်ထားပေမယ်လို့လည်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ သူမ ပါဝင်ရမယ်လို့ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးက တနင်္ဂနွေနေ့မှာ ပြောပါတယ်။
ပြည်ဝင်ခွင့်ဗီဇာ ငြင်းပယ်ခံရတဲ့ ကမ္ဘာ့နံပါတ်တစ် တင်းနစ်ကစားသမား Novak Djokovic သြစတြေးလျနိုင်ငံ မဲလ်ဘုန်းလေဆိပ်ကနေ ဒီကနေ့ ထွက်ခွာသွားပါပြီ။
တနင်္ဂနွေနေ့အထိ ကမ္ဘာတဝန်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ စုစုပေါင်း ၃၂၆ ဒသမ ၂ သန်းရှိပြီး ၅ ဒသမ ၅ သန်း သေဆုံးခဲ့ပါတယ်။
ကပ်ဘေးကြောင့် ကန့်သတ် ပိတ်ဆို့ထားကတည်းကဆိုရင် မြောက်ကိုရီးယား ရထားဟာ တရုတ်နိုင်ငံအတွင်းကို တနင်္ဂနွေနေ့က ပထမဆုံးအဖြစ် နယ်စပ်ဖြတ် ဝင်ရောက်ခဲ့ပါတယ်။
ယူကရိန်း အစိုးရဌာနတွေရဲ့ ကွန်ပျူတာစနစ်တွေ ဖျက်ဆီး အတိုက်အခိုက် ခံနေရတယ်လို့ မိုက်ခရိုဆော့ဖ် ကုမ္ပဏီကြီးက ပြောပါတယ်။ ဒါပေမယ့် ဌာန အရေအတွက်ကိုတော့ အတိအကျ မပြောပါဘူး။
အမေရိကန်ပြည်ထောင်စု၊ Texas ပြည်နယ်က ဂျူးဘုရားကျောင်းတခုထဲမှာ ဓားစာခံတွေ ဖမ်းထားတဲ့လူဟာ ဂျူးလူမှုအသိုင်းအဝိုင်းကို တမင် ပစ်မှတ်ထားတာ မဟုတ်ဘူးလို့ အမေရိကန် စုံစမ်းစစ်ဆေးရေးဗျူရို (FBI) က ပြောပါတယ်။
ရန်ကုန် အလုံမြို့နယ် ထော်လီကွေ့အနီးမှာရှိတဲ့ ထူး စက်သုံးဆီဆိုင်မှာ ဒီကနေ့မနက်ပိုင်းက ပေါက်ကွဲမီးလောင်မှု ဖြစ်ခဲ့တယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။
အင်တာနက်ကတဆင့် ငွေညှစ်နေတဲ့ REvil ရာဇဝတ်ဂိုဏ်းဝင်အဖြစ် မသင်္ကာသူ နောက်ထပ် ၆ ဦးကို ရုရှားအာဏာပိုင်တွေ ဖမ်းဆီးလိုက်ပြီး တရားမဝင် ငွေကြေးလွဲှပြောင်းမှုနဲ့ စနေနေ့က မော်စကိုတရားရုံးမှာ ချုပ်ရမန် ယူလိုက်ပါတယ်။
ကာဇက်စတန်နိုင်ငံမှာ ပြီးခဲ့တဲ့ သီတင်းပတ်ထဲ အဓိကရုဏ်းတွေအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင် ၁၉ ဦး အပါအဝင် လူပေါင်း ၂၂၅ ယောက် သေဆုံးခဲ့ရတယ်လို့ အစိုးရရှေ့နေရုံး အကြီးအကဲ Serik Shalabayev က စနေနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ဆောင်းရာသီ အိုလံပစ်ပွဲ မစခင်နဲ့ တရုတ်နှစ်သစ်ကူး မတိုင်ခင် ကိုဗစ်ရောဂါ ကူးစက်မှုတွေကို ထိန်းချုပ်ဖို့ တရုတ်အာဏာပိုင်တွေ ကြိုးစားနေချိန်မှာပဲ ကပ်ရောဂါ ထိန်းချုပ်ရေး အစီအမံတွေ တင်းတင်းကျပ်ကျပ်ချထားတဲ့ ဘေဂျင်းမြို့တော်မှာ အိုမီခရွန် ကူးစက်မြန် ဗီဇပြောင်းပိုးသစ် ကူးစက်ခံရသူ အတည်ပြုလူနာတယောက် တွေ့ခဲ့ပါတယ်။
ပစိဖိတ်သမုဒ္ဒရာ တောင်ပိုင်း ကျွန်းနိုင်ငံငယ်လေး တွန်ဂါကမ်းလွန်မှာ စနေနေ့က ရေအောက်မီးတောင် ပေါက်ကွဲမှုကြောင့် ဂျပန်နိုင်ငံက ဆူနာမီ သတိပေးချက်တွေနဲ့ အတူ ဘေးလွတ်ရာရှောင်တိမ်းဖို့ အမိန့်တွေ ထုတ်ပြန်ခဲ့ရပါတယ်။
အမေရိကန်ပြည်ထောင်စု အနောက်အလယ်ပိုင်းက တိုက်ခတ်လာမယ့် နှင်းမုန်တိုင်းဟာ အရှေ့တောင်ပိုင်း ပြည်နယ်တွေကို တနင်္ဂနွေနေ့မှာ ဝင်ရောက်လာဖို့ ခန့်မှန်းထားတာကြောင့် ကြိုတင်ပြင်ဆင်နေကြပြီး ရာသီဥတု ဆိုးရွားနိုင်တဲ့ တချို့ပြည်နယ်တွေမှာ အရေးပေါ် အခြေအနေတွေ ကြေညာထားပါတယ်။
ကမ္ဘောဒီးယား အတိုက်အခံခေါင်းဆောင် Kem Sokha အပေါ် နိုင်ငံတော်သစ္စာဖောက်ဖျက် ပုန်ကန်မှုနဲ့ စွဲချက်တင်ထားတဲ့ အမှုအတွက် ဇန်နဝါရီလ ၁၉ ရက်နေ့မှာ တရားရုံးတင်စစ်ဆေးဖို့ သတ်မှတ်ထားတဲ့အတိုင်း ဆက်လုပ်သွားမယ်လို့ အစိုးရပြောခွင့်ရတဦးက သောကြာနေ့မှာ ပြောပါတယ်။
ကမ္ဘာတဝန်းမှာ ကိုဗစ်ရောဂါ ကူးစက်သူ အရေအတွက် စုစုပေါင်း ၃၂၃ သန်းကျော် ရှိနေပြီး သေဆုံးသူ ၅ သန်းခွဲရှိပြီလို့ စောင့်ကြည့်မှတ်တမ်းတင်နေတဲ့ အမေရိကန် Johns Hopkins တက္ကသိုလ်က ဒီကနေ့ ထုတ်ပြန်ပါတယ်။
အာဆီယံ ဘုံသဘောတူညီချက် အကောင်အထည်ဖော်တာ တိုးတက်မှုမရသရွေ့ စစ်ကောင်စီကို အာဆီယံအစည်းအဝေေးတွေကနေ ဆက်ပြီး ဖယ်ထုတ်ထားဖို့ စင်္ကာပူနိုင်ငံက သဘေထားရှိနေဆဲပါပဲ။
မြန်မာနိုင်ငံမှာ အာဏာသိမ်းအုပ်ချုပ်နေတဲ့ စစ်အာဏာပိုင်တွေကို အသိအမှတ်ပြုလက်ခံတာမျိုးမလုပ်ဖို့ အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) အလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားကို အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေး ကော်မတီ ခေါင်းဆောင်တွေ တောင်းဆိုလိုက်ပါတယ်။
ယူကရိန်းမှာ ကွန်ပြူတာ ဆိုက်ဘာတိုက်ခိုက်မှု ခံခဲ့ရတဲ့အတွက် အစိုးရဌာနအများအပြားရဲ့ လုပ်ငန်းတွေ ထိခိုက်ခဲ့ရတာနဲ့ ပတ်သက်ပြီး ယူကရိန်းကို အကူအညီတွေ ပေးဖို့ အမေရိကန်အစိုးရက ကမ်းလှမ်းလိုက်တယ်လို့ သမ္မတအိမ်ဖြူက သောကြာနေ့မှာ ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်