နိုင်ငံတကာတရားရုံး (ICJ) မှာ မြန်မာနိုင်ငံကိုယ်စားပြုပြီး ခုခံချေပခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နေရာမှာ အစားထိုး ပြောင်းလဲလိုက်ပြီလို့ ဂမ်ဘီယာနိုင်ငံရဲ့ ရှေ့နေချုပ် Dawda Jallow က ရိုက်တာသတင်းဌာနကို ဒီကနေ့ ပြောပါတယ်။
အသက်မပြည့်သေးတဲ့ မိန်းခလေးတဦးကို မဖွယ်မရာလိင်ဆက်ဆံမှုရှိတယ် ဆိုတဲ့ စွပ်စွဲမှုတွေ ရင်ဆိုင်နေရတဲ့ Andrew မင်းသားကို လက်ရှိထမ်းဆောင်နေတဲ့ စစ်ဘက်နဲ့ တော်ဝင်သူကောင်းပြုထားတဲ့ York မြို့စား တာဝန်ကနေ ရုပ်သိမ်းလိုက်ကြောင်း မိခင်ဖြစ်သူ ဗြိတိန်ဘုရင်မကြီး Elizabeth က ကြေညာလိုက်ပါတယ်။
ဆူဒန်နိုင်ငံမှာ စစ်အာဏာသိမ်းမှု ဆန့်ကျင်လှုပ်ရှားမှုတွေ နိုင်ငံအဝန်း ဆက်လက်ပေါ်ပေါက်နေချိန်မှာပဲ ကြာသပတေးနေ့က Khartoum မြို့တော်မှာ ဆန္ဒပြသူတွေကို မျည်ရည်ယိုဗုံးတွေ၊ ကျည်အစစ်တွေနဲ့ ပစ်ခတ်ဖြိုခွဲခဲ့ကြောင်း တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။
ကမ္ဘောဒီးယားဝန်ကြီးချုပ်ရဲ့ မကြာသေးခင်က မြန်မာနိုင်ငံခရီးစဉ်အပေါ် အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) အဖွဲ့ဝင်တွေကြား မတူတဲ့ သဘောထားအမြင်တွေနဲ့ စိုးရိမ်မှုတွေ ရှိနေကြကြောင်း မလေးရှား နိုင်ငံခြားရေးဝန်ကြီးက ပြောလိုက်ပါတယ်။
ကယားနဲ့ ကရင်ပြည်နယ်တွေမှာ မြန်မာစစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ၊ ဒေသခံကာကွယ်ရေးတပ်တွေကြား တိုက်ခိုက်မှုတွေဟာ သိပ်ပြင်းထန်လာနေတဲ့အတွက် လူသားချင်းစာနာမှုဆိုင်ရာနဲ့ လုံခြုံရေးဆိုင်ရာ အခြေနေတွေအတော်ဆိုးနေတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုရုံး OCHA က ကြာသပတေးနေ့မှာ ကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလက အမေရိကန်နိုင်ငံတွင်း အထွေထွေစားသုံးကုန်၊ လူသုံးကုန် ပစ္စည်းဈေးနှုန်းတွေ၇ ရာခိုင်နှုန်း မြင့်တက်သွားပြီး၊ ဒါဟာ နှစ် ၄၀ အတွင်းမှာ အမြင့်ဆုံးလို့ အလုပ်သမားရေးရာဌာနက ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ကြေညာပါတယ်။
မြောက်ကိုရီးယားရဲ့ ပဲ့ထိန်းဒုံလက်နှက်နဲ့ အစုလိုက်အပြုံလိုက် သေကြေပျက်စီးစေတဲ့ လက်နက်တွေထုတ်လုပ်ရာမှာ လိုအပ်တဲ့ပစ္စည်းတွေထောက်ပံပေးခဲ့သူတွေအဖြစ် စွပ်စွဲခံထားရသူ ၅ ဦးကို အမေရိကန်ဘဏ္ဌာရေးဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့က ပိတ်ဆို့ အရေးယူတာတွေ ချမှတ်လိုက်ပါတယ်။
NATO မဟာမိတ်အဖွဲ့နဲ့ ရုရှားကိုယ်စားလှယ်တွေ ဘယ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ် မြို့တော်မှာတွေဆုံဆွေးနွေးခဲ့ကြပြီး ရုရှားအနေနဲ့ ယူကရိန်း နယ်စပ်တင်း မာမှုတွေလျော့ချဖို့နဲ့ လက်နှက်ထိန်းချုပ်ရေးကိစ္စအပါအဝင် ဖြေရှင်းရမယ့်ကိစ္စရပ်တွေကု ိဆက်လက် ဆွေးနွေးသွားဖို့ NATO အဖွဲ့ဝင် တွေက ရုရှားကိုတိုက်တွန်းခဲ့ပါတယ်။
Omicronနဲ့ အခြား ကိုဗစ်မျိုးကွဲသစ်တွေ ပျံပွားလာနေတာကြောင့် နှေးကွေးကျဆင်းနေတဲ့ ကမ္ဘာ့ စီးပွားရေးကို ပိုမိုအခြေအနေဆိုးသွားစေနိုင်တဲ့ အန္တရယ်တွေရှိနေကြောင်းနဲ့၊ အထူးသဖြင့် ဆင်းရဲတဲ့ဖွံဖြိုးစဲ နိုင်ငံတွေ ပိုမိုထိခိုက်နိုင်ပြီး ဝင်ငွေ မညီမျှမှုတွေ ပိုဆိုးလာနိုင်တယ်လို့ ကမ္ဘာဘဏ်က အင်္ဂါနေ့က သတိပေးလိုက်ပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံမှာ ပြီးခဲ့တဲ့ သြဂုတ်လက အမေရိကန်ထောက်ခံထားတဲ့ အစိုးရ ပြိုကွဲပြီးနောက် အိမ်နီးချင်း နိုင်ငံတွေကို လေယာဉ်မှူးတွေက ပျံသန်း ထွက်ပြေးခဲ့ကြတဲ့ လေတပ် လေယာဉ်တွေနဲ့ ရဟတ်ယာဉ်တွေကို ပြန်ပေးဖို့ ဥဇဘက်ကစ္စတန်နဲ့ တာဂျစ်ကစ္စတန် နိုင်ငံတွေကို တာလီဘန်အစိုးရက တောင်းဆိုလိုက်ပါတယ်။
အမေရိကန်နဲ့ တွေ့ဆုံဆွေးနွေးမှုကနေ တိုးတက် ဖြစ်ထွန်းမှုတခု ထွက်လာဖို့ မျှော်လင့်ချက် သိပ်မရှိကြောင်း ရုရှားအစိုးရက အင်္ဂါနေ့မှာ ပြောဆိုလိုက်ပြီး အမေရိကန်ဘက်ကတော့ လက်ရှိ တင်းမာမှုတွေရဲ့ အဓိကအကြောင်းရင်းက ယူကရိန်းနယ်စပ် အနီးမှာ ရုရှားဘက်က အကြီးအကျယ် စစ်အင်အား တည်ဆောက်မှု ဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ အင်တာနက် ဝန်ဆောင်မှုတွေအပေါ် အခွန်တိုးမြှင့်ကောက်ခံမယ့် အစီအစဉ်ကြောင့် သုံးစွဲသူတွေ၊ လုပ်ငန်းရှင်တွေနဲ့ တက်ကြွလှုပ်ရှားသူတွေကြား စိုးရိမ်မှုတွေ ထွက်ပေါ်လာနေပါတယ်။
ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်း အရှိန်မြှင့်လာတဲ့ထိုးစစ်တွေကြောင့် ကလေး ၄ ဦးသေဆုံးခဲ့ပြီး၊ အခြားကလေးတွေ ကိုယ်လက်အင်္ဂါချို့ယွင်းတဲ့အထိ ထိခိုက်ဒါဏ်ရာရခဲ့တဲ့အပေါ် ကုလသမဂ္ဂခလေးများရန်ပုံငွေအဖွဲ့ UNICEF ကအင်္ဂါနေ့ကကြေညာချက် ထုတ်ပြန်ပြီး ကန့်ကွက်ရှုတ်ချလိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက တရားစွဲဆို ထောင်ချနေတာဟာဆိုရင် အာဆီယံ ချမှတ်ထားတဲ့ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှုကနေ ဖယ်ထုတ်ဖို့ ကြံစည်မှု ဖြစ်တယ်လို့ ဥရောပသမဂ္ဂ EU က အင်္ဂါနေ့မှာ ပြောဆိုလိုက်သလို နော်ဝေ နိုင်ငံကတော့ လုံခြုံရေး ကောင်စီဘက်က ဆောင်ရွက်ဖို့ တွန်းအားပေးမယ့် အကြောင်း ပြောဆိုလိုက်ပါတယ်။
အရောင်တွေနဲ့တင်စားသတ်မှတ်တဲ့တော်လှန်ရေး Color Revolution တွေနဲ့ သူ့ရဲမဟာမိတ်အစိုးရတွေကိုဖြုတ်ချတာကို လက်ခံမှာမဟုတ်ဘူးလို့ ရုရှားသမတ Vladimir Putin က တနင်္လာနေ့မှာ ပြောဆိုလိုက်ပါတယ်။
ဆူဒန်နိုင်ငံမှာအောက်တိုဘာလအတွင်းစစ်တပ်အာဏာသိမ်းခဲ့ပြီးနောက်ဖြစ်ပေါ်လာတဲ့ နိုင်ငံရေးပဋိပက္ခတွေကိုဆွေးနွေးဖြေရှင်းနိုင်ဖို့ ကုလသမဂ္ဂကိုယ်စားလှယ်အဖွဲ့အနေနဲ့ ဆွေးနွေးမှုတွေကို ဇန္နဝါရီ ၁၀ ရက်နေ့ တနင်္လာနေ့မှာစတင်ပြီဖြစ်ကြောင်းကုလ သမဂ္ဂတာဝန်ရှိသူကပြောဆိုပါတယ်။
မြောက်ကိုရီးယားက အသံထက် ၅ ဆမြန်တဲ့ဒုံးကျည် လို့ ဆိုတဲ့ ဒုံးကျည် ပစ်လွှတ်စမ်းသပ်ခဲ့ပြီး တပတ်မပြည့်ခင်မှာပဲ အမျိုးအမည်မသိ ထိပ်ဖူးတပ် ဒုံးကျည်တခုကို ပင်လယ်ပြင်ထဲပစ်လွှတ်ခဲ့တယ်လို့ တောင်ကိုရီးယား စစ်တပ်က အင်္ဂါနေ့မှာ ပြောပါတယ်။
မြန်မာနိုင်ငံမှာ ဖြစ်ပွါးနေတဲ့ ပဋိပက္ခတွေရဲ့ ဒဏ်ကို မြန်မာပြည်သူတွေခံစားနေရတာ ခုဆို တနှစ်လောက်ရှိလာနေပြီဖြစ်ပြီး ဒီပြဿနာကို ပါးနပ်လိမ္မာစွာနဲ့ ထိထိရောက်ရောက် ဖြေရှင်းနိုင်အောင် ဆွေးနွေးပြောဆိုမှုတွေ အရေးတကြီးလိုအပ်နေပြီဖြစ်ကြောင်း ပုပ်ရဟန်းမင်းကြီးက မိန့်ကြားပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က အီသီယိုပီးယားဝန်ကြီးချုပ် Abiy Ahmed နဲ့ တနင်္လာနေ့ ဆက်သွယ်ပြောကြားရာမှာ အီသီယိုပီးယားနိုင်ငံမှာ စစ်မက်ဆက်လက်ဖြစ်ပွါးနေတာနဲ့ မကြာသေးခင်ကပဲ တီဂရေးဒေသက အရပ်သား ဒါဇင်နဲ့ချီ သေဆုံးခဲ့ရတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ အတွက် စိုးရိမ်ကြောင်း ပြောကြားခဲ့ပါတယ်။
စစ်တပ်က အာဏာသိမ်းထားတဲ့ မာလီနိုင်ငံမှာ ရွေးကောက်ပွဲကျင်းပမယ့်ရက် ရွှေ့ဆိုင်းဖို့ ကြိုးစားနေတဲ့အတွက် ဒါကို လက်မခံနိုင်ဘူးဆိုပြီး မာလီကို ကြီးမားတဲ့ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ဖို့ အနောက်အာဖရိကနိုင်ငံများ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (ECOWAS) က တနင်္ဂနွေနေ့မှာ သဘောတူ ဆုံးဖြတ်လိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်