တရုတ်နိုင်ငံက အစပျိုး ဆောင်ရွက်နေတဲ့ OBOR ခေတ်သစ်ပိုးလမ်းမ စီမံကိန်းမှာ သီရိလင်္ကာနိုင်ငံနဲ့ ပတ်သက်တဲ့ အပိုင်းကို အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်စေရေးအတွက် တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi ဟာ တနင်္ဂနွေနေ့က သီရိလင်္ကာ တာဝန်ရှိသူတွေနဲ့ ဆွေးနွေးခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့က တိုက်ခန်းတွဲ အဆောက်အဦကြီးတခုကို တနင်္ဂနွေနေ့က မီးလောင်ကျွမ်းခဲ့ရာမှာ လူ ၁၉ ဦး သေဆုံးပြီး အဲဒီထဲမှာ ကလေးငယ် ၉ ဦး ပါဝင်တယ်လို့ မီးသတ်ဌာနက ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox’s Bazar က ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ တနင်္ဂနွေညနေပိုင်းက မီးလောင်မှု ဖြစ်ပွားခဲ့တဲ့အတွက် ဒုက္ခသည် ၅,၀၀၀ ကျော် နေစရာဆုံးရှုံးခဲ့ရတယ်လို့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ပြောပါတယ်။
ကမ္ဘာတဝန်းမှာ ကိုဗစ် အိုမီခရွန်ပိုးတွေ့သူ များလာသလို ကန့်သတ်ကြတဲ့ တိုင်းပြည်တွေလည်း တိုးများလာနေပြီး တချို့တိုင်းပြည်တွေမှာ ကန့်ကွက် ဆန္ဒပြတာတွေလည်း ရှိလာနေကြပါတယ်။
ရှေ့သီတင်းပတ်အတွင်း ယူကရိန်းအရေးကိစ္စအတွက် အမေရိကန်နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်တဲ့အခါ သူတို့ဘက်က တောင်းဆိုထားတဲ့ အနောက်အုပ်စုနိုင်ငံတွေက ရုရှားရဲ့ လုံခြုံရေးကို အာမခံပေးရမယ်ဆိုတဲ့ အချက်ကို အမေရိကန်ရဲ့ ဖိအားတွေကြောင့်တော့ အလျှော့ပေးမှာ မဟုတ်ဘူးလို့ ရုရှားက ဒီကနေ့ ပြောကြားလိုက်ပါတယ်။
ကမ္ဘာတဝန်း ကူးစက်မြန် ကိုဗစ်မျိုးဗီဇကွဲ Omicron ကူးစက်မှုတွေ အလျင်အမြန် ဖြစ်ပေါ်နေတာမှာ အိန္ဒိယနိုင်ငံမှာ ဇန်နဝါရီလ ၈ ရက်၊ စနေနေ့ တရက်တည်းတင် ရောဂါပိုးကူးစက်သူ ၁၄၁,၉၈၆ ဦး ရှိခဲ့ပါတယ်။
ဆူပူမှုတွေကြောင့် လူ ၅,၀၀၀ ကျော်ကို ဖမ်းဆီးထားတယ်လို့ ကာဇက်စတန် အာဏာပိုင်တွေက တနင်္ဂနွေနေ့က ပြောပါတယ်။
အများစုက အမျိုးသမီးတွေ၊ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေ ဖြစ်ကြတဲ့ မြန်မာ ရွာသူရွာသား ၂၀၀ ကျော်ဟာ ထိုင်းနိုင်ငံ မယ်ဟောင်ဆန်ပြည်နယ်၊ Muang ခရိုင်ထဲကို ထွက်ပြေးလာကြပါတယ်။
စနေနေ့မှာ အဆုံးသတ်သွားတဲ့ ကမ္ဘောဒီးယား ဝန်ကြီးချုပ်ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အပေါ် ပြည်တွင်း ပြည်ပက မြန်မာ့အရေး လှုပ်ရှားသူတွေ ကန့်ကွက် ဆန္ဒပြကြပါတယ်။
အမေရိကန် အာကာသ စူးစမ်းလေ့လာရေးအဖွဲ့ နာဆာက မကြာသေးခင်က အာကာသထဲ လွှတ်တင်ခဲ့တဲ့ အာကာသစူးစမ်းရေးမှန်ပြောင်း James Webb ကို စတင်အသုံးပြုဖို့ ရွှေသုတ်ထားတဲ့ သူ့ရဲ့ ပန်းပွင့်ပုံမှန်ချပ်ကြီးကို စနေနေ့မှာ ဖွင့်ပေးလိုက်ပါပြီ။
ကွယ်လွန်သူ အမေရိကန် အထက်လွှတ်တော် လူများစုခေါင်းဆောင်ဟောင်း Harry Reid ကို ဂါရဝပြုတဲ့ အောက်မေ့ဖွယ် အခမ်းအနား စနေနေ့က Nevada ပြည်နယ် Las Vegas မြို့မှာ ကျင်းပရာမှာ သမ္မတ ၂ ဦး အပါအဝင် ထိပ်တန်း ဒီမိုကရက် ခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြပါတယ်။
ကမ္ဘာတလွှား အိုမီခရွန်ကိုဗစ်ပိုး ကူးစက်မှုတွေ တိုးလာနေတာကို ထိန်းချုပ်ဖို့ နိုင်ငံတော်တော်များများမှာ ကပ်ရောဂါကာကွယ်ရေး အစီအစဉ်တွေကို တိုးမြှင့်နေချိန်မှာပဲ ကန့်ကွက်မှုတွေလည်း ရှိနေပါတယ်။
ကမ္ဘောဒီးယား ဝန်ကြီးချုပ်ရဲ့ ခရီးစဉ်ကြောင့် မြန်မာ့အရေး ဖြေရှင်းနိုင်ဖို့ အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) ရဲ့ စုပေါင်းကြိုးပမ်းမှုတွေကို ထိခိုက်ရကြောင်း လူ့အခွင့်အရေးဆိုင်ရာ အာဆီယံ လွှတ်တော်အမတ်များအဖွဲ့ (APHR) က ဝေဖန်လိုက်ပါတယ်။
ကမ္ဘာ့တင်းနစ်အကျော်အမော် Novak Djokovic အနေနဲ့ သြစတြေးလျနိုင်ငံအဝင် ပြည်ဝင်ခွင့်ဗီဇာ ပယ်ဖျက်ခံခဲ့ရတဲ့အပေါ် ဥပဒေကြောင်းအရ ပြန်ပြီး ချေပ တင်ပြခဲ့ပါတယ်။
အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တော်မှာ COVID-19 ကူးစက်နှုန်း တက်လာပြီးတဲ့နောက် သီတင်းပတ်ကုန်ရက် အပြင်မထွက်ရ ကန့်သတ်ချက်ကြောင့် မြို့တော်တဝန်း ဒီကနေ့ စနေနေ့မှာ လူသူကင်းမဲ့နေပါတယ်။
ကာဇက်စတန်နိုင်ငံ အခြေအနေနဲ့ ပတ်သက်ပြီး ရုရှားသမ္မတ Vladimir Putin နဲ့ ကာဇက်သမ္မတ Kassym-Jomart Tokayev တို့ ဒီကနေ့ တက်လီဖုန်းဆက်ပြီး အချိန်အတော်ကြာ ဆွေးနွေးခဲ့ကြတယ်လို့ ရုရှားအစိုးရက ဒီကနေ့ ပြောပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံမှာ အမျိုးသမီးတွေအနေနဲ့ မျက်နှာအဖုံးအကာတွေ ဝတ်ဖို့ တာလီဘန်တွေက အမိန့်ထုတ်လိုက်ပါတယ်။
ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ နှစ်ရက်ကြာ မြန်မာနိုင်ငံခရီးစဉ်ကနေ တိုးတက်မှု အဆင့်တဆင့် ရခဲ့တယ်လို့ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး Prak Sokhonn က ပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီး ၁၀ အကြာမှာ စားနပ်ရိက္ခမလုံလောက်တဲ့ လူဦးရေတွေဟာ တဟုန်ထိုးတက်လာနေတယ်လို့ ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့ကြီးဖြစ်တဲ့ WFP ကပြောပါတယ်။
အရှေ့တောင်အာရှ နိုင်ငံများအသင်းရဲ့ အလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံ အနေနဲ့ မြန်မာ့အရေး အာဆီယံအသင်းက ချမှတ်ထားတဲ့ ဘုံသဘောတူညီချက်တွေကို အကောင်အထည်ဖော်ဖို့နဲ့ အာဆီယံ အထူးကိုယ်စားလှယ် မြန်မာနိုင်ငံကို သွားရောက်ပြီး သက်ဆိုင်သူတွေ အားလုံးနဲ့ တွေ့ဆုံနိုင်အောင် ကြိုးပမ်းဖို့ အမေရိကန်က တိုက်တွန်းလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်