မြန်မာနိုင်ငံကရင်ပြည်နယ်ထဲက တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံအတွင်း ဝင်ရောက်ခိုလှုံနေတဲ့ ဒုက္ခသည်တွေဟာ ထိုင်းနိုင်ငံထဲ ဝင်ရောက်ခွင့်မရသေးလို မြန်မာနိုင်ငံဘက်ကိုလည်းပြန်လို့ မရဖြစ်နေကြောင်း ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က သောကြာနေ့မှာပြောကြားလိုက်ပါတယ်။
ပြိုင်ဖက် အိန္ဒိယနိုင်ငံရဲ့ လေတပ်စွမ်းအားတည်ဆောက်မှုကို တုံ့ပြန်တဲ့အနေနဲ့ ပါကစ္စတန်နိုင်ငံဟာ တရုတ်နိုင်ငံဆီကနေ ဘက်စုံသုံး J -10 ဂျက်တိုက်လေယာဉ်တွေကို ဝယ်ယူမယ်လို့ ပါကစ္စတန်စစ်ဖက်က မနေ့ ဗုဒ်ဓဟူးနေ့ အတည်ပြုလိုက်ပါတယ်။
ဗြိတိန်နိုင်ငံမှာ အမျိုးသမီးတွေကို ခြိမ်းခြောက်အနိုင်ကျင့်နေသူတွေကို နောက်ထပ် မကျူးလွန်ရဲလောက်အောင်ကြောက်ရွံသွားတဲ့အထိအပစ်ပေးရေးယူလုပ်ဆောင်သွားမယ်လို့ ဗြိတိသျှတရားရေးဝန် ကြီးက ဗုဒ္ဓဟူးနေ့မှာပြောဆိုလိုက်ပါတယ်။
ကမ္ဘောဒီယားနိုင်ငံမှာ နှစ်သစ်ကူးအကြိုနေ့စဖြစ်ခဲ့တဲ့ ဆန္ဒပြပွဲအတွင်း အနည်းဆုံး အလုပ်သမားသမဂ္ဂခေါင်းဆောင် နဲ့ တက်ကြွလှုပ်ရှားသူ ၂၉ ယောက်ကို ဖမ်းဆီးထိန်းသိမ်းလိုက်တာဟာ လူ့အခွင့်အရေးဥပဒေကို ချိုးဖောက်ရာရောက်တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာအဖွဲ့ UNOCHA က မနေ့ ဗုဒ်ဓဟူးနေ့က ကြေညာချက်ထုတ်ပြန်ထားပါတယ်။
ယူကရိန်းနိုင်ငံရဲ့ အရှေ့ပိုင်း နယ်စပ်တလျှောက်မှာ ရုရှားဘက်က စစ်အင်အား တည်ဆောက်နေမှုကြောင့် ဖြစ်လာရတဲ့ တင်းမာမှုတွေ ပြေလည်ရေး ကြိုးပမ်းဖို့ ရုရှား တာဝန်ရှိသူတွေနဲ့ အနောက်နိုင်ငံတွေက သံအမတ်ကြီးတွေ နောက်သတင်းပတ် အတွင်း တွေ့ဆုံဆွေးနွေးကြဖို့ NATO အဖွဲ့က အင်္ဂါနေ့မှာ ထုတ်ပြန်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံမှာ ခေါင်းဖြတ်သတ်မှုတွေကျူးလွန်တယ်လို့စွပ်စွဲခံထားရတဲ့ အစ္စလမ်းမစ်အစွန်းရောက် အရှေ့အင်ဒိုနီးရှား မူဂျာဟစ်ဒင်အဖွဲ့က အဓိကကျတဲ့ ခေါင်းဆောင်တဦးကို အင်ဒိုနီးရှားလုံခြုံရေးတပ်ဖွဲ့တွေက အသေဖမ်းဆီးရမိခဲ့ကြောင်း အင်္ဂါနေ့မှာဘဲ အင်ဒိုနီးရှားရဲတပ်ဖွဲ့ကထုတ်ဖေါ်ပြောဆိုပါတယ်။
အင်ဒိုနီးရှားသမတ ဂျိုကိုဝီဒိုဒို က လက်ရှိအာဆီယံဥက္ကဌ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ကို တယ်လီဖုန်းနဲ့ ဆက်သွယ်ဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံကိစ္စကိုအာဆီယံအနေ နဲ့ကူညီဆောင်ရွက်ပေးနိုင်ရေးရှေ့တိုးလုပ်ဆောင်ဖို့အရေးကြီးကြောင်း ဆွေးနွေးခဲ့တယ်လို့ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာပါတယ်။
ပြင်သစ်နိုင်ငံမှာ မျိုးဗီဇအကြိမ်ကြိမ်ပြောင်းလဲထားတဲ့ ကိုဗစ်ဗိုင်းရပ်မျိုးကွဲသစ်တမျိုး ကိုတွေရှိထားကြောင်းပြင်သစ်ရောဂါကူးဆက်မှုဆိုင်ရာ သိပ္ပံပညာရှင်တွေကထုတ်ဖေါ် ပြောဆိုပါတယ်။
လူသားချင်း စာနာမှုဝန်ထမ်း ၂ ဦးအပါအဝင် အရပ်သား ၃၅ ဦးထက်မနည်း အသတ်ခံခဲ့ရတဲ့ပေါ် ရှုတ်ချကြောင်းနဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီနဲ့ အရှေ့တောင်အာရှ နိုင်ငံများ အသင်း ASEAN တို့ အနေနဲ့ ချက်ချင်း အရေးယူ ဆောင်ရွက်မှုတွေ လုပ်ဖို့ လူသားချင်း စာနာမှုဆိုင်ရာ အဖွဲ့အစည်း ၁၄ ဖွဲ့က တောင်းဆိုလိုက်ပါတယ်။
ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန်ကြား လုံခြုံရေး ခြံစည်ရိုး ကာရံ နေတာကြောင့် ဖြစ်လာရတဲ့ မကျေလည်မှု တချို့ကို ဖြေရှင်းနိုင်ရေး သံတမန်ရေး လမ်းကြောင်းကနေ တာလီဘန် အုပ်ချုပ်သူတွေနဲ့ ဆက်သွယ် ဆောင်ရွက်နေကြောင်း ပါကစ္စတန်က တနလာၤနေ့မှာ ပြောပါတယ်။
နျူးကလီးယား ပဋိပက္ခတွေမဖြစ်ဖို့အတွက် နျူးကလီးယား လက်နှက်တွေနောက်ထပ် မပြန့်ပွားဆောင်အတူတကွပူးပေါင်းတာဆီးဖို့ လုံခြုံရေးကောင်စီဝင် ကမ္ဘာ့အင်အားကြီး ၅ နိုင်ငံက သဘောတူလိုက်ကြောင်း တနင်္လာနေ့မှာ ပူးတွဲကြေငြာချက်တစောင်ထုတ် ပြန်လိုက်ပါတယ်။
အမေရိကန် ကာကွယ်ရေးဝန်ကြီး Lloyd Austin က သူ့မှာ COVID-19 ရောဂါ ကူးစက်နေတဲ့အကြောင်း တနင်္ဂနွေနေ့က ပြောဆိုပါတယ်။
ဟောင်ကောင်မှာ သတင်းလွတ်လပ်ခွင့် ယိုယွင်းဆုတ်ယုတ်လာနေချိန် အွန်လိုင်း သတင်းဝက်ဘ်ဆိုက်တခု ပိတ်သိမ်းတော့မယ်လို့ ကြေညာပါတယ်။
တကယ်လို့ ရုရှားက ယူကရိန်းကို ကျူးကျော်လာမယ်ဆိုရင် အမေရိကန်နဲ့ သူ့မဟာမိတ်တွေအနေနဲ့ ပြတ်ပြတ်သားသား တုံ့ပြန်မှာဖြစ်ကြောင်း ယူကရိန်းသမ္မတ Volodymyr Zelenskiy ကို အမေရိကန်သမ္မတ Joe Biden က တနင်္ဂနွေနေ့မှာ ပြောကြားလိုက်ပါတယ်။
ဆူဒန်နိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီး ရာထူးက ဖယ်ရှားခံခဲ့ရတဲ့ ဆူဒန်ဝန်ကြီးချုပ် Abdalla Hamdok က သူ့ကို စစ်တပ်က ရာထူးပြန်ပေးထားပေမယ့် တနင်္ဂနွေနေ့မှာတော့ စစ်တပ်နဲ့ နိုင်ငံရေးသဘောတူညီမှု မရတဲ့အတွက် သူနုတ်ထွက်ကြောင်း ပြောကြားလိုက်ပါတယ်။
ယူကရိန်း အရှေ့ဘက်နယ်စပ်တကြောမှာ ရုရှားက စစ်အင်အား အလုံးအရင်း ချထားတဲ့အတွက် အခြေနေ တင်းမာနေတာကို လျော့ပါးစေမယ့် နည်းလမ်းတွေရှာရေး ယူကရိန်းသမ္မတ Volodymyr Zelenskiy နဲ့ တနင်္ဂနွေနေ့မှာ ဆွေးနွေးဖို့ အမေရိကန် သမ္မတ Joe Biden က စီစဉ်ထားပါတယ်။
Guangxi ပြည်နယ်ထဲမှာ ပြည်ပက ဝင်လာသူတွေဆီကနေ ကိုဗစ်ကူးစက်မှုရှိကြောင်း သတင်းတွေ ထွက်ပေါ်လာခဲ့ပြီးတဲ့နောက် အဲဒီနယ်စပ်မှာ ကုန်ထရပ်ကား ထောင်နဲ့ချီပြီး သောင်တင်နေတာကို ဗီယက်နမ်အစိုးရ သတင်းမှာ ပုံတွေနဲ့တကွ ဖော်ပြထားပါတယ်။
တပ်ဖွဲ့တွေ တင်းကျပ်စွာချထားတဲ့ တောင်နဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံအကြားက နယ်စပ်ကို ဖြတ်ကျော်ပြီး အမည်မသိလူတဦး မြောက်ကိုရီးယားဘက်ကို ထွက်ပြေး ဝင်ရောက်သွားတယ်လို့ တောင်ကိုရီးယားစစ်တပ်က ပြောပါတယ်။
အိန္ဒိယနိုင်ငံရဲ့ COVID-19 ကူးစက်မှုဟာ ဒီကနေ့ ဇန်နဝါရီလ ၂ ရက်နေ့ တရက်တည်းမှာ ၂၇,၀၀၀ ရှိခဲ့ပြီး ဒါဟာ ၅ ရက်ဆက်တိုက်အနေနဲ့ ရောဂါပိုးကူးစက်မှု သိသိသာသာ တက်လာခဲ့တာ ဖြစ်ပေမယ့် မြို့တော် နယူးဒေလီရဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူးကတော့ ဆေးရုံတင်ရတဲ့နှုန်း မများတဲ့အတွက် စိတ်မပူကြဖို့ ပြောကြားလိုက်ပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာ နိုင်ငံရေးခိုလှုံခွင့် လျှောက်ထားသူတွေနဲ့ ပတ်သက်တဲ့ မူဝါဒတွေကို ပြောင်းလဲဖို့ တက်ကြွလှုပ်ရှားသူတွေက တောင်းဆိုလိုက်ကြပါတယ်။
နောက်ထပ်ကြည့်ရှုရန်