မြန်မာ၊ အာဖဂန်နစ္စတန်နဲ့ ဆီးရီးယား စတဲ့နိုင်ငံတွေမှာ နိုင်ငံရေးနဲ့ ဘာသာရေးအရ ဖိနှိပ်ချုပ်ချယ်မှုတွေ အပါအဝင် လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်နေကြသူတွေကို သတ္တိရှိသူတွေလို့ ဗြိတိန် အိမ်ရှေ့စံမင်းသားကြီး Charles က သူ့ရဲ့ နှစ်သစ်ကူး ဆုတောင်းလွှာထဲမှာ ထည့်သွင်း ချီးကျူးလိုက်ပါတယ်။
နယ်စပ်ကို တရားမဝင် ဖြတ်ကျော်လာတဲ့ မြန်မာနိုင်ငံသား ၄၆ ယောက်ကို ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင်အတွင်း လုံခြုံရေးတပ်ဖွဲ့က ဇန်နဝါရီလ ၂ ရက်နေ့မှာ ဖမ်းဆီး ထိန်းသိမ်းလိုက်တယ်လို့ ဘန်ကောက်ပို့စ် သတင်းစာကြီးက ဆိုပါတယ်။
အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ်အတွင်းမှာ လက်နက်တွေ သိုလှောင်ထားတဲ့ စတိုခန်းတခုကို ဒီဇင်ဘာ ၃၁ ရက်နေ့က တွေ့ရှိ သိမ်းဆည်းမိလိုက်တယ်လို့ အိန္ဒိယစစ်တပ်က မနေ့ ဇန်နဝါရီလ ၁ ရက်နေ့မှာ ပြောတာကို ကိုးကားပြီး အိန္ဒိယ သတင်းမီဒီယာတွေမှာ ရေးသား ဖော်ပြကြပါတယ်။
ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေကြား ၂၀၂၂ ခု နှစ်သစ်အစမှာ လေကြောင်းခရီးစဉ်တွေ အများအပြား ဖျက်သိမ်းလိုက်ရတဲ့အတွက် ခရီးသွားတွေ အခက်ကြုံနေကြရပါတယ်။
အသားရောင်ခွဲခြားမှု တိုက်ဖျက်ရေးကို စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့တဲ့ ကွယ်လွန်သူ ဘုန်းတော်ကြီး Desmond Tutu ဟာ ကိုယ်ကျင့်သိက္ခာမှာ စံထားထိုက်တဲ့ပုဂ္ဂိုလ် ဖြစ်သလို နိုင်ငံအတွက်လည်း စံနမူနာဖြစ်ကြောင်း တောင်အာဖရိကသမ္မတ Cyril Ramaphosa က စနေနေ့မှာ ပြုလုပ်တဲ့ နိုင်ငံတော်ဈာပန အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။
ကမ္ဘာတလွှား ကိုဗစ်ရောဂါ ကူးစက်မှုတွေ ၂ နှစ်နီးပါး ရှိလာချိန်မှာပဲ ဥရောပမှာ ကူးစက်ခံရသူ သန်း ၁၀၀ ကျော်သွားပြီဖြစ်ကြောင်း ကပ်ရောဂါအခြေအနေတွေကို စောင့်ကြည့် မှတ်တမ်းတင်နေတဲ့ John Hopkins တက္ကသိုလ်က စနေနေ့မှာ ဖော်ပြလိုက်ပါတယ်။
ကက်သလစ်သာသနာပိုင် ပုပ်ရဟန်းမင်းကြီး Francis က နှစ်သစ်ကူးနေ့အဖြစ် မိန့်ကြားရာမှာ ကမ္ဘာတလွှား ငြိမ်းချမ်းရေးအတွက် အမျိုးသမီးတွေရဲ့ စွမ်းဆောင်မှုတွေကို ချီးကျူးလိုက်ပါတယ်။
နှစ်ကူး ကိုဗစ်အခြေအနေနဲ့ ပတ်သက်လို့ တကမ္ဘာလုံးမှာ COVID-19 တွေ့ရှိတာ ၂၈၈ ဒသမ ၂ သန်း ရှိသွားပြီး ကာကွယ်ဆေးအလုံးပေါင်း ၉ ဒသမ ၁ ဘီလီယံ ထိုးပြီးပြီလို့ Johns Hopkins တက္ကသိုလ်ရဲ့ ကိုရိုနာဗိုင်းရပ်စ် သတင်းအရင်းအမြစ်ဌာနက စနေနေ့က ထုတ်ပြန်လိုက်ပါတယ်။
ဆူဒန်နိုင်ငံမှာ ကန့်သတ်တားဆီးထားတဲ့ကြားမှာပဲ ကြာသပတေးနေ့က လူပေါင်းထောင်သောင်းချီ၊ စစ်အာဏာသိမ်း အုပ်ချုပ်မှုကို ဆန့်ကျင်ဆန္ဒပြခဲ့ရာမှာ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ ပစ်ခတ်နှိမ်နင်းမှုကြောင့် လူ ၄ ဦး သေဆုံးခဲ့ကြောင်း ကျန်းမာရေးဝန်ထမ်းတွေက ပြောပါတယ်။
ယူကရိန်းနဲ့ တင်းမာနေတဲ့ အခြေအနေတွေကို လျှော့ချဖို့ ရုရှားသမ္မတ Vladimir Putin ကို အမေရိကန်သမ္မတ Joe Biden က ကြာသပတေးနေ့ တယ်လီဖုန်းဆက် ဆွေးနွေးရာမှာ ပြောဆိုလိုက်ကြောင်း အိမ်ဖြူတော်က သတင်းထုတ်ပြန်လိုက်ပါတယ်။
မြန်မာနိုင်ငံမှာ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ထွက်ပြေးနေရတဲ့ ဒုက္ခသည်တွေအရေး သတင်းယူနေတဲ့ တိုင်းရင်းသား သတင်းသမားတဦး မကြာသေးခင်တုန်းက စစ်တပ်ရဲ့ ထိုးစစ်အတွင်း သေဆုံးခဲ့ရကြောင်း ပြင်သစ်နိုင်ငံ အခြေစိုက် နယ်စည်းမခြားသတင်းသမားများအဖွဲ့ (RSF) က သတင်းထုတ်ပြန်လိုက်ပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံမှာ ဒါဇင်နဲ့ချီတဲ့အမျိုးသမီးတွေဟာ တာလီဘန်အစိုးရအောက်မှာ ပညာရေးနဲ့ အလုပ်အကိုင်ရရှိရေးအတွက် အင်္ဂါနေ့က ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
မကြာသေးခင်တုန်းက လူပေါင်း ၃၅ ယောက်ထက်မနည်း သေဆုံးခဲ့ရတဲ့ ကယားပြည်နယ် အပါအဝင် မြန်မာနိုင်ငံတလွှားက ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေအတွက် တာဝန်ရှိတဲ့ စစ်တပ်ကို လက်နက်တင်ပို့မှုတွေ တားမြစ်ရေး အမေရိကန်က ထပ်မံ တိုက်တွန်းလိုက်ပါတယ်။
ဆူဒန်နိုင်ငံ Kordofan ပြည်နယ်မှာ အင်္ဂါနေ့က ရွှေတွင်းဟောင်း ပြိုကျရာက သေဆုံးသူ ၃၈ ယောက်ထက်မနည်း ရှိခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။ Khartoum မြို့တော်တောင်ဖက် ၄၃၅ မိုင်အကွာမှာရှိတဲ့ အသုံးမပြုတော့တဲ့ ရွှေတွင်းဟောင်း မတော်တဆ ပြိုကျခဲ့တာဖြစ်ကြောင်း ကုမ္ပဏီက ကြေညာချက်ထုတ်ပြန် ပြောဆိုလိုက်တာပါ။
မြန်မာစစ်တပ်အနေနဲ့ ဗုံးကြဲတာတွေ ပစ်ခတ် သတ်ဖြတ်တာတွေ ရပ်ပစ်ဖို့ နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ ဒီမိုကရေစီရေး လှုပ်ရှားသူတွေကလည်း ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းကြဖို့ ကက်သလစ် ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ်ချားလ်စ်ဘို က ပန်ကြား လိုက်ပါတယ်။
အာဖဂန်နစ္စတန်မှာ ထိန်းချုပ်ထားတဲ့ တာလီဘန်တွေရဲ့ အမျိုးသမီးတွေအပေါ် ကန့်သတ်ချက်ချထားတာတွေဟာ ခေတ်နောက်ပြန်ဆွဲနေတဲ့ အတွေးအခေါ် ဖြစ်ပြီး ဒါဟာ သူ့နိုင်ငံအတွက် ခြိမ်းခြောက်မှု ဖြစ်နေတယ်လို့ ပါကစ္စတန် ပြန်ကြားရေးဝန်ကြီး Fawad Hussain က ဝေဖန်လိုက်ပါတယ်။
ယူကရိန်းနယ်စပ်မှာ ရုရှားက စစ်အင်အားအလုံးအရင်း ချထားရာကနေ တပ်သား ၁၀,၀၀၀ လောက်ကို မူလ တပ်ရင်း အခြေစိုက်စခန်းတွေမှာ နေရာပြန်ချထားလိုက်တယ်လို့ ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက စနေနေ့က ကြေညာခဲ့ပါတယ်။
အီရန်နိုင်ငံနဲ့ ကမ္ဘာ့အင်အားကြီး ၅ နိုင်ငံပါဝင်တဲ့ နျူးကလီးယား ဆွေးနွေးပွဲကို တနင်္လာ နေ့မှာပြန်လည်စတင်လိုက်ပါတယ်။
ပြင်သစ်နိုင်ငံမှာ ကိုဗစ်ကူးစက်မှုဟာ တနေ့တည်းမှာ တသိန်းကျော်ရှိခဲ့ပြီး ကပ်ရောဂါ စတင်ချိန်ကစလို့ ဒါဟာ အများဆုံး စံချိန်တင်ခဲ့တာ ဖြစ်ပါတယ်။ ကိုဗစ်ကြောင့် ဆေးရုံတက်ရသူကလည်း ပြီးခဲ့ဲတဲ့လကထက် ၂ ဆ တိုးလာခဲ့ပါတယ်။
ယူကရိန်းနယ်စပ်နားမှာ ရုရှားက တပ်တွေအများအပြား ချထားတာကြောင့် တင်းမာမှုတွေ တိုးနေချိန်မှာပဲ အနောက်နိုင်ငံတွေ အနေနဲ့ ရုရှားဘက်က တောင်းဆိုတဲ့ လုံခြုံရေးဆိုင်ရာ အာမခံချက်တွေပေးဖို့ ပျက်ကွက်ခဲ့မယ်ဆိုရင် ရွေးချယ်စရာ နည်းလမ်းတွေကို စဉ်းစားရမှာဖြစ်ကြောင်း ရုရှားသမ္မတ Vladimir Putin က ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်