ထိုင်း-မြန်မာနယ်စပ်မှာ မြန်မာစစ်ကောင်စီတပ်တွေနဲ့ တိုင်းရင်းသား ကရင်လက်နက်ကိုင်အဖွဲ့ကြား တိုက်ပွဲတွေ ဖြစ်နေတာကြောင့် ထိုင်းနိုင်ငံ တာ့ခ်ပြည်နယ် မဲဆောက်ဘက်ကို မြန်မာဒုက္ခသည် ၅,၀၀၀ ကျော် နယ်စပ်ကျော်ဖြတ် ထွက်ပြေးလာကြတယ်လို့ တာ့ခ်ပြည်နယ် အုပ်ချုပ်ရေးမှူးက ပြောကြောင်း ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။
အိမ်နီးချင်း မြန်မာနိုင်ငံမှာ အကြမ်းဖက်မှု အရှိန်မြင့်လာတဲ့အတွက် မြန်မာနဲ့ ထိစပ်နေတဲ့ မြောက်ပိုင်းနယ်စပ်မှာ ထိုင်းဘက်က လုံခြုံရေး တိုးမြှင့်ထားတယ်လို့ ရိုက်တာသတင်း တပုဒ်မှာ ရေးထားပါတယ်။
ဒီဇင်ဘာလ ၂၄ ရက်နေ့က ကယားပြည်နယ်မှာ အရပ်သားတွေအပေါ် တိုက်ခိုက်မှု သတင်းတွေကြောင့် ထိတ်လန့် တုန်လှုပ်မိကြောင်း ကုလသမဂ္ဂ စာနာမှုနဲ့ အရေးပေါ် ကယ်ဆယ်ရေးဆိုင်ရာ လက်ထောက်အတွင်းရေးမှူးချုပ်က ဒီဇင်ဘာ ၂၆ ရက်စွဲနဲ့ ကြေညာချက်တစောင် ထုတ်ပြန်ပါတယ်။
ဂျပန်နိုင်ငံရဲ့ မြောက်ပိုင်းနဲ့ အနောက်ဘက်ဒေသတွေမှာ ဆီးနှင်းတွေ ထူထဲစွာ ကျရောက်နေတာကြောင့် ပြည်တွင်းလေကြောင်းခရီးစဉ် ၁၀၀ ကျော်ကို ရပ်ဆိုင်းထားလိုက်ရတယ်လို့ နိုင်ငံရဲ့ အကြီးဆုံးလေကြောင်းလိုင်း ၂ ခုက ကြေညာပါတယ်။
တောင်အာဖရိကနိုင်ငံရဲ့ အသားအရောင်ခွဲခြားမှု ဆန့်ကျင်ရေး စည်းရုံးလှုပ်ရှားခဲ့သူ တဦးဖြစ်တဲ့ ခရစ်ယာန်ဘုန်းတော်ကြီး Desmond Tutu ဟာ အသက် ၉၀ အရွယ်မှာ အခု တနင်္ဂနွေနေ့က ကင်ဆာရောဂါနဲ့ ကွယ်လွန်ခဲ့ပါတယ်။
နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့တခုဖြစ်တဲ့ Save the Children အဖွဲ့က ကယားပြည်နယ် အပါအဝင် မြန်မာနိုင်ငံတွင်း နေရာတချို့က သူတို့လုပ်ငန်းတွေကို ယာယီဆိုင်းငံ့ထားလိုက်ပြီလို့ ကြေညာပါတယ်။
စကြဝဠာရဲ့အစကို ခြေရာခံဖို့ ရည်ရွယ်ပြီး အမေရိကန် အာကာသသိပ္ပံအေဂျင်စီ NASA တည်ဆောက်ထားတဲ့ James Webb ဧရာမ အာကာသမှန်ပြောင်းကြီးကို တောင်အမေရိကတိုက်ရဲ့ အရှေ့မြောက် ကမ်းရိုးတန်းကနေ စနေနေ့ကပဲ ဒုံးပျံနဲ့ လွှတ်တင်လိုက်ပါတယ်။
အမေရိကန်သမ္မတအဖြစ် တာဝန်ယူပြီးနောက် ပထမဆုံးအကြိမ် ခရစ္စမတ်ပွဲ ဆင်နွှဲနေတဲ့ သမ္မတ Joe Biden က ပြည်တွင်းပြည်ပမှာ အမှုထမ်းနေကြတဲ့ အမေရိကန် စစ်သည်တွေကို အွန်လိုင်းကနေ နှုတ်ခွန်းဆက်စကား ပြောကြားလိုက်ပါတယ်။
မြန်မာနိုင်ငံက လက်နက်ကိုင် ပဋိပက္ခတွေ ပေါ်ပေါက်နေတဲ့ ကယားပြည်နယ်မှာ အမျိုးသမီးနဲ့ ကလေးတွေ အပါအဝင် လူ ၄၀ နီးပါး သတ်ဖြတ် မီးရှို့ခံခဲ့ရပြီးနောက် ဒေသခံဝန်ထမ်း ၂ ဦး ပျောက်ဆုံးနေကြောင်း နိုင်ငံတကာ ပရဟိတ အဖွဲ့အစည်းတခုဖြစ်တဲ့ Save the Children က ပြောလိုက်ပါတယ်။
ထိုင်းနိုင်ငံ မဲဆောက်ခရိုင်ထဲ ထွက်ပြေးလာကြတဲ့ မြန်မာဒုက္ခသည်တိုင်းကို စောင့်ရှောက်မယ်လို့ ထိုင်းဝန်ကြီးချုပ် Prayut Chan-o-cha က ကတိပြုလိုက်ပါတယ်။
ကယားပြည်နယ်မှာ အမျိုးသမီးနဲ့ ကလေးတွေ အပါအဝင် လူ ၃၀ ကျော် အသတ်ခံရပြီး သူတို့ရဲ့ ခန္ဓာကိုယ်တွေ မီးလောင်ကျွမ်းခဲ့တယ်လို့ ဒေသခံတွေ၊ မီဒီယာတွေနဲ့ ဒေသခံ လူ့အခွင့်အရေး အုပ်စုတွေကို ကိုးကားပြီး ရိုက်တာသတင်းက ဆိုပါတယ်။
ကမ္ဘာတဝန်း လေယာဉ်ခရီးစဉ်တွေကို ဖျက်လိုက်တာ စနေနေ့အထိ ၄,၅၀၀ ကျော် ရှိတယ်လို့ Flightaware အင်တာနက်စာမျက်နှာက ဆိုပါတယ်။
လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်း အိုမီခရွန် မျိုးကွဲဗိုင်းရပ်စ်ဟာ အာရှ-ပစိဖိတ် တိုင်းပြည်တွေမှာ အလျင်အမြန် ကူးစက်နေပါတယ်။
သခင်ယေရှု မွေးဖွားရာ Bethlehem မြို့မှာ ခရီးသွားလာခွင့် ဒုတိယနှစ်အဖြစ် ကန့်သတ်ထားပေမယ့် ခရစ္စမတ်ပွဲတော်ကို ဒေသခံတွေက ကျင်းပခဲ့ကြပါတယ်။
ယေရှုခရစ်တော်မွေးဖွားခဲ့တဲ့ အထိမ်းအမှတ်အဖြစ် ကျင်းပတဲ့ Vatican နန်းတော်က ခရစ်စမတ်ပွဲတော်ကို Sistine Chapel ဘုရားကျောင်းက ဓမ္မတေးသံတွေ သီကြူး နေချိန်မှာပဲ အသက် ၈၅ နှစ်အရွယ် ပုပ်ရဟန်မင်းကြီး ဖရန်စစ်က စတင်ဖွင့်လှစ်ပေးလိုက်ပါတယ်။
တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံထဲ အသက်လုပြီးထွက်ပြေးခိုလှုံလာတဲ့ ထောင်နဲ့ချီတဲ့ ဒုက္ခသည်တွေကို ထိုင်းအစိုးရက အကူညီပေး ကာကွယ်ဖို့ Save the Children နဲ့ IRC နိုင်ငံတကာကယ်ဆယ်ကူညီရေးကော်မတီ အပါအဝင် လူသားချင်းစာနာမှု အထောက်ကူပေးရေး အဖွဲ့ ၁၅ ဖွဲ့က ပူးတွဲပြီး ထိုင်းအစိုးရကို တောင်းဆိုလိုက်ပါတယ်။
တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်က တီယန်နန်မင်ရင်ပြင်မှာ ၁၉၈၉ ခုနှစ်၊ ဒီမိုကရေစီရေး လှုပ်ရှားမှုကို ဖြိုခွင်းခံခဲ့ရတဲ့ အထိမ်းအမှတ်အဖြစ် ဟောင်ကောင် တက္ကသိုလ်ဝန်းမှာ ထားရှိတဲ့ အထိမ်းအမှတ်ရုပ်တုကို ကြာသပတေးနေ့မှာပဲ ဖယ်ရှားလိုက်ပါတယ်။
ကိုဗစ်ရောဂါ လူနာတွေအတွက် အရေးပေါ် ကုသဖို့ သောက်ဆေးအဖြစ် Pfizer ကုမ္ပဏီထုတ် ဆေးပြားတွေကို အမေရိကန် ဆေးဝါးနဲ့ အစားအစာ ကြီးကြပ်ရေးဌာန (FDA) က အတည်ပြုလိုက်ပြီး နောက်တရက်မှာပဲ Merck ကုမ္ပဏီထုတ်ဆေးကိုလည်း ကြာသပတေးနေ့မှာ ခွင့်ပြုလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စု ရဲ့ လူဦးရေတိုးပွားမှုနှုန်းဟာ နိုကိုဗစ်ကပ်ရောဂါ ကူးစက်မှုရဲ့ ပထမနှစ်မှာ အနိမ့်ဆုံးအဆင့်ကျဆင်းခဲ့ပါတယ်။ နိုင်ငံရွေးပြောင်းအခြေချသူတွေကို ကန့်သတ်လိုက်တာ၊ မိခင်လောင်းတွေ ကိုယ်ဝန်ဆောင်တာနောက်ကျတာ၊ သေဆုံးမှုတွေများပြားလာတာတွေကြောင့်ဖြစ်တယ်လို့ အင်္ဂါနေ့က ထုတ်ပြန်ပါတယ်။
အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ဟာ ကိုဗစ်ကပ်ရောဂါ ဗီဇပြောင်း Omicron ပိုးသစ် ကူးစက်မှုမြင့်မားလာတာကို တိုက်ဖျက်ရေး ကြိုးစားမှုအသစ်အနေနဲ့ ဝန်ထမ်းမလုံမလောက်ဖြစ်နေတဲ့ ဆေးရုံတွေကို ဗဟိုကျန်းမာရေးဝန်ထမ်းတွေ စေလွှတ်ပေးဖို့ အင်္ဂါနေ့က စီစဉ်နေပါတယ်။
နောက်ထပ်ကြည့်ရှုရန်