ကမ္ဘောဒီးယားဝန်းကြီးချုပ်ဟွန်ဆန် မြန်မာနိုင်ငံကိုသွားရောက်မယ့်အစီအစဉ်ကို ကန့်ကွက်တဲ့ အနေနဲ့ မက်ဆာချူးဆက်ပြည်နယ် Lowell မြို့မှာရှိတဲ့ ကမ္ဘောဒီးယား ကောင်စစ်ဝန်ရုံးရှေ့မှာ ပြီးခဲ့တဲ့စနေနေ့က အဝေးရောက်မြန်မာများကဆန္ဒပြခဲ့ကြပါတယ်။
အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန အတွင်းဝန် Harsh Vardhan Shringla ဟာ ဒီကနေ့ ဗုဒ်ဓဟူးနေ့မှာ မြန်မာနိုင်ငံကို (၂)ရက်ကြာ ခရီးစဉ်အဖြစ် သွားရောက်မှာဖြစ်ပါတယ်။ ဒါဟာ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် အိန္ဒိယနိုင်ငံက အဆင့်မြင့်အရာရှိတဦးလာရောက်တာဖြစ်ပါတယ်။
ထိုင်း- မြန်မာ နယ်စပ်ဒေသမှာ လက်ရှိဖြစ်ပွါးနေတဲ့ တိုက်ပွဲတွေကြောင့် ကရင်ပြည်နယ်ထဲကနေ ထိုင်းဘက်ကို ထွက်ပြေးခိုလှုံကြတဲ့ မြန်မာနိုင်ငံသား ၃၀၀၀ ကျော်အတွက် အကူအညီတွေပေးရေး အရေးပေါ်သွားရောက်ခွင့်ပြုဖို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က ထိုင်းအစိုးရကို တနင်္လာနေ့မှာ ပန်ကြားလိုက်ပါတယ်။
လမ်းကြောင်းမျိုးစုံကနေ ရုရှားနဲ့ သံတမန်ရေးပြောဆိုမှုတွေ စတင်ဖို့ အမေရိကန်ဘက်က အဆင်သင့်ဖြစ်နေပြီ ဖြစ်ပေမဲ့ အနောက်နိုင်ငံတွေဘက်က စိုးရိမ်နေကြတဲ့ ယူကရိန်းနယ်စပ်တလျှောက် ရုရှားရဲ့စစ်ရေးအားဖြည့်နေတာနဲ့ ပတ်သက်ပြီး ရုရှားက ဖြေရှင်းရမှာ ဖြစ်ကြောင်း အမေရိကန် သမ္မတအိမ်ဖြူက တနင်္လာနေ့မှာ ပြောကြားလိုက်ပါတယ်။
အမေရိကန် သမ္မတ Joe Biden နဲ့ ရုရှား သမ္မတ Vladimir Putin တို့ ဒီလ အစောပိုင်းက ၂ နာရီကြာ ဗွီဒီယို က တဆင့် ဆွေးနွေးခဲ့ကြပြီးချိန်က စလို့ ရုရှားတို့ဟာ ယူကရိန်းနယ်စပ် စစ်ရေး တည်ဆောက်မှုကို လျှော့ချတာ မရှိသေးဘူးလို့ အနောက် အုပ်စု လုံခြုံရေး သတင်းရင်းမြစ်တွေက ဆိုပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံမှာ ရင်ဆိုင်နေရတဲ့ လူသားချင်းစာနာမှု အကျပ်ဘေးကို ရှောင်လွှဲနိုင်ရေးအတွက် ရန်ပုံငွေတရပ် ထူထောင်ဖို့ တနင်္ဂနွေနေ့က ဆုံးဖြတ်လိုက်ကြပါတယ်။
မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်လည်ထွန်းကားရေးနဲ့ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက်ဆိုပြီး တောင်ကိုရီးယားနိုင်ငံရောက် မြန်မာတွေနဲ့ မြန်မာ့အရေးကို စာနာတဲ့ တောင်ကိုရီးယားနိုင်ငံသားတွေက ဂယောင်နမ်ပြည် ချန်းဝမ်မြို့ ချန်းဝမ်ဘူတာရှေ့မှာ တနင်္ဂနွေနေ့က ဆန္ဒပြခဲ့ကြပါတယ်။
ဖိလစ်ပိုင်နိုင်ငံမှာ ဒီနှစ်ထဲ အပြင်းထန်ဆုံး တိုက်ခတ်တဲ့ တိုင်ဖုန်းမုန်တိုင်း Rai ကြောင့် သေဆုံးရသူဟာ အခုအချိန်အထိဆို အနည်းဆုံး ၁၄၆ ယောက် ရှိနေပြီလို့ ဖိလစ်ပိုင်အစိုးရက ပြောပါတယ်။
မြန်မာစစ်တပ် သက်ဆိုးရှည်စေမယ့် ဝင်ငွေရလမ်းတွေကို ဖြတ်တောက်ပြီး မြန်မာစစ်အာဏာရှင်ကို နိုင်ငံတကာက ဖိအားပေးကြဖို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလအထူးကိုယ်စားလှယ် Tom Andrews က တနင်္ဂနွေနေ့ ဒါကာက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။
ဘင်္ဂလားဒေ့ရှ်မှာ ရောက်နေကြတဲ့ ရိုဟင်ဂျာတွေရဲ့ လူ့အခွင့်အရေးကို မြှင့်တင်ပေးခြင်းဟာ သူတို့တွေအတွက် ရေရှည်တည်တံ့ပြီး ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်နိုင်ရေးအတွက် အရေးပါတဲ့အချက် ဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrew က ပြောကြားလိုက်ပါတယ်။
ဖိလစ်ပိုင်နိုင်ငံကို အခုနှစ်အတွက် အဆိုးရွားဆုံးအဆင့်နဲ့ ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ Rai မုန်တိုင်းကြောင့် သေဆုံးသူအရေအတွက်ဟာ အနည်းဆုံး ၁၀၈ ဦး ရှိသွားပြီ ဖြစ်ပါတယ်။
ကချင်ပြည်နယ် ဖားကန့် မနမှော်အနီးရှိ ကျောက်စိမ်းလုပ်ကွက်မှာ ရေကန်ထဲ မြေစာပြိုကျတာကြောင့် မြေစာပစ်နေတဲ့ကားနဲ့ ရေမဆေးကျောက်ရှာသူများ ထိခိုက်မှုရှိခဲ့ပါတယ်။ သေဆုံးမှုရှိနိုင်ပြီး ရှာဖွေရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
ဟောင်ကောင်မှာ ဒီနေ့ တနင်္ဂနွေနေ့ ဥပဒေပြုကောင်စီ ရွေးကောက်ပွဲအတွက် မဲပေးနေကြပါပြီ။
ထိုင်းနိုင်ငံတောင်ပိုင်း၊ မလေးရှားနယ်စပ်မှာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၁၄ ဦးကို စနေနေ့ညက ဖမ်းမိခဲ့တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။
ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နဲ့ မလှမ်းမကမ်း နေရာတွေကို မြန်မာစစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ဒီကနေ့ ပစ်ခတ်တိုက်ခိုက်တာကြောင့် ရာနဲ့ချီတဲ့ ဒုက္ခသည်တွေ ဒီကနေ့ ထိုင်းနိုင်ငံဘက်အခြမ်းကို ထွက်ပြေးနေကြတယ်လို့ ဒေသခံတွေက ဗွီအိုအေကို ပြောပါတယ်။
ထိုင်း-မြန်မာနယ်စပ် တောင်မြင့်ကမ်းပါးစွန်းတခုပေါ်ကနေ ထိုင်းစစ်သားနှစ်ဦး ပြုတ်ကျခဲ့ရာမှာ တဦးသေဆုံးပြီး တဦးဒဏ်ရာရရှိတယ်လို့ The Nation သတင်းမှာ ဖော်ပြပါတယ်။
ပါကစ္စတန်နိုင်ငံ ကရာချိမြို့ စက်မှုဇုံရပ်ဝန်းအတွင်း ဘဏ်ရုံးခွဲတခုမှာ စနေနေ့က ပေါက်ကွဲမှု ဖြစ်ခဲ့တာကြောင့် လူ ၁၀ ဦးထက်မနည်း သေဆုံးပြီး ၁၁ ဦး ဒဏ်ရာရခဲ့တယ်လို့ ရဲက အတည်ပြုပါတယ်။
ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲ အိုမီခရွန်ကို နိုင်ငံပေါင်း ၈၉ နိုင်ငံမှာ တွေ့ရှိနေရပြီ ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) က စနေနေ့မှာ ပြောပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံတွင်း လူသားချင်း စာနာမှုဆိုင်ရာ အကျပ်အတည်းကြီးကို ကူညီဖြေရှင်းနိုင်မယ့် နည်းလမ်းတွေ ရှာဖွေရေးအတွက် အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) အဖွဲ့ဝင် ၅၇ နိုင်ငံ၊ အမေရိကန်၊ ရုရှား၊ တရုတ်နဲ့ ဥရောပသမဂ္ဂတို့ရဲ့ ကိုယ်စားလှယ်တွေ ပါကစ္စတန်နိုင်ငံမှာ တွေ့ဆုံ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။
စစ်ကောင်စီခေါင်းဆောင်ရဲ့ ဒီမိုကရေစီရေး အားထုတ်မှုတွေကို ချီးကျူးလိုက်ပြီး အာဏာသိမ်းတာ ဥပဒေနဲ့အညီ ဖြစ်တယ်လို့ ဂျပန်အစိုးရဝန်ကြီးဟောင်း ဟီဒီယို ဝါတာနာဘေးက ပြောကြားလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်