မြန်မာစစ်ကောင်စီတပ်တွေနဲ့ KNU ကရင်အမျိုးသားအစည်းအရုံး တပ်တွေအကြား တိုက်ပွဲကြောင့် ကျေးရွာသား ၂,၅၀၀ လောက်ဟာ ထိုင်းနယ်စပ်ဖြတ်ပြီး ထိုင်းနိုင်ငံတွင်း ခိုလှုံရောက်ရှိလာတယ်လို့ ထိုင်းစစ်တပ် အရာရှိတဦးက အေပီသတင်းဌာနကို ပြောပါတယ်။
ကမ္ဘာမှာ ကြုံနေရတဲ့ ကိုဗစ်ကပ်ဘေးဟာ ၂၀၂၄ ခုနှစ်အထိ ကြုံနေရနိုင်တယ်လို့ ကိုဗစ်ကာကွယ်ဆေး အဓိကထုတ်လုပ်နေတဲ့ Pfizer ကုမ္ပဏီက ခန့်မှန်းပြောဆိုပါတယ်။
COVID-19 ကူးစက်မှု ဆက်လက်တက်နေတာဟာ ကာကွယ်ဆေးကို မညီမမျှ ဖြန့်ဝေနေရတာကြောင့် ဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) ရဲ့ အကြီးအကဲက ပြောပါတယ်။
အိန္ဒိယနိုင်ငံတောင်ပိုင်း Karnataka ပြည်နယ်မှာ Omicron မျိုးကွဲသစ် ကူးစက်သူ ၂ ယောက်ကို ပထမဆုံးအဖြစ် တွေ့ရှိကြောင်း ကျန်းမာရေး အရာရှိတွေ ကြာသပတေးနေ့က အတည်ပြုလိုက်ပြီး၊ ကာကွယ်ဆေးတွေ ထိုးထားကြဖို့လည်း တိုက်တွန်းလိုက်ပါတယ်။
ကမ္ဘာတလွှားမှာ ကူးစက်မြန်ဗီဇပြောင်း Omicron ကိုရိုနာဗိုင်းရပ်စ် ပိုးသစ်ကူးစက်မှု တိုးလာနေပါတယ်။ဒိန်းမတ်နိုင်ငံမှာ Omicron ကိုဗစ်ပိုးသစ်ကူးစက်မှုပြင်းထန်လာနေတဲ့အတွက် သွားလာမှုကန့် သတ်ချက် lockdown ပြန်လည်ချမှတ်ဖို့ပြင်ဆင်နေကြောင်း ဝန်ကြီးချုပ် Mette Frederiksen ကသတင်းထောက်တွေကိုပြောဆိုပါတယ်။
အိန္ဒိယနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ ဗီဇပြောင်း Omicron ပိုးသစ် ကူးစက်သူပေါင်း ၁ဝ၁ ဦး တွေ့ရှိထားတယ်လို့ ကျန်းမာရေးဝန်ကြီးဌာန အကြီးအကဲတဦးက မနေ့ သောကြာနေ့က ပြောပါတယ်။
တရုတ်ဇီဝဗေဒနည်းပညာကုမ္ပဏီတချို့နဲ့၊ လုံခြုံရေးအရစောင့်ကြည့်တဲ့နည်းပညာကုမ္ပဏီအချို့ အပါအဝင် တရုတ်းအစိုးရနဲ့ ပတ်သက်တဲ့ ကုမ္ပဏီအချို့ဟာ ဝီဂါမူဆလင်တွေအပေါ် လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ ကျူးလွန်တယ်ဆိုတဲ့စွပ်စွဲချက်တွေနဲ့ အမေရိကန်အစိုးရက ပိတ်ဆို့အရေးယူမှုတွေလုပ်ဆောင်သွားမယ်လို့ ကြာသာပတေးနေ့မှာကြေညာပါတယ်။
အိန္ဒိယအရှေ့မြောက်ပိုင်း မြန်မာနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ဒေသမှာ လှုပ်ရှားနေတဲ့ အိန္ဒိယသူပုန်အဖွဲ့က အဖွဲ့ဝင် ၅ ဦးကို မြန်မာအာဏာပိုင်တွေက အိန္ဒိယအစိုးရကို လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ အိန္ဒိယရဲတပ်ဖွဲ့က ကြာသပတေးနေ့မှာ ပြောပါတယ်။
မြန်မာနိုင်ငံမှာပြင်းထန်တဲ့အကြမ်းဖက် တိုက်ခိုက်မှုတွေကိုမြန်မာစစ်တပ်ကအရှိန်မြှင့်လုပ် ဆောင်လာနေတဲ့အတွက် အရေးပေါ်တုံြ့ပန်ဆောင်ရွက်မှုတွေလုပ်ဖို့ ကုလသမဂ္ဂအတွင်း ရေးမှုးချုပ်ထံကို နိုင်ငံတကာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် ITUC စာရေးသားတောင်းဆိုလိုက်ကြောင်း ဒီဇင်ဘာလ ၁၇ ရက်နေ့ရွက်စွဲနဲ့ထုတ်ပြန်ထားပါတယ်။
အာဖဂန်နစ်စတန်နိုင်ငံမှာ သြဂုတ်လက တာလီဘန်တွေထိန်းချုပ်လိုက်တဲ့နောက် အိမ်နီးချင်းပါကစ္စတန် နိုင်ငံထဲ ထွက်ပြေးခိုလှုံတဲ့ အာဖဂန်နိုင်ငံသားက ၃ သိန်းကျော်ရှိနေပြီး အခုတော့ ပါကစ္စတန်အစိုးရက သူတို့ကို နေရပ်ပြန်ခိုင်းနေပါပြီ။
Covid-19 တိုက်ဖျက်ရေး အတွက် ရည်ရွယ်ပြီး အာဖရိကတိုက် နိုင်ငံ ၁၁ ခုက ခရီးသည်တွေ ဗြိတိန်ကို ဝင်ရောက်ခွင့် တားမြစ်ထားတာကို အဆုံးသတ်မယ့် အကြောင်း ဗြိတိန် အစိုးရက အင်္ဂါနေ့မှာ ပြောပါတယ်။
အမေရိကန်ပြည်ထောင်စု အနေနဲ့ အာရှဒေသတွင်း တရုတ်သြဇာကြီးမားလာတာကို ပြန်လည် တွန်းလှန်နိုင်ဖို့ အာရှဒေသတွင်းက မဟာမိတ်နိုင်ငံတွေနဲ့ စစ်ရေး၊ စီးပွားရေးဆိုင်ရာ ဆက်ဆံရေးတွေကို တိုးမြှင့်သွားမယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken အင်ဒိုနီးရှားနိုင်ငံမှာအင်္ဂါနေ့တုန်းက ပြောဆိုလိုက်ပါတယ်။
မြောက်အတ္တလန္တိတ် စစ်စာချုပ် အဖွဲ့ NATO ဘက်က အရှေ့ပိုင်းကို ဦးတည် ချဲ့ထွင်မှု အဆုံးသတ်ဖို့ အာမခံချက် မပေးဘူးဆိုရင်တော့ ရုရှားဘက်ကလည်း စစ်ရေး အရ တုံ့ပြန်မှာ ဖြစ်သလို နည်းဗျူဟာမြောက် နျူးကလီးယား လက်နက်တွေ ချထားသွားမယ့် အကြောင်း ထိပ်တန်း ရုရှား သံတမန် တဦးက သတိပေးလိုက်ပါတယ်။
နာမည်ကြီး Time မဂ္ဂဇင်းကြီးက 2021 'Person of the Year' - ၂၀၂၁ ခုနှစ်အတွက် အလွှမ်းမိုးနိုင်ဆုံး ထူးခြားတဲ့ ပုဂ္ဂိုလ်အဖြစ် Tesla ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ် Elon Musk ကိုရွေးချယ်လိုက်ပါတယ်။
ဗြိတိန်နိုင်ငံမှာ အိုမီခရွန် ကူးစက်ခံရမှု အသစ်တွေ တိုးလာနေမှုနဲ့ ရင်ဆိုင်နေရကြောင်း ဝန်ကြီးချုပ် Boris Johnson က နိုင်ငံကိုပြောတဲ့ ရုပ်သံ မိန့်ခွန်းမှာ သတိပေးခဲ့ပြီး နောက် တနလာၤနေ့မှာဘဲ သေဆုံးမှုကို ကြေညာခဲ့တာ ဖြစ်ပါတယ်။
၁၉၈၉ ခုနှစ် Tiananmen ရင်ပြင် အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု အောက်မေ့ဖွယ် အဖြစ် ခွင့်ပြုချက် မရဘဲ ကျင်းပခဲ့တဲ့ ဖယောင်းတိုင်မီးထွန်းညှိပွဲမှာ ပါဝင်မှုနဲ့ ဟောင်ကောင်က မီဒီယာ လုပ်ငန်းရှင်ကြီး ထင်ရှားတဲ့ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ ကို တနလာၤနေ့မှာဘဲ ထောင်ဒဏ် ၁၃ လ ချမှတ်လိုက်ပါတယ်။
Omicron ကိုရိုနာဗိုင်းရပ်စ် ပိုးသစ်ဟာ ဒယ်လ်တာပိုးမျိုးထက် ပိုပြီး ကူးစက်လွယ်ကူစေပြီး ကိုဗစ်ကာကွယ်ဆေးရဲ့ အာနိသင်ကို လျော့ပါးစေပေမယ့် ကနဦးရရှိတဲ့ အချက်အလက်တွေအရ ရောဂါလက္ခဏာကတော့ သိပ်ပြင်းထန်တာ မတွေ့ရဘူးလို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက တနင်္ဂနွေနေ့မှာ ပြောပါတယ်။
အမေရိကန်ပြည်ထောင်စု တောင်ပိုင်းနဲ့ အနောက်အလယ်ပိုင်းဒေသက ပြည်နယ် ၆ ခုမှာ သောကြာနေ့ ညပိုင်းက ရာသီမဟုတ် တိုက်ခတ်တဲ့ လေဆင်နှာမောင်းဒဏ် ခံခဲ့ရတဲ့အတွက် အခုဆို မြန်မာနိုင်ငံသားတချို့ အပါအဝင် သေဆုံးရသူ စုစုပေါင်း ၁၀၀ ကျော်နေပြီ ဖြစ်ပါတယ်။
အီရန်အနေနဲ့ သူ့ရဲ့ နျူကလီးယား အစီအစဉ်တွေ လျှော့ချရေး သဘောတူ လိုက်လျောဖို့ အချိန်သိပ်မရှိတော့ဘူးလို့ G7 စက်မှုထိပ်သီး ၇ နိုင်ငံက တနင်္ဂနွေနေ့မှာ သတိပေး ပြောကြားလိုက်ပြီး ရုရှားအနေနဲ့လည်း ယူကရိန်းကို ဝင်ရောက် သိမ်းပိုက်မယ်ဆိုရင် နောက်ဆက်တွဲ အကျိုးဆက်တွေ ခံရနိုင်တယ်လို့ ပြောကြားလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်