တောင်အာရှနိုင်ငံတချို့မှာ COVID-19 ကာလအတွင်း ဒုတိယနှစ်အဖြစ် ကျောင်းတွေ ဆက်ပြီး ပိတ်ထားတာမို့ ကလေးငယ် သန်း ၄၀၀ ကျော်ဟာ ထိခိုက်ခံစားကြရမယ်လို့ ကမ္ဘာ့ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) ရဲ့ အစီရင်ခံစာတရပ်က ဆိုပါတယ်။
ရုရှားအနေနဲ့ ယူကရိန်းကို ကျူးကျော်ခဲ့ရင် ဆိုးဆိုးဝါးဝါး ပေးဆပ်ရမှာဖြစ်ပြီး စီးပွားထိခိုက်မှု အကျိုးဆက်တွေ ရင်ဆိုင်ရမယ်လို့ အမေရိကန်သမ္မတ Joe Biden က ရုရှားသမ္မတ Vladimir Putin ကို သတိပေးလိုက်ပါတယ်။
G7 ထိပ်သီးဆွေးနွေးပွဲကို ပထမဦးဆုံးအကြိမ်အဖြစ် အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) ရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေ တက်ရောက်ကြတာဖြစ်ပြီး ကိုဗစ်ကာကွယ်ဆေးနဲ့ ဘဏ္ဍာရေးကိစ္စတွေ အပါအဝင် ကိစ္စရပ် တော်တော်များများကို ဆွေးနွေးကြတာလည်း ဖြစ်ပါတယ်။
Omicron ကိုဗစ်ပိုးသစ် ကူးစက်တဲ့နိုင်ငံတွေ ထပ်တိုးလာနေချိန်မှာပဲ ရောဂါပိုးသစ်ကို ကာကွယ်နိုင်မယ့် နည်းလမ်းသစ်တွေနဲ့ ပတ်သက်လို့ သုတေသန လေ့လာချက်တွေလည်း ထွက်ပေါ်လာနေပါတယ်။
ကမ္ဘာ့စီးပွားရေးအင်အားကြီး ၇ နိုင်ငံ (G7) အဖွဲ့ရဲ့ ထိပ်တန်းသံတမန်တွေ ဗြိတိန်နိုင်ငံ လီဗာပူးမြို့မှာ စနေနေ့က တွေ့ဆုံခဲ့ကြပြီး ယူကရိန်းနိုင်ငံအပေါ် ရုရှားက ရန်လုပ်လာရင် တညီတညွတ်တည်း တုံ့ပြန်မယ့် သဘောထားတွေကို ပြောဆိုခဲ့ကြပါတယ်။
အမေရိကန် အနောက်တောင်ဘက် ပြည်နယ်တချို့မှာ ရာသီချိန်မဟုတ်ဘဲ လေဆင်နှာမောင်းတွေ ဆက်တိုက် တိုက်ခတ်ခဲ့တဲ့အတွက် လူပေါင်းဒါဇင်နဲ့ချီ သေဆုံးခဲ့ပါတယ်။
စစ်တပ်က အာဏာသိမ်းယူလိုက်တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ဒီကနေ့အထိဆိုရင် စစ်ကောင်စီရဲ့ လက်ချက်ကြောင့် သေဆုံးသူ အရေအတွက် ၁,၃၂၉ ယောက်ရှိပြီလို့ စောင့်ကြည့်မှတ်တမ်းတင်နေတဲ့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ပြောပါတယ်။
အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (ASEAN) အလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံအနေနဲ့ မြန်မာ အာဏာသိမ်းစစ်ကောင်စီကို အလျှော့ပေး လိုက်လျောတာမျိုး မလုပ်ဖို့ အမေရိကန် အကြီးတန်း တာဝန်ရှိသူတဦးက တိုက်တွန်းလိုက်ပါတယ်။
ဗြိတိန်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ကမ္ဘာ့စီးပွားရေးအင်အားကြီး ၇ နိုင်ငံ (G7) နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ အစည်းအဝေးအတွင်း မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းတာကနေ ပေါ်ပေါက်လာတဲ့ အကျပ်အတည်းနဲ့ ပတ်သက်လို့လည်း ဆွေးနွေးကြဖို့ ရှိပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ COVID-19 ရောဂါ ကူးစက်မှုကို ထိန်းချုပ်ဖို့ အပြင်းအထန် ကြိုးစားနေရတဲ့ ပြည်နယ်တွေအနေနဲ့ ဆေးရုံတွေနဲ့ ရောဂါကုသရေးဆိုင်ရာ တခြားဌာနတွေမှာ တာဝန်ထမ်းဆောင်နေကြတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို အထောက်အကူပြုဖို့ ပြည်တွင်းကာကွယ်ရေး အရန်တပ်ဖွဲ့နဲ့ တခြား စစ်ဘက်ဝန်ထမ်းတွေကိုပါ တာဝန်ပေးထားပါတယ်။
စစ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် စစ်ဖက်ဆိုင်ရာ အဖွဲ့အစည်း တချို့နဲ့ အရပ်ဖက်အာဏာပိုင်တချို့ကို အမေရိကန်၊ ကနေဒါနဲ့ ဗြိတိန်နိုင်ငံတို့က ပိတ်ဆို့ဒဏ်ခတ် အရေးယူလိုက်ပါတယ်။
အီရတ်နိုင်ငံအတွင်းမှာရှိတဲ့ Islamist State IS အကြမ်းဖက်အဖွဲ့တွေကို ဦးဆောင်တိုက်ခိုက်ဖို့တာဝန်ကို အမေရိကန်နဲ့ မဟာမိတ်တွေထံကနေ အီရတ်တပ်ဖွဲ့တွေက လွဲှပြောင်းယူ လိုက်ပြီဖြစ်တယ်လို့ ကြာသာပတေးနေ့မှာ အီရတ်တာဝန်ရှိသူတွေကပြောဆိုလိုက်ပါတယ်။
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်မှာ အရပ်သား ၁၁ ယောက်ကို လုံခြုံရေးတပ်ဖွဲ့တွေ ပစ်ခတ်၊ မီးရှို့သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ သတင်းအပေါ် အမျက်ဒေါသထွက်ရကြောင်း အမေရိကန်က ပြောလိုက်ပါတယ်။
အိန္ဒိယ စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး Bipin Rawat ဟာ ဗုဒ္ဓဟူးနေ့က စစ်တပ်ရဟတ်ယဉ် ပျက်ကျခဲ့တဲ့အတွက် သေဆုံးသွားပါတယ်။
တရုတ်နိုင်ငံမှာ ကျင်းပမယ့် ဆောင်းရာသီ အိုလံပစ်အားကစားပွဲတော်ကို သံတမန်ရေး သပိတ်မှောက်မယ့် အမေရိကန်ရဲ့ အစီအစဉ်မှာ သြစတြေးလျ၊ ဗြိတိန်နိုင်ငံတို့အပြင် အခုနောက်ဆုံး ကနေဒါနိုင်ငံလည်း ပါဝင်လာပါတယ်။
Omicron ကိုဗစ်ပိုးသစ်နဲ့ ပတ်သက်လို့ လေ့လာစရာတွေ အများအပြား ရှိနေဆဲ ဖြစ်ပေမယ့် ကမ္ဘာကြီးအနေနဲ့ အန္တရာယ်ကို ကာကွယ်နိုင်စွမ်းရှိပြီး ကူးစက်မှု မဖြစ်အောင် အမြန်ဆုံး ဆောင်ရွက်ဖို့ လိုအပ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ပြောလိုက်ပါတယ်။
ယူကရိန်းကို ရုရှားတပ်တွေ ကျူးကျော်ဝင်ရောက်နိုင်ခြေ ရှိနေတာကို တုံ့ပြန်ဖို့အတွက် အမေရိကန်တပ်တွေကို ယူကရိန်းမှာ ချထားဖို့ သူ့အနေနဲ့ အမိန့်ပေးမှာ မဟုတ်ဘူးလို့ အမေရိကန်သမ္မတ Joe Biden က ဗုဒ္ဓဟူးနေ့မှာပဲ သတင်းထောက်တွေကို ပြောဆိုလိုက်ပါတယ်။
တာဝန်ကနေ ဖယ်ရှားခံခဲ့ရတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ကို ထောင်ဒဏ်တွေ ချမှတ်လိုက်တဲ့အပေါ် ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေ အနေနဲ့ လွန်စွာမှ စိုးရိမ်မကင်းဖြစ်မိကြောင်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဗုဒ္ဓဟူးနေ့မှာ ကြေညာချက်တစောင် ထုတ်ပြန်လိုက်ပါတယ်။
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်မှာ ဒီသီတင်းပတ် အစောပိုင်းက ဒေသခံ ရွာသားတွေ ရက်ရက်စက်စက် သတ်ဖြတ်ခံခဲ့ရတဲ့အပေါ် အထူူးစိုးရိမ်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံးက ပြောဆိုလိုက်ပြီး မြန်မာလုံခြုံရေး တပ်ဖွဲ့တွေရဲ့ အကြမ်းဖက်လုပ်ရပ်တွေအပေါ် ပြစ်တင်ရှုတ်ချလိုက်ပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken ရဲ့ ရှေ့သီတင်းပတ်ထဲ အရှေ့တောင်အာရှ ခရီးစဉ်မှာ မြန်မာနိုင်ငံအရေးကိုလည်း အာရုံစိုက်မှာဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောဆိုလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်