ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်မှာ ဗုဒ္ဓဟူးနေ့ မနက်အစောပိုင်းက စစ်ကောင်စီနဲ့ ကချင်လက်နက်ကိုင် KIA အကြား တိုက်ပွဲဖြစ်ပွားခဲ့သလို စစ်ကိုင်းတိုင်း ကသာမြို့နယ်ဘက်မှာလည်း တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
မြန်မာစစ်တပ်ပိုင် စီးပွားရေးလုပ်ငန်း အားလုံးကို Facebook ပိုင် Meta ကုမ္ပဏီက အရေးယူပိတ်ပင်ကြောင်း ထုတ်ပြန်လိုက်သလို စစ်တပ်စီးပွားရေး လုပ်ငန်းတွေရဲ့ Facebook စာမျက်နှာတွေကိုလည်း ဒီကနေ့ စပြီး ဖယ်ရှားလိုက်ပါတယ်။
ဂျာမနီလွှတ်တော်က Olaf Scholz ကို တိုင်းပြည်ရဲ့ ဒုတိယကမ္ဘာစစ်အပြီး နဝမမြောက် ဝန်ကြီးချုပ်အဖြစ် တင်မြှောက်လိုက်ပါတယ်။ Angela Merkel က ၁၆ နှစ်ကြာ အုပ်ချုပ်ခဲ့ပြီးတဲ့နောက် အပြောင်းအလဲ ကာလအသစ်ကို စဖွင့်လိုက်တာပါ။
ဆိုးရွားလှတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ဖိနှိပ်ချုပ်ချယ်တဲ့ လုပ်ရပ်တွေနဲ့ ဆက်နွှယ်မှုနဲ့ အီရန်၊ ဆီးရီးယားနဲ့ ယူဂန်ဒါနိုင်ငံတို့က လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်း တဒါဇင်ကျော်ကို အင်္ဂါနေ့မှာ အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်လိုက်ပါတယ်။
ဆော်ဒီသတင်းစာဆရာ Jamal Khashoggi ကို သတ်ဖြတ်မှုမှာ ပါဝင်ပတ်သက်သူအဖြစ် မသင်္ကာသူတယောက်ကို ပြင်သစ်နိုင်ငံ ပါရီမြို့တော်က Charles de Gaulle လေဆိပ်မှာ ဖမ်းဆီးလိုက်ပါတယ်။
ရုရှားအနေနဲ့ ယူကရိန်းကို ကျူးကျော်မယ်ဆိုရင်တော့ ပြင်းထန်တဲ့ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုနဲ့ တုံ့ပြန်မယ့်အကြောင်း အမေရိကန်သမ္မတ Joe Biden က ရုရှားသမ္မတ Vladimir Putin ကို ပြောဆိုခဲ့တယ်လို့ အမေရိကန်သမ္မတ အိမ်ဖြူတော်က ထုတ်ပြန်ထားပါတယ်။
အမေရိကန်နိုင်ငံ နယူးယောက်မြို့က ပုဂ္ဂလိကလုပ်ငန်း ဝန်ထမ်းအားလုံးဟာ ကိုဗစ်ကာကွယ်ဆေး မထိုးမနေရ ထိုးရမယ့်အမိန့်ကို ဒီဇင်ဘာလ ၂၇ ရက်ကစပြီး လိုက်နာရမယ်လို့ မြို့တော်ဝန် Bill de Blasio က တနင်္လာနေ့က ကြေညာလိုက်ပါတယ်။
အာဆီယံ လက်ရှိ အလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဟွန်ဆန်က လာမယ့်လ အစောပိုင်းမှာ မြန်မာနိုင်ငံကို တရားဝင်လာရောက်မှာဖြစ်ပြီး အာဆီယံအဖွဲ့ဝင် နိုင်ငံတွေနဲ့ မြန်မာနိုင်ငံကြား ယိုယွင်းနေတဲ့ ဆက်ဆံရေး ပြေလည်ဖို့ လုပ်ဆောင်သွားမယ်လို့ ဝန်ကြီးချုပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က အင်္ဂါနေ့မှာ ပြောပါတယ်။
တရုတ်နိုင်ငံမှာ ရှေ့နှစ်ဆန်းကျင်းပမယ့် ဆောင်းရာသီ အိုလံပစ်ပွဲတော်ကို အမေရိကန်ပြည်ထောင်စုက သံတမန်ရေးအရ သပိတ်မှောက်တယ်လို့ ကြေညာခဲ့တာက တရုတ်နဲ့ အမေရိကန် ၂ နိုင်ငံကြား အလေးထား ဆွေးနွေးနေတဲ့ကိစ္စတွေ၊ ပူးပေါင်းဆောင်ရွက်မှုတွေကို ထိခိုက်စေမယ်လို့ တရုတ်နိုင်ငံက တုံ့ပြန်လိုက်ပါတယ်။
ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်တဲ့အထိ အမုန်းတရားတွေ ပြန့်ပွားစေတဲ့ ဖော်ပြမှုတွေ၊ သတင်းမှားတွေကို Meta လို့ အခုနာမည်ပြောင်းထားတဲ့ Facebook ကုမ္ပဏီက ထိထိရောက်ရောက် အရေးယူ မကိုင်တွယ်ခဲ့ဘူးလို့ စွပ်စွဲပြီး ရိုဟင်ဂျာတွေက ကုမ္ပဏီကို ဒေါ်လာ ၁၅၀ ဘီလျံ လျော်ကြေးပေးဖို့ အမေရိကန်ပြည်ထောင်စုမှာ တရားစွဲလိုက်ပါတယ်။
ရုရှားသမ္မတ ပူတင်နဲ့ အိန္ဒိယဝန်ကြီးချုပ် မိုဒီတို့ဟာ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တော်မှာ တွေ့ဆုံပြီး နှစ်နိုင်ငံဆက်ဆံရေးကို ထပ်မံ အခိုင်အမာ ပြုလုပ်လိုက်ကြပါတယ်။
တရုတ်မှာကျင်းပမယ့် ၂၀၂၂ ဘေဂျင်း ဆောင်းရာသီအိုလံပစ် ပွဲတော်တွေကို အမေရိကန်က သံတမန်ရေးအရ သပိတ်မှောက်ကြောင်း အမေရိကန်အစိုးရက ကြေညာလိုက်ပါတယ်။
ကုလသမဂ္ဂမှာ မြန်မာနိုင်ငံနဲ့ အာဖဂန်နစ္စတန် နိုင်ငံတို့အတွက် ဘယ်သူ့ကို ကိုယ်စားပြုခွင့် ပေးမလဲဆိုတာ စဉ်းစားဆုံးဖြတ်မယ့် အစီအစဉ်ကို ကုလသမဂ္ဂရဲ့ ကိုယ်စားလှယ် စိစစ်လက်ခံရေး ကော်မတီက ဆိုင်းငံ့လိုက်တဲ့ ဒီဇင်ဘာလ ၁ ရက်နေ့ ဆုံးဖြတ်ချက်ကို ဒီဇင်ဘာ ၆ ရက်နေ့ကျင်းပတဲ့ ကုလအထွေထွေညီလာခံမှာ အတည်ပြုလိုက်ကြပါတယ်။
သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့အပေါ် စစ်တပ်ထိန်းချုပ်တဲ့ တရားရုံးက အခုလို ထောင်ဒဏ်စီရင်ချက် ချမှတ်တာဟာ အဓိပ္ပာယ်မရှိတဲ့ လုပ်ရပ်ဖြစ်ပြီး နိုင်ငံတွင်း တရားဥပဒေစိုးမိုးမှု ကင်းမဲ့ပုံကို မီးမောင်းထိုးပြလိုက်တာ ဖြစ်တယ်လို့ Tom Andrews က ပြောပါတယ်။
ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ်တွင်း တနင်္ဂနွေနေ့ မနက်ပိုင်းက စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြပွဲကို လုံခြုံရေးတပ်ဖွဲ့က ကားနဲ့ဝင်တိုက်ပြီးနောက် လက်နက်မဲ့ အရပ်သားတွေကို ကျည်အစစ်နဲ့ ပစ်ခတ်ခဲ့တဲ့ လုပ်ရပ်အပေါ် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres က အပြင်းထန်ဆုံး ပြစ်တင် ရှုတ်ချလိုက်ပါတယ်။
အမေရိကန်သမ္မတ Joe Biden အစိုးရက အရှေ့တောင်အာရှတိုက်နဲ့ ထိတွေ့ဆက်ဆံမှုတွေ အရှိန်မြှင့် လုပ်ဆောင်တဲ့အနေနဲ့ နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ ရှေ့သီတင်းပတ်အတွင်း အင်ဒိုနီးရှားနဲ့ မလေးရှားနိုင်ငံတွေကို သွားရောက်ဖို့ ရှိနေကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ကို ချမှတ်လိုက်တဲ့ ထောင်ဒဏ်ပြစ်ဒဏ်ကို စစ်ကောင်စီဥက္ကဋ္ဌ လျှော့ပေါ့မိန့် ထုတ်ပြန်ပါတယ်။
စစ်ကောင်စီ ခေါင်းဆောင်တွေနဲ့ စကားပြောရအောင် မြန်မာပြည်ကိုသွားဖို့ အစီအစဉ်ရှိကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က တနင်္လာနေ့က ပြောကြားလိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်တပ်ထိန်းချုပ်ထားတဲ့ တရားရုံးက စစ်ဆေးတာဟာ ဟန်ပြ စစ်ဆေးတာသာဖြစ်ပြီး စီရင်ချက် ချမှတ်လိုက်တာကလည်း နိုင်ငံရေးအရင်းခံ အကြောင်းကလွဲပြီး ဘာမှမဟုတ်ဘူးလို့ ကုလသမဂ္ဂ လူ့အခွင့်အရေး အကြီးအကဲ Michelle Bachelet က ပြောကြားလိုက်ပါတယ်။
သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့ကို နေပြည်တော် အထူးတရားရုံးက အမှု ၂ ခုအတွက် ထောင်ဒဏ် ၄ နှစ်စီ ချမှတ်လိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်