အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နာယကကြီး ဦးတင်ဦးက ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်စေလိုကြောင်း မြန်မာစစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ပြောပါတယ်။
ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲ အိုမီခရွန်ဟာ အခုဆိုရင် နိုင်ငံပေါင်း ၄၀ ကို ပျံ့နှံ့နေပြီ ဖြစ်ပြီး အမေရိကန်ပြည်ထောင်စု ပြည်နယ် ၅၀ ထဲမှာ ၁၆ ပြည်နယ်မှာ ဖြစ်ပွားနေပါတယ်။
ရန်ကုန်မြို့မှာ တနင်္ဂနွေနေ့ မနက်ပိုင်းက စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြပွဲကို စစ်တပ်ဘက်က ကြမ်းကြမ်းတမ်းတမ်း ဖြိုခွဲခဲ့မှုကို ဆန့်ကျင်တဲ့အနေနဲ့ ရန်ကုန်၊ မန္တလေး အပါအဝင် ဒေသတချို့မှာ နည်းမျိုးစုံနဲ့ ဆန္ဒပြခဲ့ကြပါတယ်။
ရန်ကုန်တိုင်း ကြည့်မြင်တိုင်မြို့နယ်တွင်း စစ်အာဏာသိမ်းမှု ဆန့်ကျင် ဆန္ဒပြပွဲကို လုံခြုံရေးတပ်ဖွဲ့တွေက ကားနဲ့တိုက် ဖြိုခွဲခဲ့မှုမှာ သေဆုံးမှုမရှိဘူးလို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဘက်ကတော့ သေဆုံးမှုရှိကြောင်း သတင်းထုတ်ထားပါတယ်။
ရန်ကုန်မြို့ထဲ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို စစ်ကားနဲ့တိုက်ပြီး လူစုခွဲလို့ ဆန္ဒပြသူ အများအပြား သေဆုံးတယ်ဆိုတဲ့ သတင်းအပေါ်မှာ ထိတ်လန့်တုန်လှုပ်မိတယ်လို့ ရန်ကုန် အမေရိကန်သံရုံးက ထုတ်ပြန်ပါတယ်။
တနင်္လာနေ့ကျင်းပမယ့် ရုရှား-အိန္ဒိယ ထိပ်သီးအစည်းအဝေးအတွက် ရုရှားသမ္မတ Vladmir Putin အိန္ဒိယနိုင်ငံကို ရောက်ရှိမှာဖြစ်ပြီး အဲဒီအစည်းအဝေးမှာတော့ ကာကွယ်ရေးကိစ္စရပ်တွေကို ဦးစားပေးဖို့ ရှိသလို ရုရှားကနေ အိန္ဒိယကို လေကြောင်းကာကွယ်ရေး ဒုံးစနစ် လွှဲပြောင်းပေးဖို့ ကိစ္စရပ်လည်း ပါဝင်ပါလိမ့်မယ်။
အိန္ဒိယတပ်ဖွဲ့တွေဟာ နိုင်ငံရဲ့ အရှေ့မြောက်ဘက် ဝေးလံသီခေါင်တဲ့ ဒေသတွေမှာ နေထိုင်တဲ့ အရပ်သား အနည်းဆုံး ၁၄ ဦးကို မှားမှားယွင်းယွင်း သတ်ဖြတ်မိခဲ့တယ်လို့ ရိုက်တာသတင်းတရပ်မှာ ဖော်ပြပါတယ်။
အာဏာသိမ်းစစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက သူရဦးတင်ဦးကို ဒီဇင်ဘာလ ၅ ရက်နေ့ မနက်ပိုင်းက သွားရောက်တွေ့ဆုံပါတယ်။
ပုပ်ရဟန်းမင်းကြီး Francis ဟာ ဥရောပကို ရွှေ့ပြောင်းဝင်ရောက်လာသူတွေကို တွေ့ဆုံဖို့ ဂရိနိုင်ငံရဲ့ ကျွန်းတကျွန်းဖြစ်တဲ့ Lesbos ကျွန်းကို အခုတနင်္ဂနွေနေ့မှာ သွားရောက်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းပေါ်မှာရှိတဲ့ အမြင့်ဆုံးမီးတောင်ကြီး Mount Semeru ဟာ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီးတဲ့နောက် စနေနေ့က ရုတ်တရက် ပေါက်ကွဲခဲ့တဲ့အတွက် ပြာပူတွေ၊ ဓာတ်ငွေ့တွေနဲ့ ချော်ရည်ပူတွေ လွင့်စင်ထွက်ပေါ်ရာက အနည်းဆုံး လူ ၁ ဦးသေပြီး ဒဏ်ရာရသူ ၄၁ ဦးကို ဆေးရုံတင်ထားရပါတယ်။
တောင်ကိုရီးယားမှာ နေ့စဉ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနဲ့ သေဆုံးမှုနှုန်း စံချိန်တင် များလာနေပြီး ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲ အိုမီခရွန် ကူးစက်ခံရသူ ၃ ဦး ထပ်မံတွေ့ရှိကြောင်း အတည်ပြုထားတာနဲ့ အတူပဲ အာဏာပိုင်တို့ဘက်ကလည်း စည်းကမ်းတင်းကျပ်ဖို့ အရေးတကြီး ဆောင်ရွက်နေကြပါတယ်။
ရုရှားနဲ့ ယူကရိန်းနယ်စပ်တလျှောက် တင်းမာလာတဲ့ အရေးနဲ့ ပတ်သက်ပြီး အမေရိကန် သမ္မတ Joe Biden နဲ့ ရုရှားသမ္မတ Vladimir Putin တို့ အင်္ဂါနေ့မှာ ဆွေးနွေးကြဖို့ ရှိနေပါတယ်။
ကမ္ဘာမှာ ကြုံတွေ့နေရတဲ့ အခက်ခဲဆုံး ပြဿနာတွေအတွက် အလွယ် ဖြေရှင်းချက်တွေနဲ့ မကျေမချမ်းဖြစ်နေတဲ့ ပြည်သူတွေကို ဆွဲဆောင်နေကြတဲ့ အများကြိုက် နိုင်ငံရေးသမားတွေကြောင့် ဥရောပနဲ့ ကမ္ဘာတလွှား ဒီမိုကရေစီအပေါ် ခြိမ်းခြောက်မှု ဖြစ်စေတယ်လို့ ကက်သလစ် သာသနာပိုင် ပုပ်ရဟန်းမင်းကြီး Francis က စနေနေ့မှာ သတိပေးလိုက်ပါတယ်။
အီရန် နျူကလီးယားအရေး ဆွေးနွေးပွဲကို ဒီတပတ် ပြန်စခဲ့ပေမယ့် အခုတော့ ခေတ္တပြန်ရပ်ဆိုင်းလိုက်ရပါတယ်။
စစ်တပ်အာဏာသိမ်းယူခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့က ဒီဇင်ဘာလ ၄ ရက် ဒီကနေ့အထိဆိုရင် စစ်ကောင်စီရဲ့ လက်ချက်ကြောင့် သေဆုံးသူ စုစုပေါင်း ၁,၃၀၃ ယောက်ရှိပြီလို့ အဖြစ်အပျက်တွေကို ကောက်ယူစုဆောင်းပြီး ပြုစုမှတ်တမ်းတင်နေတဲ့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းရဲ့ ဒီကနေ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီဇင်ဘာ ၉ ရက်နဲ့ ၁၀ ရက်နေ့တွေမှာ သမ္မတ Joe Biden ကမကထပြု ကျင်းပမယ့် အွန်လိုင်း ဒီမိုကရေစီ ထိပ်သီးအစည်းအဝေးကို ကမ္ဘာ့ခေါင်းဆောင်တွေ၊ အရပ်ဘက် လူမှုအဖွဲ့တွေနဲ့ ပုဂ္ဂလိကကဏ္ဍက ကိုယ်စားလှယ်တွေ တက်ရောက်ကြဖို့ ရှိပါတယ်။
တရုတ်နဲ့ လာအိုနိုင်ငံတို့ ဒေသတွင်း ပိုမိုချိတ်ဆက်ရေး နှစ်ဖက်ဆွေးနွေးရာမှာ မြန်မာ့အရေးနဲ့ ပတ်သက်လို့ အမြင်ဖလှယ် ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
ယူကရိန်းနဲ့နယ်စပ်မှာ ရုရှားအနေနဲ့ အခြေအနေ ပိုတင်းမာလာအောင်လုပ်ဖို့ လုံးဝခက်ခဲသွားစေမယ့် အစီအစဉ်တွေ ဖော်ထုတ်နေတယ်လို့ သမ္မတ Joe Biden က သောကြာနေ့မှာ သတင်းထောက်တွေကို ပြောပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံကို အုပ်ချုပ်နေတဲ့ တာလီဘန်အဖွဲ့က အမျိုးသမီးတွေကို သူတို့ရဲ့ ဆန္ဒမပါပဲ လက်ထပ်ထိမ်းမြားပေးခြင်းမပြုရဆိုတဲ့ အမိန့်ပြဌာန်းချက်တရပ်ကို သောကြာနေ့က ထုတ်ပြန်လိုက်ပါတယ်။
ပါကစ္စတန်နိုင်ငံ ပန်ဂျပ်ပြည်နယ်ထဲမှာ ဒေါသထွက်နေတဲ့ မွတ်ဆလင်လူအုပ်ကြီးဟာ သီရိလင်္ကာနိုင်ငံသား စက်ရုံမန်နေဂျာတဦးကို တမန်တော်မိုဟာမက်ကို စော်ကားပြော ဆိုတယ်ဆိုကာ သောကြာနေ့တုန်းက ဝိုင်းဝန်းရိုက်နှက်သတ်ဖြတ်ခဲ့ပြီး အလောင်းကိုမီးရှို့ ခဲ့ကြပါတယ်။
နောက်ထပ်ကြည့်ရှုရန်