မြန်မာနိုင်ငံမှာ လုပ်ငန်းခွင်တွင်း အကြမ်းဖက် ခံရမှုတွေနဲ့ ခြိမ်းခြောက် နှောက်ယှက်မှုတွေကို လုပ်ငန်းရှင်တွေ တားဆီးဟန့်တား အရေးယူဖို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် ILO က တိုက်တွန်းလိုက်ပါတယ်။ လုပ်ငန်းခွင်မှာ အကြမ်းဖက် ခြိမ်းခြောက်နှောက်ယှက်မှုတွေဟာ လူ့အခွင့်အရေး ချိုးဖောက်မှုလို့လည်း ပြောပါတယ်။
လစ်ဗျားနိုင်ငံမှာ အာဏာရှင်ဂဒါဖီရဲ့သား Saif al-Islam Gaddafi ကို သမတရွေးကောက်ပွဲမှာ အရွေးခံဖို့ကိုယ်စားလှယ်အဖြစ်ပါဝင်ခွင့်ပေးကြောင်း တရားရုံးက ကြာသာပတေးနေ့မှာချမှတ်လိုက်တယ်လို့ သူ့ရဲ့ရှေ့နေကပြောပါတယ်။
အမေရိကန် ပြည်ထောင်စုကိုလာမယ့် နိုင်ငံတကာ ခရီးသွားတွေအပေါ် ကိုဗစ်ရောဂါပိုး စမ်းသပ်စစ်ဆေးမှုတွေ တိုးမြှင့်ဖို့ သမ္မတ Joe Biden ကြာသပတေးနေ့က ကြေညာလိုက်ပါတယ်။ ဒီနှစ်ဆောင်းရာသီ အမေရိကန်မှာ ကိုဗစ်ကပ်ရောဂါကို ရင်ဆိုင်ဖြေရှင်းမယ့် အစီအစဉ်ကိုလည်း သမ္မတက ချပြခဲ့တာပါ။
ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်မှာ ကျုးကျော်အိမ်ယာတွေကို ရှင်းလင်းဖယ်ရှားနေတဲ့ အစီအစဉ်ကို ချက်ခြင်းရပ်ဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေး အရာရှိတွေ မြန်မာစစ်ခေါင်းဆောင်ကို တောင်းဆိုလိုက်ပြီး၊ စစ်တပ်ရဲ့ လုပ်ရပ်ဟာ နိုင်ငံတကာ ဥပဒေနဲ့ မညီဘူးလို့လည်း ပြောဆိုလိုက်ပါတယ်။
အိန္ဒိယနိုင်ငံတောင်ပိုင်း Karnataka ပြည်နယ်မှာ Omicron မျိုးကွဲသစ် ကူးစက်သူ ၂ ယောက်ကို ပထမဆုံးအဖြစ် တွေ့ရှိကြောင်း ကျန်းမာရေး အရာရှိတွေ ကြာသပတေးနေ့က အတည်ပြုလိုက်ပြီး၊ ကာကွယ်ဆေးတွေ ထိုးထားကြဖို့လည်း တိုက်တွန်းလိုက်ပါတယ်။
ကိုဗစ်ရောဂါပိုးသစ် Omicron ကိုအနီးကပ် စောင့်ကြည့်နိုင်ဖို့ ထိုင်းဝန်ကြီးချုပ် Prayut Chan-o-chaက ဌာနဆိုင်ရာတွေကို ညွန်ကြားချက် ထုတ်ပြန်ထားပါတယ်။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက်မအေးအေးမာ ကသတင်းပေးပို့ထားပါတယ် ။
မြန်မာနိုင်ငံကပြဿနာတွေကို ဖြေရှင်းဆောင်ရွက်ရာမှာ ပြည်ပကနေဝင်ရောက်စွက် ဖက်မှုတွေမပါဘဲ ဖြေရှင်းဆောင်ရွက်သင့်တယ်လို့ ရုရှားသမတ Vladimir Putin က ဗုဒ္ဓဟူး နေ့မှာပြောဆိုလိုက်ပါတယ်။
တရုတ်ကွန်မြူနစ်ပါတီ အရာရှိတဦးရဲ့ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရတယ်လို့ စွပ်စွဲထားတဲ့ တရုတ်တင်းနစ်မယ် Peng Shuai ကိစ္စနဲ့ ဆက်နွယ်ပြီး၊ ဟောင်ကောင် အပါအဝင် တရုတ်နိုင်ငံမှာ ကျင်းပမယ့် ပြိုင်ပွဲတွေကို ချက်ခြင်း ဆိုင်းငံ့လိုက်ကြောင်း ကမ္ဘာ့အမျိုးသမီး တင်းနစ်အသင်း (WTA) က ဗုဒ္ဓဟူးနေ့မှာ ကြေညာလိုက်ပါတယ်။
HIV ကူးစက်နေသူတွေနဲ့ AIDS နဲ့ ဆက်နွယ်တဲ့ ရောဂါတွေကြောင့် သေဆုံးသူတွေကို ထောက်ပံ့ အားပေးတဲ့အနေနဲ့ နှစ်စဉ် ဒီဇင်ဘာလ ၁ ရက်နေ့ကို ကမ္ဘာ့ AIDS နေ့အဖြစ် သတ်မှတ် ကျင်းပကြပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် Laurel Bowman သတင်းပေးပို့ထားတာကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။
ကုလသမဂ္ဂမှာ မြန်မာနိုင်ငံအတွက် ကိုယ်စားပြုမယ့်သူ နေရာအတွက် စဉ်းစားဆုံးဖြတ်မယ့် အစီအစဉ်ကို ကုလသမဂ္ဂရဲ့ စိစစ်လက်ခံရေး ကော်မတီ (Credentials Committee) က ဆိုင်းငံ့လိုက်ပါတယ်။
အမေရိကန် ပြည်ထောင်စုမှာ ပထမဆုံး Omicron ကိုဗစ်ပိုးသစ် ကူးစက်မှုကို ကယ်လီဖိုးနီးယား ပြည်နယ်မှာ စစ်ဆေးတွေ့ရှိကြောင်း ကျန်းမာရေး တာဝန်ရှိသူတွေက ပြောပါတယ်။
အသက် ၅ နှစ် အရွယ် Yazidi မိန်းကလေး တဦးကို ၂၀၁၅ ခုနှစ်က သတ်ဖြတ်ခဲ့မှုနဲ့ အစ္စလာမ္မစ် အစွန်းရောက် IS အဖွဲ့ဝင်ဟောင်း တဦးကို ဂျာမနီ တရားရုံး တခုက အင်္ဂါနေ့မှာ ပြစ်ဒဏ် ချမှတ်လိုက်ပါတယ်။
ကိုဗစ်မျိုးကွဲသစ် Omicron ကို တောင်အာဖရိကမှာ တွေ့ရှိကြောင်း တရားဝင် အတည်မပြုခင်ကတည်းက အနောက်ဥရောပမှာ ရောက်ရှိနေပြီဖြစ်ကြောင်း အထောက်အထားသစ်တွေ ထွက်ပေါ်လာပါတယ်။
ပြင်သစ်ဘောလုံးမဂ္ဂဇင်းက ချီးမြှင့်တဲ့ တနှစ်တာအကောင်းဆုံးဘောလုံးသမားဆု ရွှေဘောလုံးဆုကို အာဂျင်တီးနား နဲ့ PSG တိုက်စစ်မှူး လီယိုနယ်လ်မက်ဆီက ရသွားခဲ့ပါတယ်။
စစ်တွေမြို့ အနောက်မြောက်ဘက်မှာ လူ ၂၃၃ ဦး လိုက်ပါလာတဲ့ စက်လှေ တစင်ကို နိုဝင်ဘာလ ၂၉ ရက်နေ့ မနက်ပိုင်းမှာ ဖမ်းဆီးခဲ့ကြောင်း နိုင်ငံပိုင် သတင်းတွေက ဖော်ပြပါတယ်။
ကမ ္ဘာ့အင်အားကြီး နိုင်ငံတွေ အဆင်မြင့် လက်နက်တွေ အပြိုင် ထုတ်လုပ်နေချိန်မှာ ရုရှားနိုင်ငံက အသံထက် အဆပေါင်းများစွာ ပိုမြန်တဲ့ Zircon hypersonic ဒုံးကျည် တစင်းကို အောင်အောင်မြင်မြင် စမ်းသပ်နိုင်လိုက်တယ်လို့ တနလာၤနေ့မှာ ပြောပါတယ်။
အမေရိကန် ပြည်သူတွေ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ထိုးကြဖို့ ၊ ကာကွယ်ဆေး အပြည့်ထိုးထားပြီးသား သူတွေ အနေနဲ့လည်း အားဖြည့် ကာကွယ်ဆေး ထပ်ထိုးကြဖို့ သမ္မတ Joe Biden က တနလာၤနေ့မှာ ထပ်မံ ပန်ကြားလိုက်ပါတယ်။
ပါကစ္စတန် နိုင်ငံ အနောက်မြောက်ပိုင်း ဒေသက ရဲစခန်း တခုမှာ ဘာသာရေး ထိပါးစော်ကားမှု စွပ်စွဲချက်နဲ့ ဖမ်းထားတဲ့ စိတ်မမှန်သူ တဦးကို ဆွဲထုတ် သတ်ဖြတ်ဖို့ ရည်ရွယ်ပြီး ညအချိန် ရဲစခန်းကို အုပ်စုဖွဲ့ တိုက်ခိုက်မှုနဲ့ ဆက်စပ်ပြီး လူ ၃၀ လောက် ဖမ်းထားကြောင်း အာဏာပိုင်တို့က တနလာၤနေ့မှာ ပြောပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင် (ခေါ်) ဦးအေးကြူဟာ နိုဝင်ဘာ ၂၈ ရက် တနင်္ဂနွေနေ့ မနက် ၆ နာရီဝန်းကျင် နှလုံးရောဂါနဲ့ ရန်ကုန်မြို့မှာ ကွယ်လွန်သွားပါတယ်။ ကွယ်လွန်ချိန်မှာ အသက် ၇၆ နှစ်ရှိပြီ ဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ တပ်တွေနဲ့ လက်နက်ကိုင် ခုခံသူတွေကြား မြန်မာနိုင်ငံတွင်း တိုက်ပွဲတွေဟာဆိုရင် ဆိုးဆိုးရွားရွား အခြေအနေနဲ့ ရှေ့မတိုး နောက်မဆုတ်သာ ဖြစ်နေပြီလို့ သုံးသပ်သူတွေက ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်