ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်းဖြစ်တဲ့ တော်ဝင်မင်းသား Norodom Ranariddh ဟာ အသက် ၇၇ နှစ်အရွယ် တနင်္ဂနွေနေ့က ပြင်သစ်နိုင်ငံမှာ ကွယ်လွန်သွားကြောင်း ကမ္ဘောဒီးယား ပြန်ကြားရေးဝန်ကြီး Khieu Kanharith က သူ့ရဲ့ လူမှုကွန်ရက် ဖေ့စ်ဘုတ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းထားတာ ၁၀ လနီးပါး ကြာလာတဲ့အချိန်အထိ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေ ပုံစံအမျိုးမျိုးနဲ့ ဖြစ်ပေါ်နေသလို ငြိမ်းချမ်းစွာ ချီတက် ဆန္ဒဖော်ထုတ်မှုတွေလည်း မြို့နယ်တချို့မှာ ယနေ့အထိ ရှိနေဆဲ ဖြစ်ပါတယ်။
တောင်အာဖရိကကနေ ပြန်လာတဲ့ နယ်သာလန်နိုင်ငံသား ၆၁ ဦးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု တွေ့ရှိခဲ့ရပြီးတဲ့နောက် နယ်သာလန်နိုင်ငံထဲမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးသစ် Omicron မျိုးကွဲ ကူးစက်မှု ဘယ်လောက်များများ တွေ့ရှိထားပြီလဲဆိုတာ ဒတ်ချ်အာဏာပိုင်တွေက ထုတ်ပြန်ကြေညာနိုင်ဖို့ မျှော်လင့်ထားပါတယ်။
အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်၊ အင်ဖားမြို့ကို လာမယ့် ၂ နှစ်အတွင်း ရထားလမ်းဖောက်တော့မှာ ဖြစ်တဲ့အတွက် မြန်မာနိုင်ငံ နယ်စပ်နဲ့ ကီလိုမီတာ ၁၀၀ သာ ကွာဝေးတဲ့နေရာကို အိန္ဒိယရဲ့ ရထားလမ်း ရောက်လာတော့မှာဖြစ်ကြောင်း အိန္ဒိယ သတင်းမီဒီယာတွေမှာ ဖော်ပြကြပါတယ်။
ကိုဗစ်ကပ်ရောဂါ ထိန်းချုပ်ရေး ကန့်သတ်မှုတွေကြောင့် ၇ လနီးပါး ပိတ်ထားတဲ့ တရုတ်-မြန်မာ နယ်စပ်ဂိတ် ၂ ဂိတ်ဖြစ်တဲ့ ကျင်ဆန်းကျော့ဂိတ်နဲ့ ချင်းရွှေဟော်ဂိတ်တွေကို ကုန်စည်ကူးသန်းရေးအတွက် ပြန်ဖွင့်ပေးလိုက်ပြီလို့ တာဝန်ရှိသူတွေက ပြောပါတယ်။
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ မြေအောက်ရထား ဘူတာရုံတခုမှာ လွန်ခဲ့တဲ့ ဇူလိုင်လထဲက မြန်မာအမျိုးသမီးတဦး သေဆုံးခဲ့တဲ့ လုယက်မှုနဲ့ပတ်သက်ပြီး သံသယရှိသူကို ဖမ်းဆီးထားကြောင်း ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က စိုးရိမ်ရတဲ့အဆင့် သတ်မှတ်ထားတဲ့ Omicron ကိုဗစ်ရောဂါပိုးသစ် ကူးစက်မှုတွေကို ဥရောပနိုင်ငံတချို့မှာ တွေ့ရှိရတာကြောင့် ကန့်သတ်ချက်တွေ ထုတ်ပြန်နေကြပါတယ်။
Omicron ကိုဗစ်ရောဂါပိုးသစ် ကူးစက်မှုတွေကြောင့် အာဖရိကတောင်ပိုင်း ၈ နိုင်ငံကို ခရီးမသွားကြဖို့ အမေရိကန် ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဌာန CDC နဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာနတို့က စနေနေ့မှာ အကြံပြုချက် ထုတ်ပြန်လိုက်ပါတယ်။
တောင်ကိုရီးယား စစ်အာဏာရှင်ဟောင်းရဲ့ ဇနီးက သူ့ခင်ပွန်းလက်အောက် ပြည်သူတွေ အနာတရ ဖြစ်ခဲ့ရတာအတွက် တောင်းပန်လိုက်ပါတယ်။
စစ်အာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ဒီကနေ့ နိုဝင်ဘာလ ၂၇ ရက်နေ့အထိဆိုရင် ဖြစ်ရပ်အမျိုးမျိုးအတွင်း စစ်တပ်၊ ရဲနဲ့ စရဖ စစ်ထောက်လှမ်းရေးတို့ရဲ့ လက်ချက်ကြောင့် သေဆုံးရသူပေါင်း ၁,၂၉၅ ယောက်ရှိသွားပြီလို့ စောင့်ကြည့်မှတ်တမ်းတင်နေတဲ့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ပြောပါတယ်။
တောင်အာဖရိကနဲ့ အခြား အာဖရိကနိုင်ငံ ၇ နိုင်ငံက ခရီးသွားတွေကို အမေရိကန်ပြည်ဝင်ခွင့် ကန့်သတ်မယ်လို့ သမ္မတ Joe Biden က ကြေညာခဲ့ပါတယ်။
မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်တန့်ဖို့ အာရှနဲ့ ဥရောပနိုင်ငံ ၅၀ ကျော်က ခေါင်းဆောင်တွေက တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။
COVID-19 ဗီဇမျိုးကွဲသစ် Omicron ပျံ့နှံ့ကူးစက်မှု ကာကွယ်တားဆီးဖို့အတွက် ခရီးသည်ဝင်ခွင့် ပိတ်ပင်တဲ့ နိုင်ငံတွေထဲမှာ ထိုင်း၊ ဂျပန်၊ သြစတြေးလျ၊ သီရိလင်္ကာ၊ အိုမန် စတဲ့နိုင်ငံတွေလည်း ပါဝင်လာပါတယ်။
အရှေ့အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Daniel Kritenbrink ရဲ့ အရှေ့တောင်အာရှ လေးနိုင်ငံခရီးစဉ်အတွင်း မြန်မာစစ်အစိုးရကို ဖိအားပေးရေး နည်းလမ်းတွေကို ဆွေးနွေးဖို့လည်း ပါဝင်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ သောကြာနေ့ ထုတ်ပြန်ချက်တခုမှာ ဖော်ပြထားပါတယ်။
တောင်အာဖရိကမှာ စတင်တွေ့ရှိခဲ့တဲ့ ကိုဗစ်မျိုးကွဲသစ် Omicron ဟာ တခြားပိုးအမျိုးအစားတွေထက် ကူးစက်မှု မြန်ဆန်နိုင်တာကြောင့် အန္တရာယ်ရှိတဲ့ အမျိုးအစားအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သတ်မှတ်လိုက်ပါတယ်။
တောင်အာဖရိကနိုင်ငံမှာ ကူးစက်မြန် ကိုဗစ်ရောဂါပိုးသစ်ဖြစ်တဲ့ Omicron အိုမီခရန် တွေ့ရှိရပြီးတဲ့နောက်၊ အမေရိကန်၊ ကနေဒါနဲ့ ဥရောပသမဂ္ဂ (EU) တို့က အာဖရိကတိုက် နိုင်ငံတွေနဲ့ အသွားအလာတွေကို ကန့်သတ်လိုက်ကြောင်း သောကြာနေ့မှာ ကြေညာလိုက်ပါတယ်။
အင်္ဂလိပ်ရေလက်ကြားမှာ ရွှေ့ပြောင်းဝင်ရောက်သူတွေ လိုက်ပါလာတဲ့ လှေတစင်း မတော်တဆ နစ်မြုပ်ရာက ၃၁ ယောက်ထက်မနည်း သေဆုံးခဲ့တဲ့အပေါ် ဝမ်းနည်းတုန်လှုပ်မိကြောင်း ဗြိတိန်ဝန်ကြီးချုပ်က ပြောလိုက်ပါတယ်။
ဂျာမနီနိုင်ငံမှာ ရွေးကောက်ပွဲအနိုင်ရ ဆိုရှယ်ဒီမိုကရက်ပါတီက ဦးဆောင်ပြီး ညွန့်ပေါင်းအစိုးရဖွဲ့ဖို့ လက်ဝဲယိမ်း Green ပါတီ၊ လက်ယာယိမ်း Free Democrats ပါတီတွေနဲ့ သဘောတူညီချက် ရထားပြီဖြစ်ကြောင်း ဆိုရှယ်ဒီမိုကရက်ပါတီ ခေါင်းဆောင် Olaf Scholz က ဗုဒ္ဓဟူးနေ့က ကြေငြာပါတယ်။
လာမယ့် ဒီဇင်ဘာလအတွင်း လစ်ဗျားနိုင်ငံမှာ ကျင်းပမယ့် သမ္မတရွေးကောက်ပွဲမှာ ယခင် အာဏာရှင်ဟောင်း မိုမာ-ဂဒါဖီရဲ့သား Saif Gaddafi ဆာအစ်ဖ်-ဂဒါဖီကို ရွေးကောက်ပွဲ ဝင်ခွင့် မပြုနိုင်ကြောင်း ရွေးကောက်ပွဲကော်မရှင်က ဗုဒ္ဓဟူးနေ့မှာ ပြောဆိုလိုက်ပါတယ်။
ကိုဗစ်ကပ်ရောဂါ ကာကွယ်ဆေးတွေ ထပ်မံပြီးတော့ တိုးမြှင့်ပြီးမသုံးစွဲကြဘူးဆိုရင် နောက်ထပ်လေးလလောက်မှာ နိုင်ငံ ၅၃နိုင်ငံပါဝင်တဲ့ဒေသမှာ နောက်ထပ်သေဆုံးမှုတွေ ၇သိန်းအထိရှိလာလိမ့်မယ်လို့ ကမ္ဘာကျန်းမာရေးအဖွဲ့ချုပ် WHO ရဲ့ဥရောပဆိုင်ရာ ရုံးကနေ မနေ့ အင်္ဂါနေ့က ကြေညာချက်ထုတ်ပြန်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်