ဓာတ်ဆီနဲ့ တခြား စွမ်းအင် ထုတ်ကုန်တွေ ဈေးနှုန်းကြီးမြင့်လာမှုကို ပူးပေါင်းဖြေရှင်းဆောင်ရွက်တဲ့ အနေနဲ့ အမေရိကန်နဲ့ တခြား နိုင်ငံ ၅ ခုတို့က မဟာဗျူဟာမြောက် အရန် ရေနံကို ဓာတ်ဆီနဲ့ တခြား စွမ်းအင်လောင်စာ ထုတ်ကုန်တွေ သန့်စင် ထုတ်လုပ်ဖို့ စီစဉ်နေကြောင်း အင်္ဂါနေ့မှာ ပြောဆိုလိုက်ပါတယ်။
ရုရှားနဲ့ ယူကရိန်း နယ်စပ်တလျှောက် တင်းမာမှုတွေက ပိုများလာတဲ့ အနေအထား ဖြစ်လာချိန်မှာဘဲ အမေရိကန်နဲ့ ရုရှား ဗိုလ်ချုပ်ကြီးများ အင်္ဂါနေ့က တယ်လီဖုန်းဆက် ဆွေးနွေးခဲ့ကြပါတယ်။
မြန်မာ ဘီယာ ထုတ်လုပ်နေတဲ့ မြန်မာဘရူဝါရီ လီမိတက်ကို စာရင်းရှင်းလင်း ဖျက်သိမ်းရေး အတွက် စစ်တပ်ပိုင် မြန်မာ့ စီးပွားရေး ဦးပိုင်လီမိတက် MEHL က ရန်ကုန်အနောက်ပိုင်း ခရိုင်တရားရုံးမှာ လျှောက်ထားပါတယ်။
အာဖဂန်နစ်စတန်မှာရှိတဲ့ အိုင်အက်စ် စစ်သွေးကြွအဖွဲ့ IS Khorasan ထိပ်ပိုင်းခေါင်းဆောင် တချို့နဲ့ နိုင်ငံရပ်ခြားက တိုက်ခိုက်ရေးသမားတွေ ပါလာပြီး အဖွဲ့အင်အားတောင့်လာအောင် ငွေကြေး ထောက်ပံ့ပေးနေသူတွေကို အမေရိကန်က ပစ်မှတ်ထား အရေးယူနေပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အဖွဲ့ဝင်တွေနဲ့ ဒီမိုကရေစီဖေါ်ဆောင်ဖို့ လုပ်နေသူတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာအတွက် ကုလသမဂ္ဂက အထူးစိတ်ပူကြောင်း အတွင်းရေးမှုးချုပ် ပြောခွင့်ရ Stephane Dujarric က တနင်္လာနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
Interpol ရဲ့ သြဇာကြီးတဲ့ ကမ ္ဘာတဝန်း ရဲဝန်ထမ်းများရဲ့ ကွန်ရက်ဟာ အာဏာရှင် အစိုးရတွေရဲ့ လက်အောက်ကို ကျရောက်သွားနိုင်ကြောင်းလည်း လူ့အခွင့်အရေး အဖွဲ့တွေနဲ့ အနောက်နိုင်ငံတွေက လွှတ်တော် အမတ်တွေက သတိပေးနေကြပါတယ်။
ဖိလစ်ပိုင် နိုင်ငံမှာ တရားရင်ဆိုင်နေရတဲ့ အတွက် ပြည်ပမှာ တိမ်းရှောင်နိုင်တယ်ဆိုတဲ့ အပေါ် နိုဘဲလ် ငြိမ်းချမ်းရေး ဆုရှင် ဖိလစ်ပိုင် သတင်းသမား Maria Ressa က တနလာၤနေ့မှာ ပယ်ချလိုက်ပါတယ်။
တူနီးရှားနိုင်ငံမှာ ပြည်သူတွေ လိုလားမျှော်လင့်နေတဲ့ ဒီမိုကရေစီလမ်းကြောင်း ပေါ်ပေါက်လာစေရေးအတွက် တူနီးရှားသမ္မတက ပြုပြင်ပြောင်းလဲရေး လုပ်မယ့်ကိစ္စကို နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ကြိုဆိုထောက်ခံကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက တနင်္ဂနွေနေ့မှာ ပြောပါတယ်။
ပျောက်ဆုံးနေတဲ့ နာမည်ကျော် တရုတ်တင်းနစ် အားကစားမယ် Peng Shuai ကို ဘေဂျင်းက လူငယ်ပြိုင်ပွဲတခုမှာ တနင်္ဂနွေနေ့က ပြန်တွေ့လာရသလို သူမဟာ အန္တရာယ်ကင်းကင်းနဲ့ ကျန်းကျန်းမာမာ ရှိနေတယ်လို့လည်း အိုလံပစ်အဖွဲ့ တာဝန်ခံတဦးက ပြောပါတယ်။
အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တော်မှာ အန္တရာယ်ရှိတဲ့ မီးခိုးမြူတွေ နေ့စဉ်ရက်ဆက် ဖုံးလွှမ်းနေတာ တပတ်ကျော်လာခဲ့ပါပြီ။
တာဝန်မဲ့ နိုင်ငံတချို့ဟာ နိုင်ငံတကာ ဥပဒေတွေကို အထူးသဖြင့် UNCLOS ခေါ် ပင်လယ်ရေကြောင်း သွားလာမှုဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗန်းရှင်းပါ အချက်တွေကို အားနည်းသွားအောင် တောက်လျှောက် ကြိုးပမ်းနေကြတယ်လို့ အိန္ဒိယ ကာကွယ်ရေးဝန်ကြီး Rajnath Singh က တနင်္ဂနွေနေ့မှာ စွပ်စွဲ ပြောကြားလိုက်ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက တရုတ်ကမ်းခြေစောင့်တပ်ရဲ့ တားဆီးမှုကြောင့် ပြန်လာခဲ့ရတဲ့ ဖိလစ်ပိုင်စစ်တပ် ပစ္စည်းဖြည့်တင်းပေးတဲ့ အဖွဲ့ကို ဒီသီတင်းပတ်ထဲမှာ တောင်တရုတ်ပင်လယ်ပြင်ထဲက ဖိလစ်ပိုင်ထိန်းချုပ်ထားတဲ့ ဒုတိယ Thomas Shoal ကျွန်းကို ပြန်သွားဖို့ ညွှန်ကြားထားတယ်လို့ ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်အတွင်းမှာရှိတဲ့ ကျိုက်နဲ ရေလယ်ဘုရားကို ဒေသခံတွေ ဘုရားဖူးသွားနေစဉ် ရုတ်တရက် ရေကြီးပြီး အနည်းဆုံး ၁၅ ဦး သေဆုံးသွားတယ်လို့ ဒေသတွင်း ပရဟိတ ကူညီရေးအသင်းတွေက ပြောပါတယ်။
ဆူဒန်နိုင်ငံမှာ အာဏာသိမ်းစစ်တပ်နဲ့ အရပ်သား ခေါင်းဆောင်တွေအကြား သဘောတူညီချက်ရပြီး ပြီးခဲ့တဲ့လ အာဏာသိမ်းစဉ် ရာထူးက ဖြုတ်ချခံရတဲ့ ဝန်ကြီးချုပ် Abdalla Hamdok ကို ရာထူးပြန်ပေးလိုက်ပါပြီ။
ရာထူးက ဖြုတ်ချခံထားရတဲ့ ဆူဒန်ဝန်ကြီးချုပ် Abdallah Hamdok ဟာ သူ့ကို ဝန်ကြီးချုပ်ရာထူး ပြန်ခန့်ထားရေးအတွက် တနင်္ဂနွေနေ့ အစောပိုင်းမှာ အာဏာသိမ်းစစ်တပ်နဲ့ သဘောတူညီချက် ရရှိထားပြီဖြစ်ကြောင်း ဝန်ကြီးချုပ်နဲ့ နီးစပ်သူရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ရိုက်တာသတင်းက ရေးပါတယ်။
ဒေသတွင်း အလုံးစုံ စီးပွားရေးမိတ်ဘက်လို့ အမည်ရတဲ့ RCEP ကုန်သွယ်ရေး သဘောတူညီချက်ဟာ အခုလာမယ့် ဇန်နဝါရီလမှာ အသက်ဝင်မှာမို့ ဗီယက်နမ် အနေနဲ့ အချိန်တိုအတွင်း အကျိုးဖြစ်ထွန်းမယ်လို့ မျှော်လင့်ထားပါတယ်။
မလေးရှားနိုင်ငံမှာ စနေနေ့က ကျင်းပတဲ့ ပြည်နယ်ရွေးကောက်ပွဲ တခုမှာ ဝန်ကြီးချုပ် Ismail Sabri Yaakob ရဲ့ မလေးပါတီက အပြတ်အသတ် အနိုင်ရလိုက်တာဟာဆိုရင် တနိုင်ငံလုံး အတိုင်းအတာ ရွေးကောက်ပွဲတွေ အကြိုမှာ အာဏာရ ညွန့်ပေါင်းအဖွဲ့ထဲက မဟာမိတ်တွေကိုရော အတိုက်အခံတွေကိုပါ အနိုင်ရလိုက်တာ ဖြစ်ပါတယ်။
ပျောက်ဆုံးနေတဲ့ နာမည်ကျော် တရုတ်တင်းနစ်အားကစားမယ် Peng Shuai ရဲ့ ပုံတွေကို တရုတ်အစိုးရ ရုပ်သံဌာန ဝန်ထမ်းတဦးက တွစ်တာမှာ တင်ခဲ့ပါတယ်။
ဆိုမာလီယာနိုင်ငံ မြို့တော် Mogadishu မှာ စနေနေ့က စားသောက်ဆိုင်တခုအတွင်း အသေခံဗုံးခွဲသမားရဲ့ ဖောက်ခွဲမှုကြောင့် Al-Shabaab စစ်သွေးကြွအဖွဲ့ကို ပြင်းပြင်းထန်ထန် ဝေဖန်လေ့ရှိတဲ့ နာမည်ကြီး သတင်းသမားတဦး သေဆုံးခဲ့ရပါတယ်။
သြစတြီးယားနိုင်ငံမှာ ကိုဗစ် ကပ်ရောဂါအတွက် အစိုးရက Lockdown ချ ကန့်သတ်မှု အသစ်တွေနဲ့အတူ နောက်နှစ်ကစလို့ ကာကွယ်ဆေးမထိုးမနေရ ကြေညာလိုက်ပြီး နောက်တနေ့ဖြစ်တဲ့ စနေနေ့မှာ ပြည်သူ ထောင်သောင်းချီပြီး ဗီယင်နာမြို့တော်မှာ ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။
နောက်ထပ်ကြည့်ရှုရန်