အော်ရီဂွန်ပြည်နယ်၊ ပို့တ်လန်းမြို့လယ်ခေါင်မှာ သောကြာညက ဖြစ်ခဲ့တဲ့ ဆန္ဒပြပွဲတခုကို ရုန်းရင်းဆန်ခတ်မှုအဖြစ် ရဲတပ်ဖွဲ့က သတ်မှတ်ထားပါတယ်။
CIA ဒုတိယအကြီးအကဲနဲ့ ထိုင်းဝန်ကြီးချုပ်တို့ သောကြာနေ့က ဘန်ကောက်မြို့၊ အစိုးရအိမ်တော်မှာ တွေ့ဆုံချိန်အတွင်း မြန်မာ့လုံခြုံရေး အခြေအနေနဲ့ ထိုင်းနိုင်ငံက လူသားစာနာမှု အကူအညီပေးနေတဲ့ အခြေအနေတွေကိုပါ ဆွေးနွေးခဲ့ကြတယ်လို့ ထိုင်းအစိုးရအဖွဲ့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး ဘန်ကောက်ပို့စ်သတင်းစာက ရေးပါတယ်။
အသက် ၁၈ နှစ်နဲ့အထက်ကို COVID-19 အားဖြည့်ကာကွယ်ဆေးထိုးဖို့ အမေရိကန် ရောဂါကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးဌာန (CDC) အကြံပေးဘုတ်အဖွဲ့က မနေ့ သောကြာနေ့က တညီတည်း ဆုံးဖြတ်ပေးလိုက်ကြပါတယ်။ အသက် ၅၀ အထက် လူအားလုံးလည်း အားဖြည့်ကာကွယ်ဆေး ထိုးကြဖို့ CDC က တိုက်တွန်းထားပါတယ်။
နာမည်ကျော် တရုတ်တင်းနစ်မယ် Peng Shuai ပျောက်ဆုံးနေတာနဲ့ ပတ်သက်ပြီး ကမ္ဘာ့နာမည်ကြီး တင်းနစ်အားကစားသမားတချို့နဲ့အတူ တင်းနစ်အဖွဲ့အစည်းတွေ၊ လူ့အခွင့်အရေး အဖွဲ့တွေက အဖြေရဖို့ ဖိအားပေး တောင်းဆိုနေကြပါတယ်။
အရှေ့အလယ်ပိုင်းဒေသ လုံခြုံရေး အမေရိကန်ရဲ့ သန္နိဋ္ဌာန်ဟာ ခိုင်မာပြီး သေချာပါတယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး Lloyd Austin က ဒီကနေ့ ပြောပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံမှာ စီးပွားရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းတွေ ရင်ဆိုင်နေရတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး အမေရိကန် ကွန်ဂရက်လွှတ်တော်ကို တာလီဘန်တွေ စာရေးသား ပန်ကြားရာမှာ အချက်အလက်တွေကို လိုသလိုဆွဲ ဖော်ပြထားတယ်လို့ အမေရိကန်က တုံ့ပြန်လိုက်ပါတယ်။
ပိုလန်နဲ့ ဘယ်လာရုစ် ၂ နိုင်ငံကြား နယ်စပ်ဒေသ အခြေနေဟာ အထူးစိုးရိမ်စရာ ဖြစ်နေသလို ဒေသတွင်း NATO မဟာမိတ်နိ်ုင်ငံတွေအတွက် အဖွဲ့ကြီးက အကူညီပေးဖို့ အသင့်ရှိနေကြောင်း NATO အတွင်းရေးမှုးချုပ် Jens Stoltenberg က သောကြာနေ့မှာ ပြောကြားလိုက်ပါတယ်။
တရုတ်နိုင်ငံမှာ ရှေ့နှစ် ဖေဖော်ဝါရီလထဲ ကျင်းပမယ့် အိုလံပစ် အားကစားပွဲကို အမေရိကန်က သံတမန်ရေးအရ သပိတ်မှောက်ဖို့ စဉ်းစားနေကြောင်း သမ္မတ Joe Biden ကပြောလိုက်ပါတယ်။
Pfizer ကုမ္ပဏီထုတ် အတည်မပြုရသေးတဲ့ ကိုဗစ် ၁၉ ကုသတဲ့ သောက်ဆေးသစ် ၁၀ သန်းကို ဒီနှစ်ကုန်လောက်ကနေ ရှေ့နှစ်အတွင်း ဝယ်ယူဖို့ သဘောတူလိုက်ပြီလို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ကြာသပတေးနေ့မှာ ကြေညာပါတယ်။
ဂျပန်နိပွန်ဖောင်ဒေးရှင်း ဥက္ကဌ Yohei Sasakawa အနေနဲ့ NLD ခေါင်းဆောင်ပိုင်းနဲ့ တွေ့ခဲ့တယ်လို့ မနေ့က ပြောခဲ့တာအပေါ် အာဏာသိမ်းပြီးနောက်ပိုင်း လွတ်မြောက်နယ်မြေရောက်ခေါင်းဆောင်တွေနဲ့ ဒီလဆန်းမှာဖွဲ့ခဲ့တဲ့ NLD ဗဟိုအလုပ်ကော်မတီက ငြင်းလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပဋိပက္ခတွေ၊ နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့ ကိုဗစ်ကပ်ရောဂါကြောင့် နေရပ်စွန့်ခွာရသူတွေ သိသိသာသာ တိုးလာနေပြီး၊ စာနာမှုအကူအညီတွေလည်း အရေးတကြီး လိုအပ်နေတယ်လို့ ကုလသမဂ္ဂက ပြောလိုက်ပါတယ်။
ပါကစ္စတန်နိုင်ငံမှာ အဓမ္မပြုကျင့်မှု ကျုးလွန်သူတွေကို ဓာတုနည်းနဲ့ သင်းကွပ်တာ အပါအဝင် ပြင်းထန်တဲ့ အပြစ်ပေးဖို့နဲ့ အမှုတွေကို မြန်မြန်ဆန်ဆန် စီရင်ဖို့ ဥပဒေတရပ်ကို ဗုဒ္ဓဟူးနေ့မှာပဲ လွှတ်တော်က အတည်ပြုလိုက်ပါတယ်။
ကမ္ဘာတလွှား ဘာသာရေးလွတ်လပ်ခွင့် မရှိတဲ့နိုင်ငံတွေအဖြစ် အမေရိကန်နိုင်ငံခြားရေးဌာနက နှစ်စဉ်ဆုံးဖြတ်သတ်မှတ်တဲ့အထဲမှာ မြန်မာနိုင်ငံကိုလည်း ဆက်လက် ထည့်သွင်းထားပါတယ်။ နိုင်ငံတကာ ဥပဒေအရ ချိုးဖောက်တဲ့ အစိုးရတွေ၊ အဖွဲ့အစည်းတွေကို အမေရိကန်က နှစ်စဉ်သတ်မှတ်ရာမှာ မြန်မာကို ဒီနှစ်မှာလည်း ဆက်လက် စာရင်းသွင်းထားတာပါ။
နိုင်ငံ ၉၅ နိုင်ငံ အတွက် Pfizer ရဲ့ စမ်းသပ်ဆဲ Covid-19 ဆေးပြားတွေ ထုတ်လုပ်နိုင်ရေး သဘောတူ စာချုပ်ကို ကုလသမဂ္ဂ ထောက်ခံထားတဲ့ အများပြည်သူ ကျန်းမာရေးဆိုင်ရာ အဖွဲ့နဲ့ Pfizer တို့ လက်မှတ်ရေးထိုးလိုက်ပါပြီ။
လူထု အတွင်း အကြမ်းဖက်မှုတွေ ပေါ်ပေါက်အောင် လှုံ့ဆော်မှု စွဲချက်တွေနဲ့ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်တွင်း ဖမ်းဆီးခံရတဲ့ အိန္ဒိယ သတင်းသမား ၂ ဦးကို နိုင်ငံ အရှေ့မြောက်ပိုင်း ပြည်နယ်Tripura ရဲ့ တရားရုံး တခုက အာမခံ ပေးလိုက်ပါတယ်။
တရုတ်သမ္မတ Xi Jinping နဲ့ တဦးချင်းဆွေးနွေးရာမှာ လူ့အခွင့်အရေး၊ စီးပွားရေး ပြိုင်ဆိုင်မှုတွေနဲ့ ထိုင်ဝမ်ကျွန်းအရေး အပါအဝင် ကိစ္စတော်တော်များများကို အမြင်ကျယ်ကျယ်၊ ပွင့်ပွင့်လင်းလင်း ဆွေးနွေးခွင့် ရခဲ့တဲ့အတွက် သမ္မတ Joe Biden ကကြိုဆိုကြောင်း အိမ်ဖြူတော်က ပြောလိုက်ပါတယ်။
AA ရခိုင်လက်နက်ကိုင်တပ်က သူတို့ဖမ်းဆီးထားတဲ့ မြန်မာစစ်တပ် ဗိုလ်ကြီးတဦး အပါအဝင် စစ်သားနဲ့ ရဲသား စုစုပေါင်း ၁၅ ဦးကို ပြန်လွှတ်ပေးလိုက်တယ်လို့ တနင်္လာနေ့မှာ ကြေညာချက် ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။
ကွယ်လွန်သူ လစ်ဗျားအာဏာရှင်ဟောင်း Moammar Gadhafi ရဲ့ သားဖြစ်သူ အသက် ၄၉ နှစ်အရွယ် Saif al-Islam al-Gadhafi ဟာ လစ်ဗျားမှာ ဒီဇင်ဘာလ ကျင်းပမယ့် သမ္မတရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ တနင်္ဂနွေနေ့မှာ မှတ်ပုံတင်လိုက်ပါပြီ။
အာဏာသိမ်း ဆူဒန်နိုင်ငံမှာ လုံခြုံရေးတပ်ဖွဲ့က Al-Jazeera ရဲ့ ဆူဒန်ဆိုင်ရာဗျူရို အကြီးအကဲ El Musalmi El Kabbashi ကို ဖမ်းဆီးထားတယ်လို့ ကာတာမှာရှိတဲ့ Al-Jazeera ဌာနချုပ်က သတင်းထုတ်ပြန်ပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံကို ထိန်းချုပ်ထားတဲ့ တာလီဘန်တပ်ဖွဲ့တွေက သူတို့ရဲ့ စစ်အင်အား ကြီးထွားလာမှုကို ပြသတဲ့အနေနဲ့ ကဘူးလ်မြို့ လမ်းမတွေပေါ်မှာ အမေရိကန်လုပ် M117 သံချပ်ကာကားတွေ မောင်းပြတာ၊ ရုရှားလုပ် MI-17 ရဟတ်ယာဉ်တွေ ပျံသန်းပြရင်း စစ်ရေးပြအခမ်းအနားတရပ်ကို တနင်္ဂနွေနေ့က ကျင်းပခဲ့ကြပါတယ်။
နောက်ထပ်ကြည့်ရှုရန်